Beware: Some Burmese ‎Buddhist‬ ‎monks‬” are in hate and kill business! စစ်ကိုင်းက ရိပ်သာတစ်ခုမှာ ကလေးတွေကို သိုင်းပညာ သင်ပေး အခြားဘာသာကို မုန်းတီးဖို့ အမြဲဟောပြော

Beware: Some Burmese “‪#‎Buddhist‬” “‪#‎monks‬” are in hate and kill business!
Some ‪#‎Myanmar‬ monks spread literacy among poor children, teach them how to hate other religions and train them to kill – as needed.

စစ်ကိုင်းချောင်မှ ပေးစာ
စည်သူအောင်မြင့်။

Excerpted:

စစ်ကိုင်းက ရိပ်သာတစ်ခုမှာ တရားစခန်း ဖွင့်ရုံမဟုတ် ယဉ်ကျေးမှု
သင်တန်း ဖွင့်တဲ့ အကြောင်း၊ ကျောင်းမထားနိုင်တဲ့ ကလေးတွေကို
အထက်တန်းကျောင်း အထိ ထားပေးတဲ့အကြောင်း၊ အဲဒီ ကလေးတွေကို လိုအပ်ရင်သုံးဖို့ အတွက်ဆိုပြီး အုပ်စုလိုက် သိုင်းပညာ သင်ပေးတဲ့အကြောင်း၊
အဲဒီကျောင်းဟာ အခြားဘာသာကို မုန်းတီးဖို့ အမြဲဟောပြောတယ် ဆိုတဲ့အကြောင်း၊
ဒါကြောင့် ဘုန်းတော်ကြီးတွေ အနေနဲ့ အဲလို လုပ်တာ သင့်လျော် မသင့်လျော်
ဖြေကြားပေးပါ

Full Text:

ကိုမျိုးသန့်ရေ

MIZZIMA –

ကျွန်တော် ခရီးသွားရတဲ့အခါ စာဖတ်သူတွေကို အသိပေးမယ် လို့ ရည်ရွယ်ရင်း
ရှိတဲ့အတိုင်း ဒီစာကို စစ်ကိုင်းချောင်ကနေ ရေးပို့တာပါ။ ဒီတစ်ပါတ်အတွင်း
ကျွန်တော် စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးကို ခရီးထွက်ရပါတယ်။ အဓိက
အကြောင်းရင်းကတော့ “မေတ္တာတရားနှင့် နိုင်ငံတော်” ဆိုတဲ့ စကားဝိုင်း
ဆွေးနွေးပွဲတစ်ခုမှာ ပါဝင်ဖို့အတွက်ပါ။ ဆွေးနွေးစကားဝိုင်းကို
စစ်ကိုင်းမြို့ အောင်ထူးခန်းမမှာ လုပ်တာဖြစ်ပြီး ဆရာတော် သံဃာတော်
သုံးပါး၊ စာရေးဆရာ နှစ်ယောက်၊ စီစဉ်တင်ဆက်သူ တစ်ယောက်နဲ့
ကျွန်တော်ပါဝင်ပါတယ်။ ပရိတ်သတ် တစ်ရာကျော်လောက် လာရောက်
ဆွေးနွေးနားထောင်တာ တွေ့ရပါတယ်။ အဓိက ကတော့ မေတ္တာတရား အကြောင်းကို
ပြောဆို ဆွေးနွေးကြတာပါ။ ဒီတစ်ပါတ်တော့ ကျွန်တော် အဲဒီ
စကားဝိုင်းအကြောင်း ပြောပြပါ့မယ်။
ဆွေးနွေးဝိုင်းမှာ ပါဝင်သူတွေကတော့ စစ်ကိုင်းတောင်ရိုး နံ့သာချောင်
ကျောင်းတိုက် ဆရာတော် အရှင်ကဉ္စန၊ မစိုးရိမ် တိုက်ဟောင်းက အရှင် ဥာဏိန္ဒ၊
မဟာဂန္ဓာရုံ ကျောင်းတိုက်မှာ သီတင်းသုံးတဲ့ ဘ၀အလင်း ပရဟိတ အရှင်သောဘိတ၊
စာရေးဆရာမကြီး ဒေါ်စမ်းစမ်းနွဲ့(သာယာဝတီ)၊ စာရေးဆရာ မာန် (တောင်လုံးပြန်)
စီစဉ်တင်ဆက်သူက ကိုအနော်မာ တို့ပဲ ဖြစ်ပါတယ်။ ကိုမျိုးသန့်
သိပြီးဖြစ်တဲ့အတိုင်း လက်ရှိ အခြေအနေ မြန်မာနိုင်ငံမှာ အမုန်းတရားတွေ
ဖြန့်ဖြူး၊ ပျံ့ပွားမှု များနေချိန်လည်း ဖြစ်ပါတယ်။ အဲဒီ အမုန်းတရားတွေဟာ
လောင်စာနဲ့ တူပြီး မတော်တဆ ပဋိပက္ခ ပြသနာ တစ်စုံတစ်ရာ ဖြစ်လိုက်တာနဲ့
တောမီးလို လောင်ကျွမ်းတတ်တဲ့ သဘောသဘာဝ လည်း ရှိပါတယ်။ ဒါကြောင့်
ဗုဒ္ဓဘာသာရဲ့ တကယ့် အနှစ်သာရ မေတ္တာတရား ပျံ့ပွားအောင် လုပ်မယ် ဆိုတဲ့
ရည်ရွယ်ချက်နဲ့ ဒီဆွေးနွေးပွဲ ၀ိုင်းကို လုပ်ကြတာပါ။ မြို့တစ်ချို့မှာ
(၆) ကြိမ်လောက် လုပ်ခဲ့ဖူးပြီး ကျွန်တော်ကတော့ ရန်ကုန်၊ ပုဂံ နဲ့ အခု
စစ်ကိုင်းမှာ (၃) ကြိမ် ပါဝင်ခဲ့ပါတယ်။
အဲဒီဆွေးနွေးဝိုင်းမှာ ဆရာတော် သံဃာတော်တွေရော အခြား
စာရေးဆရာနှစ်ယောက်ကပါ မေတ္တာတရားနဲ့ ပါတ်သက်တာတွေ တင်ပြ ပြောဆို
ဆွေးနွေးသွားကြပါတယ်။ မေတ္တာတရား ဆိုပေမယ့် အဲဒါကို ထင်ဟပ်ဖို့ ဘယ်ဟာတွေက
အမုန်းတရားတွေလဲ ဆိုတာကိုလည်း ရှင်းလင်းပြခဲ့ကြတာ တွေ့ရပါတယ်။
ကျွန်တော်ကတော့ ၂၀၁၁ သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့သစ် တက်လာပြီးနောက်
ကောင်းတာတွေ ဘာရှိသလဲ၊ ဆိုးတာတွေ ဘာတွေ ဖြစ်လာသလဲ ရှင်းပြခဲ့ပါတယ်။ သမ္မတ
ဦးသိန်းစိန် တက်လာပြီးနောက် အရင် စစ်အာဏာရှင် စနစ်နဲ့ ခြားနားတာက
နိုင်ငံရေးအကျဉ်းသား အားလုံး နီးပါး ပြန်လွှတ်ပေးတာ၊ လူတိုင်းကို
နိုင်ငံရေး လုပ်ကိုင်ဆောင်ရွက်ခွင့်ပေးတာ၊ လူ့အခွင့်အရေး ချိုးဖေါက်မှု
မျိုးစုံ ပြန်ဆန်းစစ် သတိပြုလာတာ၊ ကလေးစစ်သား စုဆောင်းတာ ရပ်ဖို့
တကယ်ဆောင်ရွက်တာ၊ တိုင်းရင်းသားတွေနဲ့ အပစ်ရပ်ရေး ကြိုးပမ်းတာ၊
ရေဒီယိုနဲ့ ရုပ်သံ ကို လုံးဝ ချုပ်ကိုင်ထားဆဲ ဖြစ်ပေမယ့် ပုံနှိပ်
စာနယ်ဇင်း မီဒီယာ မကြုံစဖူး လွတ်လပ်ခွင့် ရလာတာ၊ စီးပွားရေးကို တကယ့်
တံခါးဖွင့် စီးပွားရေး စနစ် ဖြစ်အောင် ပြောင်းဖို့ ကြိုးစားတာတွေ
ဖြစ်တဲ့အကြောင်း ရှင်းပြပါတယ်။ ဆက်သွယ်ရေး ကဏ္ဍမှာ လူအများစုကြီး
မိုဘိုင်းဖုန်း ကိုင်ချင်တယ် ဆိုရင် ကိုင်နိုင်တဲ့ အခြေအနေ အထိ
ရောက်လာတယ်လို့လည်း ပြောပြခဲ့ပါတယ်။
ဆိုးလာတာတွေက သမ္မတဦးသိန်းစိန် တက်လာပြီး သိပ်မကြာခင် ကေအိုင်အို
ကချင်တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ခိုက်မှု ပြန်ဖြစ်ပွားပြီး
ဒီနေ့အချိန်ထိ တိုင်းရင်းသား ပြည်သူ တစ်သိန်းနီးပါး ဒုက္ခသည် စခန်းတွေမှာ
ခိုလှုံနေရဆဲ ဖြစ်တာ၊ ရခိုင်ပြည်နယ်မှာ ဘာသာရေး လူမျိုးရေးဆန်တဲ့
အကြမ်းဖက်မှုတွေဖြစ်ပြီး လူတွေသေ၊ လူပေါင်း တစ်သိန်းကျော် ဒီနေ့အချိန်ထိ
ဒုက္ခသည် စခန်းတွေမှာ ရှိနေဆဲဖြစ်တာ၊ ဘာသာရေး လူမျိုးရေးဆန်တဲ့
အကြမ်းဖက်မှုတွေဟာ ရခိုင်ပြည်နယ်တင်မက မိတ္တီလာ၊ ပဲခူး၊ ရန်ကုန်၊
ရှမ်းပြည်နယ် လားရှိုးတင်မက ယဉ်ကျေးမှု အသည်းနှလုံး မန္တလေး အထိ
ပျံ့နှံ့ခဲ့တာ၊ အဲဒီ ပြသနာ ဒီနေ့အချိန်ထိ စိတ်မအေးရသေးတဲ့ အကြောင်း
ရှင်းပြခဲ့ပါတယ်။
ကိုမျိုးသန့်ရေ
အဲဒီဆွေးနွေးပွဲမှာ ပရိတ်သတ်တွေဘက်က ရဲရဲဝန့်ဝန့် မေးခွန်းမေးတာတွေ
ရှိခဲ့ပြီး ဆရာတော်တွေဘက်ကလည်း ရဲရဲဝန့်ဝန့် ပြန်ဖြေတာကိုလည်း
နာယူခဲ့ရတယ်ဗျာ။ စစ်ကိုင်းမြို့ခံ တစ်ယောက်က အင်န်အယ်လ်ဒီ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး အဖွဲ့ဝင် စာရေးဆရာ ကိုထင်လင်းဦး
ချောင်းဦးမြို့နယ် တရားရုံးမှာ တရားစွဲခံရ၊ အာမခံမရပဲ အဖမ်းခံရတော့
တစ်ချို့ ရဟန်းတွေက တရားရုံးကိုလာ အောင်ပွဲခံ လက်မတွေထောင်၊
ဓာတ်ပုံအရိုက်ခံကြတာမျိုးဟာ လုပ်သင့် မလုပ်သင့် ၀ိနည်းတော်နဲ့ ညီမညီ
မေးပါတယ်။ ဒါကို စစ်ကိုင်းတောင်ရိုး နံ့သာချောင် ကျောင်းတိုက် ဆရာတော်
အရှင်ကဉ္စန က ရဟန်းဆိုတာ သူတစ်ပါး ပျက်စီးရာ ပျက်စီးကြောင်း
ဒုက္ခရောက်တာကို ပျော်ရွှင်ကျေနပ် တယ်ဆိုတာ အလွန်မဖြစ်သင့်တဲ့ ကိစ္စ
ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
မြို့ခံတစ်ယောက်ကတော့ စာနဲ့ရေးပြီး မေးသဗျ။ စိတ်ဝင်စားစရာ ကောင်းတယ်။
သူမေးတာ စစ်ကိုင်းက ရိပ်သာတစ်ခုမှာ တရားစခန်း ဖွင့်ရုံမဟုတ် ယဉ်ကျေးမှု
သင်တန်း ဖွင့်တဲ့ အကြောင်း၊ ကျောင်းမထားနိုင်တဲ့ ကလေးတွေကို
အထက်တန်းကျောင်း အထိ ထားပေးတဲ့အကြောင်း၊ အဲဒီ ကလေးတွေကို လိုအပ်ရင်
သုံးဖို့ အတွက်ဆိုပြီး အုပ်စုလိုက် သိုင်းပညာ သင်ပေးတဲ့အကြောင်း၊
အဲဒီကျောင်းဟာ အခြားဘာသာကို မုန်းတီးဖို့ အမြဲဟောပြောတယ် ဆိုတဲ့အကြောင်း၊
ဒါကြောင့် ဘုန်းတော်ကြီးတွေ အနေနဲ့ အဲလို လုပ်တာ သင့်လျော် မသင့်လျော်
ဖြေကြားပေးပါ ဆိုပြီး မေးပါတယ်။
ဒီမေးခွန်းကိုလည်း ဆရာတော် အရှင်ကဉ္စန က တရားစခန်း ရိပ်သာမှာ
ယဉ်ကျေးလိမ်မာ သင်တန်းပေးတာမျိုးကတော့ အပ်စပ်တဲ့အကြောင်း၊
သင့်တော်တဲ့အကြောင်း၊ ဒါပေမယ့် ကလေးတွေ ကျောင်းထားပေးတာမျိုးကတော့
ရိပ်သာဆိုတာ တရားအားထုတ်တာ ဖြစ်တဲ့ အတွက် ဆိပ်ငြိမ်ဖို့ လိုအပ်ကြောင်း၊
အဲဒါမျိုးကတော့ မအပ်စပ်ပါကြောင်း၊ ကလေးတွေကို သိုင်းသင်ပေးတယ် ဆိုတာ
သူတပါးကို တိုက်ခိုက်သတ်ဖြတ်ဖို့ သင်ကြားပေးတာမျိုး ဖြစ်တဲ့အတွက်
ဘုန်းတော်ကြီးတွေ အနေနဲ့ မလုပ်သင့် မလုပ်ထိုက်ဘူးလို့ ပြတ်ပြတ်သားသား
ပြောလိုကြောင်း၊ ဘာသာခြား မုန်းတီးရေး ဟောပြောတာလည်း
မလုပ်သင့်တဲ့အကြောင်း၊ ဗုဒ္ဓဘာသာဟာ သူတစ်ပါးကို မုန်းတီးဖို့ မဟောကြောင်း၊
မုန်းတီးရေး အပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတဲ့ ဘာသာတရား
မဟုတ်တဲ့အကြောင်း ဖြေကြားခဲ့ပါတယ်ဗျာ။ အခြား မေးကြ၊ မြန်းကြ
ဆွေးနွေးကြတာတွေကလည်း အများကြီးပါပဲ။ ဒီတစ်ပတ် ဒီလောက်ပဲနော။
ကျန်းမာ ပျော်ရွှင်ပါစေ။
စစ်ကိုင်းချောင်ရောက် စည်သူအောင်မြင့်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: