Aung Naing Moe “ကျွန်ုပ်ကလည်း အလွတ်ကျက်ရမည်ဆို လာထား။ လူရည်ချွန်စာမေးပွဲမှာလည်း ဒါမျိုးတွေသာမေး၍ အချောင်လူရည်ချွန် ဖြစ်ခဲ့ရသေးသည်”

“ကျွန်ုပ်ကလည်း အလွတ်ကျက်ရမည်ဆို လာထား။ လူရည်ချွန်စာမေးပွဲမှာလည်း ဒါမျိုးတွေသာမေး၍ အချောင်လူရည်ချွန် ဖြစ်ခဲ့ရသေးသည်။

တချို့မြန်မာအင်ဂျင်နီယာများ စင်္ကာပူရှိ NUS ၊ NTU စသည့် တက္ကသိုလ်ကြီးများတွင် မာစတာတက်ကြသည့်အချိန်အထိ စာကို ၇ အိမ်ကြား ရှစ်အိမ်ကြား အော်ကျက်တတ်ကြဆဲ ဖြစ်၏။ (စင်္ကာပူမှာတော့ ထိုနည်းသည် အလုပ်ဖြစ်ဆဲ။)


ယခုပြန်စဉ်းစားသော် မှတ်ဉာဏ်ကို ဗဟိုပြုပြီး ကြက်တူရွေးများကို မွေးထုတ်သော ပညာရေးစနစ်ကြီး ဖြစ်နေ၏။ တွေးတောစဉ်းစားခြင်းအလေ့၊ စိတ်ကူးစိတ်သန်းအသစ်များကို ကွန့်မြူးသည့်အလေ့၊ တီထွင်ဖန်တီးလိုစိတ်၊ မိမိဘာသာ လွတ်လပ်စွာ ရပ်တည်လိုစိတ်နှင့် ကိုယ်တိုင် လေ့လာသင်ယူခြင်းအလေ့များကို သင်းကွပ်ပေးသည့် ပညာရေးစနစ် ဖြစ်နေလေသည်။”

Ko Aung Naing-Moe you write like a Khit Thit Shwe U Daung. (Ko Lin Htin, Aung Myo Tun and Goshal Lay and you should publish your Facebook timelines as a collection of intelligent rants! I love reading them – they are biting and insightful at the same time: true marks of education and irreverent independent thinking. Thank you. I couldn’t type Burmese; otherwise I would join your gang).

“ကြိုးစားတဲ့သူ တော်မှာပဲ။ မကြိုးစားရင် ညံ့မှာပဲ။ပညာရေးစနစ်နဲ့ မဆိုင်ဘူး” စသဖြင့် ပြောသံဆိုသံများကို ကြားရသည့်အခါ ကျွန်ုပ် ပြုံးမိပါသည်။ ကျွန်ုပ်တို့ ဖြတ်သန်းခဲ့သော ပညာရေးစနစ်သည် အလွတ်ကျက် ပညာရေးတပိုင်း ဖြစ်နေကြောင်း ကျွန်ုပ်ကောင်းကောင်း သိသောကြောင့်ပင်။ အလွတ်ကျက် ဆိုသည့်အတိုင်း ဆရာများထုတ်နှုတ်ပေးလိုက်သော မှတ်စုကို ကြောင်ပုစွန်စား ကြွပ်ကြွပ်ဝါးသို့ ဖြစ်အောင် အာဂုံဆောင်ကြလေရာ မှတ်ဥာဏ်ကောင်းသူများက အစဉ်လိုလို တပန်းသာလျက်ရှိသည့် ပညာရေးပင်တည်း။

ကျွန်ုပ်ငယ်စဉ်က မှတ်ဉာဏ်ကောင်းသဖြင့် သမိုင်း၊ ပထဝီ၊ သိပ္ပံ၊ မြန်မာစာ စသည့် မှတ်စုများကို တပုဒ် သုံးလေးခေါက် ကျက်မှတ်ကာမျှဖြင့် အလွတ်ရသည်။ ငါးခေါက်ခြောက်ခေါက်ကျက်လျှင် “၏၊သည် မလွဲ” မှန်အောင် ဒေါင်းဒေါင်းပြေး အလွတ်ရွတ်နိုင်သဖြင့် တော်ရုံဝါယမနှင့်ပင် အတန်းထဲတွင် လူတော်လေး (စာတော်သူ) လုပ်ခွင့်ရ၏။ ၇ တန်း နှစ်တွင် လူရည်ချွန်ဖြေရ၏။ ဆရာမှတ်စုထုတ်ပေးထားသော အထွေထွေ ဗဟုသုတများကို ကျက်မှတ်ရပါ၏။

ဇိုင်ယာသမ္မတ ဘယ်သူလဲ …..
မိုဘူတူ ဆီဆီဆေကို။

ပါကစ္စ္စတန်သမ္မတ ဘယ်သူလဲ…..
ဇီယာအူလ်ဟတ်။

ပြန်ပေးဆွဲခံရသော သင်္ဘောအမည်….
အာချိလိ လော်ရို။

စသည့် ထိုခေတ်က သတင်းစာထဲပါသမျှ အထွေထွေ ဗဟုသုတကို တရေးနိုးလာမေးလျှင်ပင် ဖြေနိုင်အောင် ကျက်ထားရပါ၏။ ကျွန်ုပ်ကလည်း အလွတ်ကျက်ရမည်ဆို လာထား။ လူရည်ချွန်စာမေးပွဲမှာလည်း ဒါမျိုးတွေသာမေး၍ အချောင်လူရည်ချွန် ဖြစ်ခဲ့ရသေးသည်။ တချို့မြန်မာအင်ဂျင်နီယာများ စင်္ကာပူရှိ NUS ၊ NTU စသည့် တက္ကသိုလ်ကြီးများတွင် မာစတာတက်ကြသည့်အချိန်အထိ စာကို ၇ အိမ်ကြား ရှစ်အိမ်ကြား အော်ကျက်တတ်ကြဆဲ ဖြစ်၏။ (စင်္ကာပူမှာတော့ ထိုနည်းသည် အလုပ်ဖြစ်ဆဲ။)

ယခုပြန်စဉ်းစားသော် မှတ်ဉာဏ်ကို ဗဟိုပြုပြီး ကြက်တူရွေးများကို မွေးထုတ်သော ပညာရေးစနစ်ကြီး ဖြစ်နေ၏။ တွေးတောစဉ်းစားခြင်းအလေ့၊ စိတ်ကူးစိတ်သန်းအသစ်များကို ကွန့်မြူးသည့်အလေ့၊ တီထွင်ဖန်တီးလိုစိတ်၊ မိမိဘာသာ လွတ်လပ်စွာ ရပ်တည်လိုစိတ်နှင့် ကိုယ်တိုင် လေ့လာသင်ယူခြင်းအလေ့များကို သင်းကွပ်ပေးသည့် ပညာရေးစနစ် ဖြစ်နေလေသည်။

တလောက ဖေ့စ်ဘွတ်ပေါ်တွင် တယောက်ရေးထားသည် ဖတ်ရ၏။ အစိုးရကျောင်းများတွင် ရမှတ်စုစုပေါင်း အနည်းအများအပေါ် မူတည်ကာ အဆင့်သတ်မှတ်ခြင်း၏ မှားယွင်းပုံ။ ဖြစ်တတ်သည်မှာ အဆင့် ၁ ရသော ကျောင်းသားနှင့် အဆင့် ၁၀ ချိတ်သော ကျောင်းသားအကြား ဘာသာရပ်အလိုက် အမှတ်ကွာဟမှုမှာ အလွန်ဆုံး သုံးလေးငါးမှတ်မျှသာ ဖြစ်သော်လည်း အဆင့်ပေးစနစ်ကြောင့် စာတော်သူနှင့် သာမန်ကျောင်းသားဟူ၍ အခွဲခြားခံနေကြရသည်။ အဆင့် ၁၊ ၂၊ ၃ မှာ အနည်းစုဖြစ်၍ ကျန်သော ကျောင်းသားများမှာ လူညံ့များသဖွယ် ဖြစ်နေ၏။

ယခုအခါ International School များ ပေါ်ပေါက်လာရာ ထိုကျောင်းများ၏ Report card များကို အတုယူသင့်သည် ထင်၏။ ထိုကျောင်းများတွင် မြန်မာအစိုးရကျောင်းများကဲ့သို့ ပထမ၊ ဒုတိယ၊ တတိယ စသည့် အဆင့်များ မသတ်မှတ်။ ဘာသာရပ်အလိုက် A+, A, B+, B စသဖြင့် Grade များသာ သတ်မှတ် ပေးသည်။ Report card သည် ကျောင်းသားတဦးချင်းအတွက်နှင့် ယင်း၏မိဘအတွက် သီးသန့်ဖြစ်သည်။ မိမိမပြောလိုလျှင် မိမိ၏ grade ကို အတန်းထဲမှ ဘယ်သူမှ သိခွင့်မရှိ။ အဆင့် ၁ ဘယ်သူဆိုသည့် ခွဲခြားမှုမျိုးမရှိတော့။ ကျောင်းသားအနေနှင့်လည်း မိမိအားနည်းသည့်ဘာသာကို ပိုအားထုတ်ကြိုးစားရန်သာ ရှိသည်။

ကျွန်ုပ်တို့ ပညာရေးတွင် နောက်တချက် ဆိုးသည်က ဒဏ္ဍာရီများ၊ ဇာတကများ၊ ဇာတ်ကြီးဆယ်ဖွဲ့ စသည်များကို စာပေအဖွဲ့အနွဲ့ သင်ကြားသလိုလိုဖြင့် အတည်ပေါက်ကြီး ခေါင်းထဲ ရိုက်သွင်းခြင်းဖြစ်သည်။

ထိုပညာရေးစနစ်သည် ကျောင်းသားများကိုသာမက တပြည်လုံး၏ နေ့စဉ်ဘဝများကို ဆိုးကျိုးရိုက်ခတ်နေ၏။ ပြောစကားအဓိပ္ပါယ်နှင့်မေးခွန်းကို သေချာစွာ မစေ့ငုနိုင်သူများ၊ မြေပုံ၊ဆေးစာအညွှန်း၊ ပစ္စ္စည်းတပ်ဆင်အသုံးပြုပုံ အညွှန်း မဖတ်တတ်သူများ၊ ဘာမဆို ပြပေးမှ လုပ်တတ်သူများ၊ စဉ်းစားတွေးခေါ်ဆင်ခြင်ခြင်းမပြုတတ်သူများ များပြားလာခြင်းသည် ပညာရေးစနစ် ညံ့ဖျင်းခြင်းနှင့်လည်း သက်ဆိုင်သည်။ မဘသ ထွက်ပေါ်လာခြင်းသည်လည်း ပညာရေးစနစ်နှင့်ဆိုင်သည်။ ခေါင်းလောင်းဆယ်ရာတွင် အလှူငွေထည့်ခြင်း အစ၊ မြေမှာလွန့်လူး နဂါးပူးခြင်းအလယ်၊ စစ်ဗိုလ်ဟောင်းများ ချိတ်ထမီဝတ်ခြင်းအဆုံး အားလုံးသည် ညံ့ဖျင်းသော ပညာရေး၏ အကျိုးဆက်ပင်တည်း။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: