သာသနာလမ်း ဖြောင့်ဖြောင့်လိုက်မယ်။ ဘုရားအလိုကျနေမယ်ဆိုတဲ့ ရွှေကျင်ဂိုဏ်းရဲ့အနှစ်အသား ပျက် ? all that glitter like Thidagu may be NOT gold…

Shwe Kyin WAS once said to be the best in Buddhist Gangs.
Shwe Kyin must be clever that all that glitter like Thidagu may be NOT gold…
Dr. Htet MinlwinYesterday
မင်းတုန်းမင်းလက်ထက် ရွှေကျင်ဆရာတော်ကို သာသနာပိုင် မောင်းထောင်ဆရာတော်က သုဓမ္မာသို့ ဆင့်ခေါ်ရာ ရွှေကျင်ဆရာတော် ကြွတော်မမူ။ သာသနာပိုင် အမိန့်နှင့် ကြွစေရန် မဟာဒါန်ဝန်က အတင်းစီမံတော်မူခြင်းကို ရှင်ဘုရင် သိလျှင် ရွှေကျင်ဆရာတော်ကို သုဓမ္မာမှ သီးခြား ရှိပါစေ အမိန့်ပေးသဖြင့် ဂဏဝိမုတ် သီးခြား ရွှေကျင်ဂိုဏ်းဟူ၍ ပေါ်ပါတယ်။ ရွှေကျင်ဆရာတော့် အဆုံးအမအောက်မှ ရှိတဲ့ ရဟန်းသာမဏေတွေလဲ သုဓမ္မာက ကင်းလွတ်ခွင့်ရပါတယ်။ တနည်းပြောရရင် ရွှေကျင်ဂိုဏ်းဟာ ရပ်ရေး၊ ရွာမှု၊ organized monastic institutions တွေမှာ ဝင်မပါဘဲ ဝိနည်းတင်းတင်းလေးစားပြီး “အရညဂတာနံဝါ” မင်းအစိုးရအာဏာစက်အသင်းအပင်းမှ ဝေးရာမှာ နေတဲ့ သံဃာဂိုဏ်းဖြစ်ပါတယ်။ သမိုင်းတလျှောက် ကြည့်ရင် ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ်တွေမှာ ရွှေကျင်ဂိုဏ်းသံဃာများ မင်းရေး စိုးခွင်၊ လူမှုရေး မရောနှောဘဲ သီးသီးသန့်သန့်နေပါတယ်။ ဒါဟာ သာသနာလမ်း ဖြောင့်ဖြောင့်လိုက်မယ်။ ဘုရားအလိုကျနေမယ်ဆိုတဲ့ ရွှေကျင်ဂိုဏ်းရဲ့အနှစ်အသားပါပဲ။ (secular trend နဲ့လဲ နီးတယ်။) မင်းတုန်းမင်းကောင်းမှုနဲ့ ရလာတဲ့ ဒီအခွင့်အရေးဟာ ဗိုလ်နေဝင်းခေတ် ဂိုဏ်းပေါင်းစုံ သံဃာတွေကို မဟန နဲ့ ထိန်းဖို့ လုပ်တဲ့အခါမှ ပျက်ပါတယ်။

ပြောလိုတာကတော့ လူမှုရေး အသားပေး၊ ရောယိမ်းလိုက် ဘသားယိမ်းလိုက်၊ ဘယ်သူကိုတော့ သမတလုပ်စေချင်တယ် ဘာညာလုပ်နေတဲ့ဘုန်းကြီးမျိုး သူ့ဟာသူ ပြောတာ လုပ်တာ နေတာ ထိုင်တာ ဘာမှ မှတ်ချက်မပေးလိုပါ။ သို့သော် သမိုင်းတလျှောက် လူမှုရေး၊ ရပ်ရေး ရွာမှု၊ နိုင်ငံရေးနဲ့ ကင်းအောင်နေလာတဲ့ ရွှေကျင်ဂိုဏ်း သာသနာပိုင်၊ တွဲဖက်သာသနာပိုင် ရာထူးနဲ့တော့ ထိုက်တန်တယ် မထင်ဘူးဆိုတဲ့အချက်ကို ထင်ရှားစေလိုရင်း ဖြစ်ပါတယ်။ (အဆက်ဆက် သာသနာပိုင်တွေ တွဲဖက်သာသနာပိုင်တွေရဲ့အာစရိယဝံသ၊ အာစရိယဝါဒကိုလဲ ပြန်ကြည့်ကြပါ။)
 
Htet MinlwinYesterday at 7:54pm · Edited ·
ရွှေကျင်ဂိုဏ်းသာသနာမှာ ဒုတိယသာသနာပိုင်ဆိုရင် လယ်တီဆရာတော်ကြီးနဲ့ ခေတ်ပြိုင် မဟာဝိသုဒ္ဓါရုံဆရာတော်ကြီးကို ပြေးမြင်ပါတယ်။ ဥပဥက္ကဋ္ဌလို့ ခေါ်တဲ့ သာသနာပိုင်အောက်တဆင့်က ဆရာတော်တွေကို တွဲဖက်သာသနာပိုင်လို့ ခေါ်ရိုးထုံးဖြစ်ပါတယ်။ ခုတော့ ဘီဘီစီလို ဌာနကြီးကတောင် အသစ်မြှောက်လိုက်တဲ့ ဆရာတော်သုံးပါးကို ဒုတိယသာသနာပိုင်လို့မှားယွင်းစွာ သုံးနေတာ ဆုံးရှုံးမှုတရပ်ပါပဲ။

ရွှေကျင်ဂိုဏ်း၏ တွဲဖက်သာသနာပိုင်အဖြစ် သီတဂူဆရာတော်ကြီးအား ခန့်အပ်

 

2 Responses to “သာသနာလမ်း ဖြောင့်ဖြောင့်လိုက်မယ်။ ဘုရားအလိုကျနေမယ်ဆိုတဲ့ ရွှေကျင်ဂိုဏ်းရဲ့အနှစ်အသား ပျက် ? all that glitter like Thidagu may be NOT gold…”

  1. Zaifo Dinn Says:

    Dear
    Brother please stop.
    i have your Blog

    • drkokogyi Says:

      I don’t sent my blog to anyone.
      I got this kind of message few times.
      May be you wrong CLICK the follow button while accidentally reading my blog.
      Please just click back the UNFOLLOW button or just spam on the e-mail.

      Sorry …I even do not know your e-mail.
      TQ for complaining politely. I used to get angry rude scolding for those kind of problem

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: