အစိုးရရဲ့ အကြံပေး တယောက် “”ခင်ဗျားတို့က ကျုပ်တို့ လွန်ခဲ့တဲ့ ၃ လ က ဖန်တီးထားတဲ့ အရှုပ်ထုပ်တွေကို အခုဖြေရှင်းဖို့ ဆွေးနွေးနေကြတယ်။ ကျုပ်တို့က နောက် ၃ လ အကြာမှာ ဘာ အရှုပ်ထုတ်တွေ လုပ်ရမလဲ ဆိုတာကို ဆွေးနွေးနေကြတယ်။”

Consistency: တစိုက်မတ်မတ်
လွန်ခဲ့တဲ့ ၉ နှစ်။
တူမ အကြီးဆုံး တယောက်ထဲ ရခါစက ၄ သောင်းကျော်တန် ကစားစရာတခုကို မျက်စိမှိတ်ဝယ်ပြီး အိမ်က တူမတော်အတွက် လက်ဆောင်အဖြစ် မနိုင်မနင်း သယ်လာခဲ့ဘူးတယ်။ အိမ်ရှေ့ရောက်တော့ သဲပုံပေါ်မှာ ဆော့နေတဲ့ တူမတော်က တချက်ဘဲ လှမ်းကြည့်ပြီး “အဲဒါမျိုး သမီးတို့ မူကြိုကျောင်းမှာလည်း ရှိတယ်” ဆိုပြီး လာတောင် မယူဘူး။ စိတ်ဝင်စားပုံလည်း မပြဘူး။ ညီမအငယ် ၀ယ်လာတဲ့ ဈေးပေါတဲ့ ကစားစရာကိုကျတော့ သူမမြင်ဘူးသေးတော့ ၀မ်းသာအားရ လက်ခံတယ်။ နေ့တ၀က်လာက် လက်ကမချဘဲ တကိုင်ကိုင် လုပ်တယ်။ ပြီးတော့လည်း လှည့်မကြည့်ဘဲ သဲပုံပေါ်မှာ ပြန်ရောက်သွားတာဘဲ။ နောက်နေ့တွေမှာလည်း အဲဒီ ကစားစရာတွေနဲ့ မကစားတော့ဘူး။ အဲ…. သူများ လာထိရင်တော့ ”သမီးဟာ” ဆိုပြီး အထိမခံဘဲ ကာကွယ်ထားပြန်ရော။ အဲဒီကတဲက ဂျီးတော်လည်း အမြင်မှန်ရသွားတယ်။


မူကြိုကလေးငယ်အရွယ်တွေဟာ တခုခုကို ၃ မိနစ်လောက်ထက် ပိုပြီး စိတ်မ၀င်စားကြဘူး နောက်တမျိုးကို ပြောင်းသွားကြတယ်။ ဒီအထာကို သိတဲ့ ဂျီးတော်က တူမတော် တူတော်တွေ ငယ်တဲ့အချိန်မှာ ဈေးကြီးတဲ့ ကစားစရာ မ၀ယ်ပေးဘူး။ လူကြီးတွေ သုံးပြီးသား ပစ္စည်းဟောင်းတွေနဲ့ လူကြီးတွေ သုံးတဲ့ လက်နက်ကရိယာတွေကို မရိုးအောင် တခုပြီးတခု ထုတ်ပေးတယ်။ အဲ…. အန္တရယ်တော့ ကင်းပါစေပေါ့။ ဥပမာ… မီးဖိုချောင်ဝင်ချင်တဲ့ တူမတော်ကို ဓါးအဟောင်း တုံးတုံး တလက်နဲ့ အာလူးအစစ်၊ မုံလာဥ အစစ် ပေးထားပြီး တနေကုန် ခွါခိုင်းထာလိုက်တယ်။ ရေဇလုံသေးသေးလေးမှာ သူ့အင်္ကျီ နဲ့ ဘောင်းဘီလေး ထဲ့ပြီး ဘေဘီရှမ်ပူ နဲ့ အ၀တ်လျှော်ထားခိုင်းလိုက်တယ်။ ဓါးတုံးတုံး တလက်ပေးပြီး ခြံရှင်းခိုင်းတာမျိုး။။ သစ်ပင်တက်ချင်တယ် ဆိုရင် ကွေ့ကွေ့ကောက်ကောက် အခက်ဖျာနေတဲ့ သစ်ကိုင်းပေါ်ကို ကြံဖန် တင်ပေးထားတာမျိုး။ နည်းတမျိုးကို အကြိမ်ကြိမ် ထပ်သုံးလို့မရတဲ့အတွက် သူတို့ မရိုးခင် ကိုယ်က ဦးအောင် စဉ်းစားပြီး အဆင်သင့် လုပ်ထားပေးရတာ။ ဒီတော့ ဒီဂျီးဒေါ်ကိုမှ တူတွေ တူမတွေ အသဲမစွဲရင် ဘူစွဲမတုန်း။ ဒီနည်းနဲ့ တူမတွေ တူတွေ တယောက်ပြီးတယောက် ကြီးလာလိုက်တာ အခု မောင် အငယ်ဆုံးရဲ့သား ညောင်ဆွတ်အထိ။
မြန်မာနိုင်ငံအစိုးရက ကိုယ့်ပြည်သူရဲ့ အာရုံစူးစိုက်မှု အကြောင်းကို သိပြီး ပြည်သူနဲ့ လိုက်လျောညီထွေအောင် အုပ်ချုပ်တတ်တယ်။ မရိုးနိုင်အောင် တခုပြီး တခု ဖန်တီးပေးတယ်။ ကိုယ့်ပြည်သူတွေကလည်း ကိုပါကြီး ဆိုတာကို ခဏ အရှိန်တက်လာပြီး တလအကြာမှာ မသန္တာ ဆိုတာ ဘယ်သူလဲ ဆိုပြီး ဖြစ်လာတယ်။ ကျောင်းသားသပိတ် ကြားမှာ ခဏခံထားလိုက်ပြီး ဒေါ်ခင်ဝင်းကို မြှင့်ပေးလိုက်ပြန်တယ်။ ကျောင်းဆရာမလေး ၂ ယောက် ခဏ နေရာပေးလိုက်ပြီး ကျောင်းသား သပိတ်ဖြစ်လာပြန်ရော။ ကိစ္စတိုင်းမှာလည်း ကိုယ်တိုင် ပြေးပါနေရတော့ အားလုံးက ကိုယ့်အလုပ်လို ဖြစ်နေပြန်ရော။
ဟိုတခါလည်း ရေးဘူးပါတယ်။ ဂျီးဒေါ်လေးစားရတဲ့ ဆရာတယောက်က ပြန်ဖောက်သည်ချတဲ့ စကားလေး။ ဂျီးဒေါ်တို့ တိုင်းပြည်က အစိုးရရဲ့ အကြံပေး တယောက်က ဂျီးဒေါ်ရဲ့ ဆရာကို ပြောတဲ့ စကားလေး။ ”ခင်ဗျားတို့က ကျုပ်တို့ လွန်ခဲ့တဲ့ ၃ လ က ဖန်တီးထားတဲ့ အရှုပ်ထုပ်တွေကို အခုဖြေရှင်းဖို့ ဆွေးနွေးနေကြတယ်။ ကျုပ်တို့က နောက် ၃ လ အကြာမှာ ဘာ အရှုပ်ထုတ်တွေ လုပ်ရမလဲ ဆိုတာကို ဆွေးနွေးနေကြတယ်။” တဲ့။
ဟုတ်ကဲ့။ ဒီအစိုးရနဲ့ ဒီပြည်သူ… လိုက်ဖက်ညီကြပါပေ့။
ဘယ်တော့များ အရာတခုကို ဆုံးခန်းတိုင်အထိ ”တစိုက်မတ်မတ်” လုပ်ဆောင်တတ်ကြမလဲ … ကောက်ရိုးမီးတွေရေ…..

Khon Ja

( ပို့စ်အတွက် ကျေးဇူးပါ ဆရာမ ခင်ဗျား )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: