“The Interview” မြန်မာအာဏာရှင်က ပိုသာလွန်တဲ့အချက်ကတော့ ဘာသာရေးကို အရောင်ဆိုး အသုံးချ

အာဏာရှင်နဲ့ Interview
=============

(၁)

မြောက်ကိုးရီးယားခေါင်းဆောင်
ကင်ဂျုံအွန် ကို သရော်ထားတဲ့
“The Interview” ဆိုတဲ့ရုပ်ရှင်ကားကြောင့်.
ကင်ဂျုံအွန်က အကြီးအကျယ်ဒေါသပုံထပြီး
ဇာတ်ကားထုတ်လုပ်တဲ့ SONY ကုမ္မဏီကို
Online က Hack တာတို့လုပ်တဲ့အပြင်
အမေရိကန်သမ္မတအိုဘားကို “မျောက်” ဆိုပြီး
တင်စားတာခဲ့ပါတယ်၊

အဲဒီ ရုပ်ရှင်ကုမ္မဏီကို
တိုက်ခိုက်တဲ့အတွက် အမေရိကန်က..
မြောက်ကိုးရီးယားကို စီးပွားရေးပိတ်ဆို့မှုတွေ
ပြန်လုပ်တာတို့ တွေဖြစ်လာတဲ့အထိ…
အဲဒီဇာတ်ကားဂယက်က ကြီးကျယ်ခဲ့ပါတယ်.၊

အဲဒီဇာတ်ကားလေးကို
သူငယ်ချင်းတစ်ယောက်ပေးတာနဲ့..
နဲ့ကြည့်ဖြစ်လိုက်ပါတယ်..၊

ဇတ်လမ်းကတော့ ဟာသဆန်ဆန်နဲ့..
မြောက်ကိုးရီးယားစစ်အာဏာရှင်တွေကို
အပြင်းဆုံးရိုက်ချက် နဲ့ သရော်ထားတဲ့
ဇာတ်လမ်းဖြစ်ပါတယ်..၊
ကင်ဂျံအွန် ဘယ်လောက်အထိ..
ဒေါသငယ်ထိပ်တက်ဆောင့်သွားမလဲဆိုတာ..
သဘောပေါက်မိပါတယ်၊

ရုပ်ရှင်ကိုသေချာကြည့်တဲ့အခါ..

ကျွန်တော်တို့နိုင်ငံရဲ့အနေအထားနဲ့လဲ..
နီးစပ်မှုရှိတာလေးတွေကိုတွေ့ရပါတယ်၊

——————————–

(၂)

ဇာတ်လမ်းကျောရိုးကရှင်းရှင်းလေးပါ..

ကမ္ဘာကျော်ရုပ်သံအင်တာဗျူးတင်ဆက်တဲ့ဌာနက
ကမ္ဘာကျော် တင်ဆက်သူနှစ်ဦးဟာ.
ကင်ဂျုံအွမ်နဲ့အဆက်အသွယ်ရပြီး ကင်ဂျုံအွန်က
သူ့နဲ့ အင်တာဗျုးလုပ်ပြီး ကမ္ဘာကိုတိုက်ရိုက်ထုတ်လွှင့်ဖို့
အတွက် အဲဒီတင်းသမားတွေကို..
ဖိတ်ကြားပါတယ်၊

အဲဒီဖိတ်ကြားမှုကို ကမ္ဘာသိကြေငြာလိုက်တဲ့အခါ
CIA က အဲဒီသတင်းသမားတွေကို ခေါ်တွေ့ပြီး
လက်ဆွဲနှုတ်ဆက်ရင် ထိခိုက်နိုင်တဲ့အဆိပ်ပေးပြီး
ကင်ဂျုံအွမ်ကိုလုပ်ကြံဖို့လေ့ကျင့်ခဲ့ပါတယ်.၊

မြောက်ကိုးရီးယားကိုရောက်တဲ့အချိန်မှာ
မြောက်ကိုးရီးယားရဲ့ ၀ါဒဖြန့်ချီရေးတာဝန်ခံ
အမျိုးသမီးဗိုလ်မှုးကြီးတစ်ယောက်နဲ့စတွေ့ပါတယ်၊
အဲဒီသတင်းထောက်တွေကို..မြောက်ကိုးရီးယားက
တာဝန်ခံတွေဟာ နေရာတစ်ချို့ကိုလိုက်ပြခဲ့ပါတယ်၊

မြောက်ကိုးရီးယားဟာ အမေရိကန်နဲ့အနောက်
အုပ်စုတွေပြောသလို..ငတ်ပြတ်နေတဲ့နိုင်ငံမဟုတ်ပဲ
ကလေးတွေကအစဆူဖြိုးပြီး၊ စတိုးဆိုင်တွေထဲမှာလဲ
စားသောက်ကုန်တွေအများကြီးရှိတယ်ဆိုတာကို
မော်တော်ကားတွေပေါ်ကနေ ပြသခဲ့ပါတယ်၊

ပြီးတော့ မြောက်ကိုးရီးယားပြည်သူတွေဟာ
သူတို့ရဲ့ခေါင်းဆောင်ကင်ဂျုံအွန် ကို..
သံမဏိလူသားတစ်ယောက်အဖြစ်
မြင်နေကြသလို၊ ကင်ဂျုံအွန်ဟာ..တိုင်းပြည်အတွက်
စိတ်ရင်းစေတနာနဲ့လုပ်တာတွေကိုလဲပြောပြကြပါတယ်၊

အဲဒီသတင်းထောက်တွေကို ကင်ဂျုံအွန်က
ခမ်းနားစွာကြိုဆိုနေရာချပြီး ညီလိုအစ်ကိုလို
ပွင့်လင်းစွာဆက်ဆံတဲ့အတွက် ..
အမေရိကန်သတင်းသမားတွေဟာ ကင်ဂျုံအွန်ကို
လုပ်ကြံဖို့နေနေသာသာကင်ဂျုံအွန်ဟာ
ကမ္ဘာကဝေဘန်နေသလိုမဟုတ်ပဲ..
သူ့နိုင်ငံနဲ့ သူ့တိုင်းပြည်ဟာ အရမ်းစည်းရုံး
နေတယ်ဆိုတာကို တွေ့လာရပါတယ်..၊

ကမ္ဘာကိုတိုက်ရိုက်ထုတ်လွှင့်မဲ့..
အင်တာဗျူးမဲ့ မေးခွန်းတွေကိုလဲ..
ကင်ဂျုံအွန်က ကြိုတင်ပေးထားပြီးသားပါ၊

ကင်ဂျုံအွန်နဲ့ မြောက်ကိုးရီးယားအစိုးရတို့ရဲ့
ရိုးသားပွင့်လင်းတဲ့ အမူအရာတွေကိုကြည့်ပြီး…
အမေရိကန်သတင်းသမားတွေ
ကိုယ်တိုင်တိုင်က အမေရိကန်အစိုးရကို
မကျေမနပ်ဖြစ်လာကြပါတယ်..၊

ကင်ဂျုံအွန်ဟာ ကမ္ဘာနဲ့နားလည်မှုလွဲနေတဲ့အတွက်
ကမ္ဘာက သူ့ရဲ့ရိုးသာမှုနဲ့ မြောက်ကိုးရီးယားနိုင်ငံရဲ့
တိုးတက်မှုတွေကို ကမ္ဘာ့ပြည်သူတွေကသိအောင်..
လာမဲ့အင်တာဗျူးမှာ..ကမ္ဘာကိုအမှန်အတိုင်းဖွင့်ချသွားဖို့
အမေရိကန် သတင်းသမားတွေက ..
ဆုံးဖြတ်လိုက်ကြပါတယ်၊

———————-

(၃)

အင်တာဗျူးလုပ်ချိန်နီးလာတဲ့အချိန်မှာ
အမေရိကန် သတင်းသမားတွေ..
အမှတ်တမဲ့သတိထားမိလာတာက..
ကင်ဂျုံအွမ် စကားတစ်ခွန်းမှားတဲ့အချိန်မှာ
ဖြစ်ပါတယ်…၊

သတင်းသမားတွေရှေ့မှာလူသေမှုတစ်ခုဖြစ်သွားချိန်
ကင်ဂျုံအွန်က အကြီးအကျယ်ငိုယိုတဲ့အတွက်
အနီးအနားက ဗိုလ်ချုပ်ကြီးတွေအကုန်လုံးနဲ့
အစိုးရအဖွဲ့ဝင်တွေအကုန်လုံး ဘာမှန်းညာမှန်းမသိ
လိုက်ပြီး အော်ဟစ်ငိုယိုကြတာကို သတိထားမိသွားပါတယ်၊

ပြီးတော့ ကင်ဂျုံအွန်ဟာ သူစိတ်ဆိုးနေတဲ့အချိန်မှာ
“တကမ္ဘာလုံးကို ဖေါက်ခွဲပစ်မယ်” လို့ကြိမ်းဝါးခဲ့တာစပြီး
သတင်းသမားလေးတွေ သဘောပေါက်လာတာက
သူတို့ရှိနေလို့ အားလုံးက ဟန်ဆောင်နေလား ?
ဆိုတဲ့သံသယတွေဖြစ်လာပါတယ်..

ပိုပြီးသိသာလာတာက..
အမေရိကန်သတင်းသမားတစ်ယောက်ဟာ.
မြို့လယ်ခေါင်က အစာတွေနဲ့သစ်သီးမျိုးစုံ
ရောင်းတဲ့ဆိုင်ကို ညမိုးချုပ်..အမှတ်တမဲ့ရောက်သွားတဲ့အချိန်မှာ
ဆိုင်ထဲမှာတကယ်ရှိနေတဲ့ …
များပြားလှတဲ့သစ်သီးတွေဟာ
အတုတွေဖြစ်ပြီး…
စားစရာမျိုးစုံထည့်ထားတဲ့ ရှိုးကေ့စ်တွေဟာလဲ
အစစ်မဟုတ်ပဲ အလင်းအမှောင်ညှိပြီးဖန်တီးထားတဲ့
ဗီနိုင်းတွေဆိုတာကို တွေ့သွားပါတယ်..၊

အဲဒီအချိန်မှာ စစ်အာဏာရှင်ကင်ဂျုံအီရဲ့
ဝါဒဖြန့်ချီရေးတာဝန်ခံ လော်ဘီဗိုလ်မှုးကြီးဟာလဲ
စစ်အာဏာရှင်ကိုစိတ်ကုန်တဲ့အတွက်သတင်းသမားတွေကို
အဖြစ်ကြောင်းကုန်စဉ်ဖွင့်ပြောပါတော့တယ်..၊

ပြည်သူတွေအမှန်တကယ်ငတ်ပြတ်နေတာတွေ
တိုင်းပြည်ဝင်ငွေကို နှူကလီယားနဲ့စစ်ရေးအတွက်ပဲ
သုံးတာတွေကအစအားလုံးကိုသိရှိသွားပါတော့တယ်..၊

——————————-

(၄)

နောက်ပိုင်းမှာ အမေရိကန်သတင်းသမားတွေဟာ..
ကင်ဂျုံအွန်ကို အဆိပ်နဲ့လုပ်ကြံဖို့အစီအစား
ဒီ့ထက်ပိုပြင်းထန်တဲ့နည်းနဲ့ လုပ်ကြံဖို့ ..
ဆုံးဖြတ်လိုက်ကြပါတယ်..

အဲဒီနည်းကတော့ ကင်ဂျုံအွန်ကို ဆန့်ကျင်လာတဲ့..
ဝါဒဖြန့်ချီရေးလော်ဘီအရာရှိကြီးရဲ့အကူအညီနဲ့..

ကမ္ဘာကိုတိုက်ရိုက်ထုတ်လွှင့်မဲ့ …
ကင်ဂျုံအွန်နဲ့အင်တာဗျူး အစီအစဉ်လုပ်နေချိန်မှာ..
ကင်ဂျုံအွန်နဲ့ ကြိုတင်ဇာတ်တိုက်ထားတဲ့မေးခွန်းတွေကို
မမေးပဲနဲ့ ကင်ဂျုံအွန်ရဲ့ ကင်ဂျုံအွန်ရဲ့ နိုင်ငံမှာ
အမှန်တကယ်ဖြစ်နေတဲ့မေးခွန်းတွေကိုမေးပြီး ..
တကမ္ဘာလုံးနဲ့ မြောက်ကိုးရီးယားပြည်သူတွေရဲ့ရှေ့မှာ
ကင်ဂျုံအွန်ရဲ့ မျက်နှာဖုံးကို ဆွဲခွါပစ်ဖို့ပဲဖြစ်ပါတယ်..၊

အဲဒီအစီအစဉ်ကို သူတို့အသက်နဲ့ရင်းပြီးအကောင်
အထည်ဖေါ်ကြမှာဖြစ်ပါတယ်..၊

သူ့လူကိုယ့်ဘက်သားဖြစ်သွားတဲ့..
မြောက်ကိုးရီးယားဝါဒဖြန့်ချီရေးတာဝန်ခံအရာရှိကလဲ
အစီအစဉ်မပြတ်တောက်ဖို့နဲ့ စတူဒီယိုခန်းထဲမှာ
အနှောက်အယှက်မဖြစ်ဖို့အတွက် လုပ်နိုင်ခဲ့ပါတယ်၊

———————-

(၅)

ကင်ဂျုံအွန်ရဲ့ အင်တာဗျူးကမ္ဘာကို တိုက်ရိုက်လွှင့်ပါပြီ..

တကမ္ဘာလုံးက အံ့သြစွာနဲ့..
ကြည့်ရှုနေခဲ့ကြပါတယ်..၊

အစပိုင်းမှာ ကင်ဂျုံအွန်ကမေးခိုင်းတဲ့ ကြိုတင်ညှိနှိုင်းထားတဲ့
မေးခွန်းတွေကိုပဲအမေရိကန်သတင်းထောက်တွေက
မေးတဲ့အတွက်..ကင်ဂျုံအွန် အာတွေ့လာပါတယ်…၊
ကျေနပ်ပီတိဖြစ်လာပါတယ်..၊
“ကြည့်နေတဲ့သူတွေကလဲ..
ကင်ဂျုံအွန် က မဆိုးပါဘူး..”လို့
ယူဆလာတဲ့အထိပါ

နောက်ပိုင်းမှာ ကင်ဂျုံအွန်ကို …
တကယ့်အမှန်မေးခွန်းတွေမေးတဲ့အချိန်မှာ..
ကင်ဂျုံအွန်ဟာ အံ့သြတုန်လှုပ်ပြီး..
မျက်စိပျက်မျက်နှာပျက်နဲ့ ..
ဘာလုပ်ရမှန်းမသိဖြစ်လာတာကို
ကမ္ဘာက တွေ့ရပါတော့တယ်..၊

ကင်ဂျုံအွန်ဟာ..
အစီအစဉ်ရပ်ဖို့ကြိုးစားတာလဲမရပါဘူး.၊
ကင်ဂျုံအွန်ရဲ့လုံခြုံရေးတွေကိုလဲ..
ဝါဒဖြန့်ချီတဲ့အဖွဲ့ကထိန်းချုပ်ထားပါတယ်.၊

ပိုဆိုးတာက.. ၀ါဒဖြန့်မှိုင်းမိခံနေတဲ့..
မြောက်ကိုးရီးယားစစ်တပ်ကစစ်ဗိုလ်အချို့ဟာ
အင်တာဗျူးကိုကြည့်နေရင်းနဲ့..
အဖြစ်မှန်ကိုသိလာကြပြီး ကင်ဂျုံအွန်ကို
မကျေမနပ်ဖြစ်လာကြတာပါပဲ..၊

ဆင်းရဲရှာတဲ့မြောက်ကိုးရီးယားပြည်သူတွေဟာလဲ
အမှန်ကိုတွေ့လာပြီး မခံမရပ်နိုင်ဖြစ်လာပါတယ်။

အင်တာဗျူးမှာမေးတဲ့မေးခွန်းတွေကလဲ..
အကြီးအကျယ်ထိရောက်ပါတယ်၊

————————-

(၆)

“မင်းက ဒီလိုပြောနေတယ်…
မင်းက ဒီလိုတွေနေနေတယ်..
မင်းပြည်သူတွေငတ်နေတာ မင်းသိလား.. ?”

“မင်းပြည်သူ (၁၆) သန်း အစာရေစာမ၀လင်ပဲ
ငတ်ပြတ်နေတာကို မင်းသိလား..?”

“မင်းက အနုမြူအတွက် တစ်နှစ်ဒေါ်လာသန်း (၈၀၀)သုံးတယ်
ပြည်သူကတော့ ကမ္ဘာကထောက်ပံ့တဲ့ စားနပ်ရိက္ခာတွေကိုပဲ
မလောက်မငှနဲ့ စားရတယ် မင်း ဘာလို့လုပ်တာလဲ ?”

“ပြုံးယမ်းမြို့ထဲမှာ မင်းလိုက်ပြတဲ့ အသီးအနှံတွေနဲ့စားစရာ
ဆိုင်တွေထဲက စားစရာတွေကအတုတွေနဲ့
အရုပ်တွေဘာလို့ဖြစ်ရတာလဲ.? ”

“မင်းကို မင်းပြည်သူနဲ့ မင်းစစ်တပ်က သံမဏိလူသား လို့
ထင်နေကြတယ်..၊ အခု ဒါတွေမေးတာနဲ့မင်းက
ဘာလို့မျက်နှာအကြီးအကျယ်ပျက်နေတာလဲ ?”

ကောင်းလိုက်တဲ့မေးခွန်းတွေဖြစ်ပါတယ်..၊
ကင်ဂျုံအွန်ဟာ မဖြေနိုင်တဲ့အပြင်
ဒေါသထွက်ပြီး မျက်ရည်ဖြိုင်ဖြိုင်ကျရပါတယ်၊

သတင်းသမားတွေဟာ.
Interview တစ်ခုနဲ့…
တစ်ကမ္ဘာလုံးရှေ့မှာ စစ်အာဏာရှင်ကို
အရှက်ခွဲလိုက်နိုင်ပါတယ်..၊

နောက်ပိုင်းမှာ Action နဲ့ ဟာသ ရိုက်ကွက်တွေပါလာပြီး
နောက်ဆုံးမှာ ကင်ဂျုံအွန် အရေးနိမ့်ခဲ့ပါတယ်၊

အရမ်းကို ထိရောက်တဲ့ ဇာတ်မြူးကားတစ်ကားဖြစ်ပါတယ်
တကဲ့ ကင်ဂျုံအွန် ဒေါသပုံထွက်မယ်ဆိုလဲ ထွက်စရာဇာတ်ကား
ဖြစ်ပါတယ်..၊

—————————

(၇)

အဲဒီရုပ်ရှင်ကို ကြည့်ပြီး..
လေ့လာမိတဲ့အချက်တွေကတော့..

အာဏာရှင်ဟာ သူအလိုရှိရင်..
သူ့ပြည်သူနဲ့ ကမ္ဘာနိုင်ငံတွေက..
သူ့အပေါ်အကောင်းမြင်စေဖို့
For Show အလုပ်တွေလုပ်တတ်တယ်ဆိုတာပါပဲ၊
မြန်မာနိုင်ငံမှာလဲအဲဒီလိုပါပဲ..
နော်ဝေဘုရင်ခရီးစဉ်မှာ ဂေါဝိန်ဆိပ်ကမ်းက
အိမ်ရာမဲ့တွေကိုရှင်းထုတ်တာက သက်သေပါပဲ..၊

နိုင်ငံတကာထောက်ပံ့မှုတွေလိုချင်လို့
အကျဉ်းသားတွေလွှတ်ပြတာတွေ
နိုင်ငံတာကခေါင်းဆောင်တွေလာခါနီးမှာ..
ဆယ့်လေးပွင့်ဆိုင် စသဖြင့် လုပ်ပြတာတွေပါပဲ..၊

ပြီးတော့ ပြည်သူရဲ့အခြေအနေတွေစုတ်ပြတ်နေတာကို
သိရက်နဲ့ ငွေတွေဖေါဖေါ်သီသီသုံးစွဲပြီး..
ဆန်မရှိ စောက်စားကြီးတဲ့အလုပ်ကိုလဲလုပ်ပါသေးတယ်..၊
နေပြည်တော်ကြီးနဲ့ လွှတ်တော်ကြီးကို ခန်းနားအောင်
ဆောက်တာကအစ၊ ဗိုလ်ရှုခံဖို့ငွေတွေသုံးစွဲတာကသက်သေပါပဲ၊

ပြီးရင် ကိုယ့်အကျင့်ကို နိုင်ငံတကာကအကောင်းမြင်အောင်
ကြိုတင်ဇာတ်တိုက်ထားတဲ့မေးခွန်းတွေနဲ့
အင်တာဗျူးကြပါသေးတယ်၊

ကမ္ဘာ့ထောက်ပံ့မှုတွေကိုလဲ..
ပြည်သူအတွက်သုံးစွဲတာနည်းပြီး..
ကိုယ်ကြိုးစီးပွားအတွက်အသုံးပြုပါတယ်..၊

ပြည်သူတွေကိုလဲ သူတို့ဟာဘယ်လောက်တောင်
အရည်အချင်းရှိကြောင်းဝါဒဖြန့်တတ်ကြပါသေးတယ်၊
ပြီးတော့မှ တစ်လွဲလုပ်ကြတာဖြစ်ပါတယ်၊

မြောက်ကိုးရီးယားအာဏာရှင်ထက်..
မြန်မာပြည်ကအာဏာရှင်က ပိုသာလွန်တဲ့အချက်ကတော့
မြောက်ကိုးရီးယားအာဏာရှင်ဟာ..
ဘာသာရေးကို အရောင်မဆိုး အသုံးမချပါဘူး.၊

အဲဒါကြောင့်.. အာဏာရှင်တွေရဲ့အကျင့်စရိုက်ကို..
အားလုံးသိအောင် “The Interview” ရုပ်ရှင်ဥပမာလေးနဲ့
နှိုင်းယှဉ်ပြတာဖြစ်ကြောင်းပါ…၊

( Pa Yit)

လွပ်လပ်စွာ Share နိုင်ပါတယ်..၊

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: