မြန်မာပြည်ရဲ့ ဒီမိုကရေစီ ရန်သူဟာ တရုပ်လည်းမဟုတ်ဘူး ကုလားလည်းမဟုတ်ဘူး၊ သူပုန်လည်းမဟုတ်ဘူး စစ်အစိုးရဟောင်းများနဲ့ သူတို့ကြိုးဆွဲရာကနေတဲ့ လက်ရှိချိတ်ထဘီအုပ် စစ်အစိုးရ ပဲ

ဘယ်သူ့ကိုလဲ?

****ကျနော်တစ်ခါမှရိုင်းစိုင်းတဲ့အသုံးအနှုံးတွေမသုံးဖူးဘူး၊

        ဒီတစ်ခါတော့ ခွင့်လွှတ်ဗျာ၊ လေးနက်စေချင်လို့ပါ။

 

ဪ!

အတော်ရေးတတ်ကြပါလား၊  

တရုပ် ကို နာကြည်းစိတ်နဲ့

မြန်မာတွေရဲ့ မျိုးချစ်စိတ်ကို နှိုးဆွပေးဖို့ကြိုးစားတာလား?

ဘယ်သူ့ကို နာကြည်းရမှာလဲ?

တရုပ်အစိုးရကိုလား?

မဟုတ်ရေးချမဟုတ်၊

အားလုံး စည်းရုံးမှုနဲ့ နာကြည်းတော်လှန်ရမှာ

စစ်အစိုးရဟောင်းနဲ့

ဒီမိုကရေစီ အယောင်ဆောင် စစ်ယူနီဖောင်းပေါ်

ချိတ်ထမီ အုပ်ထားတဲ့ အစိုးရကိုဗျ။

 

နော်ခမ်း ဆိုတာ ကိုမောင်အေး ရဲ့စောင့်ရှောက်မှုနဲ့ရပ်တည်ခဲ့ပြီး

န၊ဝ၊တ တစ်ဖွဲ့လုံး ရဲ့ ကိုယ်ပိုင် ဘဏ္ဍာတိုက်တွေထဲကို

မူးယစ်ဆေးဝါးရောင်းရငွေတွေ ဖြည့်ပေးခဲ့သူ

 

လက်နက် ကိုင်ထားရတဲ့ အရသာကို မစွန့်လွှတ်နိုင်လို့

ပြည်မ ထဲလာမနေတာ၊ နေချင်ခဲ့ရင် အချိန်မရွေးရခဲ့တယ်။

 

မျိုးချစ်စိတ်ကလည်း ပြင်းဆိုတော့

သူတို့ရှမ်းပြည်မှာ တရုပ် ဗိုလ်ကျတာကို မခံရပ်နိုင်လို့

တရုပ် ၁၃ ယောက်ကို အပြတ်ရှင်းခဲ့တယ်။

 

တရုပ်အစိုးရက ဗမာတွေ သူ့ အိမ်အောက်က ခွေးထိမိရင်တောင်

ပြသနာရှာတတ်တယ်။

လူဆိုရင်တော့ မပြောနဲ့ တော့။

အခု ဟာက ၁၃ ယောက်တောင်။

 

ဒီတော့  

ပါပါးက မြန်မာအစိုးရကို ဖိအားပေးတယ်။

မြန်မာအစိုးရကလည်း နော်ခမ်းကို မြန်မာမှာ ရုံးတင်၊

ပါပါး အလိုကျ အရေးယူပေးရအောင်ကလည်း အဘတို့ရဲ့ ကျေးဇူးရှင်

 

ဒီ့အတွက်

မသိယောင်ဆောင်နေရအောင် ပါပါးက လည်း ငြိမ်မနေ၊

ရုံးတင်ပြီး ပါပါးအလိုကျ နော်ခမ်းကို ထိထိရောက်ရောက် ဆော် ပြန် ရင်လည်း

နော်ခမ်း က နာကြည်းသွားပြီး အဘတို့ရဲ့ငယ်ကျိုးငယ်နာ ဖော်လိုက်မှာကြောက်တယ်။

 

နော်ခမ်း ဟာ အဘကြီးများ စစ်ရာဇဝတ်ခုံရုံးရောက်စေနိုင်သော အကောင်ဆုံး သက်သေတစ်ယောက်ဖြစ်နေတယ်။

 

ဒီတော့ တရုပ် ရဲ့ မျက်နှာသာလည်းရ သူတို့ရဲ့လုံခြုံမှုလည်းစိတ်ချရအောင်

နော်ခမ်းကို တရုပ်လက် ထိုးကြွေး လိုက်တယ်။

 

နိုင်ငံတော်ရဲ့ သိက္ခာဆိုတာ သူတို့အတွက် လိုလို့လား?

 

ရက်တော ကို မြန်မာ ဥပဒေအရစီရင်တယ်။ ( အမှုမှန်သော်ရှိ မမှန်သော်ရှိ )

ဂျင်ဝက် လာမထုတ်သွားတယ်။

 

”နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်စေရန် ရည်သန်လျက်” ဆိုတဲ့ ဆောင်ပုဒ် ကလေးနဲ့။

 

မြန်မာနိုင်ငံရဲ့ မွန်ပြည်နယ်ထဲမှာ လက်နက်ကိုင်ပြီး ဗိုလ်ကျနေတဲ့ ယိုးဒယား (ထိုင်း) လူမျိုး ၁၄ ဦး၊

မြန်မာဥပဒေအရ ထိထိယောက်ယောက် အပြစ်ပေးရမှာ၊

ဒါပေမဲ့ ထိုင်း တာဝန်ရှိသူ အကြီးအကဲ ရောက်လာတယ်၊

ပြန်ထဲ့ပေးလိုက်တယ်။

”နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်စေရန် ရည်သန်လျက်” ဆိုတဲ့ ဆောင်ပုဒ် ကလေးနဲ့။

 

မြန်မာတွေနိုင်ငံခြားတိုင်းပြည်တစ်ခုခုမှာ

” ဟားဟား တို့အစိုးရလာကယ်လိမ့်မယ်ကွ ” ဆိုပြီး

သူတို့တိုင်းပြည်ရဲ့ ဥပဒေ ချိုးဖောက် ရဲလား?

လုပ်လိုက်မိလို့ အရေးတယူ အရေးဆိုပေးအကာအကွယ်ပေးတာကြားဖူးလား?

 

ဥပဒေချိုး ဖောက်ဖို့မပြောနဲ့

ကိုယ့်တိုင်းပြည်ရဲ့သောက်သုံးမကျတဲ့ အဆင့်အတန်းကြောင့်

ကိုယ့်မှာ အကျပ်အတည်း တွေနေလို့ သံရုံးမှာ အားကိုးတကြီးအကူအညီသွားတောင်းရင်တောင်

အဖေ့အရှိန်အဝါနဲ့ သံရုံးဝန်ထမ်းဖြစ်လာတဲ့ ငတိကတောင်

ကိုယ့်မြန်မာအချင်းအချင်း ဘာပြောလဲ?

 

” မင်းတို့ဖာသာ နိုင်ငံခြား သောက်ထင်ကြီးပြီးထွက်လာတာ

ငါတို့က ဘာလိုက်လုပ်ပေး ရမှာလဲ ?” တဲ့။

 

 

 

 

 

ဗမာအစိုးရဟာ ကြောက်ရ တဲ့ တိုင်း ပြည် ဆိုရင်( ရိုင်းရိုင်းပြောမယ် )

မျက်နှာချိုသွေး ဖင်ကုန်းပေး ဘို့ရန်ဝန်မလေးဘူး။

မကြောက်ရလို့ကတော့ ဖင်လှန်ပြ ပြီသာမှတ်။

 

 

သတင်းစာမှာရေးတာတောင်ကြည့်၊ ဘယ်လိုကွာခြားလဲဆိုတာ။

ဘယ်နိုင်ငံမှ ဘာကောင်ကြီး က

ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်ငြိမ်ဝတ်ပိပြားမှူတည်ဆောက်ရေအဖွဲ့ဥက္ကဌကြီးနှင့်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးအား လာရောက်တွေ့ဆုံ ဂါရဝပြု

 

” ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်ငြိမ်ဝတ်ပိပြားမှူတည်ဆောက်ရေအဖွဲ့ဥက္ကဌကြီးနှင့်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး တရုပ်ပြည်သူ့သမတနိုင်ငံ ဇီချွမ်ပြည်နယ်

လွှတ်တော်အမတ်အား လက္ခံ တွေ့ဆုံ

 

ဂျပန် အစိုးရ မြန်မာအပေါ် ဘယ်လောက်ကူညီ ခဲ့သလဲ။

၂၀၀၇ ရွှေဝါရောင် ကာလမှာ ပြစ်သတ်ခံလိုက်ရတဲ့ ဂျပန်သတင်းထောက်

 

ဘာဖြစ်လဲ?

ဘာမှမဖြစ်ဘူး။

 

ဘာလို့လဲ?

ဂျပန်အစိုးရက ရိုင်းမှမရိုင်းတာ၊

ဒါ့အပြင် ကိုအောင်မင်းစကားနဲ့ပြောရရင် ” ကျေးဇူး မှ မရှိတာ”

 

ခင်ဗျားတို့က ပြောမယ်

 

” ဟာ ဂျပန် က တို့အပေါ် ဒီလောက်ကူညီ နေတာ၊ ဘာလို့ကျေးဇူးမရှိရမှာလဲ?” လို့။

 

ဒါပေမဲ့ ဂျပန်က မြန်မာကို ဘာပဲ ကူညီကူညီ သူတို့က ဘာပြောလေ့ရှိလဲဆိုတော့

တို့တွေ ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာတွေကို နှိပ်စက်မိတယ်၊

စိတ်မကောင်းဘူး၊ အကြွေးဆပ်တယ်လို့ သဘောထား ” တဲ့။

 

အဲ့ဒီတော့ မြန်မာအစိုးရက တစ်ဖြေးဖြေး စိတ်ကြီးဝင် လူပါးဝလာတယ်။

 

” ဂျပန် က ငါတို့ကို ပြန်တောင်ရှိခိုးရဦးမယ်” လို့။

 

ထပ်ရိုင်းရိုင်းပြောဦးမယ်

 

တစ်ခါဖင်ချ ဖူးတဲ့ ဂျပန် က ကူညီတာ က ”မြီစား” အဖြစ် အကြွေးဆပ်နေတာ။

 

ထပ်တလည်း လည်း ဖင်ချနေတဲ့ တရုပ်က

” ကျေးဇူးရှင် မြီရှင် ” ဗျ။

 

ပါပါး က ”ဟေ့” လို့ အသံပြုလိုက်ရုံနဲ့ ဒီက ဖင်လှန်ပြီးသား ကုန်း ဖို့အဆင်သင့်

 

အခုလည်း လက်ပံတောင်း မှာ မီးလောင်ဗုံး ထိတဲ့အထဲ တရုပ်တစ်ယောက်လောက်သာ ပါကြည့်ပါလား

ဘာကော်မရှင်မှ မဖွဲ့ဘူး။

ချက်ချင်း အဆင့်မြင့်အရာရှိ တစ်ယောက်ယောက် ပြုတ်ရုံမက ထောင်ထဲပါရောက်သွားမယ်။

 

ဒီတော့

 

မြန်မာပြည်ရဲ့ ဒီမိုကရေစီ ရန်သူဟာ တရုပ်လည်းမဟုတ်ဘူး

ကုလားလည်းမဟုတ်ဘူး၊ သူပုန်လည်းမဟုတ်ဘူး၊

သူတို့စည်းစိမ်နဲ့ အာဏာတည်မြဲရေးအတွက်

ဘာမဆိုလုပ်ရဲတဲ့၊

ဘယ်လိုလှည့်ကွက်မျိုးကိုမဆိုသုံးရဲတဲ့၊

ဘယ်တိုင်းပြည်ကိုမဆို ဖင်ကုန်းပေးရဲတဲ့၊

ဘယ်သူ့ကိုမဆိုထိုးကြွေးရဲတဲ့၊

စစ်အစိုးရဟောင်းများနဲ့ သူတို့ကြိုးဆွဲရာကနေတဲ့ လက်ရှိချိတ်ထဘီအုပ် စစ်အစိုးရ ပဲ။

အဲ့ဒီ လှည့်ကွက်တွေကို နဝေတိန်တောင် မီဒီယာများနဲ့ အစွန်းရောက်များ သိနိုင်ကြပါစေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: