သောနုတ္ထရ မုဆိုး လို သင်္ကန်း ကို ဆင်ဖမ်းယုံ လောက်ပဲ မသုံးကြပါနဲ့…လို့..

Moe Kyi Phyu shared Phyo Zaw Aung

ဦးပေါက် ပုံပြင် ပြောပြမယ်.. နော်.

ဟိုးရှေးရှေးတုန်း က .မြို့နဲ့ မလှမ်းမကမ်း….တောကြီးထဲ မှာ ရသေ့ကြီးတပါး…ကျောင်းသင်္ကန်း သေးသေး လေး ဆောက်ပြီး ..သီတင်းသုံးပါသတဲ့….
မြို့နဲ့ လဲနီးတော့ ..တလတခါ နှစ်ခါ လိုအပ်တဲ့…ဆားတို့..ဘာတို့..အလျှူခံ ထွက်ဖို့ ..အဆင်ပြေ တာပေါ့..သူ့ဖာသူ ဘုရားရှစ်ခိုး ပုတီးလေးစိပ် မေတ္ထာ ပို့…ဟုတ်နာပဲ..

တနေ့တော့. မြို့ထဲက ပြည့်တန်ဆာမ တစ်ယောက်ဟာ…မြို့ထဲမှာ လုပ်ကိုင်စား ရင် စည်ပင်ကြောက်ရ..ရဲကြောက်ရ…တပ်ကြောက်ရ မို့…ရသေ့ကြီးရှိတဲ့..တောထဲ…ရသေ့ကြီး ခြေရင်း ခပ်လှမ်းလှမ်း မှာ..တဲပိကျိ လေးထိုးပြီး လာ နေရှာသတဲ့….

သူ့ခမြာ..မင်းစိုးရာဇာ ပြစ်ဒါဏ်ကြောက်လို့…သာ .တောထဲမှာလာနေ..ရတာ…ခိုးသားဓားမြ…တောကောင် ပလောင် အန္ထရာယ် တွေ့ရင်..ကူပါကယ်ပါ…ကျားကျားယားယား.. အကူအညီ .ကလည်း လိုသေးတယ်.လေ.မိန်းမသား.တယောက်ထဲကိုး..
ဒါပေမဲ့..သူ့စိတ်ထဲ.. ရသေ့ကြီး တော့ရှိတာပဲ…တခုခုဆိုရင်တော့…လာကူကောင်းကယ်ကောင်းပါရဲ့ ဆိုပြီ့း ..တဲလေး ခပ်လှမ်းလှမ်း မှာမြင်နေရရင် ကို အား လေးရှိ လုံခြုံ တဲ့စိတ်ကလေး နဲ့နေ ရှာ ပါသတဲ့…

သူ့မဖောက်သည်များ ကလဲ တောထဲ.ထိ ကို လာအားပေးပါသတဲ့….
ဒါကြောင့် သူမစိတ်ထဲ ..ရသေ့ကြီးကို အရမ်းပဲ အားနာ..ပြီးအမြဲတစေ ရှက်ရွံ့..ကိုယ့်ကိုစိတ် မလုံ ဖြစ် နေသတဲ့…ညတိုင်း ညတိုင်း လဲ..ရသေ့ကြီးရှိရာအရပ် ဦးသုံးကြိမ်ချ..ကန်တော့တောင်းပန်..ရသေ့ကြီးကို မေတ္ထာ ပို့ပြီးမှ အိပ်သတဲ့..
ရသေ့ကြီးဆီတော့ သွားမတွေ့ရဲဘူးလေ…သူမစိတ်ထဲမှာတော့ ရသေ့ကြီး…ငါလာနေ လို့ စိတ်အနှောက်အယှက်ဖြစ်ပါပြီ ..ဘာညာ ဆိုပြ်ီး..အမြဲတမ်း ရသေ့ကြီးကို တပြီး နေသတဲ့..

ရသေ့ကြီးကတော့ အဲလိုမဟုတ်ဖူး…ကောင်မလေး ရောက်ကထဲက..ဒီယုတ်ညံတဲ့ ဟာမ..ငါ့တောထဲလာနေရသလား….ဟော.သူ့အကောင်တွေလာကြ ပြန် ပြီး…ကျက်သရေယုတ်ပါပြီ…. ဒီမိန်းမယုတ် ..ပြည့်တန်ဆာမ …ဘာမ…ညာမ.ဟောဘာလုပ်နေပြန်ပြီး..ဘာညာ..ဆိုပြီး တချိန်လုံးဆဲရေး နေပါသတဲ့…..သူ့ခမြာ..ပြည့်တန်ဆာမ စိတ်နဲ့အမြဲပူလောင်နေရပါသတဲ့….ဘုရားရှစ်ခိုး..ပုတီးစိတ် မေတ္ထာ ပို့ တွေ လဲ မှန်မှန်မလုပ်တော့ပါဘူး တဲ့…

ဒါနဲ့ နှစ်ပေါင်းများစွာအကြာ..သူတို့၂ယောက်.လုံး…ရှေ့ဆင့်နောက်ဆင့် ..သေဆုံးသွားကြတဲ့ အခါ ..တမလွန်ကို ရောက်ကော..တဲ့… ပြည့်တန်ဆာမလေးကို …အပေါ်ထပ်နတ်ပြည် ခေါ်သွားပြီး..ရသေ့ကြီးကို တော့လူနီလူမဲ ငရဲသား အကိတ်ကြီး ၂ကောင်က ဂျိုင်းကမ ပြီး ဓာတ်လေကား…ခလုတ်ကို …နတ်ပြည်ဝေးစွ…ground ကိုကျော် basement ကို ကျော်ပြီး ယောရူဝ ကို နိပ်ပါသတဲ့..အဲ..ဒီမှာရသေ့က ထမာန်တယ်…

”အဟမ်းအဟမ်း ဟေ့၂ကောင် ငါ့ယူနီဖောင်း ကိုကြည့်စမ်း..သင်္ကန်းကွ ..ဒီမှာ ဒေါက်ချာကြီးလဲဆောင်းထားတယ်..ရသေ့ကွ…ဘာလို့ အောက်ငရဲ ကိုခေါ်နေတာလဲ…ဟိုအယုတ်တမာမ ကိုတော့နတ်ပြည်ခေါ်ရသလား..မင်းတို့မှားနေပြီ..ကွ..” ဆိုပြီးရန်တွေ့ရော…
ငရဲသားကြီးက ပြောတာပြတ်တယ်…
”ဟိုကောင်မလေး က လူကသာပြည်တန်ဆာ..စိတ်က ရသေ့ကြီးကိုပဲတ …မေတ္ထာ ပို့နေလို့’ရသေ့’ပုဒ်မ နဲ့ နတ်ပြည်သွားတာတဲ့….
မင်းကတော့ ..လူကသာရသေ့..စိတ်က ”ပြည့်တန်ဆာမ ”ပဲ တပြီး တချိန်လုံးဆဲရေး နေလို့ ..”ပြည့်တန်ဆာမ” ပုဒ်မနဲ့ ငရဲကို သွားပရော့…”..ဆိုပဲ…အေးရော…

ဒီပုံပြင် လေးက အခုခေတ်နဲ့ ကိုက်ပါတယ်.လူပေါ်မှာ….သင်္ကန်းကြီး ဝတ်ထား ဝတ်ထား..ကိုယ်လုံးကဘယ်လောက် ကောင်းမှု တွေလုပ်ပြနေနေ …စိတ်ကမမွန်မြတ်ရင်…ကောင်းရာမွန်ရာ ရောက်မှာမဟုတ်ပါဘူး….

စိတ်က ဟာ..အစွန်းရောက်တွေဟ .သတ်ဟေ့.သတ်ဟ..မီးရှို့ ဟ…မင်းဆိုငါတို့မြို့မလာနဲ့….အဲဘာသာခြား ကောင်..ဘာညာမိစ္ဆာအယူကောင်…နာမည်ကို မကြားချင်ဘူး..မဟောနဲ့ မပြောနဲ့ စင်ပေါ်မတက်နဲ့….ဓားကြည့်….မင်းတို့ကောင်တွေ..လို့အော်နေတဲ့လူကိုယ်တိုင်ရဲ့ စိတ်ထဲမှာ ကော..မိစ္ဆာအယူ ဖြစ်မနေဘုးလား…ဦးနှောက်ရှိသူတိုင်း တွေးတတ်ပါတယ်..

အစွန်းရောက်ကောင်တွေ လို့တပြီး..အဲလိုစိတ် နဲ့ . သေလို့ကတော့…အဲလို အစွန်းရောက်သမား.ငရဲပဲရောက်မှာပါပဲ…
သူတပါးနိမ့်ချ ကိုယ်နိမ့်ကျ ပါတယ်…
သူတပါး..ပစ္စည်းကို အတုကြီး လို့လူတကာလျှောက်ပြော ..ရမ်းကားနေမဲ့အစား…ကိုယ့်ပိုင်တဲ့အရာကိုသာ အစစ်အမှန် ဖြစ်ကြောင်း..အရောင်တင်ပြ လိုက်ပါ…
ဒါပါပဲ…

ဘာသာသာသနာကို ကာကွယ်မယ်ဆို အဲ့ဘာသာ ကို မြှင့်တင်ကြပါ…တန်ဖိုးရှိအောင်လုပ်ပါ..လူကြည်ညိုအောင်နေကြပါ..တောက်ပြောင်အောင် စောင့်ထိန်းပါ….လူတဖက်သားကို..ပုတ်ခတ်နေ ယုံနဲ့တော့ အရှက်ကွဲယုံအပြင်မပိုပါဘူး…

ကိုယ့်ဘာသာသာသနာ ကိုမှ ကိုမလေးစားအောင် နေနေရင် ..တခြားဘယ်သူမှ အားအားယားယား..လာမလေးစားပါဘူး..စဉ်းစားပါ…

အခု ..ကျွန်တော်မျက်စိထဲ အဲ့လို ရသေ့ကြီးတွေ အများကြီးမြင်နေလို့ပါ….

သောနုတ္ထရ မုဆိုး လို သင်္ကန်း ကို ဆင်ဖမ်းယုံ လောက်ပဲ မသုံးကြပါနဲ့…လို့…ဒါပါပဲ..


..
မောင်ပေါက်…
(စာဖတ်သူ ဘော်ဒါများ..ကျနော့ကို မိစ္ဆာဒိဋ္ဌိ ထင်ကားထင်နိုင်ပါသည်…လွတ်လပ်စွာ ကိုယ့်အတွေးနဲ့ ကို ကွဲလွဲစွာ စားသုံးကြပါလေ..)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: