ဒီလိုစိတ်ဓာတ်တွေနဲ့ တော့ စစ်ဖိနပ်အောက်က လွတ်ဖို့ ဝေးသေးသည်… ညီညာပြီး စစ်မျက်နှာစုံဖွင့်၍ ဘက်စုံဝိုင်းတိုက်မှ စစ်ကျွန်ဘက လွတ်မည်

ဒီလိုစိတ်ဓာတ်တွေနဲ့ တော့ စစ်ဖိနပ်အောက်က လွတ်ဖို့ ဝေးသေးသည်

ညီညာပြီး စစ်မျက်နှာစုံဖွင့်၍ ဘက်စုံဝိုင်းတိုက်မှ စစ်ကျွန်ဘက လွတ်မည်
****************************************************
မြန်မာနိုင်ငံသားတို့ မှာ ‘ဇ’ မရှိ
ဇွဲ မရှိ ကြ
မညီညွှတ်ကြ

တပါးသူ အခက်အခဲတွေ့ လျှင် ၀ိုင်းကူ တိုက်သူ နည်းသည်
ကောက်ရိုးမီးလို ဟုန်းကနဲ ထတောက် ထလုပ်
ဖွဲမီးလို ရေရှည် မလောင်

မေ့လွယ်တတ်သည်-
အငြိုးမကြီး ခွင့်လွတ်တတ်သည်
ဖြစ်သမျှနှင့်ကြေနပ်သည်-

မရရအောင်ရေရှည် ဇွဲဖြင့် မကြိုးစား မတိုက်လိုကြ
ပူးပေါင်း ကြိုးစားလိုစိတ် နည်းသည်။

ယခုကျောင်းသားသပိတ် …
သူပုန်တွေဝင်မကူ
ကချင်ကိုတိုက်လျှင် ကရင်ကငြိမ်
မြို့မှာဖြစ်လျှင် နယ်တွေမှာငြိမ်
ကိုးကန့် တိုက်လျှင် ရှမ်းကမဆိုင်သလိုနေ

ဘယ်မှာလည်း…
တောင်သူလယ်သမား
မြေသိမ်းယာသိမ်းခံတို့ တိုက်ပွဲ ဘယ်မှာလည်း
အလုပ်သမား အများဝိုင်း မကူ  –
ဒီချုပ် – ရွှေဝါရောင် NGO တွေ ဘယ်မှာလည်း
ဝိုင်းကူကြပါ – ၀ိုင်း ကူ တိုက်ကြပါ

ညီညာပြီး စစ်မျက်နှာစုံဖွင့်၍ ဘက်စုံဝိုင်းတိုက်မှ စစ်ကျွန်ဘက လွတ်မည်

2 Responses to “ဒီလိုစိတ်ဓာတ်တွေနဲ့ တော့ စစ်ဖိနပ်အောက်က လွတ်ဖို့ ဝေးသေးသည်… ညီညာပြီး စစ်မျက်နှာစုံဖွင့်၍ ဘက်စုံဝိုင်းတိုက်မှ စစ်ကျွန်ဘက လွတ်မည်”

  1. drkokogyi Says:

    Aung Naing Moe

    ကျောင်းသားသပိတ်နဲ့ ပတ်သက်လို့ တချို့က စိုးရိမ်တကြီး သတိပေးကြ(ဆရာလုပ်ကြ)တဲ့ အချက်တခု ရှိတယ်။ အဲဒါကတော့ Student strike (ကျောင်းသားသပိတ်)ကနေ General strike (အထွေထွေသပိတ်) ဖြစ်မသွားစေနဲ့ (တနည်း) မူလတောင်းဆိုချက်ဖြစ်တဲ့ ပညာရေးဆိုင်ရာ တောင်းဆိုချက်ကနေ နိုင်ငံရေးတောင်းဆိုချက်တွေ စွက်မလာစေနဲ့ ဆိုတဲ့အချက်။

    ကျနော်ကတော့ သူတို့နဲ့ ဆန့်ကျင်စွာပဲ အထွေထွေသပိတ်ကြီးအဖြစ် အသွင်ကူးပြောင်းသွားဖို့ကို မျှော်လင့်ကြိုဆိုနေသူပါ။ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ အစိုးရဝန်ထမ်း၊ တိုင်းရင်းသား၊ ရဟန်းရှင်လူအပေါင်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပါဝင်ဆန့်ကျင် သပိတ်မှောက်ကြတဲ့ အထွေထွေသပိတ်ကြီးကို မျှော်လင့်လိုလားသူပါ။

    ဒီအထွေထွေသပိတ်ကြီးကနေ
    – စစ်အာဏာရှင်စနစ်ကို အမြစ်က လှန် ဖျက်ဆီးပစ်ဖို့
    – မြန်မာ့နိုင်ငံရေးမှာ စစ်တပ်က ဝင်မရှုပ်ဖို့
    – စစ်ခရိုနီတွေ ခိုးဝှက်ထားတဲ့ တိုင်းပြည်ဘဏ္ဍာတွေကို ပြန်ရယူဖို့
    – လွတ်လပ်ပြီး တရားမျှတတဲ့ စနစ်တခုကို ထူထောင်ဖို့
    – တန်းတူညီမျှမှုရှိတဲ့ ဖက်ဒရယ်အစစ် ထူထောင်နိုင်ဖို့

    မျှော်လင့်ပါတယ်။

    စစ်အာဏာရှင်စနစ်ကို မဖျက်နိုင်သေးရင် ကျောင်းသားတောင်းဆိုချက်တွေကို လတ်တလော လိုက်လျောလိုက်ရင်တောင်မှ ဒီအခွင့်အရေးတွေကို အချိန်မရွေး ပြန်သိမ်းသွားနိုင်ပါသေးတယ်။ သိန်းစိန်လက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးမှ ခဏနေ ပြန်ဖမ်းလိုက်၊ ထောင်ချလိုက် လုပ်သလိုပေါ့။

    စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်နိုင်မှသာ လွတ်လပ်မှုအစစ်ကို ရနိုင်မယ်။ ဒါကြောင့် ရဟန်းရှင်လူပြည်သူအပေါင်းပါဝင်ကြမယ့် အထွေထွေသပိတ်ကြီးကို မျှော်လင့်မိပါကြောင်း….။

  2. drkokogyi Says:

    သိလာတဲ့သူများက စစ်အစိုးရဆန့်ကျင်ရေးဖက်ကို ပြောင်းလာကြတယ်
    ====================================
    ၁။ မိမိကောင်းကျိုးအတွက် အမြင့်ဆုံး သမ္မတဖြစ်သည်အထိ ကျိုးစားနိုင်ခွင့် မရှိခြင်း
    .
    ၂။ မိမိယုံကြည်သူကို သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ရန် မဲပေးနိုင်ခွင့် မရှိခြင်း
    .
    ၃။ တိုင်းပြည်တိုးတက်အောင် မလုပ်နိုင်သော အစိုးရကို ဖြုတ်ချနိုင်ခွင့် မရှိခြင်း
    .
    တွေကြောင့် ပြည်သူတိုင်း မည်သူမျှ သီးခံနိုင်မည် မဟုတ်သဖြင့် တိုင်းပြည်ငြိမ်းချမ်းမှု
    မရနိုင်သည်ကို သိရှိလာကြသောအခါ
    .
    မငြိမ်းချမ်းသော အခြေအနေမှာ ကြာရှည်စွာ မည်သူမျှ မနေလိုကြသောကြောင့်
    .
    ငြိမ်းချမ်း တိုးတက်သော လူနေမှုစနစ်တစ်ခုအမြန်ပေါ်ပေါက်လာစေရန် လူတွေဟာ
    စစ်အစိုးရဆန့်ကျင်ရေးဖက်ကို ပြောင်းလာကြတယ်
    .
    ထိုကြောင့် ဒီမိုကရေစီတိုက်ပွဲသည် အောင်မြင်မည် ဖြစ်ကြောင်း သိရသည်။
    __________________
    Dr Aung Khin
    27-01-2015

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: