့ ရွှေမွတ်စလင် တက်မထောင်နဲ့။ ဆက်လှော်။ Where? Forwards or backwards or sideways?

တက်မထောင်နဲ့။

ဆက်လှော်။
Where?
Forwards or backwards or sideways?
 In Myanmar Muslim Boat race rowing team…there are 5 Managers: Council, Ulama, Tabalique etc. Rowing team members are also divided into different factions. NO ONE seems to agree to work together to win the race or to move forward. They could not accept the UNITY in DIVERSITY concept. No one is willing to stand behind a single banner, single political party or to accept or to choose a group of leaders to lead them…So some are rowing the boat heading to Sitgaing but some left the boat team, mounted on the horses leading to Bago (Pegu)….

 

Above is my satire comment under my friend U Aung Tin’s post which I shared below.
မန္တလေးမှာ ဦးပိုင် ဝမ်ပေါင်ဆန့်ကျင်ရေး ဆန္ဒပြနေကြလို့ ငါတို့လွတ်သွားပြီ မထင်နဲ့ ရွှေမွတ်စလင်

ဗိုလ်နေဝင်းခေတ်ကတည်းက ဖောင်ကြီးဝန်ထမ်းလေ့ကျင့်ရေးကျောင်းမှာ အဓိကအားဖြင့် ရိုက်သွင်းထားတဲ့ မိစ္ဆာအယူအဆ နှစ်မျိုးဘဲရှိတယ်။

တစ်မျိုးက စစ်တပ်ကို အာမခံနဲ့။

နောက်တစ်မျိုးက မွတ်စလင်တွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်ဖြစ်တယ်။

ဒီနေ့ သမ္မတကြီးကအစ၊ ဝန်ကြီး ညွှန်ကြားရေးမှူး၊ တိုင်းမှူး၊ တပ်မမှူက အလယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ အဆုံး၊ အများတကာ့ အများစုကြီးဟာ ဖောင်ကြီးကျောင်းဆင်း၊ ဖောင်ကြီးမျိုးဆက်တွေချည်းဘဲ။

သူတို့တွေမှာ များသောအားဖြင့် သိစိတ်ကြောင့်ဖြစ်စေ၊ မသိစိတ်ကြောင့်ဖြစ်စေ မွတ်စလင်ကို ကြောက်တဲ့၊ မုန်းတဲ့၊ နှိမ်လိုတဲ့၊ စော်ကားလိုတဲ့စိတ်တွ ရှိနေကြတုန်းဘဲ။

ဒါတင်မက ဗိုလ်နေဝင်းလုပ်သမျှ အကောင်းမမြင်တဲ့ ထိပ်တန်း ဒီမိုခေါင်းဆောင်ဆိုသူတွေ၊ ဘုန်းကြီးတွေကတောင် မွတ်စလင်တွေကို ဒုတိယတန်းစား နိုင်ငံသားဖြစ်အောင် တမင်ခွဲခြားဖိနှိပ်ထားတဲ့ ၁၉ ၈၂ နိုင်ငံသားဥပဒေကျတော့ ပြည်သူတွေက ထောက်ခံထားတဲ့ဥပဒေ၊ ပြည်သူတွေက အတည်ပြုထားတဲ့ ဥပဒေဆိုပြီး လုံးဝမပြင်ဖို့ စစ်ဗိုလ်ဦးသိန်းစိန်ထက်တောင် သူတို့က ပိုပြင်းထန်နေကြတာကို တွေ့တယ် မဟုတ်လား။

စစ်အာဏာရှင်လက်အောက်မှာ ပြည်သူရေးဆွဲတဲ့ဥပဒေဆိုတာ ရှိရိုးလားဗျာ။

ဒါကြောင့်

တက်မထောင်နဲ့။

ဆက်လှော်။

နောက်ကဘဲ ဦးဆောင်ကြတော့မှာလား ?

နယ်ပယ်စုံမှာ ပြသနာပေါင်းစုံတက်နေတယ်။ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ တောင်သူလယ်သမားတွေ၊ အခြေခံပြည်သူတွေ၊ မတရားဖိနှိပ်ခံနေရသူတွေ၊ သူတို့တွေက သူတို့နိုင်သလောက်၊ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် လုပ်နေကြတယ်။ ပြောစရာရှိလာတာက နိုင်ငံရေးပါတီတွေနှင့် တတိယအင်အားစုလို့ခေါ်တဲ့ အစဉ်အလာရှိခဲ့ကြတဲ့ အဖွဲ့အစည်း( ၈၈ ငြိမ်း/ပွင့် လိုမျိုးတွေ) ပေါ့။ တခါလာလည်း ပြည်သူတွေဦးဆောင်နေတာကို လာရောက်ပူးပေါင်းတာတို့၊ ဝန်းရံတာတို့ဘဲ လုပ်ကြတော့မှာလား။ ပါတီနိုင်ငံရေးသမားတွေကလည်း ဘယ်ပါတီမှ ပြည်သူ့ရှေ့က မားမားမတ်မတ် ဦးဆောင်တာ မတွေ့ရဘူး။ ခိုင်မာတဲ့ ပါတီမူဝါဒတွေလည်း ချမပြနိုင်ကြသေးဘူး။ တချိန်က ပြည်သူ့ရှေ့က မားမားမတ်မတ် ဦးဆောင်ခဲ့ကြသူတွေလည်း သက္ကရာဇ်တွေပြောင်းသွားလို့၊ အသက်တွေ ကြီးသွားကြလို့ ခံယူချက်တွေ မှုန်ဝါးသွားကုန်ကြတာလား၊ မီးစာကုန် ဆီခန်းသွားကြတာလား ?

ဒီရေ၊ ဒီလှေ နှင့် ဒီလူတွေ ဘယ်ကမ်းမှာ ဘယ်အချိန်မှ သောင်တင်ရပါ့မလဲ ???

Aung Zaw

Oh Oh for me…I am not going to lead any one, as I am sure that NO one will follow me.

To follow some one…Not a particularly effective leader seen so I am going to support any one who could lead ALL the Muslims of Myanmar.

In the mean time…I am supporting FEW leaders but the problem is I failed to persuade those leaders to work as A TEAM.

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: