တခါတုန်းကပေါ့ ဖန်လူမျိုးတွေနေထိုင်တဲ့တိုင်းပြည်မှာ ဖန်ပြောင်ရှင်းဆိုတဲ့ဘုရင်ကြီးအုပ်ချုပ်တယ်

တခါတုန်းကပေါ့…ဖန်လူမျိုးတွေနေထိုင်တဲ့တိုင်းပြည်မှာ ဖန်ပြောင်ရှင်းဆိုတဲ့ဘုရင်ကြီးအုပ်ချုပ်တယ် ။

ဖန်ပြောင်ရှင်းဆိုတဲ့ဘုရင်ကြီးကလဲ
တိုင်းပြည်အုပ်ချုပ်ခွင့်ရအောင်လို့
ပြိုင်ဘက်တွေကို နာဂစ်သိုင်းကျမ်းထဲက
လေမုန်တိုင်းသိုင်းကွက်သုံးပြီး
ဘယ်ကရောက်လာမှန်းမသိတဲ့
မဲတွေနဲ့ သိုင်းဂိုဏ်ချုပ်ဖြစ်လာတဲ့
အကျော်အမော် သိုင်းသမားတယောက်ပေါ့ ..

သူအုပ်ချုပ်တဲ့ကာလအတွင်းမှာ
ဖန်လူမျိုးတွေကို ခင်မင်ဖော်ရွေတဲ့
လူမျိုးဖြစ်အောင်လို့ အရှေ့ဖက်
တိုင်းပြည်ကိုစေလွှတ်ပြီး
လျှောက်ပတ်ပို့ပေးတယ် . .


အဲ့ဒါနဲ့တင်မကဘူး
ဆီပုလင်း ခါးချိတ်ပြီး သံခင်းတမာန်ခင်းကို
လမ်းဖောက် ၊ ပိုက်လိုင်းချိတ်ပြီး
ခင်မင်ကြောင်း သက်သေပြခဲ့တယ်။

ဖန်လူမျိုးတွေကို အရှေ့ဖက်တိုင်းပြည်က
ဆီပုလင်းခါးချိတ်ပြီး လျှောက်ပတ်ခင်တတ်လို့
ဖန်လျှောက်ခင်လူမျိုးဆိုပြီးသိထားတာပေါ့ . .

ဖန်ပြောင်ရှင်းအုပ်ချုပ်တဲ့ခေတ်မှာ
သူ့လက်အောက်သိုင်းပညာရှင်တွေကတော့
ဖန်ဖွတ်အဖွဲ့ ၊ ဖန်ဖွက်အဖွဲ့
ဖန်ဘုန်းအဖွဲ့ဆိုပြီး
အသီးသီးရှိကြတာပေါ့ကွယ်

ဖန်ဖွတ်အဖွဲ့ဆိုတာကတော့
မြေပေါ်တရားဝင်ဖွဲ့စည်းထားတဲ့
ဖွတ်သိုင်းပညာရှင်တွေဖြစ်တယ်
ဖွတ်ဂိုဏ်ရဲ့ဂိုဏ်ချုပ်က
ပြုံးပြီးသေသွားတဲ့ကြောင်တစ်ကောင်ရဲ့
အပြုံးပိုင်ရှင် ဖွတ်မန်းဆိုတာပေါ့

ဖန်ဖွက်အဖွဲ့ဆိုတာကတော့
မြေအောက်မှာကျင်လည်ကျက်စားတဲ့
အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး
လက်ပရိုတောင်မှာ ပြဿနာရင်
တခြားတနေရာမှာ ဆူပူမှုဖြစ်အောင်လုပ်ပြီး
အာရုံပြောင်းတတ်တဲ့မြေအောက်အဖွဲ့
ဖြစ်တယ်. .
ပြဿနာဖြစ်ပြီး အဓိကရုန်းဖြစ်သွားမယ်
ဖန်ဖွက်ဂိုဏ်သားတယောက်မှ
အဖမ်းမခံရလောက်အောင်
သိုင်းပညာမှာထူးချွန်သူတွေနဲ့
ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်တယ်။

ဖန်ဘုန်းအဖွဲ့ဆိုတာကတော့
ရှောင်လင်သိုင်းသမား ဘုန်းတော်ကြီးတွေနဲ့
ဖွဲ့စည်းထားတဲ့ သိုင်းအဖွဲ့ပေါ့
သူတို့ရဲ့လှုပ်ရှားမှုတွေကတော့
အစွမ်းထက်တဲ့သင်တုန်းဓါးနဲ့
မုတ်ဆိတ်တွေကိုလိုက်ပြီး
ရိတ်ပေးတတ်တဲ့သိုင်းပညာရှင်တွေပါ
ခြင်ထောင်ထဲကအမှုတို့
ဖျာအောက်ထဲကအမှုတို့
ကုလားပဲစားပြီး ဝမ်းသွားတဲ့အမှုတို့
ကုလားတန်မြစ်ထဲမှာ
ကုလားအော်သီးနဲ့ကုလားထိုင်ပျောက်ဆုံးမှု
စသဖြင့် မုတ်ဆိတ်အမှုတွေကို
အသံကြားတာနဲ့ လေထဲမှာ
ဝှီးကနဲး ကိုယ်ဖော့ပျံဝဲပြီး
မုတ်ဆိတ်ရိတ်ပေးရမှာ ကျွမ်းကျင်တဲ့
အဖွဲ့ဖြစ်ပါတယ် . .
ဒါတင်ပဲလား ဆိုတော့
ဒီထက်ကျွမ်းကျင်တာ ရှိပါသေးတယ်
ဂန်ပေါင်လူသတ်မှုတွေနဲ့
ဂန်ရုံးဆန္ဒပြမှုတွေမှာ ကိုယ်ယောင်ဖျောက်ပြီး
ကုတင်အောက်မှာ ပုန်းတာလဲ
သူမတူအောင်ထူးချွန်တဲ့ပညာရှင်တွေပါ။

ဒီလိုနဲ့ ဖင်ကုန်းလိုက်
ဆီဆွတ်လိုက် လုပ်ရင်းနဲ့ပဲ
သိုင်းပညာဂိုဏ်ချုပ်ရွေးချယ်ပွဲကြီးကို
ယှဉ်ပြိုင်ရတော့မယ့်အချိန်
ရောက်ရှိလို့လာပါပြီ . .

ဖန်လူမျိုးတွေရဲ့လက်ရှိဂိုဏ်ချုပ်ကြီးကတော့
သိုင်းပြိုင်ပွဲကို ဝင်ပြိုင်မလား
ဝင်မပြိုင်ဘူးလားဆိုတာကတော့
မသေချာသေးပါဘူး ။

တကယ်ဝင်ပြိုင်မယ်ပုဂ္ဂိုလ်ကြီးကတော့
နောက်ထပ်သက်တမ်းမှာ
သူကသေချာနေပြီလို့ပြောပါတယ်။

ဘယ်လိုပြောသလဲဆိုတော့
ဂိုဏ်ချုပ်ရာထူး ရထားတဲ့သူရဲ့
လစာက တလသိန်းငါးဆယ်ဆိုတာ
နည်းနေပါတယ်တဲ့
အနောက်နိုင်ငံက မာရှယ်အတ်တို့
WWE တို့ MMAတို့က သိုင်းသမားတွေဆိုရင်
တလကို သိန်း၂၅၀လောက်
ရနေကြပြီလို့ ဆိုလာတော့
သူကိုယ်တိုင်ဂိုဏ်ချုပ်ဖြစ်မယ့်အချိန်နဲ့
လခကိုတိုးပြီး တောင်းလို့ရအောင်
စကားလမ်းကြောင်းပေးထားတာလို့
ဖန်လျှောက်ခင်လူမျိုးတွေရဲ့ပါးစပ်ဖြားမှာ
ရေပန်းစားနေကြပြီ ဖြစ်ပါတယ်။

သြော် . . .ပြောဖို့ကျန်သေးတယ်ဗျ
အတိုက်အခံ ဂိုဏ်ချုပ်ကြီးကတော့
တရုတ်စကားပုံလို
ဗြုတ်အိုင်း က ရိပဲ့ လျှံပဲ့
မဗေဒါ . . ရိကော်တည်း. . . ပန်း ပန်လျှက်ပဲ ။

မြန်မာဘာသာပြန်
ဗျိုင်အုပ်က တရာ နှစ်ရာ
မဗေဒါ တပင်တည်း . . ပန်း ပန်လျှက်ပဲ ။

သိုင်းဝထ္ထုဆရာ ဝေရှောက်ခါ
သုံးမရ စွယ်စုံကျမ်းမှ . .
Credit,
ခါလူကြီး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: