ပေါင်းစည်းခြင်း(Integration) ၏ ရလာဒ်

ပေါင်းစည်းခြင်း(Integration) ၏ ရလာဒ်။
<><><><><><><><><><><><><><>

အမေရိကန်ပြည်ထောင်စု၊ Durham, North Carolina ပြည်နယ်က Duke University ဟာ Methodist Christian အလှူရှင်များရဲ့ အထောက်အပံ့ကို အားပြုပြီး ရပ်တည်နေတဲ့ နှစ်ပေါင်းရာချီ သက်တမ်းရင့် အဆင့်အတန်းမြင့်တက္ကသိုလ်(Research University) တစ်ခုဖြစ်ပါတယ်။

ကျောင်းသားပေါင်း ၁၅၀၀၀ ခန့်ရှိပြီး မွတ်စ်လင်မ်ကျောင်းသား ၇၀၀ ခန့်ရှိပါတယ်။ တက္ကသိုလ်ဝင်းကြီးထဲမှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း(Chapel) တစ်ခုဟာ ခေါင်းလောင်းမျှော်စင်ကြီးနဲ့ ခန့်ထည်စွာ တည်ရှိနေပါတယ်။ ဒီတက္ကသိုလ်ကြီးရဲ့ ထူးခြားချက်က မွတ်စ်လင်မ်ကျောင်းသားများအတွက် Chapel ခေါင်းလောင်းမျှော်စင်ပေါ်ကနေ နေ့စဉ် ဝတ်ပြုဖိတ်ခေါ်သံ (Aadhan) ငါးကြိမ်နှိုးဆော်ပြီး Chapel ထဲမှာ မွတ်စ်လင်မ်ကျောင်းသားများကို စွလာသ်ဝတ်ပြုတည်ဆောက်ခွင့်ပြုခြင်းပါပဲ။

ဒီလိုနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဖြစ်ပွါးခဲ့တဲ့ ပဲရစ် Charlie Hebdo တိုက်ခိုက်ခံရမှုဖြစ်ပွါးတာကို အကြောင်းပြုပြီး တက္ကသိုလ်အဓိက အလှူရှင်တစ်ဦးရဲ့ ကန့်ကွက်မှုကြောင့် Chapel အတွင်း ဝတ်ပြုဖိတ်ခေါ်သံနှင့် ဝတ်ပြုခွင့်ကို တက္ကသိုလ်အာဏာပိုင်များက ပိတ်ပင်လိုက်ပါတယ်။ ဒါ့ကြောင့် မွတ်စ်လင်မ် ကျောင်းသားများက တက္ကသိုလ်ပရဝုဏ်အတွင်းက မြက်ခင်းပြင်ပေါ်မှာပဲ စုပေါင်းဝတ်ပြုကြတာရယ်၊ ပတ်ဝန်းကျင် ပြည်သူတွေကလည်း နေ့စဉ်ကြားနေကြ ဝတ်ပြုဖိတ်ခေါ်သံကို မကြားရတာရယ်ကြောင့် အကြောင်းရင်းကို စုံစမ်းကြည့်တော့ တက္ကသိုလ် အာဏာပိုင်တွေက ပိတ်ပင်မှုကြောင့်ဆိုတာကို သိလာကြတယ်။

နောက်တစ်နေ့ (၁၅-၁-၂၀၁၅)မှာပဲ ခရစ်ယာန်ကျောင်းသားထောင်ကျော်ဟာ မွတ်စ်လင်မ်တွေကို ဝတ်ပြုဖိတ်ခေါ်သံအပါအဝင် ဝတ်ပြုခွင့်ကို Duke Chapel အတွင်း ပြန်လည်ခွင့်ပြုပေးဖို့ တက္ကသိုလ်ပရဝုဏ်အတွင်း စီတန်းလှည့်လည်ပြီး တောင်းဆိုကြတယ်။ တောင်းဆိုပွဲကို တက္ကသိုလ်ဝန်ထမ်းတွေနဲ့ အနီးအနားက ပြည်သူတွေပါ ပူးပေါင်းပြီး ” Stand By Me ” ဆိုတဲ့ သီချင်းကို သံပြိုင်ဆိုကြတယ်။ ရလာဒ်အနေနဲ့ တက္ကသိုလ်အာဏာပိုင်တွေဟာ နောက်တစ်နေ့ သောကြ်ာ(Jummah Salat) ကစပြီး Duke Chapel မှာ ပြန်လည် ခွင့်ပြုလိုက်တာမို့ Jummah Aadhan ပေးတဲ့ အခန်းအနားကို ကျောင်းသားတွေ ထောင်ချီပြီး တက်ရောက်ကြတယ်။ Jummah Aadhan ကို ကျောင်းသားတစ်ယောက်က အာရဗီလိုပေးပြီး ကျောင်းသူတစ်ယောက်က အင်္ဂလိပ်ဘာသာနဲ့ တစ်ပိုဒ်ချင်း ဘာသာပြန်ပေးတယ်။ အဲဒီပွဲမှာ ဒုတိယနှစ် ကျောင်းသားတစ်ဦးဖြစ်တဲ့ Richard Phillips ကို သတင်းထောက်တွေက အောက်ပါအတိုင်း မေးကြတယ်။

သတင်းထောက် …… ခင်ဗျားက ခရစ်ယာန်တစ်ယောက် ဖြစ်ပါလျက် မွတ်စ်လင်မ်တွေရဲ့ အခွင့်အရေးအတွက် ဘာ့ကြောင့် တိုက်ပွဲဝင်ပေးရပါသလဲ။

Richard Phillips ….. ဦးနှောက်မရှိတဲ့ လူတစ်စုရဲ့ ရူးနှမ်းတဲ့ ပဲရစ်ကလုပ်ရပ်ကြောင့် ကျန်တဲ့ ဘာသာဝင်တွေကို အပြစ်တင်၊ ပိတ်ပင်တဲ့ လုပ်ရပ်ကို ကျွန်တော်တို့ လက်မခံပါဘူး။ ကျွန်တော်တို့ရဲ့ ဘုရားကျောင်း(Duke Chapel) ကိုသန့်ရှင်းရေး လုပ်တဲ့အချိန်၊ အလှူငွေကောက်ခံတဲ့ အချိန်မှာ မွတ်စ်လင်မ်ညီနောင်တွေဟာ ကျွန်တော်တို့နဲ့အတူ ပါဝင်ခဲ့တာမို့ သူတို့အရေးဟာ ကျွန်တော်တို့ရဲ့ အရေးပါပဲ။

ဒီအဖြစ်အပျက်ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံက မွတ်စ်လင်မ်တွေကို အလွန်ကောင်းမွန်တဲ့ Message တစ်ခု ပေးလိုက်တယ်လို့ မြင်မိပါတယ်။ အဲတာကတော့ ပေါင်းစည်းခြင်း(Integration) ပါပဲ။

Kyaw Win
17th January, 2015

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: