ခေါင်းမြီးခြုံ လုံပါပေ့

ခေါင်းမြီးခြုံ လုံပါပေ့

(၁)

သန္တိသုခကျောင်းကိုဝင်စီးတုန်းက..
ဦးသန်းရွှေရဲ့သာသနာရေးအကြံပေး
ဦးအံ့မောင်အပါဝင်..
အာဏာရှင်လက်သစ်တွေက
အစီအစဉ်တကျ လုပ်ခဲ့ကြတာကို
အားလုံးမှတ်မိကြမှာပါ..

အဲဒီအစီအစဉ်မှာခေါင်ေးဆာင်တဲ့..
အစိုးရလက်ကိုင်တုတ်ဘုန်းကြီးဟာ
ကြောက်စရာကောင်းတဲ့
မုသာဝါဒကံကိုကျုးလွန်ခဲ့ပါတယ်၊

ဘာလဲဆိုတော့ အဲဒီကိုယ်တော်ဟာ
သူဦးဆောင်ခေါ်လာတဲ့သံဃာတော်တွေကို..

” ကျောင်းထဲမှာရှိတဲ့ ကိုယ်တော်တွေက
ငယ်ဖြူတွေ မဟုတ်ဘူး။
မြဝတီ။ ကော့သောင်းဘက်က
အလင်းဝင်တဲ့ ကောင်တွေကို
ဝတ်ပေးထားတယ်လို့ ကြားတယ်”

ဆိုပြီး အခြားသံဃာများစွာကို
လိမ်ညာစည်းရုံးခဲ့တာပါ၊

သံဃာအချို့လဲနားယောင်ပြီးလိုက်ပါသွားခဲ့ပေမဲ့
သံဃာအချို့ကတော့ မသိမသာချန်နေခဲ့တာတွေလဲ
ရှိပါတယ်၊

သန္တိသုခကိုဝင်စီးလိုက်တဲ့အချိန်မှာ
သံဃာတော်အချို့ဟာ သူတို့နားယောင်ခဲ့မိတာ
မှားယွင်းခဲ့တယ်ဆိုတာကို တွေ့လိုက်ရပါတော့တယ်၊

အမှန်တကယ်ကျောင်းထဲမှာရှိနေတာကတော့..
ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော်ကြီးရဲ့
တပည့်ရင်း..ဆရာတော်တစ်ပါးဖြစ်တဲ့..

-ဥရောပမှာသာသနာပြုနေတဲ့ဆရာတော်
-ကမ္ဘာ့ဗုဒ္ဓနေ့ဖြစ်မြောက်ရေးကြိုးပမ်းနေတဲ့ဆရာတော်
-ကမ္ဘာသံဃာ့ဥသျှောင် အတွင်းရေးမှူး
-ဘာသာခြားအင်္ဂလန်ဝန်ကြီးချုပ်ကတောင်..
လေးလေးစားစားရှိတဲ့ဆရာတော်တစ်ပါးဖြစ်တဲ့..
“ဆရာတော်ဦးဥတ္တရ”..နဲ့အပါဝင်ဆရာတော်တွေဖြစ်ပါတယ်၊

ဆရာတော်ဦးဥတ္တရဆိုရင်
သမ္မတဦးသိန်းစိန်ကို
မြန်မာ့ငြိမ်းချမ်းရေရးဂုဏ်ထူးဆောင်ဆုကို
ကိုယ်တိုင်ချီးမြှင့်ခဲ့ဖူးတဲ့ ဆရာတော်ဖြစ်ပါတယ်၊

အဲဒီကိုယ်တော်တွေကိုချက်ချင်းလူဝတ်လဲခဲ့ပါတယ်၊

ဘယ်လောက်ဝမ်းနည်းတရားကျဖို့ကောင်းပါသလဲ..၊

အဲဒီသန္တိသုခစီးနင်းမှုမှာ သတိထားမိတာကတော့
ဝင်ရောက်စီးနင်းရာမှာလိုက်ပါခဲ့တဲ့သံဃာအချို့ဟာ
မီဒီယာတွေဓာတ်ပုံရိုက်မှာစိုးတဲ့အတွက်..
မိုးမရွာပဲထီးတွေဖွင့်ဆောင်းပြီးသူတို့ကိုယ်သူတို့
လူမြင်မခံဝံ့တာကိုတွေ့ရပါတယ်၊

ဒါဟာသူတို့ကိုယ်သူတို့ မလုံမလဲဖြစ်လို့ဆိုတဲ့သဘောပါပဲ

———————

(၂)

အခုတလောမှာ…

မန္တလေးမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ
လက်ပတောင်းကိစ္စကိုဆန့်ကျင်နဲ့အနေနဲ့..
ရဟန်းရှင်လူပြည်သူတွေဟာ
ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်ခဲ့ကြပါတယ်၊

ထူးထူးခြားခြားဖြစ်တာနှစ်ခုတွေ့ရပါတယ်

ဘာလဲဆိုတော့..
လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက
မန္တလေးမြို့မှ ကုလားအရေးအခင်းဖြစ်ပွားချိန်တုန်းက
ဘယ်ကမှန်းမသိတဲ့ ဒေါသထွက်နေတဲ့လူအုပ်ကြီးကို
ဒီအတိုင်းရပ်ကြည့်နေခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ..၊

အခုတစ်ကြိမ်တရုတ်ဆန့်ကျင်ရေးဆန္ဒပြလာတဲ့အချိန်မှာ
ထူးခြားစွာနဲ့ လမ်းထဲကိုတောင်အ၀င်မခံပဲ
ပိတ်ဆို့ခဲ့တာပါပဲ..

အံ့သြလောက်အောင်ကို
စနစ်ကျပြီးသပ်ယပ်လှသော ရဲများပါပေ..၊

—————

(၃)

ဒီ့ထက်ပိုပြီးထူးခြားတာတစ်ခုရှိပါတယ်

အဲဒါကတော့ အမျိုးဘာသာကိုချစ်လှပါချည်ရဲ့
ဆိုတဲ့ မဘသဘုန်းကြီးတွေဟာ..
ကိုယ့်လူမျိုးကို မျိုချင်တိုင်းမျိုနေတဲ့
တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာငြိမ်းချမ်းစွာ
ဆန္ဒပြနေတဲ့ သံဃာတွေနဲ့ ပြည်သူတွေကို
တားမြစ်နေတဲ့ ရဲတွေကို..
ကူညီနေတာပဲဖြစ်ပါတယ်၊

လောကကြီးတစ်ခုလုံး
ဂျွမ်းထိုးမှောက်ခုံဖြစ်သွားသလိုပါပဲ

တစ်ခါမှ ဒီလိုအနေအထားမျိုးမတွေ့ဖူးပါဘူး..၊

လွန်ခဲ့တဲ့လေးငါးလကာလတုန်းက
မန္တလေးမြို့ကြီးမီးဟုန်းဟုန်းတော်ခါနီးဆဲဆဲ
ဖြစ်နေတဲ့အချိန်မှာတောင်..
လက်ပိုက်ကြည့်နေယုံမျှမက..
လှုံ့ဆော်မှုတွေပါလုပ်ခဲ့တဲ့..
မဘသ ….တွေဟာ…
အခုကျမှ ဘာဖြစ်လို့..
တရုတ်ကိုကာကွယ်နေသလဲဆိုတာဟာ
ထူးခြားတဲ့အဖြေကြီးတစ်ခုဖြစ်ပါတယ်၊

တိုက်ဆိုင်တဲ့အဖြစ်အပျက်တစ်ခုကတော့
မကြာသေးခင်ကာလတုန်းကတောင်
မဟာသန္တိသုခ၀င်စီးမှုမှာကြိုးကိုင်သူဖြစ်ပြီး
သံဃာတွေရဲ့အထာကိုအကုန်လုံးသိနေတဲ့..
အကြံပေးဦးအံ့မောင်ဟာ..
ဦးသန်းရွှေအိမ်ကို သွားရောက်ခဲ့တယ်ဆိုတာရယ်၊
ဦးသန်းရွှေဟာအပြင်မှာသတင်းထွက်နေသလိုမဟုတ်ပဲ
ကျန်းမာစွာရှိနေတယ် ဆိုတာရယ်ကို..
မီဒီယာတစ်ခုကိုပြောခဲ့ဖူးတာကို ဖတ်ခဲ့ရတဲ့အတွက်..

ဦးသန်းရွှေဟာ သာသနာရေးကိစ္စတွေမှာ
ထဲထဲဝင်ဝင်မွှေနှောက်ဆဲ ဆိုတာကို..
သုံးသပ်မိပါတယ်..၊

အားလုံးသတိထားကြစေချင်ပါတယ်

—————————-

(၄)

ပိုပြီးထူးခြားတာက..

အဲဒီမဘသ ဘုန်းကြီးတွေဟာ
သူတို့ကိုယ်သူတို့ မလုံမလဲ..
မ၀ံ့မရဲဖြစ်နေခြင်းပါပဲ..

အကြောင်းကတော့

ပြည်သူ့မျက်နှာကိုကြည့်ပြီး..
ပြည်သူတွေဘက်ကရပ်တည်လို့..
အေးချမ်းစွာဆန္ဒထုတ်ဖေါ်တဲ့..
သံဃာတော်တွေဟာ..

သင်္ကံန်းကို ခေါင်းမြီးမခြုံပဲ..
ပွင်းလင်းတည်ငြိမ်စွာနဲ့
ဆန္ဒထုတ်ဖေါ်တာကို
အားလုံးတွေ့ရမှာဖြစ်ပေမဲ့

မဘသကိုယ်တော်တွေကတော့
ရဲတွေရဲ့အနောက်မှာ..
မ၀ံ့မရဲနဲ့ရပ်နေကြတဲ့အပြင်
သင်္ကံန်းတွေကိုခေါင်းမြီးခြုံပြီး..
သူတို့မျက်နှာကို ပြည်သူတွေတွေ့မြင်သွားမှာ
စိုးရိမ်စိတ်တွေအထင်းသား
ပေါ်လွင်နေတာကို..
သိသိသာသာ တွေ့နေရလို့ပဲဖြစ်ပါတယ်၊

မဘသဟာ..
အဲဒီလိုတွေ..မ၀ံ့မရဲတွေ
ရှေ့လျောက်
ခဏခဏဖြစ်နေအုံးမှာပါပဲ..

အမျိုးချစ်နာမည်သာခံပြီး..

အမှန်တကယ်..
လုပ်တဲ့အလုပ်တွေက..
ဟုတ်မှမဟုတ်တာပဲဗျာ..

( Pa Yit)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: