တရုတ်ကောင်စစ် ၀န်ရုံးရှေ့တွင် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ တရုတ်ဘက်မှ ရပ်တည်နေသော ဂဠုန်နီဦးကာဝိယ

မျက်နှာဖုံးကွာကျသွားခြင်း(သို့)ဇစ်မြစ်ပေါ်လာခြင်း
***********************************

၁၉၈ရ ခုနှစ် ၂၅/၃၅/၇၅ကျပ်တန် ငွေစက္ကူအရေးအခင်း အပြီး ပြည်-မြေထဲ-တောင်ကြီးမြို့တွေမှာ မဆလအစိုးရ က အစ္စလာမ်ဘာသာဝင်တွေကို ပြသနာရှာ တိုက်ခိုက် ဖျက်ဆီး သတ်ဖြတ်ပြီး ဗလီတွေဖျက်ပြီး ပြည်သူကို အာရုံလွှဲနေတဲ့အချိန်-

မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး အရှေ့ ၄၅တာကွင်း အရှေ့ဘက်မှာတည်ရှိတဲ့ ကုသိနာရုံဘုရာအနီးက ငွေငါး ကျောင်းဆရာတော် ဦးကာဝိယဟာ ဂဠုန်နီအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်-

ဂဠုန်နီအဖွဲ့ ဖွဲ့စည်းတည်ထောင်တဲ့ရည်ရွယ်ချက်ကိုတော့ အဖွဲ့ဝင် တွေရဲ့ မန္တလေးမြို့ပေါ် လှုပ်ရှားမှုတွေကိုကြည့်ရင် သိနိုင် ပါတယ်-

အဲ့ဒီအချိန်က ဂဠုန်နီအဖွဲ့ဝင် သင်္ဃန်းဝတ်ငယ်အချို့ဟာ မန္တလေးမြို့ပေါ်က အစ္စလာမ်ဘာသာဝင်တွေရဲ့ အိမ်တွေ ဆိုင်တွေကို ၀င်ရောက်ပြီး ရံပုံငွေစုဆောင်း(အလှူခံ)ခဲ့ ကြ ပါတယ်-

အလှူခံပုံက
“ငါတို့ ပြည်မြို့က လာခဲ့တာ- တောင်ကြီးကိုသွားမလို့ လမ်းစရိတ်လိုလို့ အလှူလာခံတာ-အလှူငွေသုံးသောင်း လိုတယ်-အဆင်သင့်လုပ်ထားပါ-မနက်ဖန်မနက် ၁၀နာရီ လာယူမယ်”-လို့ပြောပြီး အလှူခံတာပါ-

၁၉၈၇ ခုနှစ်က ငွေသုံးသောင်းဆိုတာ နဲတဲ့ ပမာဏ မဟုတ်ပါဘူး-

အလှူငွေရလိုတာထက် ပြသနာရှာလိုတာသက်သက်ပါ-

၈၄လမ်း ဒါးတန်းဝင်းထဲက စူရတီလူမျိုးအိမ်တအိမ်မှာ အဲ့ဒီပုံစံအတိုင်းဝင်အလှူခံတော့ အရောင်းအ၀ယ်ကိစ္စနဲ့ အဲ့ဒီအိမ်ကိုရောက်နေတဲ့ ဗုဒ္ဓဘာသာဝင်တယောက်က
“ဦးဇင်းတို့-အဲ့ဒီလို အလှူခံတာ မဟုတ်သေးပါဘူး” လို့ ပြောမိလို့ “မင်းနဲ့ဘာဆိုင်လို့လဲ” ဆိုပြီး ပါးရိုက်သွားခဲ့ပါ သေးတယ်-

မန္တလေး ဈေးချိုအနီးက မွတ်စလင်ဆိုင်နဲ့ အိမ် ၁၀လုံး လောက်မှာ ၃ဦးလောက်ကဘဲ အမှတ်၅ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်-

ရဲတွေဘက်က ဖြေရှင်းမှုကတော့ အဆင်ပြေအောင်သာ ပြောပြီးထိုက်သင့်သလောက်လှူလိုက်ပါ-ပြသနာမဖြစ်ပါ စေနဲ့ ဆိုတာပါဘဲ-

ကျွန်တော်တို့ ကိုယ်နည်းကိုယ့်ဟန်နဲ့ စုံစမ်းပြီး နောက်ဆုံး- အစ္စလာမ်ဘာသာဝင်တွေ ဂဠုန်နီအဖွဲ့ထဲ အင်နဲ့အားနဲ့ ၀င်ရောက်ပူးပေါင်းထားခဲ့ပါတယ်-

နောက်ဆုံး ဂဠုန်နီ တရားပွဲ ပထမဆုံးကျင်းပတဲ့အချိန် အဖွဲ့ဝင်တွေအားလုံး အင်အားပြတက်ရောက်ရတဲ့အချိန် မှာ- ပရိတ်သတ်ရဲ့အင်အား ထက်ဝက်ကျော်က မွတ်စလင်တွေဖြစ်နေတာရယ်-ရန်ကုန်က ကျောင်းသား များဦးဆောင်တဲ့ တပါတီအာဏာရှင် ဆန့်ကျင်ရေး အရှိန်အဟုန်တွေ မြင့်မားလာနေတာကြောင့်ရယ်- ဂဠုန်နီအဖွဲ့ကြီးဟာ အစိုးရ ဆန့်ကျင်ရေးဘက်ကို လိုင်း ပြောင်းသွားခဲ့တာပါ-

အရေးအခင်းကာလမှာ ဂဠုန်နီအဖွဲ့ဟာ ဦးကာဝိယ
ဦးဆောင်တဲ့ ဂဠုန်နီစစ်ကြောင်းအနေနဲ့ သပိတ်တပ်ပေါင်း စုအဖွဲ့ချုပ်မှာ အဖွဲ့ဝင်တခုဖြစ်ခဲ့ပေမဲ့ သပိတ်တပ်ပေါင်းစု အဖွဲ့ချုပ် အစည်းအဝေးက ဆရာတော်များရဲ့ နိုင်ငံရေး အမျှော်အမြင်ရှိရှိ အစည်းအဝေးလုပ် ဆုံးဖြတ်ချက်ချခဲ့ တာတွေကို လိုက်နာမှုမရှိ အမြဲတမ်း ကဖျက်ယဖျက် လုပ်ခဲ့ပြီး အရေးအခင်းကြီးကို သေးသိမ်အောင် လုပ်ခဲ့ တဲ့အတွက် သပိတ်တပ်ပေါင်းစုအဖွဲ့ချုပ် ဥက္ကဌဆရာတော် ဦက၀ိန္ဒ(မစိုးရိမ်တိုက်)နဲ့ အတွင်းရေးမှူး ဆရာတော်ဦးရေ၀တ(ဂွေးချိုတိုက်)အပါအ၀င် သံဃာတော်များ စိတ်ပျက် လက်ပျက်ဖြစ်ခဲ့ရတာ ဂဠုန်နီ ဦးကာဝိယ ပါ-

အရေးအခင်းကာလတလျှောက်လုံးမှာ တရုတ်လူမျိုး စီးပွားရေးသမားများထံမှ အလှူငွေတောင်းခံ စုဆောင်း ခြင်း-မဆလပါတီဝင်များ အုပ်ချုပ်ရေးတာဝန်ရှိသူများကို ခြိမ်းချောက်ခြင်း-မြန်မာ့ဆက်သွယ်ရေးမှ တယ်လီဖုန်းများကို တလုံး၂သိန်းနှုန်းနှင့်ဆက်သွယ် တပ်ဆင်ပေးခြင်း မြေမှု/ရာဇ၀တ်မှုများကို ၀င်ရောက် စွတ်ဖက်ဖြေရှင်းခြင်း-ကိုယ်ပိုင်အချုပ်ခန်းများ ထိတ်တုံး များထားရှိပြီးလူများကို ဖမ်းဆီးချုပ်နှောင်ခြင်း-လူထု၏ စိတ်ထဲသို့ မင်းမဲ့စရိုက်များဝင်လာအောင်ဟောပြောခြင်း တို့ကိုသာ နိုင်ငံရေး ခံယူချက်မဲ့ ဦးတည်ချက်မဲ့ လုပ်ဆောင်ခဲ့ပါသည်-

မေမြို့ စစ်တပ်များအနီး တရားပွဲများလုပ်၍ စစ်တပ်ကို စိန်ခေါ်ခြင်းများပြုလုပ်ခဲ့သဖြင့် တပ်နှင့်ပြသနာတက်ခဲ့ပြီး သပိတ်တပ်ပေါင်းစုအဖွဲ့ချုပ်မှ ၀င်ရောက်ဖြေရှင်းခဲ့ရပါ သည်-

မိုးကုတ်မြို့တွင် ဂဠုန်နီကိုယ်တော်များတရားပွဲများပြုလုပ် စိန်ခေါ်ခဲ့မှုကြောင့် အာဏာသိမ်းရက်စွဲ မတိုင်မှီ စက်တင်ဘာလ ၁၇ရက်နေ့ကထဲက စစ်တပ်မှပစ်ခတ် နှိမ်နင်းခြင်းခံခဲ့ရပါသည်-

အာဏာသိမ်းပြီးနောက် တိမ်းရှောင်ကြရသည့်အချိန်တွင် ဦးကာဝိယသည် ၎င်းး၏ နောက်လိုက်နောက်ပါများနှင့်ကွဲ ပြီး တရုတ်ပြည်ဘက်သို့ရောက်ရှိသွားခဲ့ပြီး အစစ အရာရာ ဒုက္ခရောက်နေသည့်အချိန်တွင် ရွှေလီရှိ အစ္စလာမ်ဘာသာဝင်များ-အထူးသဖြင့် ရိုဟင်ဂျာများက ထောက်ပံ့လှူဒါန်းမှုဖြင့် ရပ်တည်နေခဲ့ရပါသည်-

ပင်တိုင် အလှူရှင်မှာ တရုတ်ပြည် ရွှေလီမြို့ ဒေါင်းရုပ်အ၀ိုင်းကြီးအနီးရှိ ငြိမ်းချမ်းတည်းခိုခန်းရှေ့တွင် ဆိုင်ခန်းဖြင့် ကွမ်းယာနှင့်ကုန်စုံဆိုင် ဖွင့်လှစ်ထားသော ရိုဟင်ဂျာအဖိုးကြီး ဖြစ်ပါသည်-

နောက်ပိုင်း ထောက်လှမ်းရေးများက ကြယ်ခေါင်ဘက်သို့ လိမ်ညာခေါ်ယူသွားပြီး မြန်မာအစိုးရ၏ဖမ်းဆီးခြင်းခံခဲ့ရ ကာ သေဒဏ်ပေးခြင်းခံခဲ့ရပါသည်-

သေဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်မြောက်လာခဲ့ ခြင်းဖြစ်ပါသည်-

နောက်ပိုင်း နိုင်ငံရေးလှုတ်ရှားမှုများတွင် ဒီမိုကရေစီရေး လှုပ်ရှားသော သံဃာတော်များနှင့် တွဲဖက်လှုတ်ရှားနေခဲ့ သော်လည်း စိတ်ဓာတ် အမူအကျင့် အပြောအဆိုမှာ သီးခြားဖြစ်နေခဲ့ပါသည်-

မန္တလေး မွတ်စလင်များထံမှ အလှူငွေအများဆုံးရရှိခဲ့သူ ဖြစ်သလို မကြာခဏ အလှူခံလေ့ရှိသူလည်းဖြစ်ပါသည်-

အတူတွဲနေသည့် သံဃာတော်များ လက်ပတောင်းတောင်သို့ ကြွချီတိုင်း အကြောင်းအမျိုးမျိုးပြ၍ ကျန်ရစ်ခဲ့သူဖြစ်ပြီး လက်ပတောင်းတောင် မီးဘေးသင့် သံဃာတော်များ အတွက်အလှူငွေများကို လက်ခံရာတွင်တော့ ပါဝင်ခဲ့သူ ဖြစ်ပါသည်-

လက်ပတောင်းတောင် ပြသနာအတွက် ညှိနှိုင်းဆောင် ရွက်ပေးနေသော မြ၀တီမင်းကြီးကျောင်းတိုက်ဆရာတော်နှင့်ဦးဇင်းဂျောင်း ဂျောင်းတို့အား ပြင်းပြင်ထန်ထန်ဝေဖန် အပုပ်ချခြင်းဖြင့်
ဒဏ်ရာရ သံဃာများနှင့်စိတ်ဝမ်းကွဲစေမှုများဖြစ်ပေါ်စေခဲ့ သူလည်းဖြစ်ပါသည်-

အသက်အရွယ်အရ၎င်း ၀ါအရ၎င်း ငယ်ရွယ်သူ ၀ီရသူကို ကြိတ်၍အားကျ မနာလိုဖြစ်နေသူဖြစ်ပါသည်-

အခွင့်အရေးရလျှင်ရသလို ၀ီရသူလိုအခြေအနေမျိုးရရှိ အောင် ကြံစည်ကြိုးပမ်းဟောပြောတတ်မှုကို ထင်ထင် ရှားရှား မကြာခဏ တွေ့ရပါသည်-

အချုပ်အားဖြင့်တင်ပြရလျှင်-

ယမန်နေ့က ဆန္ဒပြကြသည့်နေရာတွင် တရုတ်ကောင်စစ် ၀န်ရုံးရှေ့တွင် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ တရုတ်ဘက်မှ ရပ်တည်နေသော ဂဠုန်နီဦးကာဝိယ ကိုမြင်တွေ့လိုက်ရ သည့်အတွက် သူ့အကြောင်းမသိသူများအတွက် အံ့သြော စရာ မယုံနိုင်စရာ အကြောင်းချင်းရာ ဖြစ်နေမည် ဆိုသော်လည်း သူ၏ ဇစ်မြစ်ကိုသိထားသူတွေအတွက် တော့ ထူးဆန်းသည့်ကိစ္စမဟုတ်ဘဲ အမှန်တရား ပေါ်ပေါက် မျက်နှာဖုံးကွာကျသွားခြင်းသာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်-။်

3 Responses to “တရုတ်ကောင်စစ် ၀န်ရုံးရှေ့တွင် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ တရုတ်ဘက်မှ ရပ်တည်နေသော ဂဠုန်နီဦးကာဝိယ”

  1. drkokogyi Says:

    ရွှေဝါရောင် Saffron
    The Yangon Globe
    မန္တလေးဆန္ဒပြပွဲ တရုတ်ကောင်စစ်ဝန်ရုံးလုံခြုံရေးအတွက် ရဲအဖွဲ.နှင့်အတူ “ဘုန်းကြီးစွမ်းအားရှင်များ”ပါဝင်ဟုဆို….
    The Yangon Globe wrote, “မွတ်ဆလင်အခြေခံသဘောတရားများဖြင့် ဖွဲ.စည်းထားသော အမျိုးဘာသာသာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ. (မဘသ)”

    ရဲတပ်ဖွဲ.ဖက်မှ ဆန္ဒပြဘုန်းတော်ကြီးများနှင့်ညှိနှိုင်းပေးခဲ့သတစ်ဦးဖြစ်သည့် ဦးကာဝိယ ခေါ် ဂဠန်နီဆရာတော်က ၄င်းသည် ဆန္ဒပြသမားများက ညှိနှိုင်းရန်ပင့်ဖိတ်သဖြင့်သာ ရောက်ရှိလာခြင်းဖြစ်ကြောင်း တရုတ်ကောင်စစ်ဝန်ရုံးအတွက် လုံခြုံရေးယူပေးသော မိုးကောင်းအနောက်ပြင်ကျောင်းတိုက်မှ “အစိုးရအလိုတော်ရိ ကိုယ်တော်များဖြင့်ပတ်သက်တာ” မရှိကြောင်းမိန့်ကြားသည်။

    “ဆန္ဒပြပွဲမှာ ပါတဲ့ကိုယ်တော်တွေကိုထိန်းဖို.အတွက် သံဃာအချို.ကို တရုတ်သံရုံးမှာ ညထဲကတည်းက ခေါ်ထားတယ်လို့ကြားတယ်။ ဒီကိုယ်တော်တွေနဲ့ ငါဘာမှမပတ်သက်ဘူး။ အခြေအနေတွေမကောင်းဘူးကွ၊ ၂၀၁၅ မှာ သံဃာအချင်းချင်းချမယ့်ကိန်းဆိုက်နေပြီ” ဟု ၄င်းကဆိုသည်။

  2. drkokogyi Says:

    Melvin Moe
    Yesterday at 5:43pm ·

    တရုတ်ကောင်စစ်ဝန်ရုံး ကို လုံခြုံရေးယူပေးနေတဲ့ မန္တလေး က မဘသ ဘုန်းကြီး တွေတဲ့။

    သူတို့က အမျိုးဘာသာသာသနာ ကို စောင့်ရှောက်မယ်ဆိုဘဲ။

    အမျိုးဆိုတာ ပြည်ကြီးတရုတ်လူမျိုး၊ ဘာသာသာသနာဆိုတာ ကွန်မြူနစ် ဖြစ်မယ်ထင်တယ်။

    လယ်တီသိမ်ဖျက်လဲ အေးဆေးဘဲ။

    ဘုန်းကြီး အစစ်အမှန်တွေကို မီးလောင်ဗုံးနဲ့ မီးရှို့လဲ အသံမထွက်ဘူး။

    ဘုန်းကြီး ကျောင်းတွေကို ဘူဒိုဇာနဲ့ ဖျက်တော့လဲ အအိပ်အစားမပျက်ဘူး။

    ဒေါ်ခင်ဝင်း သေနတ်နဲ့ပစ်သတ်ခံရတော့မှ ပြည်ကြီးတရုတ်တွေကို ကာကွယ်နေတယ်။

    မဘသ တွေကတော့ခပ်တည်တည်ဘဲဗျ။ ခပ်ပြောင်ပြောင်ပါဘဲ။

    ငပိန်းတွေက တော့ မဘသ တွေကို ကိုးကွယ်နေတုန်းပေါ့။

    အသိဥာဏ် မဲ့ တဲ့ လူတွေကြောင့် ဗုဒ္ဓဘာသာ အမဲစက်စွန်းထင်းရပါပြီ။ ဖွတ်ထွက်တာတောင် တောင်ပို့မှန်းမသိရင်လဲ ၊ လဲသာသေလိုက်ကြပါတော့ဗျာ။

  3. drkokogyi Says:

    Melvin Moe
    4 mins ·

    ပီကင်းတရုတ်တွေ က အာဏာရှင်တွေအုပ်ချုပ်တဲ့ နိုင်ငံတွေတိုင်းမှာ ရင်းနှီးမြှုပ်နှံမှု တွေလုပ်ပါတယ်။

    ရင်းနှီးမြှုပ်နှံမှု လုပ်တယ်ဆိုတာကလဲ သံယံဇာတ တွေကို စည်းမဲ့ကမ်းမဲ့ ထုတ်ယူတာပါဘဲ။ တရုတ်ပြည်ထုတ် လက်နက်အစုတ်တွေနဲ့လဲ သံယံဇာတ တွေကို အလဲအလှယ်လုပ်ပါတယ်။

    တရုတ်ပြည်တွင်းက ရာဇ၀တ်မှုနဲ့ ထောင်ကျနေတဲ့ အကျဉ်းသားတွေကို ပြည်ပတိုင်းပြည်တွေမှာ ခိုင်းစေဖို့အတွက် အလုပ်သမားအဖြစ် ခေါ်ဆောင်သွားလေ့ရှိတယ်။ ဒါကြောင့် အင်မတန် မိုက်ရိုင်းတဲ့ ပြည်ကြီးတရုတ်တွေထဲကမှ အထူးမိုက်ရိုင်းတဲ့ ဒုစရိုက်သမား ထောင်သား တွေ ဟာ မြန်မာပြည်ထဲရောက်နေကြတာပါ။

    ပီကင်းတရုတ်တွေဟာ အာဏာရှင်နိုင်ငံတွေက အလုပ်သမားတွေကို အလုပ်အကိုင် အခွင့်အလမ်း နဲ့ နည်းပညာအကူအညီ ပေးလေ့မရှိပါဘူး။ သူတို့အတွက် တောက်တိုမည်ရ ခိုင်းဖို့ နဲ့ ကာမဆန္ဒဖြည့်ဆည်းဖို့လောက်ဘဲ ဒေသခံအချို့ကို အသုံးချလေ့ရှိတယ်။

    မြန်မာပြည်မှာ ပီကင်းတရုတ်တွေလူပါးဝ သလို အာဏာရှင်တွေအုပ်ချုပ်တဲ့ အာဖရိကနိုင်ငံတွေမှာလဲ လူပါးဝကြပါတယ်။ ကဒါဖီ အုပ်ချုပ်တဲ့ လစ်ဗျားနိုင်ငံကပြည်သူတွေလဲ ပီကင်းတရုတ်ရဲ့ဒဏ်ကို ကျောကော့အောင်ခံခဲ့ကြရတာပါဘဲ။

    ပီကင်းတရုတ်တွေ ကို မြန်မာလူမျိုးတွေ ဆန္ဒပြ လို့ ဘာမှ ထူးခြားလာမှာမဟုတ်ပါဘူး ။ လက်ရှိ မြန်မာအစိုးရ ကိုယ်တိုင်ကလဲ သူတို့ အင်မတန်ကြောက်ရတဲ့ ပီကင်းတရုတ်တွေ အမျက်တော်မရှအောင် အစွမ်းကုန်ခုခံကာကွယ်သွားမှာပါ။

    ဒေါ်အောင်ဆန်းစုကြည် ကတော့ ပြတ်ပြတ်သားသားဘဲပြောပါတယ်။ သူ့ကို အာဏာလွှဲလိုက်ပါတဲ့။ အင်မတန် ထက်မြက်တဲ့ ခေါင်းဆောင်ဖြစ်တာကြောင့် မြန်မာ ပြည်သူတွေဖက်က ရပ်တည်ပြီး ပီကင်းတရုတ်တွေကို တုန့်ပြန်မယ်ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။

    တရုတ်ကိုကြောက်တဲ့ အစိုးရ က တော့ ဒေါ်အောင်ဆန်းစုကြည် ကို အာဏာလွှဲပေးမှာမဟုတ်သလို ၊ မြန်မာလူမျိုးအချင်းချင်း မိုက်မိုက်မဲမဲ စတေးဖို့အတွက်အဆင်သင့်ဖြစ်နေတာပါဘဲ။

    ကျွန်တော်တို့ ခေါင်းဆောင်ပြတ်သားသလို ကျွန်တော်တို့ပြတ်သားဖို့လဲလိုတယ်။

    “၄၃၆ ကို ပြင်ပါ။ တရုတ်ကိုကြောက်ရင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာချက်ချင်းလွှဲပေးလိုက်ပါ”

    ဒါပါဘဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: