အစ္စလာမ်သာသနာကို အမျိုးစုံသော ပုံသဏ္ဍာန်တွေနဲ့ စော်ကားနေတဲ့အနောက်နိုင်ငံသားတွေနဲ့ မီဒီယာတွေကို ထိန်းချုပ်နိုင်ဖို့အတွက်…

အနောက်တိုင်း(ဂျူး)မီဒီယာတွေက Freedom of Speech ကို အသုံးပြုပြီး အစ္စလာမ်သာသနာအပေါ် စော်ကားမော်ကားပြုနေခြင်းကို အစ္စလာမ်ဘာသာကို သက်ဝင် ယုံကြည်သူ အားလုံးက မခံနိုင်မရပ်နိုင် ဖြစ်နေ ကြပါတယ်။

ဒီကိစ္စကို တုန့်ပြန်ကြတဲ့နေရာမှာ အကြမ်းဖက်တိုက်ခိုက် ခြင်း ဒေါသဖြင့်လက်တုန့်ပြန်ခြင်း တို့ဟာ လူအများ လက်ခံနိုင်တဲ့ ကောင်းမွန်တဲ့ ကိစ္စမဟုတ်ပါဘူး။

အစ္စလာမ်တွေအနေနဲ့ ဂျူးလူမျိုးတွေရဲ့လုပ်ပုံကိုင်ပုံ နည်း စနစ်ကို အတုယူသင့်ပါတယ်-ဂျူးတွေရွေးချယ်ခဲ့တဲ့ လမ်း ကြောင်းကို လျှောက်လှမ်းသင့်ပါတယ်။

ကြည့်လိုက်ပါ-သမိုင်းစဉ်တလျှောက်မှာ ဂျူးလူမျိုး ဂျူးဘာသာဝင်တွေဟာ အခြားဘာသာဝင်တွေရဲ့ အထူး သဖြင့် ခရစ်ယန်ဘာသာဝင်တွေရဲ့ မကောင်းမြင်ခံရခြင်း နှိပ်စက်ကလူ အပြုခံရခြင်းတွေကို ခါးသီးစွာ ခံစားခဲ့ကြရ တဲ့ သူတွေပါ။

ဒီကနေ့ အစ္စလာမ်ဘာသာဝင်တွေအပေါ်မှာ နှလုံးစိတ်ဝမ်း မငြိမ်းချမ်းအောင် လုပ်နေကြတာထက် အဆပေါင်းများစွာ ပိုမို ဆိုးဝါးလှတဲ့ပုံစံနဲ့ ဂျူးလူမျိုးတွေ အဆက်အဆံခံခဲ့ကြရတာပါ။

ဒါပေမဲ့ ဂျူးလူမျိုးတွေဟာ အကြမ်းဖက် လက်တုန့်ပြန်တာတို့ ခရစ်ယန်ချခ်ျတွေကို မီးပြန်ရှို့တာတို့ အပြစ်မဲ့ခရစ်ယန်ဘာသာဝင်တွေကို ခေါင်းဖြတ်သတ်တာတို့ လိုလုပ်ရပ်တွေ မလုပ်ခဲ့ကြပါဘူး သတ်ဖြတ်ခြင်း အကြမ်းဖက်ခြင်းတွေနဲ့ အောင်နိုင်မှုကို မရနိုင်ဘူးဆိုတာကို ဂျူးတွေ နားလည်သဘောပေါက်ခဲ့ ကြပါတယ်။

အဲ့ဒီတော့ ဂျူးတွေက ဘာလုပ်သလဲဆိုတော့

စီးပွားရေး အရင်းအမြစ်တွေကို ခိုင်မာအောင်တည် ဆောက်ပြီးတော့ ဘဏ်တွေကို တည်ထောင်ကြတယ်-
ခိုင်မာတောင့်တင်းတဲ့ ငွေကြေးအင်အားနဲ့မီဒီယာမှန်သမျှ ချုပ်ကိုင်ထားလိုက်တယ်-
အဲ့ဒီအပြင်
ကမ္ဘာ့အဆင့်အမြင့်ဆုံးပညာရပ်တွေကို သင်ကြားပေးနိုင် တဲ့ ဟားဗတ်တက္ကသိုလ် ယေးလ်တက္ကသိုလ်တို့လို တက္ကသိုလ်ကြီးတွေ ထူထောင်ထားလိုက်ကြတယ်။

အနောက်တိုင်းသားတွေကို ငွေနဲ့ ပညာရေးနဲ့သာ အနိုင်ယူနိုင်မယ်ဆိုတာကို ဂျူးတွေ ကောင်းကောင်း သဘောပေါက် နားလည်ခဲ့ကြတယ်။

အခုဆိုရင် တရုတ်တွေကလည်း ဂျူးတွေရဲ့ လမ်းစဉ် အတိုင်း ဖဝါးခြေထပ် လိုက်နေကြပြီ တရုတ်တွေ အောင်မြင်မှုကို မြည်းစမ်းနေရပြီ။

အစ္စလာမ်သာသနာကို အမျိုးစုံသော ပုံသဏ္ဍာန်တွေနဲ့ စော်ကားနေတဲ့အနောက်နိုင်ငံသားတွေနဲ့ မီဒီယာတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အစ္စလာမ်နိုင်ငံတွေအနေနဲ့ မိမိ ကိုယ် မိမိ စီးပွားရေးတွေကောင်းမွန် မြင့်မားလာအောင် လုပ်ကြရပါမယ် ချမ်းသာကြွယ်ဝလာအောင် လုပ်ကြရပါ မယ်။

နိုင်ငံအရေအတွက် လူဦးရေမှာ အစ္စလာမ်က ဂျူးထက် အများကြီး သာလွန်နေလို့ စီးပွားရေးမှာလည်း ဂျူးတွေ ထက် သာလွန်အောင် မလုပ်နိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။

ဂျူးပိုင်ဆိုင်တဲ့ ဘဏ်တွေထက် ပိုများတဲ့ ဘဏ်တွေ တည် ထောင်နိုင်ကြမှာပါ

ဂျူးတွေထက် အရေအတွက် ပိုများတဲ့ သိပ္ပံပညာရှင်တွေ မွေးထုတ်လာနိုင်ကြမှာပါ

တကယ်တမ်း အစ္စလာမ်ဘာသာဝင်တွေသာ စုစုစည်းစည်း ညီညီညွတ်ညွတ် ကြိုးစားကြမယ်ဆိုရင် ဂျူးတွေရဲ့ အစ္စရေးနိုင်ငံ မဆိုထားနဲ့ အမေရိကန်လို နိုင်ငံ ကြီးထက် သာအောင်တောင် စီးပွားရေး ပညာရေး စစ်ရေး တွေကို စွမ်းဆောင်နိုင်လာမှာပါ။

အဲ့ဒီအချိန်မှာ မွတ်စလင်တွေဟာ ကမ္ဘာ့အဆင့်မြင့် မီဒီယာတွေ စာစောင်တွေ ဂျာနယ်တွေ သတင်းစာတွေ ဖြစ်တဲ့ ဝါရှင်တန်ပို့စ် တို့လိုမျိုး သတင်းစာ ဂျာနယ်တွေမှာ မီဒီယာတွေမှာ အစ္စလာမ်ကို စော်ကားတဲ့ သတင်းတွေ ဆောင်းပါးတွေ ကာတွန်းတွေ ထည့်သွင်းခြင်းကို တားဆီး ချုပ်ကိုင်လာနိုင်မှာပါ။

ဒီလို နည်းလမ်းကသာ အေးချမ်းတည်ငြိမ် သာယာလှပ တဲ့ ကမ္ဘာကို ဖန်တည်းနိုင်မှာ ဖြစ်ပြီး သတ်ကြ ဖြတ်ကြ အကြမ်းဖက် လက်တုန့်ပြန်ကြ သေကြ ကျေကြတွေနဲ့ တော့ –

ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

Translated the part of the Datuk Zaid Ibrahim’s “Defending the faith the modern way” posting.

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: