နူရင်ဘတ်ခုံရုံးက သေဒါဏ်ပေးခဲ့တဲ့ မီဒီယာသမား တို့ အကြောင်းတွေ လဲ သေချာလေ့လာပေါ့

Yemin Nyinyi January 10 2015

 —မောင်ရင် ….မင်း မီဒီယာသမားကြီးဖြစ်နေပြီဆိုကွ…အဘ…..လေးစားပါတယ်မောင်ရင်ရဲ့ ……ဒါနဲ့ အခု ဘာသတင်းတွေရေးနေသလဲ……

—ဟုတ် အဘ …အခု ပြင်သစ်ကမွတ်တွေ အကြမ်းဖက်မှုသတင်း တွေ အချိန်နဲ့အမျှ တင်ပေးနေပါတယ်…..နောက်ပီး အိုင်အက်တွေ တာလီဘန်တွေ အလ်ကိုင်ဒါတွေ ဟားမက်တွေ ဖာတာတွေ ချေချင်တွေ ဘိုကိုဟာရမ်တွေ ဘရားသားဟုတွေ စတဲ့ မွတ်အကြမ်းဖက်သတင်းတွေ အာရပ်အကြမ်းဖက်သတင်းတွေ အကုန်ရေးပါတယ်ခင်ဗျ………..

—အော် ကောင်းပါတယ် ရေးပါ ဒါနဲ့ စကားမစပ် အဲ့ ပြင်သစ်က ဆင်းရဲသားအခြေအနေမဲ့….အရှေ့ဥရောပနွယ်ဖွား -ခရစ်ယာန်အများစုရဲ့ ကလေး တွေအတွက် ကာတာဖောင်ဒေးရှင်းက စာသင်ကျောင်းတွေ ဆောက်…..ငွေတွေထောက်ပံ့တာရော သိသလား……..
—အော် မသိပါဖူးအဘ
— ကမ္ဘောဒီယား နဲ့လာအို မှာ ကလေးသူငယ်တွေအတွက် ပညာရေးဖောင်ဒေးရှင် ထောင်ပေးတဲ့အာရပ်တွေကြောင့် အဲ့နိုင်ငံက မူလတန်းအရွယ်ကလေးတွေ က မြန်မာကလေးတွေထက် ပိုပြီး ကောင်းမွန်တဲ့ ပညာရေးနဲ့ ပျော်ရွှင်မှုတွေ ရနေတာရော သိရဲ့လား…. ဗဟိုအာဖရိက ခရစ်ယာန်နိုင်ငံတွေမှာ နေရာအနှံ့ ရေတွင်းလိုက်တူးပေးပြီး အစားအသောက်တွေဝေနေတဲ့ ဘာရိန်းမင်းသားအကြောင်း ကြားဖူးလား…….ပြည်တွင်းစစ်ဖြစ်တော့ တိုက်ပွဲဖြစ်ဒေသက သီရိလင်္ကာ ဗုဒ္ဓဘာသာ ဆင်းရဲသားအိမ်တိုင်းမှာ ဆော်ဒီအမှတ်တံဆိပ် ပါ အသုံးအဆောင်ပစ္စည်းတခု အနဲဆုံးရှိနေလောက်အောင်ထိ လှူဒါန်းထား တာရော သိသလား….ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း…ရေကြီးတုန်းက ပျက်ဆီးသွားတာကို အိုမန်ကအင်ဂျင်နီယာက သူ့ငွေနဲ့ သူကိုယ်တိုင်ပြန်ဆောက်ပေးတာမျိုး တွေရော မကြားမိဖူးလား……နာဂစ်တုန်းက…. ရွက်ဖျက်တဲတွေ တော့ မင်းမြင်မှာပါ……၈၄ တမြို့လုံးနီးပါးမီးလောင်တော့ မန်းလေးမြို့က ရေပေးဝေရေးစနစ်ကို အလကားလာလုပ်ပေးသွားတဲ့ လူတွေကိုရော ကြားဖူးလား…….
ဒီမယ်မောင်ရင် ……လောကကြီးကို မှန်လို ကြည့်ရတယ်ကွ …….. မင်းက အကြမ်းဖက်သတင်းတွေပဲရေး နလပိန်းတုန်းလေးတွေက ထောက်ခံပြီး ဘာသာရေး စော်ကားဆဲဆို …ဘာမှမဆိုင်တဲ့လူနည်းစုက အသားလွတ်စော်ကားခံရ……….အဲ့လိုဆိုရင်တာ့ မင်းဘယ်တော့မှ မငြိမ်းချမ်းဖူး ….အဲ့အကြမ်းဖက်မှုတွေ ကတနေ့ မင်းဆီရောက်လာလိမ့်မယ်…..မင်းကဖိတ်ခေါ်နေတာကိုး……သေချာပေါက်ကိုရောက်လာလိမ့်မယ်
……မင်းကအလှူအတန်းတွေ ပရဟိတလုပ်ငန်းစဉ်တွေ ငြိမ်းချမ်းမှုတွေအကြောင်းရေးရင် ငြိမ်းချမ်းချင်တဲ့သူတွေက ထောက်ခံပြီး သာဓုတွေခေါ် ပီတိတွေဖြစ်…..မင်းလဲ အေးချမ်းငြိမ်းချမ်းပြီး…..အဲ့ ဒါနကုသလတွေ ငြိမ်းချမ်းမှုတွေ မေတ္တာတွေ မင်းဆီရောက်လာလိမ့်မယ်….. မီဒီယာကျင့်ဝတ်နားမလည်သေးရင် စာပြန်ဖတ်ပါမောင်ရင်…………နူရင်ဘတ်ခုံရုံးက သေဒါဏ်ပေးခဲ့တဲ့ မီဒီယာသမား…..Julius Streicher တို့ ……နိုင်ငံတကာတရားရုံးကထောင်ချခဲ့တဲ့ ရဝမ်ဒါက မီဒီယာ သမား Jean Bosco Barayagwizi တို့ Ferdinand Nahimana တို့ အကြောင်းတွေ လဲ သေချာလေ့လာပေါ့ ……..
စကားမစပ်……မောင်ရင်တို့ ကြောက်တတ်မှန်း လဲ အဘ သိသကွဲ့………

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: