တရုတ်-မြန်မာအဓိကရုဏ်း စိတ်ကူးမယဉ်လိုက်ကြပါနဲ့

တရုတ်-မြန်မာအဓိကရုဏ်း ဖြစ်နိုင်သလား December 31, 2014

သဘောရိုးနဲ့ တွေးပူနေကြသူများခင်ဗျာ။

စိတ်ကူးမယဉ်လိုက်ကြပါနဲ့။

လုံးဝ လုံးဝ မဖြစ်နိုင်ပါဘူး။

ကျနော်တို့လည်း မဖြစ်စေချင်ပါဘူး။

ဖြစ်တာနဲ့ ဦးသိန်းစိန်အစိုးရ ဒလိန့်ခေါက်ကွေး ပြုတ်ကျဖို့ အစပြုတာဘဲလို့သာ အသေအချာ ယူဆလိုက်ပါ။

ဦးသိန်းစိန်မတက်ခင်လေး ဗိုလ်သန်းရွှေလက်ထက် ကိုးကန့်သူပုန်တွေနဲ့ ပြသနာတက်လို့ တရုပ်ပိုင်လုပ်ငန်းတွေကို သိမ်းဆည်းတာ၊ ဖမ်းဆီးတာကို မှတ်မိကြလား။

တရုတ်က မျက်မာန်ရှပြီး ချက်ချင်းဆင့်ခေါ်လို့ ဗိုလ်သန်းရွှေတစ်ယောက် တရုတ်ပြည်ကို ကမန်းကတန်း အခစားထွက်ခဲ့ရပါတယ်။

တရုတ်သမ္မတက မြန်မာပြည်ရှိတရုတ်တွေနဲ့ တရုတ်အကျိုးစီးပွါးတွေ စောင့်ရှောက်ဖို့ ဗိုလ်သန်းရွှေကို ဗြောင်ရာဇသံပေးတာကို မြန်မာသတင်းစာတွေက သတင်းထည့်ပေးခဲ့ရပါတယ်။

သာမန်အားဖြင့်ဆိုရင် ဒီသတင်းမျိုးက မှန်ရင်တောင် မြန်မာအစိုးရက မြန်မာပြည်သူတွေကြားမှာ အရှက်ကွဲခံပြီး ဘယ်တော့မှ မဖေါ်ပြပါဘူး။ အခုဟာက တရုတ်က ဒီသတင်းကို မြန်မာသတင်းစာမှာ မြန်မာပြည်သူတွေသိအောင် ရေးသားဖေါ်ပြပေးရမယ်ဆိုတဲ့ ရာဇသံပါ ပါလာတဲ့အတွက် ကြောက်ကြောက်နဲ့ လိုက်နာခဲ့ရတာပါ။

ဝမ်ပေါင်ဆန့်ကျင်ရေးတွေ ဖြစ်လာတာကြောင့် ကိုးကန့်ခေါင်းဆောင် ဖုံကြားရှင်က ကိုးကန့်နယ်မြေကို ပြန်တိုက်ယူမယ်ဆိုပြီး တရုပ်ပြည်မှာ မနေ့က သတင်းစာရှင်းလင်းပွဲ လုပ်လိုက်တာကလည်း မတော်တဆ တိုက်ဆိုင်မှု မဟုတ်ဘူး။ တရုတ်အစိုးရက မြန်မာအစိုးရကို ခပ်တင်းတင်း၊ ခပ်ပြောင်ပြောင် သတိပေးလိုက်တာဘဲ ဖြစ်ပါတယ်။

တရုပ်အပေါ် မြန်မာစစ်အစိုးရက ဘယ်လောက်ကြောက်ရတာကိုလည်း ဗာရာဏသီချဲ့ပြီး ရေးစရာမလိုပါဘူး။ ဝန်ကြီးဦးအောင်မင်းကိုယ်တိုင် ဗြောင်ဖွင့်ပြော ဝန်ခံခဲ့တာ လူတိုင်းသိနေကြပါတယ်။

သူတို့အာဏာကို အံတုရင် ဘယ်လိုလုပ်တယ်ဆိုတာ ၂၀၀၇ ရွှေဝါရောင်မှာ တွေ့နိုင်သလို တရုတ်အကျိုးစီးပွါးကို ဆန့်ကျင်ရင် ဘာဖြစ်နိုင်တယ်ဆိုတာ ၂၀၁၂ လက်ပံတောင်းမှာ ဘုန်းကြီးတွေကိုတောင် မီးလောင်ဗုံးကပ္ဗိတာကို ကြည့်ခြင်းအားဖြင့် အလွယ်သိနိုင်ပါတယ်။

မြန်မာပြည်က တရုတ်တွေ စိတ်မပူကြပါနဲ့။

တရုတ်ပြည်က တရုတ်တွေထက်တောင် လုံခြုံရေးက အများကြီးစိတ်ချရပါတယ်။

စိတ်အေးချမ်းသာစွာ နေကြပါဗျာ။

——————————–

အစိုးရတပ်အား ပြန်လည်ခုခံရန် ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင် ပြန်လာပြီဟု ဆို

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင် ဖုန်ကြားရှင်သည် ၂၀၀၉ နောက် ပိုင်း ၅ နှစ်ကြာ မထင်မရှားနေထိုင်ခဲ့ပြီးနောက် အစိုးရတပ်အား တိုက်ခိုက်မှုများတွင် ပြန်လည် ပါဝင်တော့မည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း၊ ယနေ့ ထုတ် Globcal Times တရုတ်သတင်းစာ က ဖော်ပြထားသည်။

အစိုးရနှင့် တိုင်းရင်းသားတပ်ဖွဲ့များကြား ပဋိပက္ခများ အရှိန်မြင့်လာချိန်တွင် ဖုန်ကြားရှင်က ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်ကွန်မြူနစ်ပါတီ အာဘော်ဖြစ်သော ပြည်သူ့နေ့စဉ်သတင်းစာဖြင့် အင်တာဗျူးပြုလုပ်ခဲ့သည်။

အဆိုပါ အင်တာဗျူးတွင် အသက် ၈၄ နှစ်ရှိ ဖုန်ကြားရှင် က ၄င်း၏ အမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ်မတော်သည် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း အစိုးရစစ်တပ်နှင့် ယှဉ်ဆိုင် တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲအား ဒီဇင်ဘာ ၂၁ မှ ၂၃ ထိ ပြုလုပ်ရန် စီစဉ် ထားသော်လည်း အစိုးရတပ်က ကချင်တပ်ဖွဲ့စခန်းအား တိုက်ခိုက်ခြင်းနှင့် တပ်များတိုးချဲ့ချထားခြင်းတို့ကြောင့် တိုင်းရင်းသားတပ်ဖွဲ့များမှာ တိုက်ပွဲဝင်ရန် ဖိအားပေးခံရသကဲ့သို့ ဖြစ်နေသည်ဟု ဖုန်ကြားရှင်ကဆိုသည်။

ဒီဇင်ဘာ ၉ မှ ၁၃ အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ တွင် အစိုးရ စစ်သား တစ်ရာခန့်ကျဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။ စီစဉ်ထား သည့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲမှာ အစိုးရတပ်နှင့် တိုင်းရင်းသား တပ်ဖွဲ့များမှ ထိပ်ပိုင်းခေါင်းဆောင်များ မပါဝင်ဘဲ ပြုလုပ်ခဲ့သည်။

မန်ဒရင်းဘာသာအား ယူနန်လေယူလေသိမ်းနှင့် ပြောကြားသည့် ဖုန်ကြားရှင် က “ကိုးကန့်ဒေသ ကို ပြန်ရတဲ့အထိ မြန်မာအစိုးရကို တိုက်ခိုက်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

၂၀၀၉ ပဋိပက္ခတွင် ကိုးကန့်ဒေသအား ထိန်းချုပ်နိုင်ရေး နအဖအစိုးရ လိုလားသည့် ပြိုင်ဘက်အား ရှုံးနိမ့်ခဲ့သည့် ဖုန်ကြားရှင်သည် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု ဆိုသည်။ နောက်တစ်နှစ်တွင် အပြင်းအထန် နာမကျန်းဖြစ်ခဲ့ပြီး လမ်းပင်မလျှောက်နိုင်ခဲ့ဟု ဆိုသည်။ ထိုစဉ်က သေဆုံးမသွားခြင်းမှာ ဘုရားသခင်က သူ့အတွက် အစီအစဉ် ရှိနေသေး၍ ဖြစ်သည်ဟု ဖုန်ကြားရှင်က ပြောကြားခဲ့သည်။

ဖုန်ကြားရှင်သည် ၂၀၁၂ တွင် ကချင်တပ်ဖွဲ့ဌာနချုပ်သို့ လာရောက်ခဲ့ပြီး ဒေသခံခေါင်းဆောင်များကို အံ့အားသင့်စေခဲ့သည်။

ထိုသို့ ပြန်လာမှုမှာ ကိုးကန့်တပ်ဖွဲ့ ပြန်လည်ပေါ်ပေါက်လာခြင်း၏ အစဖြစ်သည်ဟု ဖုန်ကြားရှင်က Global Times သို့ ဖြေကြားခဲ့သည်။

Ref – Global Times

The Ladies News Journal

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: