U Thein Than Oo သောင်းတိုက်ကကြားစေသား၂၄

U Thein Than Oo is my friend, classmate in Medical University, IMM. He was not happy with Medical life and changed the profession. Later he was together with my bother Maung Maung in helping the Meiktila Muslims.

Congratulations friend for your bravery, kind heart and for respecting the Human Rights of downtrodden minority religious persons like us.

သောင်းတိုက်ကကြားစေသား၂၄
ကျနော်ဟာဒီဇင်ဘာ၆ရက်မှ၁၅ရက်အထိ အင်္ဂလန်နဲ့ဂျာမနီကပြည်သူဗဟိုပြုရဲလုပ်ငန်းများ
အီးယူအစီအစဉ်နဲ့လေ့လာတဲ့အဖွဲ့မှာပါခဲ့ပါတယ်။EUရဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြုပြင်ရေး
အထောက်အပံ့ကိုမြန်မာနိုင်ငံရှေ့နေများကွန်ရက်ကပြတ်ပြတ်သားသားဆန့်ကျင်ပါတယ်။
မြန်မာရဲတပ်ဖွဲ့ဟာသမတနဲ့လွှတ်တော်ကိုတာဝန်မခံဘဲကာချုပ်ကတိုက်ရိုက်ခန့်တဲ့ဒုဗိုလ်ချုပ်
ကြီး(ပြည်ထဲရေးဝန်ကြီး)လက်အောက်ခံဖြစ်လို့civil force, civil policingမဟုတ်ဘဲ Military policing စစ်ပုလိပ်ဖြစ်နေလို့ပါဘဲ။ ဒါကြောင့်ဖွဲ့စည်းပုံမပြင်နိုင်သမျှရဲပြုပြင်ရေးဟာမဖြစ်နိုင်ပါဘူး
Don’t wing the tiger ကျားကိုအတောင်မတတ်ပါနဲ့ဆိုတဲ့ကျနော့်စာတမ်း မှန်ကန်ကြောင်း  ၂၂ရက်နေ့ လက်ပံတောင်းကလယ်သူမကြီးဒေါ်ခင်ဝင်းကို ‘ပြည်ပအားကိုးပုဆိန်ရိုး’ သခင်အားရကျွန်ပါးဝတွေကပစ်သတ် သက်သေပြလိုက်ပါပြီ။


စစ်အစိုးရဟာအယောင်ဆောင်စကားလုံးတွေကိုသကာရည်လူးဘယ်လိုဘဲသုံးစွဲသူတို့
ရဲ့အရင်းခံစိတ်ကပြည်သူကကျေးကျွန်တွေသူတို့ကအရှင်သခင်ဆိုတာပါဘဲ။သူတို့ပြပြင်
ပြောင်းလဲတယ်ဆိုတာနိုင်ငံတကာကိုလိမ်ညာလှည့်စားပြီးအကူအညီတွေတောင်းဖို့ပါ။
၁၉၆၂ကတည်းကတိုင်းပြည်ကိုစစ်ဗိုလ်ချုပ်ကြီးတွေအုပ်ချုပ်လိုက်ကြတာရာစုနှစ်ဝက်ကျော်လာတော့သူတို့ကဆွေ၇ဆက်မျိုး၇ဆက်စားမကုန်အောင်ချမ်းသာကြွယ်ဝလာပြီးတိုင်းပြည်က
ပြာပုံဝပ်တဲ့ခွေးဘဝရောက်ခဲ့ရတာထမင်းစားကြီးလာတဲ့လူတိုင်းသိကြပါတယ်။စီးပွားရေးကျန်းမာရေး၊ပညာရေးဘက်ပေါင်းစုံဘုံးဘုံးလဲကျခဲ့ရပါပြီ။၂၀၀၈မှာတစေဖွဲ့စည်းပုံကိုဇွတ်အတည်
ပြုပြီးကြံ့ဖွတ်ကိုကြိုတင်မဲတွေနဲ့နန်းတင်ခဲ့တယ်။လွှတ်တော်ဆိုတာလဲစစ်တပ်၊အစိုးရဆိုတာလဲစစ်တပ်၊ကြံ့ခိုင်ရေးဆိုတာလဲစစ်တပ်ပါဘဲ။တရုပ်ကိုအားကိုးရတာသိတ်နစ်နာမှန်းလဲသိနေ
တိုင်းပြည်ကတစစီမွဲတေစုတ်ပြတ်နေလို့ဒီအတိုင်းရှေ့ဆက်သွားရင်ဘယ်လိုမှမဖြစ်နိုင်မှန်းသိလို့အမေရိကန်ကအာရှပစိဖိတ်ပေါ်လစီအပြောင်းမှာမြစ်ဆုံကိုရပ်ပြီးအမေရိကန်စည်းဝိုင်းထဲ
ခြေစုံပစ်ဝငိပြလိုက်တာပါ။တဖက်မှာလဲပြည်သူတွေကိုဖိနှိပ်ချုပ်ချယ်ဖို့ဖောက်ပြန်တဲ့ပြည်တွင်းစစ်ကြီးတိုက်နေရတော့တရုတ်ကိုလဲအပြတ်မငြင်းနိုင်၊တချို့နေရာမှာတရုတ်နဲ့အကျိုးစီးပွားတူ
နေတော့ကာကွယ်ရပြန်တယ်။အမေရိကန်ကသူတို့ဟာအယောင်ဆောင်ပြုပြင်ရေးသမားတွေ
သာဖြစ်ကြောင်းကောင်းကောင်းသိပေမဲ့အာရှပစိဖိတ်ပေါ်လစီအရယုံချင်ယောင်ဆောင်ပြီး
တရုတ်နဲဆက်ဆံရေးမှာပစ်ဖဲတချပ်အဖြစ်ကိုင်ထားတာပါ။
တင်ပြခဲ့တဲ့အတိုင်းသူတို့ဟာမင်းသားခေါင်းစွပ်ထားတဲ့ဘီလူးတွေသာဖြစ်တယ်
မြေသိမ်းပြသနာငြိမ်းချမ်းရေးပြသနာတွေကိုသူတို့ရဲ့စရိုက်လက်ခဏာအရမဖြေရှင်းနိုင်ဘူး။စီး
ပွားရေးမှာစစ်ဗြူရိုကရက်အရင်းရှင်စံနစ်၊မြေယာမှာစစ်တပ်မြေရှင်ကြီးစံနစ်ကျင့်သုံးတယ်။
ငြိမ်းချမ်းရေးကိုလက်တွေ့စစ်တိုက်နေရတဲ့စစ်သားတွေကအလိုချင်ဆုံးဖြစ်တယ်ဆိုတာစစ်
သားတွေအတွက်မှန်နိုင်ပေမဲ့ဗိုလ်ချုပ်တွေအတွက်တော့ဆရာတင်မိုးရဲ့”ကွန်မြူနစ်ဆန့်ကျင်
ရေးလူကြီးမင်းသို့”ကဗျာထဲကလိုစစ်အားမကောင်းရင် ဂျစ်ကားတောင်မမောင်းနိုင်ပါဘူး။
ပြည်တွင်းစစိကြီးရှိနေမှစစ်တပ်ကြီးကိုအသုံးချပြီးအာဏာကိုချုပ်ကိုင်ထားနိုင်မှာမဟုတ်လား
ဒါကြောင့်ငြိမ်းချမ်းရေးရဘို့မလွယ်ပါဘူး။
ဒါပေမဲ့ဒါ၁၉၆၂မဟုတ်ဘူး၊၈၈မဟုတ်ဘူး၊၂၀၀၇မဟုတ်ဘူး။နိုင်ငံတကာနဲ့ပြည်တွင်း
အခြေအနေတွေကအဟုန်ပြင်းပြင်းပြောင်းလဲနေပြီ။အပြောင်းအလဲကိုဆန့်ကျင်ဟန်တားသူမှန်သမျှအရေးတော်ပုံကြီးကနင်းခြေသွားမှာပါဘဲ။ဘရူးတပ်စ်ရဲ့ဓားချက်တွေကျမလာမှီဂျူးလိယက်ဆီဇာဟာပြိုင်စံကင်းစစ်ဘုရင်ပါဘဲ။ကိုယ့်နားထင်ကိုယ်သေနတ်နဲ့မပစ်ရခင်ထိတော့
ဟစ်တလာဟာခေါင်းဆောင်ကြီးဖြူဟာရားပေါ့။သမိုင်းမှာနောက်ဆုံးအောင်ပွဲခံရမှာပြည်သူ
တွေပါ။
ဒီယုံကြည်ချက်ကိုမြဲမြဲမြံမြံဆုပ်ကိုင်ကြရလိမ့်မယ်။၁၄ရက်ဖေဖော်ဝါရီ၂၀၁၃မှာမ်ြန်မာနိုင်ငံ
ရှေ့နေများကွန်ရက်နဲ့Justice Trust ကလက်ပံတောင်းဖြိုခွဲမှုမှာမီးစုံးဖြူလက်ပစ်ဗုံးတွေ
သုံးခဲ့ကြောင်းဝမ်ပေါင်နဲ့လယ်သမားတွေချုပ်ခဲ့တဲ့စာချုပ်တွေဟာတရားမဝင်ကြောင်းသတင်း
စာရှင်းလင်းပွဲနဲ့ဖွင့်ချခဲ့တယ်။ခုဒေါ်ခင်ဝင်းအသတ်ခံရမှုမှာတာဝန်ရှိသူတွေကိုစုံစမ်းဖော်ထုတ်
အရေးယူပေးဖို့ပြည်သူအားလုံးဒီမိုကရေစီအင်အားစုအားလုံးနဲ့ပူးပေါင်းဆောင်ရွက်သွားပါ
မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: