အစွန်းရောက်ဘုန်းကြီးများ၏ မုန်းတီးရေး ၀ါဒဖြန့်မှုကို ဟန့်တားသင့်ကြောင်း ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ချားလ်မောင်ဘို တိုက်တွန်း

အစွန်းရောက်ဘုန်းကြီးများ၏ မုန်းတီးရေး ၀ါဒဖြန့်မှုကို ဟန့်တားသင့်ကြောင်း ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ချားလ်မောင်ဘို တိုက်တွန်း
…………………………………………………………………………….
ဇန္န၀ါရီလ ၇။

ပုပ်ရဟန်းမင်းကြီး ရာထူးအတွက် အဆိုပြုတင်မြှောက်ခွင့်ရှိသော ကက်သလစ် ဘုန်းတော်ကြီးအဖွဲ့ဝင်(Cardinal)အဖြစ် မကြာသေးခင်က ရွေးချယ် တင်မြှောက်ခံရသည့် မြန်မာနိုင်ငံမှ ကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ချားလ်မောင်ဘိုက အစိုးရအနေနှင့် ဗုဒ္ဓဘာသာအစွန်းရောက် ဘုန်းကြီးများ၏ မုန်းတီးရေးဝါဒဖြန့်မှုကို ပိုမိုဟန့်တားပိတ်ပင်သင့်ကြောင်းနှင့် မတူကွဲပြားသော ဘာသာဝင်များအကြား အပြန်အလှန် နားလည်မှုရှိကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောဆိုသည်။

ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်(ဦး)ချားလ်မောင်ဘိုက မြန်မာနိုင်ငံတွင် လူနည်းစု မွတ်စလင်တို့အား ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒက ပစ်မှတ်ထား တိုက်ခိုက်နေခြင်းမှာ နိုင်ငံတကာ အစွန်းရောက်အဖွဲ့များအား လက်တုန့်ပြန်ရန် အကြောင်းကြားစာပို့လိုက်သကဲ့သို့ဖြစ်စေကြောင်း သတိပေးပြောဆိုသည်။

“ဒီမှာ မွတ်စလင်အများစုက ခပ်အေးအေးပဲ နေကြတာ၊ တကယ်လို့ နိုင်ငံတကာမွတ်စလင်အသိုင်းအ၀ိုင်းက ဖိအားပေးတာခံရပြီဆိုရင်တော့ အစွန်းရောက်တာတွေ အကြမ်းဖက်တာတွေ အသေခံဗုံးဖောက်တာတွေ ဒါတွေအားလုံး ဖြစ်လာနိုင်စရာအကြောင်းရှိပါတယ် ”ဟု ၎င်းက ရိုက်တာသတင်းဌာနကို ပြောကြားသည်။

ဇန္န၀ါရီလ ၄ ရက်နေ့က ကာဒီနယ်တစ်ဦးအဖြစ် ပုပ်ရဟန်းမင်းကြီး ဖရစ်စစ်၏ ရွေးချယ်ခြင်းခံရသော ကက်သလစ်ဘုန်းတော်ကြီး ချားလ်မောင်ဘိုက အစွန်းရောက်ဘုန်းကြီးများ မကြာခင်က လွှတ်တော်ကို တင်သွင်းခဲ့သည့် အငြင်းပွားဖွယ် မျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီး ပုဂ္ဂလဆန္ဒများကို အင်အားသုံး အကြပ်မကိုင်သင့်ကြောင်း ပြောဆိုသွားသည်။

“ဘာသာရေးကိစ္စက လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလဆန္ဒပဲလေ၊ ဒါကို ဘယ်သူကမှ သူတို့ယုံကြည်တဲ့ဘာသာကို အဓမ္မပြောင်းလဲပစ်တာတို့ လက်ထပ်ထိမ်းမြားတဲ့ အခါ ဒေသခံအာဏာပိုင်တွေထံ ခွင့်ပြုချက်တင်ဖို့ အတင်းအကြပ် စေခိုင်းတာတို့ လုပ်လို့မရနိုင်ပါဘူး၊ ဒါဟာ လူ့အခွင့်ရေးနဲ့ ဆန့်ကျင်နေပါတယ်” ဟု ကယ်ဒီနယ်သစ်က ပြောဆိုသည်။

၎င်းက ဖိနှိပ်ခံများ၊ ပြောရေးဆိုခွင့်မရသူများအတွက် အသံထုတ်ပေးချင်သည်ဟု ဆိုသည်။

“ကျွန်တော်က ပြောရေးဆိုခွင့်မရသူတွေအတွက် အသံထုတ်ပေးချင်တယ်၊ ခွဲခြားဆက်ဆံခံရသူတွေ အခွင့်ရေးဆုံးရှုံးနေသူတွေ ကိုယ်စား စကားပြောချင်ပါတယ်”ဟု ဘုန်းတော်ကြီးက ပြောကြားပြီး ဘာသာရေးအစွန်းရောက်မှုများက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို တိမ်းချော်စေနိုင်ကြောင်း ထောက်ပြသည်။

ဘာသာရေးပဋိပက္ခများကြောင့် အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ၂၀၀ ကျော်သေဆုံးကာ လူပေါင်း ၁သိန်း ၄ သောင်းခန့်မှာ စုတ်ပြတ်နုံချာသော ဒုက္ခသည်စခန်းများတွင် ယနေ့တိုင်နေထိုင်ရဆဲဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး၏ အသစ်ထပ်မံရွေးချယ်လိုက်သော ကာဒီနယ်အဖွဲ့ဝင်သစ် ၁၅ ဦးအနက် တစ်ဦးအပါအ၀င်ဖြစ်သည့် အသက် ၆၆ နှစ်အရွယ် ကက်သလစ်ဘုန်းတော်ကြီး ချားလ်မောင်ဘို သည် နှစ်ပေါင်း ၅၀၀ အတွင်း မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ရွေးချယ်ခံရသည့် ကာဒီနယ်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဘာသာမတူပေမယ့်လည်း သူအခုလို ရွေးချယ်ခံရတဲ့အတွက် ဂုဏ်ယူပါတယ်”ဟု မြန်မာမွတ်စလင်အမျိုးသားရေးအဖွဲ့ချုပ်မှ ဦးကျော်ခင်က ပြောကြားသည်။

ဘုန်းတော်ကြီးချားလ်မောင်ဘိုသည် ၁၉၉၆ ခုနှစ်တွင် ကက်သလစ်ဘုန်းတော်ကြီးဖြစ်လာခဲ့ပြီး၂၀၀၃ ခုနှစ်တွင် ဂိုဏ်းချုပ်ဆရာတော်ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် ယခုအခါ ကက်သလစ်ခရစ်ယာန်ဘာသာဝင် ၈ သိန်းကျော်ရှိသည်။

Source : Reuters / Wall Street Journal
ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: