TQ Dr. Maung Zarni and Ko Zargana ကျေးဇူးအထူးတင်ရှိပါတယ် ဒေါက်တာမောင်ဇာနည် ဇာဂနာ

TQ Dr. Maung Zarni

Now Ko Zargana confirmed that U R right.

He said that Rakhine ( Of course he dare not mention in detail but Thida Htwe’s rape case, Taungope massacre of Muslims, anti-Rohingya Genocide) problem is according to the SCRIPT (of Myanmar Military).

Meiktila Muslim Massacre is also according to the SCRIPT (of Myanmar Military).
As well as Lasio Anti-Muslim activities.

You have maintained that Zargana told you that he had the video evidence of the FORENSIC DOCTOR who had done the PM (Postmortem) examination that…THIDA HTWE WAS NEVER RAPED.

ကျေးဇူးအထူးတင်ရှိပါတယ် ဒေါက်တာမောင်ဇာနည်

ခင်ဗျား အမြဲပြောနေတဲ့ ကိုဇာဂနာ အကြောင်းမှန်ပါတယ်လို့  ကိုဇာဂနာက သွယ်ဝိုက်ဝန်ခံလိုက်ပါပြီ ။
ရခိုင်ကိစ္စ ( သီတာထွေး မုဒိမ်းကျင့် မခံရပဲဆွပေးခြင်း၊ ရိုဟင်ဂျာ လူမျိုးပြုန်းသတ်ဖြတ်မှု၊ တောင်ကုပ် မှာ ခရီးသွားမွတ်ဆလင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ) ၊

မိတ္ထီလာကိစ္စ ၊ &
လားရှိုးကိစ္စ တွေဟာ လည်း (စစ်အစိုးရ) – ဇာတ်ဆရာအလိုကျ ရေးထားတဲ့ ဇာတ်ညွှန်းအတိုင်း ကကျရတာပါတဲ့

ဇာတ်ညွှန်းတွေထဲမှာ ရခိုင်လည်း ဇာတ်ညွှန်းပဲ။ မိတ္ထီလာလည်း ဇာတ်ညွှန်းပဲ။ လားရှိုးလည်း ဇာတ်ညွှန်းပဲ။ လက်ပံတောင်းလည်း ဇာတ်ညွှန်းပဲ။ အခု V Gastro Bar လည်း ဇာတ်ညွှန်းပဲ။ မင်းအုပ်စိုးသာ ဘာမှမဆိုင်ဘဲ ဝင်လာတာ။ အားလုံး ဇာတ်ညွှန်းတွေချည်းပဲ။ ဇာတ်ညွှန်းတွေ အားလုံးအတိုင်း ကျွန်တော်တို့ အကုန် ကနေကြတာ။ အကုန်လုံး ပြည်သူ ပြည်သားတွေရော၊ ဂျာနယ်တွေရော၊ ဘာရောညာရော၊ အွန်လိုင်းက လူတွေကော ဇာတ်ညွှန်းအတိုင်းကို ဝင်ကနေရတာ။ အဲဒီဇာတ်ညွှန်းထဲက ကျွန်တော်တို့ ထွက်လိုက်တယ်ဆိုရင် ကျွန်တော်တို့ ဂရုစိုက်စရာကို မရှိတော့ဘူး။ ကိုယ့်အလုပ်ကိုယ် လုပ်ဖို့ပဲလိုတယ်။ အဲဒါဆို သူတို့ ဘာမှလုပ်လို့ မရတော့ဘူး။
ကျွန်တော်တို့က ဇာတ်ညွှန်းအတိုင်း အကုန်ဝင်တယ်။ ကျွန်တော်တို့ တိုင်းသူ ပြည်သားတွေကလည်း ဝမ်းပန်းတသာပဲ။ V Gastro Bar ဆို အဲဒီနောက် အကုန်ပါသွားတယ်။ မဘသ ဆိုလည်း မဘသနောက် အကုန်ပါသွားတယ်။ ဦးစံလင်းဆိုလည်း ဦးစံလင်းနောက် ပါသွားတယ်။   

ဦးသူရ (ခေါ်) ဇာဂနာနှင့် တွေ့ဆုံခြင်း (၁)

riday, 23 January 2015

ဇာဂနာဟု ဆိုလိုက်လျှင် အာဏာရှင်အစိုးရကို ပြောင်မြောက်သည့် ပြက်လုံးများနှင့် ထိုးနှက်ခဲ့သူ၊ သူတတ်သည့် အနုပညာနှင့် နိုင်ငံရေး လုပ်ခဲ့သူအဖြစ် လူသိများသည်။ သို့သော် ဦးသူရအဖြစ် သိရှိသူများကမူ လူရွှင်တော် ဇာဂနာမှာ နိုင်ငံရေး ပြက်လုံးများသာ ပြောင်မြောက်သူမဟုတ် နိုင်ငံရေး အယူအဆ အတွေးအခေါ် များတွင်လည်း အများနှင့်မတူသည့် ရှုထောင့်မှ ရှုမြင်နိုင်သူအဖြစ် သိရှိကြသည်။ အချို့က ဦးသူရ၏ နိုင်ငံရေး အယူအဆများကို သဘောမကျသည်များ ရှိသော်လည်း အများစုကမူ မြင်သည်ကို မြင်သည့်အတိုင်း၊ မှန်သည်ထင်သော ကိစ္စကို မှန်သည့်အတိုင်း ပွင့်ပွင့်လင်းလင်း မထောက်မညှာ ပြောတတ်သူအဖြစ် သဘောကျ ကြိုက်နှစ်သက်ကြသည်။ ယင်းကြောင့် ယနေ့မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် ၂၀၁၅ အလွန် ဖြစ်လာဖွယ်ရှိသည့် နိုင်ငံရေး အခင်းအကျင်းများအပေါ် ဦးသူရ (ခေါ်) ဇာဂနာက မည်သို့ရှုမြင် သုံးသပ်သည်ကို သိရှိနိုင်စေရန် The Voice က ဦးသူရနှင့် တွေ့ဆုံမေးမြန်း၍ ပြန်လည် ဖော်ပြအပ်ပါသည်။

Voice : ၂၀၁၅ မှာ တိုင်းပြည် မတည်မငြိမ်ဖြစ်ရင် စစ်တပ်က အာဏာပြန်သိမ်းမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ပြောလိုက်တာ အစ်ကိုလည်း ကြားမှာပါ။ ကိုသူရရဲ့ အတွေ့အကြုံအရ ၂၀၁၅ နိုင်ငံရေး အခင်းအကျင်းက ဘယ်လို ဖြစ်လာနိုင်မလဲလို့ထင်လဲ။ ၂၀၁၀ လိုပဲ တစ်ဖက်သတ် ကစားသွားမှာလား။ ဘယ်လို ဖြစ်လာနိုင်မယ်ထင်သလဲဗျ။

ဇာဂနာ : ကျွန်တော်ကတော့၂၀၁၅ ကို နဂိုကတည်းက သိပ်ရင်မခုန်ဘူး။ ၂၀၁၅ ဟာ ကျွန်တော့်ရဲ့ Vision မဟုတ်ဘူးလို့ အင်တာဗျူးတွေမှာ ကျွန်တော်ပြောလေ့ ရှိတယ်။ နောက်ဆုံးပိတ်ဗျာ ဦးသိန်းစိန်ပဲ သမ္မတ ပြန်လုပ်လုပ် ကျွန်တော့်စိတ်ထဲမှာ ဘာမှမဖြစ်ဘူး။ မင်းအောင်လှိုင်ပဲ ဖြစ်ဦးတော့ ဘာမှမဖြစ်ဘူး။ လွန်ခဲ့တဲ့ ၂ နှစ်တုန်းကလည်း ကျွန်တော် ဒီစကားပဲ ပြောခဲ့တယ်။ ၂၀၁၅ သည် ကျွန်တော်တို့ တိုင်းပြည်အတွက် ဘာမှအရေးမကြီးဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီလိုပဲ သွားရမှာကိုး။ ကိုနေဝင်းမောင်ရဲ့ စကားကို ငှားသုံးရရင် ကျွန်တော်တို့ အစောကြီးကတည်းက မျှော်လင့်ထားတာ တစ်ခုရှိတယ်။ အဲဒါဘာလဲဆိုတော့ ကျွန်တော်တို့ အနည်းဆုံး ရှစ်နှစ် အချိန်ယူရမယ်။ အဟောင်းပျက်ပြီး အသစ်ဖြစ်ဖို့ ရှစ်နှစ် အချိန်ယူရမယ်။ အဲဒီရှစ်နှစ်ဆိုတဲ့ အချိန်ကာလ အတောအတွင်းမှာ ကြားဖြတ်အစိုးရ တစ်ခုကို ထူထောင်မယ်။ ကြားဖြတ် အစိုးရသည် ဘယ်သူ ဖြစ်ရမလဲလို့ဆိုရင် တပ်လည်းရှိမယ်။ ဒေါ်အောင်ဆန်းစုကြည် ရှိမယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေ ရှိမယ်။ ဒီသုံးခု ပေါင်းထားတဲ့ ကြားဖြတ်အစိုးရ။
အဲဒီအချိန်တုန်းက တပ်က ဦးသန်းရွှေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ရှိတယ်။ အဲဒါ မနေ့တစ်နေ့က မဟုတ်ဘူး။ တင်ပြခဲ့တယ်။ နောက်သူ့ကို ဖမ်းလိုက်တယ်။ ကျွန်တော့်ကို ဖမ်းလိုက်တယ်။ သူက ၅ ရက်ပဲ ကြာတယ်။ ပြန်ထွက်လာတယ်။ နိုင်ငံခြား ဒိုးသွားတယ်။ ဆရာတင်မောင်သန်းကတော့ တောလမ်းက ထွက်သွားတယ်။ ကျွန်တော်တို့ အားလုံးက အဲဒီတုန်းကတည်းက အဲလို မျှော်လင့်ခဲ့တယ်။ ပထမတုန်းကတော့ လက်ခံမလိုလို၊ လက်မခံလိုလိုနဲ့ နောက်ကျတော့ အူကြောင်ကြောင်လုပ်ပြီး ကောက်မပစ်လိုက်တယ်။ ထားပါတော့။ ကျွန်တော်တို့ ပြောချင်တဲ့ အကြောင်းရင်းက ကျွန်တော်တို့ အဲသလောက်တော့ အချိန်ယူရလိမ့်မယ်။ (၃)(၄)(၅) နှစ်က ကျွန်တော်တို့အတွက် ဘာအဓိပ္ပာယ်မှ မရှိဘူး။ အဲလောက်နဲ့က တိုင်းပြည်လည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အနည်းဆုံးတော့ ရှစ်နှစ် အချိန်ယူရမယ်လို့ နဂိုကတည်းကကို မှန်းထားတယ်။ ကြားဖြတ်အစိုးရ တစ်ခုရှိရမယ်။ ကြားဖြတ်အစိုးရ အဖွဲ့တစ်ခုရှိပြီးမှ အဲဒီအောက်မှာ ဒီမိုကရက်တစ် Institutions တွေတည်ဆောက် ရမယ်။ အဲလို Institutions တွေတည်ဆောက်ရင် အသက် ၃၅၊ ၄၀ ကြား လူငယ်ခေါင်းဆောင်တွေ ရွေးပြီးရင် နောက်ရှစ်နှစ်ကြာရင် သူတို့တွေက ခေါင်းဆောင် ပြန်ဖြစ်သွားမယ်။
ဒီနည်းက ဘယ်ဟာကို အခြေခံတာလဲလို့ပြောရင် လီကွမ်ယူနည်းကို အခြေခံတာလို့ ပြောလို့ရတယ်။ ဒီလို ကျွန်တော်တို့ သွားချင်တဲ့ အတွက်ကြောင့် သူက ရောဂါထပြီး Myanmar Egress ကို တည်ထောင်လိုက်တယ်။ အဲဒါကတော့ သူ့စိတ်ကူးပေါ့။ ဒါက သူ့စကား ငှားသုံးတာလို့ ခုနကတည်းက ကျွန်တော် ပြောပြီးသား။ အဲလောက်ကတော့ သွားရလိမ့်မယ်။
ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော်တို့ စိုးရိမ်နေတာက လူငယ်မျိုးဆက် မရှိဘူး။ ၂၀၁၅ မှာ ဘယ်သူဖြစ်ဖြစ် ကျွန်တော်တို့မှာ လူငယ်မျိုးဆက် မရှိဘူး။ နှစ်ကုန်လို့ ၂၀၁၅ ရွေးကောက်ပွဲ လုပ်ဦးတော့ လူငယ်မျိုးဆက် ဘယ်မှာလဲ။ အန်တီမရှိရင် ကျွန်တော်တို့ ဘယ်သူ့ကို အားကိုးရမလဲ။ အစိုးရကော၊ ကမ္ဘာကကော ချောက်ချောက်ချားချား ကြောက်နိုင်တဲ့သူ ဘယ်သူရှိလဲ။ အန်တီကလွဲရင် အတိုက်အခံ ခေါင်းဆောင် ဘယ်သူရှိလဲ။ ကျွန်တော်တို့မှာ အဲဒီပြဿနာ ရှိနေတဲ့အတွက် ၂၀၁၅ ကို ရင်မခုန်ဘူး။ သမ္မတဦးသိန်းစိန်ပဲ ဖြစ်ဖြစ်၊ မင်းအောင်လှိုင်ပဲ ဖြစ်ဖြစ်၊ ဦးရွှေမန်းပဲ ဖြစ်ဖြစ် ကျွန်တော် စိတ်ကိုမဝင်စားဘူး။ ဖြစ်ချင်တဲ့သူ ဖြစ်ပလေ့စေတော့။ နောက်ပြန်လှည့်စရာလည်း မရှိတော့ဘူး။ သူတို့ကို ပေးဖြစ်ထားတာကိုး။
ကျွန်တော်က ၂၀၁၅ မှာ သူတို့ကို ပေးကိုပေးထားပြီးပြီ။ ကျွန်တော့်စိတ်ထဲမှာ ဦးဌေးဦးပဲ ဖြစ်ဖြစ်၊ သူရဦးအောင်ကိုပဲ ဖြစ်ဖြစ် ပေးဖြစ်ထားတယ်။
၂၀၂၀ ကတော့ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ Vision ။ ၂၀၂၀ မှာတော့ လူငယ်တွေ လိုတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ဘက်က စိတ်ဒုံးဒုံးကျစရာ ကျွန်တော်တို့ မရသေးဘူး။ မင်ဒဲလားလိုတော့ သွားမစဉ်းစားနဲ့နော်။ မင်ဒဲလားကို ဖယ်လိုက်တဲ့အချိန်မှာ နောက်လူက အဆင်သင့် ရှိနေတယ်။ အန်တီ့ ဖယ်လိုက်ရင် ဘယ်သူလဲလို့ ကျွန်တော်တို့ဘက်မှာ မရှိဘူး။ အဲတော့ တိုင်းရင်းသားထဲကပဲ ဖြစ်မလား။ ကျွန်တော်တို့အားလုံး ရာခိုင်နှုန်း တော်တော်များများ လက်ခံနိုင်လောက်တဲ့လူ ဘယ်သူလဲ။ အဲဒါက အရေးကြီးတယ်။
ကျွန်တော်တို့ တိုင်းပြည်အတွက် Figure မရှိသေးဘူး။ Fugure က သိပ်အရေးကြီးတယ်။ ကျွန်တော်တို့ အခု ယုံကြည်နိုင်လောက်တဲ့ နိုင်ငံရေး မျက်နှာသစ်ကို ရှာရမှာ။ နိုင်ငံရေးမှာ Opinion Leader တွေလိုတာပေါ့။ Opinion Leader တွေ တစ်နိုင်ငံလုံးမှာ လှည့်ရှာရမယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ နယ်တွေကို ဆင်းတယ်။ ဒီနှစ်တစ်နှစ်လုံး နိုင်ငံခြား ကျွန်တော် ဘယ်မှမသွားဘူး။ ခဏတဖြုတ် သွားတာပဲရှိတယ်။ နယ်အကုန်ဆင်းတယ်။ ကျွန်တော် ဓနုတို့၊ ဝ တို့ဘက် ထိရောက်တယ်။ အဲဒီဒေသတွေမှာ အဖွဲ့အစည်း အသေးလေးတွေ လုပ်တယ်။ အဲဒီကနေ Opinion Leader ကိုရှာတယ်။ ဗမာလို ပြောရရင်တော့ ကာလသားခေါင်းပေါ့။ အဲဒီ ကာလသားခေါင်း ၄၀၀ လောက် ရလာရင်ကို အဲဒီထဲကနေ ကျွန်တော်တို့ ဆွဲထုတ်လို့ရပြီ။ ဒါတွေ ကျွန်တော်မပြောဘူး။ ကျွန်တော်နဲ့အတူ ဂျင်မီလည်း ပါတယ်။ ဒီကောင်တွေ ဒါလိုက်လုပ်နေတာလား ဆိုတာကို သိသွားမှာစိုးတယ်။ ဗမာစကားပုံ လိုပဲလေ။ မပြီးခင် ဗမာမမြင်စေနဲ့ ဆိုတာမျိုး။ အလုပ်က မဖြစ်သေးဘူး။ အနှောင့်အယှက်က ဝင်လာပြီ။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ဘာမှမပြောတော့ဘူး။ ကျွန်တော်တို့ ကိုယ့်ဘာသာကို သွားတယ်။ တစ်နေရာကနေ တစ်နေရာကို သွားတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် သွားတာ။ အစိုးရ ပေးတဲ့ပိုက်ဆံ မဟုတ်ဘူး။ ကျွန်တော်တို့က လူကို မွေးမှရမှာ။

Voice : ကျွန်တော်တို့မှာ အန်တီမရှိတော့ရင် ခေါင်းဆောင် မရှိတော့ဘူးလို့ ပြောသွားတယ်။ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းကိုလည်း ပြည်သူက မျှော်လင့်နေတာ ရှိတယ်။ သူတို့ကိုလည်း နိုင်ငံရေး ဘက်လိုလို၊ လူမှုရေး ဘက်လိုလို ဖြစ်နေပြီး လူထု မျှော်လင့်ထားသလောက် ဖြစ်မလာဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေတယ်။ အဲဒါဘာ့ကြောင့်လို့ ကိုသူရ ထင်လဲဗျ။

ဇာဂနာ : တစ်ခုရှိတယ်။ ကျွန်တော် ၂၀၁၁ ခုနှစ် ထောင်ကထွက်ပြီးတော့ ဘန်ကောက်က နိုင်ငံခြား သတင်းစာ ဆရာအသင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်တုန်းက သတင်းထောက် အယောက် ၄၀၀ လောက် ကျွန်တော့်ကို ဝိုင်းမေးကြတာကို ပြန်အမှတ်ရမိတယ်။ အဲဒီတုန်းက ကျွန်တော့်ကို စိတ်ဆိုးကြတယ်။ အန်တီသာ မရှိရင် NLD က အသက် ၄၀ တန်း၊ ၅၀ တန်းခေါင်းဆောင်က ဘယ်သူပါလိမ့်လို့ ကျွန်တော်ပြောခဲ့တယ်။ ကျွန်တော်တို့ မွေးဖို့လိုပြီလို့ အဲဒီအချိန် ကတည်းက ကျွန်တော် ပြောခဲ့တယ်။ အဲဒီတုန်းက မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ မလွတ်သေးလို့ ကျွန်တော် မပြောဘူး။ အဲဒါ ၂၀၁၁ ဒီဇင်ဘာ။ အွန်လိုင်းမှာ ကြည့်လို့ရပါတယ်။ ဒီတုန်းက ကျွန်တော့်ကို ဝိုင်းတုတ်ကြတယ်။ အခုကျတော့လည်း ကျွန်တော် မေးခဲ့တဲ့စကားကို ပြန်ပြောနေကြတယ်။ ကျွန်တော် မြန်မာပြည် ပြန်လာတော့ အန်ကယ် ဦးဝင်းတင်က ကျွန်တော့်ကို ပြောတယ်။ မင်းတို့ပါ ဝင်လုပ်ကြလေကွာတဲ့။ မင်းတို့ အဲလိုပြောနေမယ့်အစား မင်းတို့ ဝင်လုပ်ကြလေကွာဆိုပြီး အန်ကယ် ဦးဝင်းတင်က ပြောတယ်။ ကျွန်တော်ကလည်း အန်ကယ် ဦးဝင်းတင်ကို ပြန်ပြောခဲ့ပါတယ်။ ဝင်လုပ်ချင်မှတော့ ၈၈ တည်းက ဝင်လုပ်မှာပေါ့။ အဲဒီတုန်း ကတည်းက ကျွန်တော်တို့ကို ခေါ်နေတာပဲ။ ကျွန်တော်က လုပ်မှ မလုပ်ချင်တာကိုး။ အဲလိုပဲ ကျွန်တော် ပြောခဲ့တယ်။ သို့သော် အဲဒီတုန်း ကတည်းက ကျွန်တော် ပြောတယ် ဆိုတာကို ပြောချင်တာ။ အခုမှ ထပြောတာမျိုး မဟုတ်ဘူး။ ကျွန်တော်တို့က အရပ်သား။ အနုပညာရှင်။ ကျွန်တော်တို့မှာ ဝေဖန်ခွင့် ရှိတယ်။ ပြင်ရမှာ သူတို့တာဝန်။ ရှာရမှာ သူတို့တာဝန်။ သူတို့မရှာဘူး။ မရှာလို့ ကျွန်တော်တို့ လိုက်ရှာနေတယ်။ သူတို့ရှာတယ် မရှာဘူး ကျွန်တော်မသိဘူး။ ပွင့်ပွင့်လင်းလင်း ကျွန်တော် နာမည် တပ်ပြောပါရစေ။ မကွေးတိုင်းမှာ စလင်းကဖြစ်ဖြစ်၊ ပွင့်ဖြူကဖြစ်ဖြစ် လူငယ်ထဲမှာ NLD တိုင်းစည်းထဲမှာ ကိုနေမျိုးကျော်တို့ ဘာတို့ တက်လာတယ်။ ကျွန်တော်တို့ အားကိုးရတယ်။ တော်လည်း တော်တယ်။ အဲဒီ နေမျိုးကျော်ဆိုရင် ကျွန်တော်တို့ သဘောလည်းကျတယ်။ သူ NLD ရောက်သွားတဲ့အတွက် ကျွန်တော် ထောက်ခံတယ်။ သူတို့ လိုလူမျိုးကို ကျွန်တော်တို့က အားကိုးတယ်။ သူလိုတာ ကျွန်တော်တို့ ပံ့ပိုးပေးတယ်။ နေ့တိုင်း သူနဲ့ ကျွန်တော် အဆက်အသွယ်ရှိတယ်။ သူလိုချင်တာ ကျွန်တော် ပို့ပေးတယ်။

“ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ပြီးတော့ ဦးရွှေမန်းက သမ္မတဖြစ်မယ် ဆိုတာလည်း ဇာတ်ညွှန်းပဲ။ ..ကျွန်တော်တို့က ဇာတ်ညွှန်းအတိုင်း အကုန်ဝင်တယ်။ ကျွန်တော်တို့ တိုင်းသူ ပြည်သားတွေကလည်း ဝမ်းပန်းတသာပဲ။ V Gastro Bar ဆို အဲဒီနောက် အကုန်ပါသွားတယ်။ မဘသ ဆိုလည်း မဘသနောက် အကုန်ပါသွားတယ်။ ဦးစံလင်းဆိုလည်း ဦးစံလင်းနောက် ပါသွားတယ်”

ကျွန်တော်တို့ ပြောနေတာကျတော့ ဝေဖန်တာချည်းပဲ ဖြစ်နေလို့ ကျွန်တော် မဝေဖန်တော့ဘူး။ ကိုယ်တိုင် ဝင်လုပ်လိုက်တာ။ ၂၀၁၁ တုန်းကတော့ ကျွန်တော်က ဝေဖန်တာ။ အခုကတော့ ကိုယ်တိုင် ဝင်လုပ်တယ်။ အဲဒီလူတွေ တစ်နေ့ တိုင်းပြည်ခေါင်းဆောင် ဖြစ်သွားရင် လုပ်ရကျိုး နပ်ပြီပေါ့ဗျာ။ ဒါ(၁)။ နောက် ၈၈ ပွင့်လင်းကလူတွေ (မနေ့ညကတောင် တွေ့သေးတယ်) တကယ်တမ်းပြောရရင် နိုင်ငံရေး လုပ်ချင်တယ်။ နိုင်ငံရေးထဲမှာ ပါချင်တယ်။ ဒါ ခင်ဗျားတို့ကို ကျွန်တော် အမှန်အတိုင်းပြောတာ။ လူတွေက စိတ်ပဲရှိတော့တယ်။ မသွားနိုင်တော့ဘူး။ ကျွန်တော်တို့လည်း ပါတယ်။ အဲထဲမှာ ကျွန်တော် တော်တော် သွားနိုင်သေးတယ်။ မင်းကိုနိုင် မသွားနိုင်တော့ဘူး။ နာရီဝက်လောက် လှုပ်ရှားလိုက်ရင် မောသွားပြီ။ ကျန်းမာရေး မကောင်းတော့ဘူး။ ကိုကိုကြီးလည်း မကောင်းဘူး။ ကိုကိုကြီးဆိုရင် တအားလုပ်ချင်တယ်။ တကယ် ပြန်စဉ်းစားကြည့်ပါ ဦး။ ၈၈ ကို လူတွေက မျှော်လင့် ထားလိုက်ကြတာ (မျှော်လည်း မျှော်လင့်သင့်ပါတယ်) တိုင်းပြည်မှာလည်း ဒါပဲရှိတာကို။ တကယ်ပြန်ချုပ် ကြည့်လိုက်တော့ ခုနစ်ယောက်လား ရှိတော့တာ။ လှမျိုးနောင်လည်း သေပြီ။ ကိုဌေးကြွယ်လည်း ကျန်းမာရေး မကောင်းဘူး။ ကိုမင်းဇေယျာ လမ်းမလျှောက်နိုင်တော့ဘူး။ ရောဂါမျိုးစုံ။ အဲဒီလူတွေက သူတို့ကို သူတို့လည်း သိတယ်။ ကျွန်တော်တို့လည်း သိတယ်။ ခံနိုင်ရည်အနေနဲ့ ပြောရရင် ထောင်ထဲအကြာကြီး နေလိုက်ရတဲ့ ခံနိုင်ရည်က ဟုတ်တယ်။ တိုင်းပြည်အတွက် စွမ်းဆောင်ရည် ဆိုတဲ့နေရာမှာ ကျွန်တော်တို့ မလိုက်နိုင်တော့ဘူး။ ဒီလူတွေက နောက်လိုလို့ ခံပေးဦးဆို ခံပေးဦးမယ်။ ချောတိုင်တက်သလို ကျွန်တော်တို့ ပခုံးခံပေးမယ်။ ကျွန်တော်တို့အပေါ် တက်နင်းကြပါ။ ပန်းတော့စွပ်ကြ။ ကျွန်တော်တို့ ပခုံးခံပေးမယ်။ ခံနိုင်ရည် အနေနဲ့တော့ နေလို့ရတယ်။ လူတွေက အာရုံမစိုက်နိုင်တော့ဘူး။ အကုန် ၅၀ ကျော်ကုန်ပြီ။ ၅၀ ကျော်မှာက ထောင်ထဲကို နှစ် ၂၀ လောက် သွားနေခဲ့ရတယ်။ ရောဂါပေါင်းစုံ ထွက်တယ်။ ကျွန်တော် အခု ခင်ဗျားကို ပြောသာပြောနေရတာ။ ကျွန်တော်လည်း ရောဂါပေါင်းစုံပဲ။ ကျွန်တော်က ပေပေတေတေနေလို့လား မသိဘူး။ သေချင်ရင်တော့ ခေါက်ခနဲ သေမှာပဲ။ ကျွန်တော့် ခန္ဓာကိုယ်မှာ မရိုသေ့စကား ကျွန်တော် ဖင်လှန်ပြလို့ရတယ်။ ထောင်ထဲကရ လာတဲ့အနာတွေ။ ဆရာဝန် ပေါင်းမျိုးစုံ၊ ဆေးမျိုးစုံ။ နိုင်ငံခြားလည်း သွားပြပြီးပြီ။ ဆေးနေ့တိုင်း လိမ်းရတယ်။ ဆေးနေ့တိုင်း သောက်ရတယ်။ ကျွန်တော် အင်္ကျီ ချွတ်ပြလို့ မရဘူး။ အပြင်လိုက်ကြီး။ ယားနာလည်းမဟုတ် ဘာလည်းမဟုတ်။ ဘာရောဂါမှန်းလည်း မသိဘူး။ နှင်းခူလည်းမဟုတ်။ ဝဲလည်းမဟုတ်။ အဲဒါကြီးတွေက ဆိုက်ကို ကိုဖြစ်နေတယ်။ ကျွန်တော်တို့ထဲမှာ သူငယ်ချင်းတွေကို မေးကြည့်တယ်။ ညအိပ်မရတဲ့သူနဲ့။ ဗိုက်မကောင်းတဲ့သူနဲ့။ အစာအိမ် မကောင်းတဲ့သူနဲ့၊ အာရုံကြော မကောင်းတဲ့သူနဲ့။ ကျွန်တော်ဆိုလည်း ဆေးရုံနှစ်ခါရှိပြီ တက်ရတာ။ ဆိုတော့ ၈၈ ကို ပရိသတ်မျှော်တယ်။ ပြည်သူမျှော်တယ်။ ကျွန်တော်တို့လည်း လက်ခံတယ်။ သူတို့လည်း သိပါတယ်။ သူတို့စိတ်ပဲ သွားနိုင်တယ်။ လူက မသွားနိုင်တော့ဘူး။ တကယ်ဖြစ်နေတာ။ အဲဒီအတွက်လည်း သူတို့ကိုယ်သူတို့ အားမလို အားမရတွေ ဖြစ်တယ်။ ကျွန်တော်တို့နဲ့ ဦးရဲထွဋ်နဲ့ မယှဉ်နိုင်ဘူး။ ကျန်တာ အကုန် ကျွန်တော် ယှဉ်ရဲတယ်။ ကျန်းမာရေးကို မယှဉ်ရဲဘူး။ ကျွန်တော် သူတို့လို မစားခဲ့ရဘူး။ မနေခဲ့ရဘူး။ ပြန်ကြားရေးဝန်ကြီးကို လူချင်းမယှဉ်ရဲဘူး။ ထိုးရင်လည်း ကျွန်တော်ရှုံးမှာ။ ဥပမာအားဖြင့် ကျွန်တော်ပြောတာပါ။ အဲဒီလိုမျိုး ကျွန်တော်တို့ကို ကျန်းမာရေးတွေက Limit ဖြစ်လိုက်ပြီ။ ဒါပေမဲ့ ကျွန်တော် လုပ်သေးတယ်။ ညက ဟောပြောပွဲ ဟောလိုက်သေးတယ်။ အဲဒီထက်တော့ ကျွန်တော် မခံနိုင်ဘူး။ ကျွန်တော် နေပူထဲ မနေနိုင်တော့ဘူး ကိုဝဏ္ဏ။ အရင်က ကျွန်တော် ရုပ်ရှင်ရိုက်ခဲ့တယ်။ မီးတွေထိုးခဲ့တယ်။ အခုမီးထိုးရင် မျက်လုံးမခံနိုင်ဘူး။ ကျွန်တော့်ကို မီးတွေထိုးရင် မခံနိုင်တော့ဘူး။ ကျွန်တော် အခုသုံးနှစ်အတွင်း သရုပ်ဆောင် လုံးဝမလုပ်နိုင်ဘူး။ နည်းမျိုးစုံ ကျွန်တော် ကြိုးစားကြည့်တယ် မရတော့ဘူး။ အဲဒါ ကျွန်တော်တို့ရဲ့ အားနည်းချက်ပဲ။

Voice : NLD က ၂၀၁၅ ရွေးကောက်ပွဲကို မဲဆန္ဒနယ်အားလုံးမှာ ဝင်ပြိုင်မယ်လို့ ကြေညာလိုက်တယ်။ မဲဆန္ဒနယ် တော်တော်များများမှာ NLD နိုင်လိုက်ရင် အခုနိုင်ငံရေး သုံးသပ်သူတွေ သုံးနှုန်းနေတာကတော့ ဦးရွှေမန်းသမ္မတ။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလို NLD အပြတ်အသတ် နိုင်ဦးမယ်လို့ ကိုသူရ ထင်သလား။ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အတွဲကို (တွဲနေတာကို) တပ်ဘက်က ဦးရွှေမန်းကို သစ္စာဖောက်လို့ ပြောတဲ့သူတွေက ပြောနေကြတယ်။ တပ်ဘက်ကကော လက်ခံနိုင်တဲ့ အခြေအနေ ရှိရဲ့လား။ ဦးရွှေမန်း (၂၀၁၅ အလွန်) မှာ သမ္မတဖြစ်ခဲ့ရင် တစ်ဖက်ကလည်း NLD တင်တဲ့ ရုပ်သေးအစိုးရလို့ မြင်နေကြတယ်။ ဒါတွေကို လက်မခံရင် နောက်ကြောင်း ပြန်သွားမလား။ အဲဒီလို အခြေအနေ ဖြစ်သွားရင် ကိုသူရ ခုနပြောခဲ့သလို ၂၀၂၀ ကို ရောက်ဖို့ ကြာသွားမလား။

ဇာဂနာ : အဲဒီမေးခွန်း နှစ်ခုစလုံးက ကျွန်တော့်မှာ အဖြေရှိပြီးသား။ ဒါတွေကို ကျွန်တော်က ကြိုပြီးတော့လည်း မြင်ပြီးသား ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်း တွဲနေတဲ့အတွဲက ဇာတ်ညွှန်း။ ဇာတ်ညွှန်းကို ကနေတာ ဖြစ်တဲ့အတွက် တပ်မတော်က သဘောတူတယ်/သဘောမတူဘူးဆိုတဲ့ ဝေါဟာရအပေါ်မှာ ကျွန်တော်က ဘာမှစိတ်ကသိကအောက် မဖြစ်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဇာတ်ညွှန်းအတိုင်း ကနေတာ။ အဲဒီဇာတ်ညွှန်းကလည်း ကြိုရေးပြီးသား။ ကြိုရေးပြီးသား ဇာတ်ညွှန်းတစ်ခုကို ကနေကြတဲ့အတွက် ကျွန်တော်က ပြဇာတ်တစ်ခု ကြည့်နေရတယ်လို့ပဲ ခံစားရတယ်။ အဲဒါနဲ့ နိုင်ငံရေးမှာ ဘာမှအပြောင်းအလဲ မဖြစ်ဘူး။ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွဲတယ်/သွားတယ်/လာတာ များတယ်လို့ လူတွေက ပြောနေကြတာလည်း ဇာတ်ညွှန်းပဲ။ ထိုနည်းတူ NLD က ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အားလုံးမှာ ဝင်ပြိုင်မယ်။
ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ပြီးတော့ ဦးရွှေမန်းက သမ္မတဖြစ်မယ် ဆိုတာလည်း ဇာတ်ညွှန်းပဲ။ နောက်တစ်ခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပါဝင်တဲ့ NLD က ၄၂၀ ရှိရင် ၄၂၀ လုံးနိုင်မယ် ဆိုတာကတော့ တော်တော်စိတ်ကူးယဉ်တဲ့ ကိစ္စပဲ။ ဒါလည်း မဖြစ်နိုင်ဘူး။
အားလုံးဟာ ရိုးရိုးလေးပါဗျာ။ သိပ်မစဉ်းစားပါနဲ့။ ကိုကာကိုလာ ဖလားပါပဲ။ ကိုကာကိုလာ စရောင်းတော့ တခြားသူတွေနဲ့ ဖိုက်လာရတော့ ပြဿနာ တက်တယ်။ ဆိုတော့ ကိုကာကိုလာ နှစ်ကိုယ်ခွဲရတာပေါ့။ COKE နဲ့ ကိုကာကိုလာ နှစ်ကိုယ်ခွဲတော့ ကျန်တဲ့ Brand တွေဖြစ်တဲ့ ပက်စီတို့ဘာတို့က တတိယနေရာကို အလိုလို ရောက်သွားတယ်။ COKE နဲ့ ကိုကာကိုလာတောင် နှစ်ခုခွဲရတယ်။ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းက နှစ်ကိုယ်ခွဲလိုက်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကို တတိယနေရာကို အလိုလို ပို့လိုက်တာ။ ဒီလိုဖြစ်အောင်ကို လုပ်လိုက်တာ။ ဒါဇာတ်ညွှန်းပါ။ အဲတော့ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းပဲ အဆင်မပြေသလိုလို/ဘာလိုလို။ ဘာလို့ မပြေရမှာလဲ။ စစ်တပ်ကလူတွေ အဆင်မပြေဘူးဆိုတာ တစ်ခါမှ မကြားဖူးဘူး။ နောက်တစ်ခု ဦးရွှေမန်း သမ္မတလုပ်မယ် ဆိုတာကို တပ်က မလိုလားဘူး ဆိုတာကလည်း မဖြစ်နိုင်ပါဘူး။ ဒါတွေက ဇာတ်ကောင်ချထားတာ။ ဇာတ်ညွှန်းကို ရေးပြီးတော့ ဇာတ်ကောင် ချထားတဲ့အကွက်အတိုင်း ကျန်တဲ့လူတွေ လှုပ်ရှားနေရတာ။
ကျန်တဲ့လူတွေ ကကြရတာ။ ကျွန်တော် အစောကြီးကတည်းက ပြောခဲ့တယ်။ ဒါတွေအားလုံးဟာ ဇာတ်ညွှန်းတွေချည်းပဲ။ ကျွန်တော်ကတော့ တစ်ခုမှ မယုံဘူး။ ကျွန်တော့်အနေနဲ့ ပြောတာ။ ယုံကိုမယုံဘူး။ အားလုံး ဇာတ်ညွှန်းကြီးပဲ။ ဒါပေမဲ့ ကိုယ့်ဘက်က အားပြည့် ပြင်ဆင်ဖို့တော့ လိုတယ်။ သူတို့ဘက်က နည်းမျိုးစုံနဲ့ ဇာတ်ညွှန်းတွေ ချပြမယ်။
ဇာတ်ညွှန်းတွေထဲမှာ ရခိုင်လည်း ဇာတ်ညွှန်းပဲ။ မိတ္ထီလာလည်း ဇာတ်ညွှန်းပဲ။ လားရှိုးလည်း ဇာတ်ညွှန်းပဲ။ လက်ပံတောင်းလည်း ဇာတ်ညွှန်းပဲ။ အခု V Gastro Bar လည်း ဇာတ်ညွှန်းပဲ။ မင်းအုပ်စိုးသာ ဘာမှမဆိုင်ဘဲ ဝင်လာတာ။ အားလုံး ဇာတ်ညွှန်းတွေချည်းပဲ။ ဇာတ်ညွှန်းတွေ အားလုံးအတိုင်း ကျွန်တော်တို့ အကုန် ကနေကြတာ။ အကုန်လုံး ပြည်သူ ပြည်သားတွေရော၊ ဂျာနယ်တွေရော၊ ဘာရောညာရော၊ အွန်လိုင်းက လူတွေကော ဇာတ်ညွှန်းအတိုင်းကို ဝင်ကနေရတာ။ အဲဒီဇာတ်ညွှန်းထဲက ကျွန်တော်တို့ ထွက်လိုက်တယ်ဆိုရင် ကျွန်တော်တို့ ဂရုစိုက်စရာကို မရှိတော့ဘူး။ ကိုယ့်အလုပ်ကိုယ် လုပ်ဖို့ပဲလိုတယ်။ အဲဒါဆို သူတို့ ဘာမှလုပ်လို့ မရတော့ဘူး။
ကျွန်တော်တို့က ဇာတ်ညွှန်းအတိုင်း အကုန်ဝင်တယ်။ ကျွန်တော်တို့ တိုင်းသူ ပြည်သားတွေကလည်း ဝမ်းပန်းတသာပဲ။ V Gastro Bar ဆို အဲဒီနောက် အကုန်ပါသွားတယ်။ မဘသ ဆိုလည်း မဘသနောက် အကုန်ပါသွားတယ်။ ဦးစံလင်းဆိုလည်း ဦးစံလင်းနောက် ပါသွားတယ်။

– See more at: http://www.thevoicemyanmar.com/index.php/article/item/5545-otr#sthash.XcnO0gUI.dpuf

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: