Charlie မဂ္ဂဇင်း တိုက်ခိုက်မှု အနောက်ကမ္ဘာမှ ထောက်လမ်းရေး လက်ချက်ဟု ပြင်သစ် Front National (FN) ပါတီ တည်ထောင်သူပြော

Charlie မဂ္ဂဇင်း တိုက်ခိုက်မှု အနောက်ကမ္ဘာမှ ထောက်လမ်းရေး လက်ချက်ဟု ပြင်သစ် Front National (FN) ပါတီ တည်ထောင်သူပြော

Paris attacks: Jean-Marie Le Pen says French terror attacks were work of Western intelligence
============================
ဇန်နဝါရီ ၂၀ ၊ ၂၀၁၅
M-Media
– ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Charlie Hebdo မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံ ရမှုဟာ ထောက်လှမ်းရေး အေဂျင်စီ တစ်ခုရဲ့ ဆောင်ရွက် ချက်ဖြစ်ပြီး၊ ပြင်သစ် အာဏာပိုင်တွေက မသိကျိုးကျွန်ပြုနေတာလို့ ပြင်သစ် လက်ယာစွန်းရောက်ပါတီ Front National (FN) ကို တည်ထောင်သူ ဂျင်းမာရီ လီပန် က ပြောလိုက် ပါတယ်။

အနောက်ဆန့်ကျင်ရေး ရုရှား သတင်းစာ တစ်စောင်နဲ့ အင်တာဗျူးမှာ အသက် ၈၆ နှစ်အရွယ် လီပန်တစ်ယောက် ဒီလိုပြောလိုက်တာပါ။ အစ္စလာမ်နဲ့ အနောက်နိုင်ငံ အကြားမှာ စစ်ပွဲတစ်ခုဖြစ်လာဖို့ ဒီတိုက်ခိုက်မှုကို အမေရိကန် ဒါမှမဟုတ် အစ္စရေး အေးဂျင့်တွေက လျှို့ဝှက်စစ်ဆင်ရေး အဖြစ် ဆောင်ရွက် ခဲ့တာဖြစ်တယ်လို့ အင်တာနက်မှာပြန့်နှံ့နေတဲ့ သီအိုရီကိုလည်း ယုံကြည်လက်ခံတယ်လို့ လီပန်က ဆိုပါတယ်။

သူ့ရဲ့ ဒီမှတ်ချက်က ပြင်သစ်နိုင်ငံရေး သမားတွေကြား ဂယက်ရိုက်သွားစေ ခဲ့ပါတယ်။ လီပန်နဲ့ FN ခေါင်းဆောင်နေရာကို ဆက်ထားတဲ့ လီပန်ရဲ့ သမီးဖြစ်သူတို့နဲ့ ပတ်သက်ပြီး နိုင်ငံရေးသမားတွေ က ဒေါသထွက် ခဲ့ကြပါတယ်။ လီပန်ရဲ့ သမီးဖြစ်သူကတော့ ဖင်ခင်ရဲ့ ဒီမှတ်ချက်တွေဟာ ပါတီနဲ့ ဘာမှမဆိုင်ဘူးဆိုတာမျိုး ဖြစ်အောင်တော့ ကြိုစားနေပါတယ်။

လွန်ခဲ့ ၃ နှစ်လောက်က ပါတီခေါင်းဆောင်ကနေ ဆင်းပေးခဲ့တဲ့ လီပန်ဟာ ရာသက်ပန် ဥက္ကဌအဖြစ် ရှိနေဦးမှာပါ။ ပြင်သစ်က အကြမ်းဖက်ပြဿနာအတွက် အမေရိကန်ကို အပြစ်တင် ရေးသားခဲ့တဲ့ ရုရှားသတင်းစာ Komsomolskaïa Pravda နဲ့ အင်တာဗျူးမှာမှာ လီပန်က

`Charled Hebdo တိုက်ခိုက်မှုဟာ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ရဲ့ လုပ်ရပ်မျိုးနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ သက်သေ အထောက်အထားတော့ မရှိပါဘူး။ ဒီကိစ္စကို ပြင်သစ်အာဏာပိုင်တွေက စီစဉ်တယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ ဒါပေမယ့် ဒီပြစ်မှု ကျူးလွန်ဖို့ အတွက်တော့ သူတို့ ခွင့်ပေးခဲ့ကြပါတယ်။ အခုအချိန်မှာတော့ ဒါဟာ မှန်းဆမှု သက်သက်ပဲပေါ့ဗျာ´ လို့ ဖြေခဲ့ပါတယ်။

သူ့ရဲ့မှတ်ချက် မှန်ကန်ကြောင်းသက်သေပြဖို့ မစ္စတာလီပန်က မဂ္ဂဇင်းတိုက်ကို တိုက်ခိုက်သွားတဲ့ သေနတ်သမားတွေဖြစ်တဲ့ ကောက်ရှီ ညီအကိုရဲ့ မှတ်ပုံတင် ကားထဲမှာ ကျန်ခဲ့တာကို လီပန်က ထောက်ပြခဲ့ပါတယ်။ ပြီးတော့ လျှို့ဝှက် စစ်ဆင်ရေး ပညာရှင်တွေ နှစ်သက်တဲ့ ဒီ `ထူးဆန်းအံ့ဖွယ်အချက်´ ကို ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ နယူးယောက်က World Trade Centre အဆောက်အဦးနှစ်ခု ကို လေယာဉ် ၂ စင်း ၀င်တိုက်သွားပြီး တဲ့နောက် လေယာဉ်ပြန်ပေးဆွဲ သမားတွေရဲ့ နိုင်ငံကူးလက်မှတ်တစ်ခုကို နယူးယောက်ကတစ်နေရာမှာ တွေ့ခဲ့တယ်ဆိုတဲ့ အချက်နဲ့ နှိုင်းယှဉ်ဖော်ပြခဲ့ပါတယ်။

မစ္စတာလီပန်တစ်ယောက် အဲဒီအင်တာဗျူးမှာ ပွဲဆူစေတဲ့ နောက်ထပ် မှတ်ချက် ၂ ခုကိုလည်း ပေးခဲ့ပါသေးတယ်။ ဒါကတော့ ပါရီမှာ အမုန်းတရားတွေကို ဆန့်ကျင်တဲ့ ချီတက်ပွဲမှာ ပါဝင်ခဲ့တဲ့ လူ တစ်သန်းခွဲလောက်ဟာ `ချာလီ´(မဂ္ဂဇင်းတိုက်ကို ကိုယ်စားပြုသူ)တွေ မဟုတ်ကြဘဲ `ချာလီချက်ပလင်´ (ဟာသသရုပ်ဆောင်) တွေသာဖြစ်ကြတယ် လို့ ပြောခဲ့ ပါတယ်။ နောက်ပြီး ပြင်သစ်က မွတ်စလင် အရေအတွက်ဟာ ၁ သန်းခွဲလောက် ကနေ သန်း ၂၀ လောက်ရှိပြီး တရားဝင်တွက်ချက်ထားတဲ့ အစ္စလာမ် ဘာသာဝင် ဦးရေ ၅ သန်း ဆိုတာထက် ၃၊ ၄ ဆလောက် ပိုများတယ်လို့လည်း ပြောခဲ့ပါတယ်။

ဇန်န၀ါရီ ၁၇ ရက်နေ့ ပြင်သစ်သတင်းစာ Le Monde နဲ့ အင်တာဗျူး မှာတော့ သေနတ်သမား ညီအကို ကားပေါ်မှာကျန်ခဲ့တဲ့ မှတ်ပုံတင်ကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ့ သံသယရှိမှုကို လီပန်က ထပ်ပြောခဲ့ပေမယ့် ရုရှားသတင်းစာကို ပြောခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ လျှို့ဝှက်ထောက်လှမ်းရေးက လုပ်တာပါဆိုတာကိုတော့ ထည့်မပြောခဲ့ပါဘူး။

မစ္စတာလီပန်ရဲ့ ဒီမှတ်ချက်တွေနဲ့ပတ်သက်ပြီး သူ့ရဲ့ သမီးနဲ့ သူ့ရဲ့ပါတီတို့က တိုက်ရိုက် တုန့်ပြန်တာမျိုး လုပ်ခဲ့ပါတယ်။ ပဲရစ်က Charlie Hebdo မဂ္ဂဇင်းနဲ့ ဂျူးရပ်ကွက်က စူပါမားကတ်တစ်ခု တိုက်ခိုက်ခံရတာကို လူဝင်မှုကြီးကြပ်ရေးနဲ့ ဥရောပ နယ်နမိတ်ကို ဖွင့်လှစ်ထားခြင်းကြောင့် ဖြစ်လာတဲ့ ရန်သူတွေကို ပြစ်သစ်က ရင်ဆိုင်ရတဲ့ နောက်ဆုံး သက်သေပြချက်လို့ ပြောခဲ့ပါတယ်။

လီပန်က ထောက်ခံပြောကြားတဲ့ လျှို့ဝှက် ပူးပေါင်းကြံစည်မှုဆိုတဲ့ သီအိုရီမျိုးဟာ မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရမှုဖြစ်ပြီး နာရီပိုင်းအကြာမှာပဲ အင်တာနက် စာမျက်နှာတွေပေါ်မှာ ပြန့်နှံ့ခဲ့ပါတယ်။ ဒီသီအိုရီကို ပြင်သစ်က မွတ်စလင် လူငယ်အချို့ကလည်း ပြီးခဲ့ရက်တွေ့အထိ အင်တာနက် စာမျက်နှာတွေမှာ ရေးသားပြောဆိုကြတုန်းပါပဲ။ ကောက်ရှီ ညီအကိုကို ဖော်ထုတ်မှုနဲ့ ပတ်သက်ပြီး ကွာဟချက်တွေကိုလည်း ထောက်ပြ ခဲ့ကြပြီး သူတို့ညီအကို ၂ ဦးဟာ ပြင်သစ်အာဏာပိုင်၊ ၀ါရှင်တန်နဲ့ အစ္စရေးတို့ရဲ့ လက်ကိုင်တုတ်တွေလို့ အခိုင်အမာ ပြောကြားတာတွေလည်း ရှိနေပါတယ်။

လျှို့ဝှက်ကြံစည်မှု သီအိုရီပိုင်း ဆိုင်ရာ ပြင်သစ် ကျွမ်းကျင်သူဖြစ်ပြီး ယခုလက်ရှိ ဒမတ်စကတ်မှာအခြေစိုက်တဲ့ သီယာရီ မီယက်ဆန်ကတော့ Charlie Hebdo တိုက်ခိုက်မှုကို စစ်လိုလားတဲ့ အမေရိကန်က ရီပတ်ဘလစ်ကန် ပါတီနဲ့ နိုင်ငံရေးမှာ အင်အားသုံးဖို့ စိတ်အား ထက်သန်ကြသူတွေရဲ့ အမိန့်ပေး လုပ်ဆောင်မှုသာဖြစ်တယ်လို့ဆိုပါတယ်။ အမေရိကန် လျှို့ဝှက်စစ်ဆင်ရေး ဘက်က မက်လက်ချီကတော့ တိုက်ခိုက်မှုပြုလုပ် ခဲ့တဲ့ ကောက်ရှိ ညီအစ်ကို ၂ ဦးဟာ ပြင်သစ် ထောက်လှမ်းရေး အတွက် လုပ်ပေး သူတွေလို့ ပြောကြားခဲ့ပါတယ်။

Sourse: Independent

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: