မျိုးချစ်စိတ်ဓါတ်နှင့်ယှဉ်တွဲ၍ အသိဥာဏ်ဆင်ခြင်တုံ တရားရှိရပေမည်.

ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ဂျာမဏီက ပြာပုံဘဝရောက်နေတယ်….နိုင်ငံရဲ့ ဂုဏ်သိက္ခာဆိုတာကလဲ ဟစ်တလာကြောင့် မြောင်းထဲရောက်နေပီ….အမေရိကန်ရဲ့ အကူအညီနဲ့ မာရှယ်စီမံကိန်းဆိုပြီး ကြိုးစားလိုက်တာ ၁၉၈၆-၈၇-၈၈ တွေမှာ ကမ္ဘာ့ ဂျီဒီပီ အမြင့်ဆုံးနိုင်ငံစာရင်းဝင်သွားတယ်…အနောက်ဂျာမဏီနဲ့အရှေ့ဂျာမဏီတို့ ရဲ့အခြေအနေကလဲ တော်တော်ကွာသွားတယ်(အရှေ့ဂျာမဏီကိုဆိုဗီယက်ကကူညီပါတယ်)….အဲဟတ်တို့ ဟဲလ်မွတ်ခိုးလ်တို့လို အနောက်ဂျာမဏီခေါင်းဆောင်တွေရဲ့…..ကြိုးစားမှုပါ……ခေါင်းဆောင်မှုအရည်အချင်းနဲ့ စနစ်တွေ…. ကွာခြားမှုဟာ တူညီတဲ့လူမျိုးတစ်မျိုးထဲ မှာကို အကျိုးပြုပုံ တိုးတက်ပုံခြင်းမတူပါဖူး…..

စစ်မှန်တဲ့မျိုးချစ်စိတ်ဆိုတာက ဒု ကမ္ဘာစစ်အပြီး အနောက်ဂျာမဏီတို့ဂျပန်တို့မှာ မြင်နိုင်တယ်…..
မြန်မာနိုင်ငံမှာတော့ မျိုးချစ်စိတ် ပေါ်ပေါက်အောင်လှုံဆော်ပေးတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း အမျိုးသားကျောင်း/ကောလိပ် ဆရာတွေဖြစ်တဲ့ သခင်မြ…ဦးရာဇာတ်..ဦးဖိုးကျား…ဦးဘလွင် တို့ဟာ နိုင်ငံအတွက် ဦးဆောင်ခဲ့သူတွေပါ….
၁၉၃၉ မှာတော့ ကြီးပွားရေးမဂ္ဂဇင်းမှာ “မျိုးချစ်စိတ်နဲ့ ဆင်ခြင်တုံတရား”ဆိုတဲ့ဆောင်းပါး ပါလာခဲ့ပါတယ်…..ရေးသူကတော့….မွတ်စလင်ဖခင်နဲ့ ဗုဒ္ဓဘာသာမိခင်က မွေးတဲ့ ကမ္ဘာကတောင်လေးစားတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်လာမဲ့ အမျိုးသားအထက်တန်းကျောင်းအုပ် ဆရာကြီးဦးသန့်….
မျိုးချစ်စိတ်ဆိုတာရှိကို ရှိရမဲ့အရာပါ….ဒါပေမဲ့ ဆင်ခြင်တုံတရားရှိတဲ့မျိုးချစ်စိတ်ဖြစ်ဖို့လိုတယ်….ဆင်ခြင်တုံတရားမရှိရင်တော့ ဟစ်တလာ တိုဂျို တို့လို ကရာဒိုက်…မီလိုဆီဗစ်… ပိုပေါ့ တို့လို ဖြစ်ကုန်မှာပဲ….


“…..လွန်မင်းစွာမျိုးချစ်စိတ်ဓါတ်ထက်သန်၍….ဆင်ခြင်တုံတရားမရှိသော…သူသည်…

အရာမရောက် ကိစ္စမပီးနိုင်ပေ…မျိုးချစ်စိတ်ဓါတ်နှင့်ယှဉ်တွဲ၍ အသိဥာဏ်ဆင်ခြင်တုံ တရားရှိရပေမည်….”

( ဦးသန့် ရေးတာပါ)
ဦးနာအောက် တို့ဆရာစံတို့ မျိုးချစ်စိတ်အပြည့်အဝရှိခဲ့ပေမဲ့ ပညာမပြည့်ဝတာကြောင့် ရည်မှန်းချက်မပြည့်ဝခဲ့ပါဖူး…..နိုင်ငံရဲ့ဖခင်ကြီး…ဗိုလ်ချုပ်အောင်ဆန်းလက်ထက်ကြ မျိုးချစ်စိတ်ကအပြည့် ပညာကအပြည့် ဆိုတော့ နိုင်ငံရဲ့ လွတ်လပ်ရေးရတဲ့အထိ ဆောင်ရွက်နိုင်ခဲ့တယ်…….

မောင်ရင်….အဘပြောမကွဲ့……အမှန်တကယ်….မျိုးချစ်စိတ်ရှိရင်(ရှိတယ်လို့…ကွကိုယူဆရင်)……..ပါးစပ်ကနေ…အော်မနေပဲ…..ပညာတတ်အောင်သင် ဆင်ခြင်တုံတရားရှိအောင်ကြိုးစား

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: