သမ္မတတဲ့ ဘာပညာမှမတတ် ဘိုလမ်းမနီးတာ တရုပ်လမ်းပဲနီးတာ

Credit – Yemin Nyinyi

ငါ့ကို မိုးကျရွှေကို သမ္မတတဲ့….ဘာပညာမှမတတ်….. အင်္ဂလိပ်လိုတောင် ဖြောင့်အောင်မပြောတတ်ဖူးတဲ့……..ဟွန်း…..မုန့်ဟင်းခါးချက်ပြ….ပျိုက်မယ် အဲ မှားလို့……ငါ့အစွမ်းအစပြပလိုက်မယ်……..—-ဟေ့ကောင် ဝန်ကြီး လာစမ်း….နိုင်ငံအတွင်း မှာဘာပြသနာတွေ ရှိလဲပြောစမ်း…..
—-ဟုတ်ကဲ့ ….သမ္မတကြီး …. ရာဇဝတ်မှုတွေ ထူပြောပြီးမနိုင်မနင်းဖြစ်နေပါတယ် …..
—-အော်…ဒါများ….တာဝန်ဆိုတာခွဲဝေထမ်းဆောင်ရသကွ….. ဒီလိုလုပ်ကွာ …..ပုဒ်မ ၃၇၆ တွေ ၂၉၅ တွေကို ရှာဖွေဖော်ထုတ်ဖို့ အရေးယူဖို့ သံဃာတချို့ကိုတာဝန်ပေးလိုက်ကွာ….

ယာဉ်စည်းကမ်းလမ်းစည်းကမ်းဖောက်ရင် ရက်ကွက်အုပ်ချုပ်ရေးမှူးတွေကိုဖမ်းခိုင်း……မူးဆူ မှောင်ရိပ်ခို ဆေးမှု နဲ့ လောင်းကစားမှုတွေကိုတော့ ရဲတွေ ပေါင်းစားကြ….အဲမှားလို့ ရဲတွေပေါင်းပြီးဖမ်းကြ…..ပုဒ်မ ၄၀၆ နဲ့ ၄၂၀ တွေ…..ကတော့ငါတို့ လူကြီးပိုင်းက….လုပ်နေတာဆိုတော့…အဲမှားလို့……ငါတို့က သေချာတားဆီးရမယ်…..ငါးပါးသီလထဲပါတယ်လေကွယ် ….ပြီးတော့ …..မင်းကျင့်မယားဆယ်ပါး……အဲမှားလို့ မင်းကျင့်တရားဆယ်ပါးဆိုတာလဲရှိသကွဲ့……ဟုတ်ပလား…….
—-.တင်ပါ့ အဲမှားလို့ ဟုတ်တာပေါ့ သမ္မတကြီးရဲ့…….နောက်တစ်ခုတင်ပြပါရစေ…..တနိုင်ငံလုံးမှာ အနှိပ်ခန်းတွေ ပေါများနေပါတယ် ဘိုရှင်းရမလဲ ခင်ဗျား…..
—-ဟေ….ငါပြောမယ် မရှိလို့မလှူ….မလှူလို့မရှိ တဲ့ ….ရှိတဲ့လူတွေက အဲ့မှာသွားလှူကြတာလေ …. အစိကြည့်လှူ အဲမှားလို့ ညောင်စေ့လောက် ပြီးညောင်ပင်လောက် ကုသိုလ်ရချင်လည်းရတတ်တာမျိုးလေ…. အဲ့အနှိပ်ခန်းက သူငယ်မတွေကို လှူ …..အဲ့သူငယ်မတွေက ကိုယ့်ထက်အသက်ကြီးတဲ့သူတွေကို ဂါဝရတရားဦးထိပ်ထားပြီး ခြေဆုတ်လက်နယ် ပြုစု ပေးတာလေ ….ဒါ မင်္ဂလာတပါးပဲ…ကြည်နူးစရာ ကုသိုလ်တစ်ခုပဲ…..အဲ တခုတော့ရှိတယ် အသက်ကြီးကြီး မိန်းမကြီးတွေ အဖွားအိုတွေ အနှိပ်ခန်းဖွင့်ရင်တော့ ဒါက အမင်္ဂလာ….ချက်ချင်းပိတ်….လူငယ်တွေသွားရင် အကုသိုလ်တွေဖြစ်ကုန်လိမ့်မယ်…….သဘောပါရဲ့လား….အဲ ကြားလား……
—-သဘောပါပါတယ် အဲ ကြားပါတယ်ခင်ဗျ…….နောက်တစ်ခုတင်ပြပါရစေ….သမ္မတကြီးတို့ ကိုပြည်သူတွေက ကျေးဇူးတင်နေရအောင် ……..အကြမ်းဖက်သမားတွေ ………ဘာလုပ်မယ်ညာလုပ်မယ် ပြောပြီး ပြည်တွင်းကိုရောက်နေလို့ နေ့မအိပ်ညမအိပ်စောင့်ဆိုင်း……ဖမ်းဆီးခဲ့ရကြောင်း..သတင်းထုတ်ပျစေ…..အဲ့တော့ အကြမ်းဖက်အဖွဲ့နာမည်လေးတခုလောက်ပြောပေးပါ….မီဒီယာကနေ ကြေငြာမို့………
—-ဒါများကွာ ဗကပ ကွန်မြူနစ်တွေလို့ ထဲ့နေကြလေ….အဲ့လိုထဲ့လိုက်
—–အဲ့နာမည်က လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်ကတည်းကသုံးပြီးသားကြီးဗျ
—-ဒါဆို CIA သူလျှိုကွာ အဲ့လိုထည့်
—-ဟိုနေ့ကမှ အိုဗားမားလာလည်သွားတာ မျက်နှာပျက်စရာဖြစ်ကုန်မပေါ့
—-အဲ့ဆို ABSDF ကွာ
—-ကားပါမစ်ပေးလိုက်လို့ ကားစီးနေကြပြီ ဘာဗုံးမှလာမခွဲဖူးဗျ….အစကတည်းကသူတို့နေရာမှာတင်….သူတို့ချင်း ခွဲနေကြတာလေ…….
—-ရွက်ဆစ်ဆိုရင်ကော
—–ဟာ သူကအခု တိုင်းရင်းသားလုပ်ငန်းရှင် ဖြစ်သွားပြီလေ …….
—–ဟင်း…ဘိုလုပ်မလဲ….အဲ ငါသိပြီ ဟိုအဖွဲ့လေ ISO ဆိုလား…9001 ဆိုလား……
—–ငင်…..မနောက်နဲ့လေ…….အဲ့ဒါ ကုန်ပစ္စည်းအသွေးစစ်တဲ့ အဖွဲ့ဗျ…..ခင်ဗျားကလဲ…..တုံးပ့ါဗျာ
—-ဟာ မင်းတို့ဝန်ကြီးတွေက ပိုတုံးသေး…..တစ်ယောက်တစ်မျိုးနဲ့….ကဲပါကွာ…..ငါမှဘိုလမ်းမနီးတာ….တရုပ်လမ်းပဲနီးတာ…..အဲရှုတ်ကုန်ပီ အဲ့ဘိုလို တွေ ငါမတတ်ဖူး….တခုခုထည့်ရေးလိုက်ကွာ…..
—-ဟုတ်ပါပီ တခုခုထဲ့လိုက်ပါ့မယ်……..နောက်ဆုံးတင်ပြပါရစေ…..နိုင်ငံတွင်းမှာ ပညာရေးနဲ့ကျန်းမာရေး ကဏ္ဍတွေမှာ တအားနိမ့်ကျနေတယ်……ဘာများလုပ်ဆောင်သင့်ပါသလဲ……
—–ငတုံး……နိမ့်နေရင် ကန်ထရိုက်ပေး အထပ်မြင့်ဆောက်….အပေါ်ဆုံးထပ်တွေမှာစာသင်ကွာ….ခေါင်မိုးပေါ် လူနာတွေဆေးကု…….
—–ဟာဗျာ….အကုန်သေကုန်အောင်လုပ်ပြန်ပီ……….အဲ့လိုဟုတ်ဖူးဗျ အရည်အချင်းနိမ့်တာကိုပြောတာ……
—-မသေမချင်းမှတ်…..ဒီမှာပညာရေးနိမ့်ရင် စင်္ကာပူသွား မလေးရှားသွား သြဇီသွား ကြိုက်တဲ့နေရာသွားတက်လို့ရတယ်…..ငါတို့အစိုးရအဖွဲ့ဆွေမျိုးသားခြင်းတွေ အကုန် နိုင်ငံခြားသွား ကျောင်းတက်ကြတာ…….အဲ့တော့ မြင့်ချင်သလား သွားတက်ချေ…….ကျန်းမာရေးလား…..သွားကု……ဗီဇာလွယ်တယ်…..ဟုတ်ပလား……
—-ဟုတ်ကဲ့ …….တခုလောက်မေးပျစေ……ဟိုးပဝေသဏီ ဘုရင်တွေလက်ထက်ကတည်းက ပြည်သူတွေကို ရင်ဝယ်သားလို အုပ်ချုပ်တယ် ပြောလိုက် ဘယ်လက်နဲ့အခွန်ကောက် မပေးရင် ညာလက်ကဓါးနဲ့ခုတ် အဲမှားလို့ ဘယ်လက်နဲ့ အဝတ်အစား ညာလက်နဲ့ အစားအသောက်တွေပေး…… ကြင်နာသနားတယ် ပြောလိုက် တပ်မတော်သာအမိအဖပြောလိုက်…နဲ့ အခုသမ္မတကြီး လက်ထက်ကြမှ ဘယ်လိုကြောင့် “မိဘပြည်သူများခင်ဗျား” ဖြစ်သွားရသတုန်း……….
—–ရှည်တာကွာ……ယတြာချေတာကွ……”မ” အုပ်စိုးကိန်းမြင်တယ်တဲ့…. ဗေဒင် ဆရာက…..အဲ့ကတည်းက ငါတို့တွေ ဂျိတ်ထမိန်ဝတ်ပြီး….ဘုန်းကညာတပါး လုံးရာကပြားတဲ့ မင်းခ ယောက်ျားတြွေ ဖစ်သွားကြရတယ်လေ…..နောက်ပြီး….”သားသမီးယုံစုံလုံကန်း”ဆိုတာရှိသတဲ့…..အဲ့တော့ ပြည်သူတွေစုံလုံးကန်းပြီး ငါတို့ကိုယုံကြည်လာအောင် မိဘအရာကို မထားချင်ထားချင်နဲ့ထားပြီး……”မိဘပြည်သူများ ခင်ဗျား”…… လုပ်နေရတာ ဟေ့……မောတာကွာ…..ရှင်းပြရတာ…..
မင်းတို့ဝန်ကြီးတွေလဲ တုံး…ပါ့….ကွာ….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: