“အစ္စရေးဝန်ကြီးချုပ် မစ္စတာ နာတန်ယာဟု ကိုယ်တိုင် မာလီနွယ်ဘွား အစ္စလာမ်ဘာသာဝင် အသက် ၂၄ အရွယ် လက်စ်စနာ ဘာသီလီ ကိုကျေးဇူးတင်ကြောင်း” ထုတ်ဖော်ပြောဆို

“အစ္စရေးဝန်ကြီးချုပ် မစ္စတာ နာတန်ယာဟု ကိုယ်တိုင် မာလီနွယ်ဘွား အစ္စလာမ်ဘာသာဝင် အသက် ၂၄ အရွယ် လက်စ်စနာ ဘာသီလီ ကိုကျေးဇူးတင်ကြောင်း” ထုတ်ဖော်ပြောဆို…သတင်း-M-Media & BBC Burmese
“အစ္စရေးဝန်ကြီးချုပ် မစ္စတာ နာတန်ယာဟု ကိုယ်တိုင် မာလီနွယ်ဘွား အစ္စလာမ်ဘာသာဝင် အသက် ၂၄ အရွယ် လက်စ်စနာ ဘာသီလီ ကိုကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး အစ္စရေးအနေနဲ့အစွန်းရောက်မှုအပေါ်မှာသာဆန့်ကျင်တာဖြစ်ပြီး အစ္စလာမ်ဘာသာတရားအပေါ်ဆန့်ကျင်မှု မရှိကြောင်းပြောဆို”

လွတ်လပ်စွာရေးသားခွင့်ဟူသော အခွင့်အရေးကို တလွဲအသုံးချကာအစ္စလာမ်ဘာသာဝင်များချစ်မြတ်နိုးသော တမန်တော်မိုဟာမတ်အား လှောင်ပြောင် စော်ကားရေးသားခဲ့သော ပြင်သစ်သတင်းစာတစ်စောင်ဖြစ်တဲ့ Charlie Hebdo ရဲ့ ပဲရစ်က ရုံးခန်းကို သေနတ်သမားတွေက ၀င်ရောက်ပစ်ခတ်ခဲ့ပြီးတဲ့နောက်မှာ ပဲရစ်က Porte de Vincennes ဒေသ ဂျူး ရပ်ကွက်မှာရှိတဲ့ Hyper Cacher စူပါမားကတ်ကို သေနတ်သမားတစ်ယောက်က ၀င်ရောက်စီးနင်းခဲ့ပါတယ်။
အဲဒီ ဂျုး စူပါမားကတ်က ၀န်ထမ်းတစ်ဦးဖြစ်တဲ့ မွတ်စလင်လူငယ် ဘာသီလီဟာ သေနတ်သမား စူပါမားကတ်ထဲ ၀င်လာတဲ့အခါမှာတော့ သူရဲ့ ဆက်ရှင်မှာရှိတဲ့ ဈေးဝယ်သူ အယောက် ၂၀ လောက်ကို အအေးခန်းထဲခေါ်ပြီး ဖွက်ထားခဲ့ပါတယ်။

`သူတို့ပြေးဝင်လာတဲ့အခါမှာ ကျွန်တော်ဟာ အအေးခန်းတံခါးကို ဖွင့်ပေးခဲ့ပါတယ်။ လူတော်တော်များများက ကျွန်တော့်ဆီ ပြေးဝင်လာကြတာပါ။ ကျွန်တော် မီးပိတ်လိုက်တယ်။ အအေးခန်းခလုတ်ကိုလည်း ပိတ်လိုက်ပါတယ်။ ပြီးတော့ အအေးလျှော့ လိုက်တယ်။ လူတွေကို အထဲထည့်လိုက်တယ်။ တံခါးကိုပိတ်လိုက်ပြီး သူတို့ကိုလည်း တည်တည်ငြိမ်ငြိမ်နေပါလို့
ကျွန်တော် ပြောခဲ့ပါတယ်´ လို့ သူ့ရဲ့ ကယ်တင်မှုအကြောင်းနဲ့ ပတ်သက်ပြီး ဘာသီလီက ပြောကြားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဘာသီလီဟာ ကုန်ပစ္စည်တွေပို့တဲ့ ဓာတ်လှေကားကနေ အပြင်ကိုထွက်ခဲ့ပြီး အထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ရဲတပ်ဖွဲ့ကို အလျင်အမြန်ပဲ သတင်းသွားပို့ခဲ့ပါတယ်။

ဘာသီလီရဲ့ ကယ်တင်မှုကြောင့် ဈေးဝယ်သူတွေဟာ အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ပြီး အခြေအနေတွေအားလုံး တည်ငြိမ်သွားတဲ့အခါမှာတော့ သူတို့တွေက ဘာသီလီကို ကျေးဇူးတင်ကြောင်း လာရောက် ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့
မွတ်စလင်သူရဲကောင်း ဘာသာလီရဲ့ ဓာတ်ပုံဟာလည်း ဆိုရှယ်မီဒီယာတွေမှာ တစ်မဟုတ်ချင်း ပြန့်နှံ့သွားခဲ့ပါတယ်။ဒါ့အပြင် အစ္စရေးဝန်ကြီးချုပ် မစ္စတာ နာတန်ယာဟုက ဂျုးကုန်တိုက်အကြမ်းဖက်မှုမှာ ဓားစာခံအမြောက်အမြားကိုကယ်တင်ခဲ့တဲ့ ၀န်ထမ်းတစ်ဦးဖြစ်တဲ့ မွတ်စလင်လူငယ် လက်စ်စနာဘာသီလီ ကိုကျေးဇူးစကားဆိုခဲ့ပြီး အစ္စရေးအနေနဲ့အစွန်းရောက်မှုအပေါ်မှာသာဆန့်ကျင်တာဖြစ်ပြီး အစ္စလာမ်ဘာသာတရားအပေါ်ဆန့်ကျင်မှုမရှိကြောင်းပြောဆိုခဲ့ပါတယ်။
သတင်း-M-Media & BBC Burmese

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: