စနစ်အမှားကြားမှာ ပျော်မွေ့နေကြသူများ… ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့မြေဆိုတာ သီချင်းမျှသာ ဖြစ်ပါတယ်

စနစ်အမှားကြားမှာ ပျော်မွေ့နေကြသူများ

  • မြန်မာဗုဒ္ဓမှန်ရင် မုဒိမ်းမှု မကျူးလွန်ဘူး၊ မြန်မာဗုဒ္ဓမှန်ရင် လူမသတ်ဘူး၊ မြန်မာဗုဒ္ဓမှန်ရင် ကမ္ဘာမှာ အငြိမ်းချမ်းဆုံး
  • တစ်လောကပဲ DKBA ကရင်ဗုဒ္ဓတွေ လည်လှီးသတ်ခဲ့ကြပါသေးတယ်။
  • မြန်မာဗုဒ္ဓတွေ လည်လှီးသတ်တာလည်း အများကြီးရှိခဲ့ဖူးပါတယ်
  • ၈၈ တုန်းက “ဘဲရီး ဆောရီး တောကြီးမြိုင်လယ်” လို့ ပြောပြီး ခေါင်းပြတ်နှစ်လုံးကို လက်တစ်ဖက်စီက ကိုင်မြှောက်ပြတာလည်း မြန်မာဗုဒ္ဓတွေပါပဲ။ အဲဒီတုန်းက မွတ်ဆလင် IS တွေထက် ဆိုးခဲ့ပါသေးတယ်။
  • မသေခင် ရင်ဘတ်ပေါ် တက်ခုန်၊ လည်ပင်းကို ဒါးနဲ့ တက်လှီးတဲ့ တက်ခုတ်တဲ့ထဲ ထဘီဝတ်ထားတဲ့ မိန်းမတောင် ပါခဲ့ပါသေးတယ်။
  • တောင်ဥက္ကလာမှာ၊ သင်္ဃန်းကျွန်း စီမံကိန်း (၂) ဖက်မှာ ခေါင်းပြတ်တွေကို ၀ါးလုံးနဲ့ ထိုးထောင်ထားတာတွေ
  • မိတ္ထီလာမှာ အရွယ်မရောက်တဲ့ ကလေးတွေကို အရှင်လတ်လတ် မီးပုံထဲ ပစ်ထည့်တာလည်း မြန်မာဗုဒ္ဓတွေပါပဲ။
  • နိုင်ငံသားမှန်ရင် အခွင့်အရေး အတူတူပဲလို့ အစိုးရကိုယ်တိုင်က မသင်ပေးပါဘူး။ ဘယ်စာအုပ်မှာမှ မသင်ပါဘူး။ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့မြေဆိုတာ သီချင်းမျှသာ ဖြစ်ပါတယ်။ တိုင်းရင်းသား ဖြစ်တော့ရော ဘာအခွင့်အရေးများ (အပို) ရဖူုးကြပါသလဲ။ ဘာအခွင့်အရေးမှ မရကြဖူး

ထိုင်းမှာ ဗြိတိန်နိုင်ငံသားနှစ်ယောက်ကို ရခိုင်နှစ်ယောက်က (ကျောက်ဖြူ တစ်ယောက်၊ ရသေ့တောင်တစ်ယောက်) မုဒိမ်းကျင့်ပြီး သတ်ပစ်လိုက်တဲ့ သတင်းကို ကြားရပါတယ်။ တစ်နိုင်ငံလုံးက သာမန်ပုဂ္ဂိုလ်တွေအပါအ၀င် မျိုးချစ်တွေ ဆီက ဝေဖန်သံတွေ အမျိုးမျိုး ထွက်ပေါ်လာပါတယ်။ DNA တူပါတယ်၊ တရားခံက ၀န်ခံပါတယ်လို့ ထိုင်းဖက်က ပြောတာတောင် မဖြစ်နိုင်ဘူး၊ မဟုတ်ဘူး၊ မြန်မာဗုဒ္ဓဆို ဒီလို မလုပ်ဘူးလို တုန့်ပြန်ကြသူတွေ အများကြီးတွေ့ရပါတယ်။ ကုလားလုပ်တာလို့ အော်သူတောင် ပါပါသေးတယ်…. ထိုင်းဖက်က ကြော်ငြာချက်ထဲမှာ ဗုဒ္ဓဘာသာဆိုတဲ့ အသုံးအနှုန်းမပါပါဘူး။

အမှန်ဆို မြင်တတ်တဲ့ အသိဥာဏ်လေး လုံလုံလောက်လောက် ရှိဖို့ပဲလိုပါတယ်။

ကျူးလွန်သူဟာ လူ…. လူ….လူသာ ဖြစ်ပါတယ်။ အမှား ကျူးလွန်တတ်တဲ့ သဘာဝ ရှိတဲ့…လူမျှသာ ဖြစ်ပါတယ်။ ((ဘာသာတရား နဲ့ ဘာမှ မဆိုင်ပါဘူး။)) ဘာသာတရားကို ထည့်ပြီး တုန့်ပြန်စရာ မလိုပါဘူး။ ဒီနိုင်ငံက လူ ၉၀ % က အမှားကျူးလွန်ရင်၊ လူသတ်ရင်၊ မုဒိမ်းကျင့်ရင်၊ လည်လှီးရင် မွတ်ကုလားတွေပဲ…. လို့ ပုံသေကားချပ် ရိုက်သွင်းခံထားရတာ မွေးကတည်းကဆိုတော့ ဒီလိုပဲ မြင်တတ်တာ မဆန်းပါဘူး။ ရိုက်သွင်းတဲ့ထဲမှာ ဘုန်းကြီးတွေ အများကြီးပါ… သီတဂူဆရာတော်တောင်ပါ ပါသေးတယ်ဗျာ။ (ဧည့်သည်ကုလားတွေ အိမ်ရှင်နဲ့ တည့်အောင်နေသင့်တယ်..တဲ့။ အခု သူများအိမ် ထိုင်းမှာ အလုပ်သွားလုပ်ရင်း သူများအိမ်လာလည်တဲ့ အင်္ဂလိပ်ကို မုဒိမ်းလည်းကျင့် သတ်လည်းသတ်)။ သူများနိုင်ငံမှာ အုပ်စုလိုက် အလုပ်မဆင်းတာ၊ ဆန္ဒပြတာတွေတောင် ရှိရဲ့။ သီတဂူဆရာတော်ကို လက်ဆွဲလို့တောင် ပြချင်မိပါရဲ့။ (ပုဂ္ဂလဓိဌာန် နဲ့ ဓမ္မဓိဌာန်ကို ခွဲမသင်တဲ့ စနစ်) လမ်းလွဲအောင် ပို့ထားတဲ့ စနစ်ကိုပဲ မြင်တတ်စေချင်တာပါပဲ။ ငါတို့ ဘုန်းကြီး ဘာပြောပြော မှန်တယ်ဆိုရင်တော့ …… မတတ်နိုင်ပါ။ ကမ္ဘာကြီးမှာ ၀င်ဆန့်ဖို့ အတွေးအခေါ်တွေ အများကြီးလိုနေပြီလို့သာ ပြောစရာ ကျန်ပါတော့မယ်။

ဆက်ရေးချင်ပါသေးတယ် ….အမှားတွေကို လူတွေဦးနှောက်ထဲ မရောက်ရောက်အောင်၊ ပုံသေကားချပ်တွေနဲ့ သင်ပေး ရိုက်သွင်းပေးခဲ့တဲ့စနစ်ကြီးကြားထဲမှာ လူအချင်းချင်း အလိုလို ခွဲခြား discriminate လုပ်တတ်အောင် နည်းတွေ၊ စာတွေနဲ့ ကြီးပြင်းလာရတာက ဘယ်သူ့ လက်ချက် ဖြစ်ပါသလဲ။ မြင်းမှာ အုန်းခွံ၊ ကျွန်မှာ ကုလား…. သင်စရာ ကဗျာ ဒီထက်ကောင်းတာ အများကြီး ရှိပါလျှက် “ကျွန်မှာ ကုလား” စာသားပါတဲ့ ဒီကဗျာကိုပဲ တမင်ရွေးပြီး ကျွန်တော်တို့ အားလုံးအသင်ခံခဲ့ကြရပါတယ်။ မြန်မာဗုဒ္ဓဆို အာဇာနည်၊ မြန်မာအမျိုးသမီးဆို လှပျိုဖြူလေး ဒီလိုပဲ တမင် ရိုက်သွင်းခံလာရတော့ ဒီလိုအဖြစ်အပျက်ကြုံရချိန်မှာ ရင်အောင့်စရာတွေ ဖြစ်ရပါတယ်။ လူလူချင်း ချစ်ကြပါ၊ မေတ္တာထားကြပါလို့ အကြိမ်ကြိမ် မိန့်မှာတဲ့ ရှင်တော်ဗုဒ္ဓဟောကြားချက်နဲ့ သွေဖည်ပြီး ကျောင်းသင်ခန်းစာတွေထဲမှာ ဗုဒ္ဓဘာသာနိုင်ငံအချင်းချင်း ထိုင်းကို ယိုးဒယားလို့ အတင်းသမုတ်ပြီး မမုန်းမုန်းအောင် သင်ကြားစေတဲ့ စနစ်၊ ဒေါက်တာ မတင်ဝင်းလိုလူကို ဆရာတင်တဲ့ စနစ်ဆိုးကို မွေးမြူခဲ့သူတွေသာ တရားခံတွေ ဖြစ်ကြပါတယ်။

အမှန်ဆို ပုဂ္ဂလဓိဌာန် နဲ့ ဓမ္မဓိဌာန်ကို စနစ်တကျ ရိုက်သွင်းခဲ့တဲ့ စနစ်ကပဲ အမှားကြီးမှားနေတာဖြစ်ပါတယ်။ “လူဟာ ဘယ်ဘာသာ ကိုးကွယ် ကိုးကိုယ် ဘာသာတရားဟာ မမှားဘူး၊ ဘာသာဝင်တွေဟာ လူ… လူ… ပုထုဇဉ်သာဖြစ်လို့ မှားနိုင်တယ်။” ဒီလောက်ကို ကျွန်တော်တို့ အစကတည်းက ဒီလိုပဲ နားလည်ထားရင် ဒီပြသနာဟာ မတက်တော့ပါဘူး။

မြန်မာဗုဒ္ဓမှန်ရင် မုဒိမ်းမှု မကျူးလွန်ဘူး၊ မြန်မာဗုဒ္ဓမှန်ရင် လူမသတ်ဘူး၊ မြန်မာဗုဒ္ဓမှန်ရင် ကမ္ဘာမှာ အငြိမ်းချမ်းဆုံးဆိုပြီး ရိုက်သွင်းခံထားရတဲ့နှစ်ကလည်း ဒဲ့ပြောရရင် ကျွန်တော်တို့ တစ်သက်ပါပဲ။ တစ်လောကပဲ DKBA ကရင်ဗုဒ္ဓတွေ လည်လှီးသတ်ခဲ့ကြပါသေးတယ်။ မြန်မာဗုဒ္ဓတွေ လည်လှီးသတ်တာလည်း အများကြီးရှိခဲ့ဖူးပါတယ်။ မေ့နေကြလို့ ဖြစ်ပါလိမ့်မယ်။ ၈၈ တုန်းက “ဘဲရီး ဆောရီး တောကြီးမြိုင်လယ်” လို့ ပြောပြီး ခေါင်းပြတ်နှစ်လုံးကို လက်တစ်ဖက်စီက ကိုင်မြှောက်ပြတာလည်း မြန်မာဗုဒ္ဓတွေပါပဲ။ အဲဒီတုန်းက မွတ်ဆလင် IS တွေထက် ဆိုးခဲ့ပါသေးတယ်။ မသေခင် ရင်ဘတ်ပေါ် တက်ခုန်၊ လည်ပင်းကို ဒါးနဲ့ တက်လှီးတဲ့ တက်ခုတ်တဲ့ထဲ ထဘီဝတ်ထားတဲ့ မိန်းမတောင် ပါခဲ့ပါသေးတယ်။ ခု အသက်လေးဆယ်နဲ့ အထက်လူတွေ အကုန် မြင်ခဲ့ဖူးမှာပါ။ တောင်ဥက္ကလာမှာ၊ သင်္ဃန်းကျွန်း စီမံကိန်း (၂) ဖက်မှာ ခေါင်းပြတ်တွေကို ၀ါးလုံးနဲ့ ထိုးထောင်ထားတာတွေဟာ IS မွတ်ဆလင်တွေ လည်လှီးသတ်တာထက် အဆပေါင်းများစွာ ဆိုးခဲ့ပါတယ်။ လက်မခံချင်လို့ကို မရတဲ့ သမိုင်းတွေပါပဲ။

မိတ္ထီလာမှာ အရွယ်မရောက်တဲ့ ကလေးတွေကို အရှင်လတ်လတ် မီးပုံထဲ ပစ်ထည့်တာလည်း မြန်မာဗုဒ္ဓတွေပါပဲ။ ကမ္ဘာမှာ လူကို အစုလိုက် အပြုံလိုက် အရှင်လတ်လတ် မီးရှို့သတ်တာ ကမ္ဘာ့သမိုင်းမှာ ရ၀မ်ဒါ နဲ့ မြန်မာပဲ ရှိခဲ့ပါမယ်။ ကဲ ပြောကြည့်ကြရအောင်ပါ။ ဒီလိုကျူးလွန်ခဲ့တဲ့ မြန်မာဗုဒ္ဓတွေကို မကောင်းဘူးလို့ ကန့်ကွက်တာ ဘယ်ဘုန်းကြီး ရှိဖူးပါသလဲ။ လူနည်းနည်းလေးလောက်ကပဲ စာနာကြောင်း တောင်းပန်ကြောင်း ထုတ်ပြောတာ ရှိခဲ့ပါတယ်။ ဘယ်မေတ္တာရှင် မြန်မာဗုဒ္ဓဘုန်းကြီးတွေမှ မနှစ်သက်ပါဘူး၊ ဗုဒ္ဓ အဆုံးအမနဲ့ မညီဘူးလို့ ထုတ်ပြောခြင်း မရှိခဲ့ပါဘူး။ စနစ်ရဲ့ လွဲမှားမှု၊ တာဝန်ခံလိုမှု မရှိတာကိုပဲ ထောက်ပြချင်တာသာ ဖြစ်ပါတယ်။ နောက်ဆုံး ဒီလို မီးရှို့သတ်ဖြတ်တာတွေဟာ မှန်တယ် တရားတယ်ဆိုတဲ့ အယူအဆကို အစိုးရပိုင်း အပါအ၀င် ရဟန်းရှင်လူ အားလုံး လက်ခံလာစေတာဟာ ကမ္ဘာမှာ IS တွေ လည်လှီးသတ်တာကို အချို့လူတွေ ထောက်ခံတဲ့ ဖြစ်ရပ်နဲ့ ဘာမှ မကွာတော့ပါဘူး။ အကြမ်းဖက်မှုဟာ အကြမ်းဖက်မှုသာ ဖြစ်ပါတယ်။ ကျူးလွန်သူနဲ့သာ သက်ဆိုင်ပါတယ်။ ဘာသာတရားနဲ့ မပတ်သက်ပါဘူး။

အမှန်ဆို ဒီစာကို ရေးရတာ ၀မ်းသာနေလို့ (လုံးဝ) မဟုတ်ပါဘူး။ လူတွေရဲ့ တွေးခေါ်စဉ်းစားပုံစနစ်တွေ လွဲနေတာ၊ မမှန်တာကို အမှန်နဲ့ အစားထိုးပေးမယ့် ရဟန်းရှင်လူ ပညာတတ် နည်းသည်ထက်နည်းလာတာကိုပဲ ထောက်ပြချင်တာပဲ ဖြစ်တယ်။

နိုင်ငံသားမှန်ရင် အခွင့်အရေး အတူတူပဲလို့ အစိုးရကိုယ်တိုင်က မသင်ပေးပါဘူး။ ဘယ်စာအုပ်မှာမှ မသင်ပါဘူး။ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့မြေဆိုတာ သီချင်းမျှသာ ဖြစ်ပါတယ်။ တိုင်းရင်းသား ဖြစ်တော့ရော ဘာအခွင့်အရေးများ (အပို) ရဖူုးကြပါသလဲ။ ဘာအခွင့်အရေးမှ မရကြဖူးဘဲ ငါတို့က တိုင်းရင်းသားကွ၊ မင်းတို့က တိုင်းရင်းသား မဟုတ်ဘူး.. ဘာများပိုရဖူးကြသလဲလို့..တွေးကြည့်ရင် အင်မတန် မှိုင်းမိခံထားရတာကို မြင်ရပါမယ်။ တိုင်းရင်းသား ဗိုင်းရပ်စ်မိပြီး တိုင်းရင်းသား ရူးရူးနေကြတာကလည်း ဒီနိုင်ငံရဲ့ ဖက်ရှင်တစ်မျိုးမျှသာ ဖြစ်ပါတယ် ။ တိုင်းရင်းသားနဲ့ နိုင်ငံသားကြားမှာ ဘာအခွင့်အရေးမှ မကွာပါဘူး။ စေ့စေ့တွေးရင် ကျွန်တော်တို့ အားလုံး အင်မတန် ရယ်စရာ ကောင်းလှတဲ့ စနစ်အစုတ်အပြတ်တစ်ခုရဲ့ သားကောင်တွေ ဖြစ်နေတာကို နားမလည်ဘဲ ဒီစနစ်ထဲမှာပဲ ပျော်မွေ့နေတာကိုက ရင်နာစရာ ကောင်းလွန်းလှပါတယ်။

သူ့အခွင့်အရေး သူ့အခွင့်အရေး လေးစားတတ်ဖို့ သင်ပေးတဲ့ ဘုန်းကြီး ရဟန်း အရင်က နည်းသလို အခုလည်း နည်းပါတယ်။ အစိုးရလည်း မသင်ပေးပါဘူး။ ဗုဒ္ဓပွဲတော်လုပ်ဖို့ ခွင့်ပြုချက် မလိုပါဘူး၊ မွတ်ဆလင်တွေ၊ ခရစ်ယာန်တွေ နိုင်ငံသား တိုင်းရင်းသား ဘယ်လောက်ဖြစ်ဖြစ် ဗုဒ္ဓဘာသာ မဟုတ်ရင် ခွင့်ပြုချက် အထပ်ထပ် အဆင့်ဆင့်လိုအပ်ပါတယ်။ ခွင့်ပြုချက်ရတာတောင် ဘုန်းကြီးအမည်ခံတွေက ကဖျက်ယဖျက် လုပ်တာတွေ အများကြီးပါ။ ဒီလို နိုင်ငံမှာ ဒီလိုပဲ တွေးတတ်အောင် သင်ပေးထားကိုက မှားယွင်းတဲ့ စနစ်ဆိုးကြီးကို လူတွေ မသိလိုက်ဘဲ လိုက်နာနေရတာကို မြင်နိုင်ပါတယ်။ အံ့သြစရာက သူ့အခွင့်အရေး သူ့အခွင့်အရေး လေးစားတတ်ဖို့ သင်ကြားခြင်း လုံးဝ မရှိတဲ့ နိုင်ငံက ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေပါတယ်လို့ ပြောတာကို ယုံနေကြတဲ့ ဦးနှောက်တွေကလည်း မနည်းပါဘူး။ သင်ပေးကြရမှာပါ။ သင်ပေးကြရဦးမှာပါ။

သစ်တစ်ပင် ခုတ်ဖို့ ၁၅ မိနစ်ပဲ ကြာပေမယ့် သစ်တစ်ပင် ရှင်သန်ဖို့ ၁၅ နှစ်စောင့်ရပါတယ်။

ခုချိန်ကစပြီး အမှန်လုပ်တတ် တွေးတတ်အောင် သင်ပေးတဲ့ စနစ်ပေါ်လာရင်တောင် လက်တွေ့လိုက်နာတတ်ဖို့ မျိုးဆက်တစ်ဆက် အနည်းဆုံး စောင့်ရဦးမှာပါ။

အသိဥာဏ်ဆင်းရဲခြင်းမှ လွတ်ကင်းကြပါစေ။

ဆွေမွန်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: