ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ခွင့်ပေးရန် တိုက်တွန်းထားသော ဆုံးဖြတ်ချက်တစ်ခုကို ကုလတည်ပြု

ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ခွင့်ပေးရန် တိုက်တွန်းထားသော ဆုံးဖြတ်ချက်တစ်ခုကို ကုလတည်ပြု
========================
ဒီဇင်ဘာ ၃၀၊ ၂၀၁၄
M-Media

– နိုင်ငံအတွင်းရှိ ရိုဟင်ဂျာများအား ပြည့်ဝသော နိုင်ငံသားအဖြစ် သတ်မှတ်ပေးရန်နှင့် ၎င်းတို့အား လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ပေးရန် မြန်မာအစိုးရအား တိုက်တွန်းထားသော ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုခဲ့သည်ဟု သိရသည်။

တနင်္လာနေ့က အများသဘောဆန္ဒအရ အတည်ပြုခဲ့သည့် အဆိုပါမူကြမ်းတွင် ရိုဟင်ဂျာများအား အစိုးရ၏ ဆက်ဆံပုံများနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်မိကြောင်း ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံအတွင်းရှိ လူနည်းစုများအား မြန်မာအစိုးရက ဆက်ဆံမှုပုံများကို ပြောင်းလဲစေရန် နိုင်ငံတကာအသိုင်းအ၀ိုင်းက စုပေါင်းဆောင်ရွက်ရမည်ဟု အဖွဲ့ဝင် ၁၉၃ နိုင်ငံပါသော ကုလသမဂ္ဂက ဆော်သြထားသည်။

ရိုဟင်ဂျာများအနေဖြင့် ၎င်းတို့ အသိုင်းအ၀ိုင်းအတွင်းသို့ ဘေးအန္တရာယ်ကင်းစွာ
ပြန်လည်ဝင်ရောက် အခြေချနိုင်ရေး မြန်မာအစိုးရက သေချာစွာ ဆောင်ရွက်ပေးရန်၊လူအခွင့်အရေး ချိုးဖောက်မှုများအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန်လည်း အဆိုပါ ဆုံးဖြတ်ချက်တွင် တိုက်တွန်းထာသည်။

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ ၁.၃ သန်းခန့်မှာ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ခံထားရပြီး
နိုင်ငံမဲ့များအဖြစ် သတ်မှတ်ခြင်းခံထားရကာ မည်သည့် အခြေခံအခွင့်အရေးမှ မရရှိပေ။

မြန်မာအာဏာပိုင်များကမူ ရိုဟင်ဂျာများအား အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသူများအဖြစ် သဘောသက်ရောက်စေသည့် ဘင်္ဂါလီဟူသော အသုံးအနှုန်းဖြင့်သာ ခေါ်ဝေါ်သုံးစွဲလေသည်။

Ref : aljazeera

One Response to “ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ခွင့်ပေးရန် တိုက်တွန်းထားသော ဆုံးဖြတ်ချက်တစ်ခုကို ကုလတည်ပြု”

  1. drkokogyi Says:

    Myanmar Muslim Media
    Yesterday at 6:10pm ·

    ရိုဟင်ဂျာကလေးတွေ ပညာရေးနဲ့ ကျန်းမာရေးအသိအားနည်းနေ

    ကိုပေါက်(Myanmar Muslim Media CJ)
    ဒီဇင်ဘာ ၂၈၊ ၂၀၁၄

    ရိုဟင်ဂျာကလေးငယ်တွေဟာ ကျန်းမာရေးနဲ့ ပညာရေးမှာအဓိကအားနည်းနေတယ်လို့ ရိုဟင်ဂျာကလေးတွေအတွက် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ပေးနေတဲ့ ကိုစိုင်းဟန်ထိုက်(အပေအတေအကိတ်လေး)က ၎င်းရဲ့ အတွေ့အကြုံပေါ်အခြေခံပြီး ပြောကြားလိုက်ပါတယ်။

    “ပညာရေးနဲ့ ကျန်းမာရေးအသိပညာအားနည်းတယ်”လို့ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာကလေးများနဲ့ ၄ လ၀န်းကျင်နေထိုင်ခဲ့တဲ့ အပေအတေအကိတ်လေး(ကိုစိုင်းဟန်ထိုက်)က ရိုဟင်ဂျာကလေးတွေနဲ့ပတ်သက်ပြီးမှတ်ချက်ပြုပါတယ်။

    Our Children အဖွဲ့အနေနဲ့ ရိုဟင်ဂျာကလေးတွေအတွက်
    ကလေးကစားကွင်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ကျူရှင်၊ အဟာရတိုက်ကျွေးခြင်း၊အရုပ်နဲ့မုန့်များပေးဝေခြင်းစတဲ့ လုပ်ငန်းတွေကို ကောက်ခံရရှိတဲ့အလှုငွေတွေနဲ့ ဆောင်ရွက်ပေးနေကြောင်းလည်း ကိုစိုင်းဟန်ထိုက်ကပြောပါတယ်။

    Our Children အဖွဲ့ဟာ ရိုဟင်ဂျာကလေးတွေရဲ့လက်ရာပန်းချီကား၊ပို့စ်ကဒ်၊ပြက္ခဒိန်၊တီရှပ် တို့ကို River Ayeyarwaddy ပြခန်းမှာဒီဇင်ဘာလ ၂၈ ရက်နေ့က ရောင်းချခဲ့ရာမှာ ကျပ်ငွေ ၄၅ သိန်းကျော်ရရှိခဲ့ပြီး အခြားအလှုငွေတွေလည်းရရှိခဲ့တယ်လို့ သိရပါတယ်။

    ယခုပြပွဲရောင်းရငွေတွေဟာ ရိုဟင်ဂျာကလေးငယ်တွေအတွက် အခမဲ့ကျူရှင်ဖွင့်ဖို့အတွက်အထောက်အကူပြုမယ်လို့မျှော်လင့်ထားကြောင်း ကိုစိုင်းဟန်ထိုက်(အပေအတေအကိတ်လေး)ကMyanmar Muslim Mediaပြောပါတယ်။

    စားဝတ်နေရေးနဲ့ကျန်းမာရေးဟာ ရိုဟင်ဂျာကလေးငယ်တွေအတွက် အဓိကလိုအပ်ချက်အရှိဆုံးအရာတွေဖြစ်တယ်လို့လည်း Our Children က ကိုဝင်းကိုထက်ကပြောပါတယ်။

    “စားဝတ်နေရေးကနပ်မမှန်ဘူး၊ကျန်းမာရေးမှာ သူတို့နေမကောင်းလို့ရှိရင်အစိုးရဆေးရုံတွေမှာသူတို့တက်လို့မရဘူး၊ပညာသင်ချင်တဲ့ကလေး တွေကျတော့လည်း အစိုးရကျောင်းတွေမှာ ပညာသင်ခွင့်မရှိဘူး”လို့ Our Children အဖွဲ့က ရိုဟင်ဂျာ လူမျိုး ကိုဝင်းကိုထက်ကMyanmar Muslim Media ကိုပြောပါတယ်။

    စိန်ခေါ်မှုတွေ အခက်အခဲတွေရှိနေပေမယ့်လည်း မိမိတို့အနေနဲ့ ရိုဟင်ဂျာကလေးတွေရဲ့“အနာဂတ်အတွက် ဒီ့ထက်အားကြိုးမန်တက်လုပ်သွားဦးမယ်”လို့လည်း ရိုဟင်ဂျာတစ်ဦးဖြစ်တဲ့ ကိုဝင်းကိုထက်ကပြောပါတယ်။

    ပြပွဲဓာတ်ပုံများကြည့်ရန်

    Myanmar Muslim Media ရဲ့ Android ဆော့ဖ်ဝဲလင့်

    http://www.mediafire.com/…/d9z9yp4…/Myanmar+Muslim+Media.apk

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: