တိုင်းပြည်ကို ဖျက်စီးဖို့ ယန္တယားတခုအဖြစ် သူတို့ အာဏာတည်မြဲရေးအတွက် အသုံးချခံခဲ့ရတဲ့ ဝီရသူမှာဘဲ အပြစ်ရှိတာလား ဘယ်သူ တရားခံ အစစ်လဲ

ဘယ်သူ တရားခံလဲ

လူ့ဘဝကြီးမှာ ချို့ချို့တဲ့တဲ့နဲ ငယ်စဉ်ဘဝကို ဖြတ်သန်းခဲ့ရတဲ့သူတယောက်

ငယ်စဉ်ကထဲက အဖမဲ့ခဲ့ရတဲ့ မိသားစုကို ပင်ပမ်းကြီးစွာ ရှာဖွေ ကျွေးမွေးခဲ့ရသူတယောက်

လောကဆင်းရဲက လွတ်ရာ လွတ်ကြောင်းရှာ စာကိုအပတ်တကုတ်ကြိုးစား

လောကကြီးမှာ အောင်မြင် ထင်ရှား ကျော်ကြားချင်တဲ့ရောဂါကပ်လာ

ရဟန်းငယ်ဘဝနဲ့ ထေရ်ကြီး ဝါကြီး ဟဲဗီးဝိတ်ဆရာတော် ကြီး တွေကို လောလောဆယ် ကျက်မှတ်ထားတဲ့ ပညာ အားကိုးနဲ့ လိုက်စိန်ခေါ်

ဇ လေးရှိတာ သဘောကျပြီး ဗိုလ်ခင်ညွန့်က မွေးစား ဘာသာရေး လူမျိုးရေး ခွဲခြားတဲ့နေရာမှာ အသုံးချ

ဘုန်းကြီးရူး နဲ့ လှေ လူး တွေ့ကြ

ကျောက်ဆည်မှာ လက်လွန် ခြေလွန်တွေဖြစ်ခဲ့ရ

ဗိုလ်ခင်ညွန့် မှေးမှိန်စပြုချိန်မှာ ထောင် ၂၅ နှစ်ကျခဲ့ရ

ထောင်ထဲမှာ နေခဲ့ရတဲ့ ဘဝက နာခဲ့

၉ နှစ်နီးပါးနေခဲ့ရပြီးမှ ထောင်ကနေ မမျှော်လင့်ဘဲ လွတ်ငြိမ်းချမ်းသာခွင့် အမည်နဲ့ လွှတ်ပေးခံရ

လက်ကျန် ၁၆နှစ်ကို အပေါင်ထားပါ့မယ်လို့ လက်မှတ် ရေးထိုးခဲ့ရ

အစိုးရ စိတ်တိုင်းမကျရင် နောက်မှု ပြစ်ဒဏ်တွေအသာ ထား မူလ လက်ကျန် ၁၆နှစ်ဆိုတာကကို မချောင်ဘူး

ငယ်ရွယ်တဲ့အရွယ်

ရည်မှန်းချက် ကြီးမားတဲ့သူ

ထောင်ကို မကြောက်ဘဲ ဘယ်နေပါ့မလဲ

ထောင်က ထွက် ထွက်ခြင်း

ဘာသာပေါင်းစုံ ချစ်ကြည်ရေး မြန်မာ့ငြိမ်းချမ်းရေး ကမ္ဘာ့ ငြိမ်းချမ်းရေးတွေ လုပ်မဟဲ့လို့ အားခဲ ပြီးကြိုးစားခဲ့

ဝီရသူပါရင် ငြိမ်းချမ်းရေးဆုတောင်းပွဲတောင် အလုပ်မခံ ဘူး ဆိုပြီး မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ရဲမြင့်က ပွဲမိန့်ပေးပြီးသား ပွဲတောင် ပိတ်ဖြစ်ခဲ့သေးတယ်

စိတ်ကကြီးတော့ ပွဲမိန့် အပိတ်ခံခဲ့ရတဲ့ ဈေးချိုဟိုတယ်ရှေ့ ပလက်ဖောင်းပေါ်မှာ ဇွတ် ဆုတောင်းပွဲ လုပ်ခဲ့မိလို့ ရဲက အမှုဖွင့်ပါမယ်လုပ်ပြန်

နောက်မှု ပြစ်ဒဏ်ထက် လက်ကျန် ၁၆နှစ်ကပိုပူပင်နေရ

ပွဲမိန့်ရထားတဲ့ စာရွက်စာတမ်းတွေက လက်ထဲ ပြစရာ မရှိ

(ပွဲမိန့် က ကျွန်တော့်အမည်နဲ့ လျှောက်ထားလို့ စာရွက် စာတမ်းတွေ တိုင်းရဲတပ်ဖွဲ့မှူး အောင်နိုင်သူကို တင်ပြပြီး ရှင်းလိုက်လို့ ပြေလည်သွားခဲ့ပါတယ် -စာရေးသူ )

ဒီအခြေအနေမှာ ဘလက်လစ်အောင်သောင်း ရောက်လာပြီး ဘယ်လိုပုံစံနဲ့ ခြိမ်းချောက်လိုက်တယ် ဘယ်လို ပုံစံနဲ့ စည်းရုံးလိုက်တယ် မသိဘူး အခြေအနေ အပြောအဆို အပြု အမူတွေ ပြောင်းပြန် ဖြစ်သွားတော့ တာပါဘဲ

ပြင်ပ (သာမာန်လူတွေရဲ့)ဗဟုသုတကလည်းနဲ မိမိကိုယ်မိမိ အထင်ကြီးတဲ့ စိတ်ကလည်းရှိ နာမည်ကလဲကြီးချင် အောင်သောင်းတို့ခိုင်းတာတွေကိုလဲ အရွဲ့တိုက်ပြီး ပိုလုပ်ပြ

ဘေးနားမှာ ဝိုင်းပြီး ဘေးတီးပေးမဲ့ ရခိုင်အုပ်စုတွေ ကြံ့ဖွံ့ အုပ်စုက သိုင်းဝိုင်းထား

အထူးသတင်းတပ်ဖွဲ့(SB) က ကျောင်းထဲမှာ ညအိပ် ညနေ ၂၄ နာရီတာဝန်ချထားတာက ၃ယောက်

သာသနာ့ နုဂ္ဂဟ အသင်းက ကိုမြတ်သူတို့ မမြင့်မြင့်ကြည်တို့က စခန်းပေါင်းစုံနဲ့ နယ်ပေါင်းစုံက ကုလားမှုခင်းတွေ ရှာလာပေး

ပြသနာတခု လုပ်လိုက်ရင် ဖေ့စ်ဘုတ်မှာတင်လိုက်ရင် ထောက်ခံသူတွေ တထောကြီးရ လာဘ် လာဘတွေရွှင်

ဒီတော့ နဂို ရေခံမြေခံမှမကောင်းတဲ့လူ ပျက်တာပေါ့ဗျာ

စောစောပိုင်း ရှာတဲ့ပြသနာတွေမှာ သေသေချာချာ ကောင်းကောင်းမွန်မွန် အကျိုးနဲ့ အကြောင်းနဲ့ ဖြေရှင်းပြ ရင် လက်ခံနားထောင်ပြီး သဘောပေါက်လွယ်တယ် ပြန်ဖြေရှင်းပေးခဲ့တယ်

နောက်ပိုင်းရောက်တော့ ဝီရသူကို လိုသလို ကြိုးကိုင်လို့ ရအောင် မူးယစ်ဆေးဝါးတွေပါ တိုက်ကျွေးလာကြတယ်

ရခိုင်မှာဟောခဲ့တဲ့ ပွဲတွေရယ် နောက်ပိတ်ဆုံး မစ်ရမ်ဟီလီးကို ဆဲတဲ့ ပွဲ တွေမှာ မူးယစ်ဆေးဝါး သုံးထား တာကို ထင်ထင်ရှားရှားတွေ့ရပါတယ်

ဝီရသူ ကောင်းပါတယ်လို့ မပြောပါဘူး

ခြောက်လှန့်မှုတွေ

မြှောက်ပင့်မှုတွေ အပြင်

မူးယစ်ဆေးဝါးပါ အသုံးပြုစေပြီးတော့

တိုင်းပြည်ကို ဖျက်စီးဖို့ ယန္တယားတခုအဖြစ် သူတို့ အာဏာတည်မြဲရေးအတွက် အသုံးချခံခဲ့ရတဲ့ ဝီရသူမှာဘဲ အပြစ်ရှိတာလား

ဘယ်သူ တရားခံ အစစ်လဲ

မောင်မောင်

မောင်မောင် ရွှေကရဝိက်

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: