အစိုးရမူဝါဒက ဒုက္ခသည်များကို ထပ်ပြီးဖိနှိပ်နေတယ်လို့ ဝေဖန်

အစိုးရမူဝါဒက ဒုက္ခသည်များကို ထပ်ပြီးဖိနှိပ်နေတယ်လို့ ဝေဖန်

လက်ရှိကျင့်သုံးနေတဲ့ အစိုးရမူဝါဒတွေက လူတွေကို အမှန်တကယ် ဖိနှိပ်ထား ကြောင်းလည်း ပြောကြားပါတယ်။

ဒီအခြေနေဟာ ဗုဒ္ဓဘာသာရခိုင်တွေနဲ့ မွတ်စလင်ရိုဟင်ဂျာတွေ နှစ်ဖက်စလုံးကို ထိခိုက်နစ်နာစေတာတွေ့ရတယ် လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်က မွတ်စလင်လူနည်းစုတွေအပေါ် အစိုးရ ကချမှတ်ထားတဲ့ မူဝါဒတွေဟာ လူမျိုးရေး ဘာသာရေးကြောင့် ဒုက္ခရောက်နေသူတွေကို ထပ်ပြီး ဖိနှိပ်ကန့်သတ်နေတယ်လို့ အမေရိကန်အစိုးရ ဒုက္ခသည်များဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Anne Richard က ဝေဖန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်ခရီးအပြီး အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက အခုလိုပြော ကြားလိုက်တာဖြစ်ပြီး လက်ရှိအခြေနေဟာ အလွန်တရာ ဖိနှိပ်ကန့်သတ် ထားရာရောက်နေကြောင်း၊ လူမှုအသိုင်း အဝိုင်း ၂ ဖက်စလုံး အဆက်အဆံလုပ်နေတဲ့နေရာ ဆိုလို့ တစ်ပြည်နယ်လုံးမှာ ဈေးတစ်ခုသာရှိကြောင်း၊ ကျန်နေရာ တိုင်းမှာ ဘာသာရေး စည်းခြားပြီး ဆက်ဆံနေထိုင်ကြ တာတွေ့ရကြောင်းလည်း Ms. Richard က ပြောသွားပါတယ်။

အရောင်းအဝယ်လုပ်ကြတဲ့ ဈေးမှာဘာသာလူမျိုးမခွဲခြားဘဲ ဆက်ဆံကြတာမျိုးကို မိမိတို့တွေ့မြင်လိုတာဖြစ်ပေမဲ့ အခု လက်တွေ့ဆောင်ရွက်ဖို့ မဖြစ်နိုင်ကြောင်း၊ လက်ရှိကျင့်သုံးနေတဲ့ အစိုးရမူဝါဒတွေက လူတွေကို အမှန်တကယ် ဖိနှိပ်ထား ကြောင်းလည်း ပြောကြားပါတယ်။ ဒီအခြေနေဟာ ဗုဒ္ဓဘာသာရခိုင်တွေနဲ့ မွတ်စလင်ရိုဟင်ဂျာတွေ နှစ်ဖက်စလုံးကို ထိခိုက်နစ်နာစေတာတွေ့ရတယ် လို့လည်း ဆိုပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် ဒေသခံအာဏာတွေဖြေရှင်းလို့မရဘဲ နေပြည်တော်က ပြည်ထောင်စု ဗဟိုအစိုးရ ကိုယ်တိုင် ဝင်ရောက်ဆောင်ရွက်မှ ဖြစ်နိုင်တယ် လို့လည်း အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြော ပါတယ်။

Ms. Richard ဟာ ပြီးခဲ့တဲ့ စနေနေ့က ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောမြို့နယ် တွေကို သွားရောက်ခဲ့တာဖြစ်ပြီး ခရီးစဉ်အပြီးမှာ တွေ့ရှိချက်တွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်လွှတ်တော်ကို တင်ပြမယ်လို့သိရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: