ငါ ချာလီ မဟုတ်ဘူး …..ငါ အဟ်မဒ် ‪#‎JesuisAhmed‬

ငါ ချာလီ မဟုတ်ဘူး …..ငါ အဟ်မဒ် ‪#‎JesuisAhmed‬
*************************************
ဇန္န၀ါရီ ၉။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Charlie Hebdo မဂ္ဂဇင်းတိုက်ကို သေနတ်သမား ၂ ဦးက အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်သတ်ဖြတ်မှုမှာ Charlie Hebdo ရုံးချုပ်က ၀န်ထမ်းတွေကို အကာအကွယ်ပေးရင်း သတ်ဖြတ်ခံရသူ မွတ်စလင်ရဲအရာရှိ အဟ်မဒ်ကို အင်တာနက်စာမျက်နှာတွေမှာ မနေ့က ဂုဏ်ပြုရေးသားခဲ့ကြပါတယ်။

ချာလီ သတင်းဌာနက မီဒီယာသမားတွေ သတ်ဖြတ်ခံခဲ့ရတဲ့အတွက် အွန်လိုင်းသုံးစွဲသူတွေက သူတို့ရဲ့ Twitter / Facebook စာမျက်နှာတွေမှာ I am Charlie လို့ အဓိပ္ပာယ်ရတဲ့ ‪#‎JesuisCharlie‬ ဆိုတဲ့ ပြင်သစ်စာသားတွေနဲ့အတူ စာနာမှုကို ပြသခဲ့ကြပါတယ်။

အလားတူ အဲဒီတိုက်ခိုက်မှုအတွင်း ပထမဆုံး သွေးမြေကျခဲ့သူ မွတ်စလင်ရဲအရာရှိကိုလည်း အွန်လိုင်းသုံးစွဲသူတွေက ငါချာလီမဟုတ်ဘူး၊ ငါ အဟ်မဒ် လို့အဓိပ္ပာယ်ရတဲ့ I am not Charlie, I am Ahamed #JesuisAhmed ဆိုတဲ့ စာသားတွေနဲ့ စာနာမှုကို ပြသခဲ့ကြပါတယ်။

“ငါ ချာလီမဟုတ်ဘူး၊ ငါဟာ သေဆုံးသွားတဲ့ ရဲအရာရှိ အဟ်မဒ်ဖြစ်တယ်၊ ချာလီက ငါ့ကို လေးစားသမှုမရှိဘူး၊ ငါ့ဘာသာတရား၊ ငါ့ယဉ်ကျေးမှုကို စော်ကားတယ်၊ ဒါပေမယ့် ငါကတော့ သူ့ရဲ့ ကိုယ်ပိုင်ရပ်တည်ချက်အတိုင်း လုပ်ပိုင်ခွင့်ရဖို့အတွက် အသက်ပေး ကာကွယ်ခဲ့တယ်” လို့ Dyab Abou Jahjah က သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

နောက်တစ်ဦးကလည်း “ငါဟာ အဟ်မဒ် #JeSuisAhmed မော်ရိုကို မွတ်စလင်ရဲအရာရှိ ‪#‎Maroc‬ cop ပါ ‪#‎Charlie‬ Hebdo ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို အသက်ပေးကာကွယ်ခဲ့သူပါပဲ” လို့ Twitter စာမျက်နှာမှာ ရေးသားပါတယ်။

အကြမ်းဖက်သတ်ဖြတ်သူ သေနတ်သမားတွေက တမန်တော်မုဟမ္မဒ်ကို လှောင်ပြောင်စော်ကား ကာတွန်းရေးဆွဲသူများကို လက်စားချေခြင်းဖြစ်တယ်လို့ ကြွေးကြော်ပေမယ့် သူတို့ ပထမဆုံး သတ်ဖြတ်လိုက်တဲ့သူကတော့ မွတ်စလင်ရဲအရာရှိ ဖြစ်နေပါတယ်။

တမန်တော်ကို စော်ကားသည့်တိုင်အောင် ဒီလိုမျိုး လက်တုံ့ပြန်ဖို့ အစ္စလာမ်က သွန်သင်ထားခြင်းမရှိဘူးလို့ ကမ္ဘာ့မွတ်စလင် ထိပ်တန်းခေါင်းဆောင်တွေနဲ့ အစ္စလာမ့်အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

တမန်တော်ကို ရုပ်ပြောင်ကာတွန်းရေးဆွဲမှု၊ အစ္စလာမ်နှင့် ရှရီအာဥပဒေကို စော်ကားရေးသားမှုတွေအတွက် ၂၀၁၂ ခုနှစ်ကတည်းက Charlie Hebdo မီဒီယာကို ပြည်တွင်း ပြင်သစ်မွတ်စလင်အဖွဲ့အစည်း ၂ ခုက တရားစွဲဆိုခဲ့ပါတယ်။

Source : Onislam
ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: