မဘသ . ၉၆၉ .. ဘယ်လိုအမျိုးချစ်မှာလဲ ?

မဘသ . ၉၆၉ .. ဘယ်လိုအမျိုးချစ်မှာလဲ ?

လက်ပံတောင်းပြသာနာ ဟာ တစတစနဲ့ လူသတ် တဲ့အဆင့်  ထိ တိုးမြှင့်လုပ်ဆောင် လာပါပြီ။
တရုတ်ကွန်မြူနစ်အစိုးရကတော့ ဝတ်ကျေတန်းကျေ ဝမ်းနည်းကြောင်းသတင်း ထုတ်ပြန်လိုက် တယ်လို့သိရပါတယ်။ စစ်အစိုးရပိုင် ဦးပိုင်နဲ့  တရုတ်ကွန်မြူနစ်အစိုးရ
လက်အောက်ခံ လက်နက်ထုတ်နေတဲ့ကုမ္မဏီတခုရဲ့ လက်ခွဲကုမ္မဏီတခုဖြစ်တဲ့  ဝမ်ပေါင် ကုမ္မဏီတို့အကျိုးတူလုပ်ကိုင်နေတာဖြစ်တဲ့အတွက်မြန်မာပြည်သူလူထု
အတွက်တော့ ဘာအကျိုးကျေးဇူးမှမခံစားရတဲ့စီမံကိန်း
တခုဆိုတာကတော့သေချာပါတယ်။
ပြီးခဲ့တဲ့ကာလက.. စီမံကိန်းကိုငြိမ်းချမ်းစွာသပိတ်မှောက်ကန့်ကွက်ဆန့်ကျင်
ဆန္ဒပြတဲ့ရဟန်းသံဃာတော် တွေကို မီးလောင်ဗုံးနဲ့ ပစ်ခဲ့
လို့ ရဟန်းသံဃာတော်တွေမီးသင်္ကန်းနဲ့ပူဇော်တာကိုခံခဲ့ရ ဘူးပါတယ်။
အဲဒီကာလက.. ၉၆၉အမည်ခံဦးဝီရသူဦးဆောင်တဲ့အမျိုးကာကွယ်လိုသူ
ဘုန်းကြီးတွေဟာအမျိုးကာကွယ်ဖို့နေနေသာသာ
ဘုန်းကြီးအချင်းချင်းတောင် မကာကွယ်နိုင်တာကို တွေ့မြင်ခဲ့ရပါတယ်။


တနေ့ကမှပူပူနွေးနွေးဖြစ်ခဲ့တဲ့ပဋိပက္ခ မှာတော့ ဒေသခံ
တောင်သူဒေါ်ခင်ဝင်းတယောက်ဦးခေါင်းကို သေနတ်မှန်
မှန်ပြီးဦးနှောက်ပွင့်ထွက်ကာ သေဆုံးခဲ့ရသလို ဒေသခံ
တောင်သူအများအပြားလဲ ပြင်းထန်စွာထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ယခုပဋိပက္ခ မှာ ယခင်ဖြစ်ခဲ့တဲ့ပြသာနာနဲ့မတူပဲ
တမူထူးခြားလာတာကတော့ပြည်ပနိုင်ငံခြားသားဖြစ်တဲ့
ဝမ်ပေါင်ကုမ္မဏီရဲ့ ( တယုတ် )လူမျိုးတွေကိုယ်တိုင်ပါဝင်
တိုက်ခိုက်လာတာပါပဲ။
ဒီဖြစ်စဉ် ကို ဘာမှမသိသလိုမကြားသလိုမျက်ကွယ်ပြုနေ
တာကတော့ အမျိုးဘာသာ သာသနာ ကို ကာကွယ်မယ်
ဆိုတဲ့သည်းခြေကြိုက် စကားလုံးနဲ့အဖွဲ့ကြီးဖြစ်တဲ့ ( မဘသ ) လို့ခေါ်တဲ့ ၉၆၉ အဖွဲ့ကြီးပါ။
ပြည်ပ နိုင်ငံခြားသားဖြစ်တဲ့ ( တယုတ် )တွေကိုယ်တိုင်
ဝင်ရောက်ရိုက်နှက်နေတာကိုသိနေပါရက်နဲ့မိမိအဖွဲ့အစည်း ရဲ့နာမည်နဲ့အညီ အမျိုးကိုလဲမကာကွယ်နိုင်တာ ဘာကြောင့်
ပါလဲ.. ?
့မြန်မာနိုင်ငံပြည်သူလူထုအားလုံးပါးစပ်ဖျားမှာရေပန်းစားနေ
တဲ့ ဦးအောင်သောင်းရဲ့အထောက်အပံ့နဲ့အဖျက်လုပ်ငန်းလုပ်
ဖို့ဖွဲ့စည်းထားတဲ့.. ( ၉၆၉ တဖြစ်လဲ မဘသ ) အဖွဲ့ဖြစ်တယ်
ဆိုတာ ငြင်းချက်ထုတ်မရအောင် သေချာနေပါပြီ ။
ဘာကြောင့် ဒီလိုကောက်ချက်ချရပါသလဲဆိုတာကတော့
ကျနော်ဒီပို့စ် တင်ချိန်ထိ ၉၆၉ .မဘသ ဟာ မျက်စိမှိတ်.
ပါးစပ်ပိတ်.နားပိတ်..နေတာက ငြင်းမရတဲ့ သက်သေတခု
ပါဆိုတာကို ကျနော်တို့မြင်အောင်ကြည့်ဖို့လိုပါတယ်။
လက်ရှိ အရပ်သားအရေခြုံ စစ်အာဏာရှင်ဦးသိန်းစိန်အစိုး
ရ အဖွဲ့ရဲ့ပြောခွင့်ရသူတွေရဲ့ ထုတ်ပြန်ချက်ထဲမှာတော့
နိုင်ငံတကာရဲ့စံနှုန်းနဲ့အညီ ရော်ဘာကျည် နဲ့ပစ်ခတ်လူစု
ခွဲတာပါလို့ပြောဆိုပေမဲ့ သေဆုံးသူ ဒေါ်ခင်ဝင်းရဲ့ ဦးနှောက်
ပွင့်ထွက်ပြီးကျလာတဲ့သွေးအိုင်ထဲက ကျည်ဆံထိပ်ဖူးတခု
ဟာ ရော်ဘာကျည်ဆံလား ? တကဲ့ကျည်ဆံအစစ်လား ?
ဆိုတာနောက်ထပ်ငြင်းမရတဲ့အကောင်းဆုံးသက်သေတခု
ဖြစ်နေပါပြီ။
စစ်မှန်တဲ့ ဗုဒ္ဓသားတော်စစ်စစ်များဟာ ပြည်သူလူထုရဲ့
လိုလားတောင့်တနေတဲ့ကောင်းမွန်တဲ့စံနစ်တခုအပြောင်း
အလဲ နဲ့ ပြည်သူလူထုကြည်ညိုလေးစားတဲ့လူထုခေါင်း
ဆောင်ကိုတိုက်ခိုက်တာမျိုးမလုပ်ပါဘူး။ ပြည်သူကြည်ညို
လေးစားတဲ့ခေါင်းဆောင်ကို တိုက်ခိုက်တာဟာ ပြည်သူ
လူထုကို စော်ကားတာနဲ့အတူတူဖြစ်နေလို့ပါပဲ။
၉၆၉ တဖြစ်လဲ မဘသ ဟာ ဒေါ်စု ကိုဝေဖန်လေကန်တတ်
ရုံ .. ပြည်သူအားထားယုံကြည်တဲ့- NLD- ကို တိုက်ခိုက်
တတ်ရုံအသိဥာဏ်ပညာလောက်နဲ့တော့ အမျိုး ကို ကာ
ကွယ်ဖို့နေနေသာသာ ရဟန်းတော်အချင်းချင်းတောင်
မကာကွယ်နိုင်ဘူးဆိုတာလက်ပံတောင်းတောင်မီးလောင်
ဗုံးနဲ့မီးသင်္ကန်းဆပ်ကပ်တာခံလိုက်ရတဲ့သံဃာတော်တွေက
သက်သေဖြစ်သလို…အပြစ်မဲ့ဒေသခံပြည်သူ တောင်သူ
တဦးဖြစ်တဲ့ဒေါ်ခင်ဝင်း ရက်စက်စွာပစ်သတ်ခံရတဲ့ပဋိပက္ခ
မှာ နိုင်ငံခြားသား ( တယုတ် ) တွေကိုယ်တိုင်ဝင်ရောက်
ရိုက်နှက်နေတာကို ၉၆၉ တဖြစ်လဲ မဘသ .ဟာ ဘာမှ
ပြောဆိုဝင်ရောက်ကူညီပေးခြင်းမရှိတာကလဲ ”အမျိုး”
ကို မကာကွယ်နိုင်ဘူးဆိုတာ လယ်ပြင်မှာဆင်သွားသလို
ထင်ရှားနေတာမို့… ၉၆၉ တဖြစ်လဲ မဘသ ဘယ်လို
အမျိုးချစ်မှာလဲ… ? လို့ဒီနေရာကနေ ရိုးသားစွာမေးခွန်း
ထုတ်လိုက်ပါတယ်။

ကျနော်ဖီလော်ဆိုဖာမောင်မြသာပါ
25.12.2014.

4 Responses to “မဘသ . ၉၆၉ .. ဘယ်လိုအမျိုးချစ်မှာလဲ ?”

  1. drkokogyi Says:

    ရွှေဝါရောင် Saffron

    မျိုးညစ် တစ်သိုက်နဲ့ ကြေးစားအမျိုး
    သားရေးတစ်သိုက်ရဲ့ အမျိုး ဘာသာ
    သာသနာ အပေါ်ရပ်တည်ချက်ကို
    လက်ပန်တောင်းတောက် ကိစ္စမှာထင်ထင်
    ရှားရှား တွေ့လိုက်ရတာပါပဲ……

    ဆရာထင်လင်းဦး ကိစ္စ မှာ ချောင်းဦး
    တရားရုံးအပြည့်အောင်ပွဲခံယူခဲ့ကြတဲ့
    မဘသ အမည်ခံ တွေဟာ
    လက်ပန်တောင်းတောင်ကိစ္စမှာကြက်
    ပျောက် ငှက်ပျောက် ပျောက်နေကြတယ်။

    ပိုပြီးယုတ်ညံ့ အောက်တန်းကျတာက
    မျိုးချစ်အမည်ခံလေးတွေက
    လက်နက် နဲ့ နှိမ်နင်းတာကို မှန်ကန်တဲ့
    လုပ်ရပ်လို့ထောက်ခံနေစဉ်မှာပဲ

    အစိုးရ အာဏာပိုင်
    သာအေး နဲ့ ဝပ်ပေါင်က ပါ သူတို့လုပ်ရပ်
    မှားသွားပါတယ်လို့ကြေငြာတော့
    မျိုးညစ်လေးတွေ ဖားရကြိုးမနပ်ပဲ
    စောက်ရှက်လုံးလုံးကွဲတော့တာပဲ

    ကြေးစားလော်ဘီလေးတွေ
    ခဏ ခဏ ဒီကိစ္စဒေါ်စုကို တာဝန်ပေးထား
    တာပဲလို့ ပြောတတ်ပါတယ်….
    နားလည်ပေးလို့ရပါတယ် အစိုးရကိုဖား
    NLD နဲ့ အမေစုကိုတိုက်ခိုက်နိင်မှ
    လော်ဘီကြေးများများရတာကို

    မှတ်ထားကွ
    ဒီအရေးမှာ အမေစုမှာဘာလုပ်ပိုင်ခွင့်
    ပေးထားလဲ…
    အစီရင်ခံစာရေးပေးထားတယ်
    အဲ့ဒီအတိုင်းမဆောင်ရွက်ရင် ဥပဒေအတိုင်း
    အရေးယူခွင့်ကဘယ်မှာလဲ
    သူ့အစီရင်ခံစာအတိုင်းမလုပ်ဆောင်တာ
    ကို မလုပ်ဆောင်ကြောင်းပြောရုံအပြင်
    ဘာတတ်နိင်မှာလဲ

    ရက်ပိုင်းအတွင်းဖြစ်ပျက်သွားတဲ့
    အဖြစ်အပျက်နှစ်ရပ်မှာ
    မျိုးညစ် နဲ့ ကြေးစားလော်ဘီအမျိုးသားရေး
    သမားတွေရဲ့စိတ်ဓာတ်ကိုသိသွားတယ်

    လူတစ်ဦးတစ်ယောက်ကိုထောင်ချဖို့
    တရားရုံးမှာဖိအားပေးနေတဲ့
    မဘသ တွေဟာ လက်ပန်တောင်းတောင်
    ကိစ္စမှာ ကိုယ်တိုင်သွားရောက်အားပေး
    မှုမတွေ့ရခြင်း
    မျိုးညစ်လေးတွေကဒီကိစ္စဟာသူတို့နဲ့
ိမဆိုင်ကြောင်း လုပ်သင့်တဲ့ကိစ္စဖြစ်ကြောင်း
    ရေးသားကြခြင်း….

    ထို့ကြောင့် လက်ရှိ မဘသ
    အမျိုးသားရေးကြေးစားလော်ဘီ
    မျိုးညစ်တွေဟာ
    အစိုးရနဲ့ထိပ်တိုက်တွေ့လာတိုင်းခေါင်း
    ရှောင်လေ့ရှိခြင်း
    ဖြစ်ပေါ်လာသည့်ပြဿနာအပေါ်တွင်
    NLD နှင့် အမေစုအပေါ် ဘယ်လို
    အပြစ်ပုံချရမည်ဆိုတာကို ကြံစည်နေခြင်း
    စသည်တို့မှာ ဘူးပေါ်သလိုပေါ်လာပါတယ်။

    အိုးဝေ အိုးဝေ
    ဝိဘဇ္ဇဝါဒီ

  2. drkokogyi Says:

    Al Khon Bransai

    ရွှေဝါရောင် သံဃာ့ ကွန်ယက် ( အထက်မြန်မာပြည် )

    ကြေငြာချက် ( ၁/၂၀၁၄ ) …. ရက်စွဲ ၂၆၊ ၁၂၊ ၂၀၁၄

    ၁။
    လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းသည် ပွင့်လင်းမြင်သာမှု မရှိခဲံသော ပြည်သူများ၏ သဘောတူညီမှု ရယူခဲ့ခြင်းမရှိခဲ့သော သဘာဝပတ်ဝန်ကျင် ထိခိုက်ပျက်စီးမှုများကို ထည့်သွင်းစဉ်းစားမှု မရှိခဲ့သော စီမံကိန်းတခု ဖြစ်သည်။

    ၂။
    ကြေးနီစီမံကိန်းအတွက် ပညာရှင်များ၏ ထောက်ပြဝေဖန်မှုများနှင့် လက်ပန်ဆောင်း ဒေသခံပြည်သူများ၏ ကန့်ကွက်ဆန္ဒပြမှုများအပေါ် တွေ့ဆုံဖြေရှင်းသည့် နည်းလမ်းကို အသုံးမပြုဘဲ ပဋိပက္ခ ပိုမိုကြီးထွားလာအောင် အားကြီးသူ အနိုင်ရစတမ်း ပုံစံဖြင့် အစိုးရမှ ဇွတ်အတင်း ရှေ့တိုး ဆက်လက် လုပ်ဆောင်နေခြင်းများကို ကန့်ကွက် ရှုတ်ချသည်။

    ၃။
    အဆင်အခြင်မဲ့သော အစိုးရ၏ ညွှန်ကြားချက်များကြောင့် ပဋိပက္ခများ ဖြစ်ပေါ်ကာ
    ၂၂.၁၂.၂၀၁၄ ရက်နေ့တွက် ပြည်သူတဦးဖြစ်သော ဒေါ်ခင်ဝင်း သေဆုံးခဲ့ရခြင်း ၊
    ၂၂.၁၂.၂၀၁၄ နှင့် ၂၃.၁၂.၂၀၁၄ ရက်နေ့များတွင် ပြည်သူအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းများအတွက် ဦးသိန်းစိန် အစိုးရတွင်သာ လုံးဝ တာဝန် ရှိသည်ဟု ကြေငြာသည်။

    ၄။
    ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ၊ လူလိမ်သူခိုးများ ဖော်ထုတ်ရေး၊ ပြည်တွင်း ငြိမ်းချမှ်းု တည်ဆောက်ရေး စသည့် အရေးများကဲ့သို့ပင် ကြေးနီစီမံကိန်းအရေးသည် တိုင်းရင်းသား ပြည်သူတရပ်လုံးနှင့် သက်ဆိုင်သည့် အရေးဖြစ်ကြောင်း မှတ်ယူသည်။

    ၅။
    လက်ပန်တောင်းတောင် သတင်းများကို လုပ်ကြံအသုံးချပြီး သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ကာ လူမျိုးရေး ပဋိပက္ခများ ၊ ဘာသာရေး ပဋိပက္ခများ စသဖြင့် ဆူပူမှုများ ဖြစ်နေသယောင် ကောလဟာလများ ဖြန့်ချိ၍ မြန်မာ့ဒီမိုကရေစီအရေးကိုေ၀၀ါး လမ်းလွဲအောင် အကောက်ကြံမှုများကို ပြည်သူအများ သတိရှိကြစေရန် နှိုးဆော်လိုက်သည်။

    ရွှေဝါရောင် သံဃာ့ကွန်ယာက်
    (အထက်မြန်မာပြည်)

  3. drkokogyi Says:

    ရွှေဝါရောင် Saffron
    1 hr ·

    လမုကွန်ထိုးနဲ့ တူတဲ့ မ ဘ သ များ သမဂ္ဂများ
    ……
    ……
    ယခုကြားလိုက်ရတဲ့ သတင်းက
    နည်းနည်း ထူးဆန်းတယ်ဗျ……။

    ဟိုတစ်နေ့က ဖြစ်ပျက်သွားတဲ့ ပြဿနာတွေကို
    မကျေနပ်ကြလို့ မတရားဖိနှိပ်ခြင်းကို ခေါင်းငုံ့မခံတော့ပဲ

    တရုတ်ကောင်စီဝန်ရုံးရှေ့မှာ
    လယ်သိမ်းခံ မြေသိမ်းခံတွေ
    နိုင်ငံရေးတက်ကြွသူတွေ သွားရောက်ဆန္ဒဖော်ထုတ်
    ကြတယ်ပြောတယ်……။

    ဆန္ဒပြတာ ဆန္ဒဖော်ထုတ်တာက
    ဒီမိုကရေစီခေတ်မှာ အထူးအဆန်းတော့မဟုတ်ဘူးဗျ

    ဘာလို့လဲဆိုတော့
    တစ်နိုင်ငံလုံးကို စစ်ဖိနပ်အောက်မှာ ပြားပြားဝပ်အောင်
    ဖိထားတော့ အဖိခံထားရတဲ့ပြည်သူတွေက
    နေရာအနှံ့ မြို့နယ်အနှံ့အပြားမှာ ထကြွ ဆန္ဒပြတာ
    အထူးအဆန်းကြီး မဟုတ်ဘူးလေ

    ……

    ကျွန်တော် ထူးဆန်းတယ်လို့ ပြောချင်တာက

    ဒီလိုဗျ

    ကိုပါကြီး ဗုဒ္ဓဘာသာလူမျိုးနော် ထေရဝါဒစစ်စစ်
    မဟာယနတောင်မဟုတ်တဲ့ ဗုဒ္ဓဘာသာနော်
    နောက်တော့ လူမှန်တစ်ယောက် တိုင်းပြည်နဲ့လူမျိုးကို
    သူလည်း ရှု့ထောင့်တစ်နေရာကနေ ကြိုးစားရုန်းကန်
    ပေးနေတဲ့သူ ဒီလိုလူကို စစ်တပ်က ရက်စက်စွာ
    သေနတ်နဲ့ ပစ်သတ်တော့ အမှုမှန်ပေါ်ဖို့ဆိုပြီး
    ကိုပါကြီး အလောင်းကို ဆေးရုံသယ်ဖို့ နိုင်ငံရေးတက်ကြွသူတွေ ကြိုးစားကြတယ်ဗျ……။

    အဲဒီမှာ

    တစ်ချက်ထူးသွားတာက ကိုပါကြီးအလောင်းကို
    ဆေးရုံကို မသယ်ဖို့ မြို့နယ်ကို ဖြတ်သန်းခွင့်မပြုဘူးလို့
    တားတဲ့ သူက အစိုးရမဟုတ်ပဲ နဲ့
    မ ဘ သ ဘုန်းကြီးတွေ ဖြစ်နေတယ်……

    ……
    ဟော……ခုလည်း လာပြန်ပြီ

    လက်ပံတောင်းတောင်က ဒေါ်ခင်ဝင်း
    ဗုဒ္ဓဘာသာပဲ ထေရဝါဒ စစ်စစ်ကြီး
    မြန်မာလူမျိုးဗျ ရေတောင်မရောဘူး စစ်စစ်ကြီး……။

    ဒေါ်ခင်ဝင်း ရဲက ပစ်သတ်လို့သေတဲ့အနေနဲ့
    မ ဘ သ က အစိုးရကို ဝေဖန်သင့်တယ်
    ဝမ်ပေါင် ကုမ္မဏီကို ရှုတ်ချသင့်တယ် မဟုတ်ဘူးလား။

    ခုတော့ဗျာ

    ကြားလိုက်ရတဲ့ သတင်းက ထော်လော်ကန့်လန့်ဆို
    တကယ့်ကို ထော်လော်ကန့်လန့်ရယ်……။

    တရုတ်ကောင်စီဝန်ရုံးရှေ့မှာ
    တရုတ်ရဲ့ လုပ်ရပ်တွေကို မကြိုက်လို့

    လယ်သိမ်းခံ မြေသိမ်းခံတွေ အေးအေးချမ်းချမ်း
    ဆန္ဒဖော်ထုတ်နေတာကို တရုတ်ကောင်စီဝန်ရုံးကို
    ဆန္ဒမပြဖို့ ရဲနဲ့အတူ မ ဘ သ က ပူးပေါင်းပြီး
    ဆန္ဒပြ ပြည်သူကို တားနေသတဲ့ အံ့ရော ဗျာ အံ့ရော…။

    ပြောလိုက်တော့ဖြင့် မြန်မာပြည်မှာသူတို့လောက်မျိုးချစ်
    တဲ့သူ မရှိတော့ သလိုလို

    မ ဘ သ လုပ်ရပ်တွေကျ ကြည့်ပါဦး

    ခေါင်းစဉ်ကဖြင့်
    အမျိုးသားရေးတဲ့
    ဘာသာရေးတဲ့
    သာသနာရေးတဲ့


    လုပ်မနေစမ်းပါနဲ့ဗျာ ခေါင်းစဉ်ပြောင်းတော့

    တရုတ်ကို ကာကွယ် အာဏာရှင်သက်ဆိုးရှည်ရေးလို့

    ……
    ဒါမှ မဟုတ် ဒီလိုပြောင်းလိုက်

    လမု ကွန်ထိုးနဲ့တူသော မ ဘ သ သမဂ္ဂ အဖွဲ့ ဆိုပြီး
    တော့ ပြောင်းလိုက်လေ ဟုတ်ဘူးလား

    Zarni Thway ရဲ့ ပို့စ်

  4. drkokogyi Says:

    Dameio Ekoto with Maung Kaung Kyaw and 45 others
    2 mins ·

    ဂတုံးနဲ့ ဘုန်းကြီးမတူပါဘူး
    အရေခြုံနဲ့ သံဃာက တစ်ခြားစီ
    စစ်ခွေးသား နဲ့ ဘုရားသားကို
    ခွဲခွဲ ခြားခြား သိဖို့ လိုတယ် ။

    တောင်သူတွေ စိုက်တဲ့ဆန်ကနေ
    ဆွမ်းစားပြီးတော့ တောင်သူတွေကို
    သတ်နေတဲ့ အစိုးရကို တော်လှန်လို့
    ပစ်သတ်မယ်ဆိုလည်း ဘုန်းဘုန်းတို့က
    အသေခံဖို့အဆင်သင့်ပါဘဲ ။

    ဒကာ ဒကာမတွေရဲ့ ဆွမ်းတစ်နပ်စာ
    ကျေးဇူးဆပ်ခွင့်ရတယ်လို့
    ဘုန်းဘုန်း သတ်မှတ်တယ် ။ ။

    ဘဝအလင်းရောင်ဆရာတော်ဦးသောဘိတ
    အလင်္ကာကြယ် ( ပင်လယ် )

    ဒီစာရေးတဲ့ ဘုန်းကြီးနဲ့

    ပြည်သူတွေကိုကလန်နေတဲ့ပုံထဲက
    ဘုန်းကြီးနဲ့ ကတော့

    ကတုံး နဲ့ ဘုန်းဘုန်း ဘဲ
    စစ်ခွေးသား နဲ့ ဘုရားသား

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: