ဖာသည်မ စကားလုံး ဖြင့်ပင်အားမရနိင်ကြောင်း မဘသ ဦးဆောင်ဆရာတော် ၀ီရသူမိန့်ကြား

ဖာသည်မ စကားလုံး ဖြင့်ပင်အားမရနိင်ကြောင်း မဘသ ဦးဆောင်ဆရာတော် ၀ီရသူမိန့်ကြား

သူ့(ရန်ဟီးလီ)ကို ပြည့်တန်ဆာထက်ရင့်သီးတဲ့ အသုံးအနှုန်းရှိရင် ဦးပဉ္စဇင်းက အဲ့ဒီ့စကားလုံးထက်တောင်မှ သုံးနှုန်းလိုက်ချင်သေးတယ်။

ဟိန်းအောင် ဇန်န၀ါရီ ၂၁၊ ၂၀၁၅

ကုလလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စစ်ရန်ဟီးလီအား “ဖာသည်မ” ဟူသောစကားလုံးဖြင့်သာသုံးနှုန်းလိုက်ရခြင်းကို မိမိအနေဖြင့် အားမလိုအားမရဖြစ်မိကြောင်းနှင့် အဆိုပါစကားလုံးထက်ပင်ပိုမိုပြင်းထန်သည့်အသုံးအနှုန်းမျိုး သုံးနှုန်းလိုကြောင်း ဆရာတော်ဦးဝီရသူက 7 Day Daily သတင်းစာ သို့မိန့်ကြားလိုက်သည်။

“သူ့(ရန်ဟီးလီ)ကို ပြည့်တန်ဆာထက်ရင့်သီးတဲ့ အသုံးအနှုန်းရှိရင် ဦးပဉ္စဇင်းက အဲ့ဒီ့စကားလုံးထက်တောင်မှ သုံးနှုန်းလိုက်ချင်သေးတယ်။ဦးပဉ္စဇင်းက အမျိုးဘာသာသာသနာအတွက်လုပ်နေတာ။အဲဒီအတွက် အစွန်းရောက်တယ်လို့ပြောလည်းသီးခံနိင်တယ်။အကြမ်းဖက်သမားလို့ပြောလည်းလက်ခံတယ်။သူ(ရန်ဟီးလီ)ကျူးလွန်တာနဲ့စာရင် ဦးပဉ္စဇင်းက ပြည့်တန်ဆာလို့သုံးနှုန်းတာတောင် အားမရဘူး”ဟု ဓမ္မာစရိယ ဆရာတော်တစ်ပါးဖြစ်သည့် ဦးဝီရသူက မိန့်ကြားကြောင်း ဇန်န၀ါရီ ၂၁ ရက်နေ့ထုတ် 7 Day Daily သတင်းစာ No 630 တွင် ဖေါ်ပြထားသည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စစ်ရန်ဟီးလီ နှင့် ကုလသမဂ္ဂတို့၏ တိုက်တွန်းပြောကြားချက်များအား အင်အား ၅၀၀ ခန့်ဖြင့်ဆန့်ကျင်သည့်ပွဲတွင် မန္တလေးမစိုးရိမ်တိုက်သစ်မှ ဓမ္မစရိယ ဆရာတော် ဦးဝီရသူက မစ္စရန်ဟီးလီအား ဖာသည်မ ဟူသောအသုံးအနှုန်းအပြင် အခြားရင့်သီးသည့်အသုံးအနှုန်းများဖြင့် ပြောဆိုဝေဖန်ခဲ့ခြင်းဖြစ်သည်။

“….ကုလသမဂ္ဂထိုင်ခုံပေါ်ရောက်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် လူကြီးလူကောင်းလို့ အောက်မေ့မနေနဲ့။ခင်ဗျားဟာ ကျုပ်တို့နိင်ငံအတွက်တော့ ဖာသည်မပဲဗျ၊ခင်ဗျားစိတ်ပါလို့ ချင်ဗျားကုလားကိုဖင်ပေးပါ….”ဟူသောရုန့်ရင်းကြမ်းတမ်းသည့်စကားလုံးများဖြင့် ဆရာတော်ဦးဝီရသူက ပြောဆိုကြိမ်းမောင်းခဲ့ခြင်းဖြစ်သည်။

တရားမ၀င် ဗုဒ္ဓဘာသာဂိုဏ်းအဖြစ် သတ်မှတ်ခံထားရသည့် ၉ ၆၉ ဂိုဏ်းနှင့် မဘသ အဖွဲ့တွင် ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် ဦးဝီရသူသည် ယခုလ ၁၉ ရက်နေ့ကကျင်းပသည့်ရေနံချောင်းတရားပွဲအပြီးတွင်လည်း ဒေသခံများက မကောင်းဆိုးဝါးနှင်သည့်ဓလေ့အတိုင်း သံပုံးတီးတောထုတ်ဆန့်ကျင်မှုကိုကြုံခဲ့ရသူဖြစ်သည်။

Myanmar Muslim Media

ကိုးကား 7 Day Daily No. 630(Wednesday ,January 21. 2015) Page B7

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: