မဘသတွေ ကျူးလွန်တဲ့ ဗုဒ္ဓဘာသာသာသနာကို စော်ကားမှူကြီး

ဘာသာ သာသာနာကို စော်ကားသော ပုဒ်မချင်းအတူတူ

NLD ဦးထင်လင်းဦးသည် အာမခံ မရပဲ အချုပ်ကျနေရပြီး

မဘသ ဦးမျိုးသန့်သည် ပြင်ပတွင် လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ရရှိနေခြင်းသည်

အဘယ်ကြောင့်နည်း?

====================================
မဘသတွေ ကျူးလွန်တဲ့ ဗုဒ္ဓဘာသာသာသနာကို စော်ကားမှူကြီး
====================================

နေ့ရက်က – ၂၀၁၄ ဧပြီလ ၃၀
နေရာက – မကွေးတိုင်း ပွင့်ဖြူမြို့နယ်

မြင်ကွင်းက –

အမျိုးစောင့်ဥပဒေထောက်ခံပွဲနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေးဆိုင်ရာ အသိပညာရေးဟောပြောပွဲ စာတန်းကြီး နဲ့ စေတီတော်ပုံတွေ ရိုက်နှိပ်ထားတဲ့ ဝါ စိမ်း နီ နောက်ခံ စင်မြင့်တခု၊

စင်အောက် မြေကြီးပေါ်မှာတော့ ရိုးသားအေးချမ်း မသိနားမလည်တဲ့ ဒေသခံ ပရိသတ်တချို့။

ရှေးရိုးစဉ်လာ ဘာသာရေးတရားပွဲများနဲ့ မတူတဲ့
ကွာခြားချက်ကတော့ စိုက်ထူထားတဲ့ ဗီနိုင်း ပိုစတာတွေပေါ်က ပုံတွေပဲ ဖြစ်ပါတယ်။

ပုံတွေပေါ်မှာ အစ္စလမ်ဘာသာအပေါ် စော်ကားအပုဎ်ချထားတဲ့ အင်တာနက်ပေါ်က လုပ်ကြံသတင်းများ၊ စာသားများကို ဗီနိုင်းပိုစတာတွေနဲ့ ပြပွဲတခုအလား စိုက်ထူထားပါတယ်။ NLD ကို ကုလားအားပေးပါတီ အဖြစ် ပုံဖော်ထားချက်တွေ နဲ့ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာနဲ့ NLD အငြင်းပွားပြီးတော့ ပြစ်မှုဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်ထားတာပါ။ ဒေသခံ ပြည်သူအများက ထိတ်လန့်သွေးပျက်ဖွယ်ရာ အနိဌာရုံပုံများကို အံ့ဩတကြီး ကြည့်ရှူနေပါတယ်။ တချို့ကတော့ အံကြိတ် တောက်ခေါက်ကြတယ်။

အထူးခြားဆုံး လုပ်ကြံဖန်တီးချက်တခုကို အဲဒီပုံတွေအကြားမှာ ထင်ထင်ရှားရှား ပြသထားပါတယ်။
ဦးဝီရသူနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပုံကို ဖိုတိုရှော့ခေါ် ကွန်ပြူတာဆော့ဝဲလ်ဖြင့် အတုပြုလုပ်ထားတာပါ။

အဲဒီ ပုံထဲမှာ ….

” ဘုရား၊ စုကြည်၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ရတနာ ခြောက်ပါးကို ရှိခိုးပါတယ် ဘုရား ” ဆိုပြီးတော့ ဦးဝီရသူက ရှိခိုးတဲ့ပုံ …

” တော်ပါတော့ ဆိတ်ဂွေးစိ ဘုန်းဘုန်းရယ် ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောနေပုံ …

ကို ကွန်ပြူတာ effect နဲ့ ဖန်တီးထားတာပါ။

” သံဃာတော်တွေကို အစ္စလာမ်ဘာသာဝင်တွေက တက်နင်းနေတဲ့ ပုံတွေ” ကိုလည်း

ရေးဆွဲ ချိတ်ဆွဲထားပါတယ်။

ဒီပုံဟာ ပြည်သူတွေကို shock ရသွားစေတာပဲ။ အနန္တောအနန္တ ငါးပါးကို စော်ကားတဲ့ စာသားတွေဟာ မြန်မာတို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို လွန်လွန်ကျူးကျူး စော်ကားမှုဖြစ်နေတယ်။ တဖက်ကလည်း ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပုဎ်ချထားတယ်။ ပြင်းထန်တဲ့ လုပ်ကြံ စော်ကားမှုကြောင့် တရားပွဲလာ ပြည်သူ နဲ့ သံဃာတော်တွေ ဒေါသထွက်ကြရတယ်။ ဒီသတင်းဟာ ပွင့်ဖြူမြို့နယ်တခုလုံး ချက်ချင်း ပျံ့နှံ့သွားတယ်။ အုတ်အော်သောင်းနင်းဖြစ်သွားတယ်။

ပွင့်ဖြူ မြို့နယ် NLD က သိတော့ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ အခွင့်တောင်း ဓာတ်ပုံမှတ်တမ်းတင်ပြီး စုစုပေါင်း သက်သေခံ ဓာတ်ပုံ ၅၃ ပုံ မြို့နယ်ရဲကို အပ်နှံကြပါတယ်။

ခေါင်းစဉ်တပ်တော့ မျိုးစောင့်ဥပဒေပေါ်ထွက်ရေး ဆိုပြီးတော့ လုပ်သွားတာက NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်သိက္ခာကျဆင်းအောင်၊ ငြိမ်ဝပ်ရေးပျက်ပြားအောင်၊ NLD နဲ့ ပြည်သူအကြား အငြင်းပွားပြီးတော့ ပြစ်မှုဖြစ်ပွားအောင်၊ ဘာသာတခုနဲ့ တခု ပဋိပက္ခဖြစ်ပွါးအောင်၊ ယုံကြည်ကိုးကွယ်ရာ ဘာသာ ၂ ခုစလုံးကို စော်ကားသွားတာဖြစ်ပါတယ်။ ပြစ်မှုတွေက အများကြီးပါ။ နိုင်ငံတော် ငြိမ်ဝပ်ရေးကို ထိခိုက်သည့် ပြစ်မှု ပုဒ်မ ၅၀၅ နဲ့လည်း အကျုံးဝင်ပါတယ်။

မကွေးတိုင်း NLD က ” ပါတီဥက္ကဋ္ဌ သိက္ခာကျဆင်းစေမှု ” နဲ့ တရားစွဲပေမယ့်လည်း တရားရုံးက အခြားအမှုတခုနဲ့ လက်ခံလိုက်ပါတယ်။

တရားရုံးတာဝန်ပေးချက်အရ ပြုလုပ်တဲ့ ရဲစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဂုဏ်သိက္ခာ ကျဆင်းစေတယ်ဆိုတာ ပေါ်လွင်ကြောင်း သုံးသပ်ပါတယ်။ ( ပုံမှာ ပြထားပါတယ်)

ဒါပေမယ့် ပွင့်ဖြူမြို့နယ် တရားရုံးက ရဲအစီရင်ခံစာအတိုင်း မဟုတ်ပဲ ” “မိမိကိုးကွယ်နေတဲ့ ဘာသာကို ဆက်မကိုးကွယ်ချင်အောင် ဆောင်ရွက်တဲ့ ပြုမူပြောဆိုချက်ကို အရေးယူတဲ့ပုဒ်မ – ပုဒ်မ ၂၉၈ ” နဲ့ အမှုဖွင့် လက်ခံပါတယ်။ ဘာရည်ရွယ်ချက်လဲတော့ မသိပါဘူး။ (တရားရုံးက ပုဒ်မ ၂၉၈နဲ့ ဆင့်ခေါ်တဲ့ အမိန်စာ ပုံမှာ ကြည့်ပါ ..ပုံအားလုံး ၅ ပုံတင်ထားပါတယ်)

မကွေးတိုင်း NLD က ငဲ့ညှာသောအားဖြင့် ဘာသာရေးပုဒ်မ ၊ ငြိမ်ဝပ်ပုဒ်မတွေနဲ့ တရား မစွဲခဲ့ပေမယ့် … တရားရုံးက ဘာသာရေးပုဒ်မ ပုဒ်မ ၂၉၈ နဲ့ အမှုဖွင့်လိုက်တာပါ။

NLD တိုင်းအတွင်းရေးမှူး ဦးနေမျိုးကျော်က ” လူထုအကြား ထင်ယောင်ထင်မှားဖြစ်နေတဲ့ NLD နဲ့ မဘသ၊ မျိုးစောင့်ဥပဒေအကြားရှိနေတဲ့ အကြိတ်အခဲပေါ်မှာ အမြင်မကြည်လင်မှုနဲ့ ပြန်လည် တရားစွဲဆိုခြင်း မလုပ်ပဲ တခြားအမှုနဲ့သာ ဆောင်ရွက်တာပါလို့ ပြောပါတယ်။

NLDက ရှောင်လွဲပေမယ့်လဲ တရားရုံးက ဘာသာရေးပုဒ်မ ပုဒ်မ ၂၉၈ အမှုဖွင့်လိုက်တော့ ဘာမှ မတတ်နိုင်ပါဘူး။
—————————————————————–
ရာဇသတ်ကြီး ပုဒ်မ ၂၉၈။ ။ တဦးတယောက်သောသူ၏ ဘာသာရေးစိတ်ကို နာစေရန် တမင်ကြံ၍ ၊ မည်သူမဆို၊ ထိုသူကြားလောက်သောနေရာ၌ စကားပြောဆိုလျှင်၊သို့ တည်းမဟုတ် အသံတခုခုကို ပြုလျှင်၊ သို့ တည်းမဟုတ် ထိုသူမြင်လောက်သောနေရာ၌ ကိုယ်အမူအရာတခုခုကိုပြုလျှင်၊ သို့ တည်းမဟုတ် အရာဝတ္ထုတခုခုကိုထားလျှင်၊ ထိုသူကို တနှစ်ထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
—————————————————————–
25.7.2014 နေ့ ပွင့်ဖြူတရားရုံးမှာ စတင်စစ်ဆေးပါတယ်။

အမှုအကြောင်းရေးပြီးတော့ အမှုထဲ ပါဝင်သူတွေ၊ အားပေးသူတွေအကြောင်း ပြောချင်ပါတယ်။

၂ ဖက်သော ဘာသာ သာသနာကို စော်ကားပြီး ဟောပြောပွဲမှာ ပါဝင်ဟောပြောသူတွေကတော့
ဦးဣန္ဒာစက္ကာဘိဝံသ၊ ဦးသုစိတ္တ၊ ဦးနေမျိုးဝေ၊ ကိုသီရိမောင်၊ ကိုနောင်နောင် တို့ ဖြစ်ပါတယ်။

တာဝန်ယူစီစဉ်ခဲ့သည့် တာဝန်ခံသူက ဦးမျိုးသန့် ဖြစ်ပါတယ် ။

ပွင့်ဖြူတရားရုံးက သူ့ကိုပဲ ဘာသာရေးပုဒ်မ ပုဒ်မ ၂၉၈ အမှုဖွင့်တာပါ။

” ဘုရား၊ စုကြည်၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ရတနာ ခြောက်ပါးကို ရှိခိုးပါတယ် ဘုရား ” ဆိုပြီးတော့ ဦးဝီရသူက ရှိခိုးတဲ့ပုံ ၊ သံဃာတော်တွေကို အစ္စလာမ်ဘာသာဝင်တွေက တက်နင်းနေတဲ့ ပုံ” တွေကို လုပ်ကြံဖန်တီးပြီး ဘာသာရေးစိတ်ကို နာစေရန် တမင်ကြံစည်တဲ့အတွက် ဘာသာသနာကို စော်ကားတဲ့ ပုဒ်မ ၂၉၈ ပြစ်မှုပါ။

ဦးမျိုးသန့်ဟာ အသက် (၄၃)နှစ်ရှိပြီး၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မဝိနယရံသီကျောင်းမှာ ပထမလတ်တန်းအထိ ပညာဆည်းပူးခဲ့သော ရဟန်းလူထွက်တစ်ယောက်ဖြစ်ကြောင်း၊ အမျိုးဘာသာ သာသနာအတွက် အသက်ပေးပြီး စတေးဝံ့သော မျိုးချစ်ပုဂ္ဂိုလ်ကြီးဖြစ်ကြောင်း ဦးဝီရသူက သူ့ရဲ့ ဝက်ဆိုဒ်မှာ ချီးမွမ်းထားပါတယ်။

======================================

မှီငြမ်းကိုးကားချက်
———————
(၁) မဘသ ဟောပြောပွဲ စီစဉ်သူ ပွင့်ဖြူမြို့နယ် NLD တရားစွဲ ခေါင်းစဉ်ဖြင့် RFA ( 2014-09-29 ) သတင်းမှာ ဒီလို ဖော်ပြထားပါတယ်

” ……… ဧပြီလ ၃၀ရက်နေ့က ပွင့်ဖြူမြို့နယ် ပြည်လုံးချမ်းသာ ဘုရားဝင်းအတွင်းမှာ ကျင်းပခဲ့တဲ့ အမျိုး၊ ဘာသာ သာသနာစောင့်ရှောက်ရေး ဟောပြောပွဲမှာ မန္တလေးမစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့နေတဲ့ ဗီနိုင်းပုံနဲ့ သံဃာတော်တွေကို အစ္စလာမ်ဘာသာဝင်တွေက တက်နင်းနေတဲ့ ဗီနိုင်းပုံတွေကို ချိတ်ဆွဲခဲ့တာဖြစ် တယ်လို့ ဦးတင်အောင်ထွန်းက ဆိုပါတယ်။ …… ”
http://www.rfa.org/burmese/…/nld-sue-969-09292014121248.html

(၂) အန်အယ်လ်ဒီက မဘသကို တရားစွဲမှု စစစ်တော့မည် ခေါင်းစဉ်ဖြင့် DVB ( 2014-08-22 ) သတင်းမှာ ဒီလို ဖော်ပြထားပါတယ်

“ …….. ဦးဝီရသူက သူက ဘာပြောလဲဆိုတော့ ဘုရား၊ စုကြည်၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ရတနာ ခြောက်ပါးကို ရှိခိုးပါတယ် ဘုရားဆိုပြီးတော့ ရှိခိုးတဲ့ပုံ။ ဒီဘက်က ဘွားတော် ဒေါ်စုရဲ့ပုံကို ဘာလုပ်သလဲဆိုတော့ တော်ပါတော့ ဆိတ်ဂွေးစိဘုန်းဘုန်းရယ်ဆိုပြီးတော့။ အဲဒီဗီနိုင်းပိုစတာမျိုးက ကျနော်တို့ ဥက္ကဋ္ဌနဲ့ အန်အယ်လ်ဒီကို ဂုဏ်သိကာကျဆင်းအောင်လုပ်တာ။ …… ”
http://burmese.dvb.no/archives/63115

(၃) ရဲစခန်း ဆင့်ခေါ်စာ၊ တရားရုံး သမ္မာန်စာ၊ ဦးမျိုးသန့်၏ လျှောက်ထားစာ နှင့် ဓာတ်ပုံများကို “မျိုးချစ်ပုဂ္ဂိုလ်ကြီး အမှု ထပ်မံရုံးချိန်း” ခေါင်းစဉ်ဖြင့် ဦးဝီရသူ ( 2014-07-27 ) သတင်းဝက်ဆိုဒ်
http://www.virathu.com/2014/07/blog-post_76.html ဆီက ယုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: