တရုတ်နဲ့ ကုလား ဘာကွာလဲ

တရုတ်နဲ့ ကုလား ဘာကွာလဲ။

တရုတ်က မဏ္ဍပ်တိုင် တက်မပြဘဲ ကုလားက ဘာကြောင့် မဏ္ဍပ်တိုင်တက်နေရတာလဲ။

ကျနော့ချစ်မိတ်ဆွေရင်းလည်းဖြစ်၊ ရဲဘော်ကြီးလည်းဖြစ်တဲ့ ကိုသက်နိုင်က မေးခွန်းထုတ်ပါတယ်။

မေးသင့်တဲ့ မေးခွန်းပါ။

သခင်ရှုမောင်(ဗိုလ်နေဝင်း)လည်း တရုတ်နွယ်ဘွား ပါဘဲတဲ့။

(ကျနော်သိတာကတော့ အဖေတရုတ်၊ အမေတရုတ်၊ သူလည်း ၁၀၀% တရုတ်)

ဟုတ်ကဲ့ ကိုသက်နိုင်၊ တရုတ်ကြီး ဗိုလ်နေဝင်း ဘာဖြစ်သွားသလဲဆိုတာကိုလည်း ကြည့်ပါအုံး။

သူက ကနောင်မင်းဆက်က ဆင်းသက်လာတဲ့ မြန်မာ့ဦးစွန်း၊ မြန်မာတွေ အကန်တော့ခံရတဲ့ မြန်မာမင်းမျိုးပါလို့ သူ့လက်ရုံးတော်ကြီး ဦးချစ်လှိုင်ကို ပြောခဲ့ကြောင်း ဦးချစ်လှိုင်က
မှတ်တမ်းတင်ခဲ့ပါတယ်။ သမိုင်းလိမ်က သမိုင်းမှန်၊ မော်ကွန်းဝင် ချက်ချင်း ဖြစ်သွားပါတယ်။

တရုတ်စစ်စစ် ဗိုလ်အောင်ကြီး၊ ဗိုလ်စန်းယုတို့လည်း နတ်ရေကန်ထဲ ချလိုက်သလို ချက်ချင်းဗမာဖြစ်သွားကြတာဘဲ။

ဗိုလ်နေဝင်းမင်းဆက်ကနေပြီး အခုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်သိန်းစိန်တို့ မင်းဆက်အထိ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေ၊ ဝန်ကြီးတွေ၊ အရာရှိ အရာခံတွေအားလုံးမှာ တရုတ်တွေနဲ့ တရုတ်နွယ်သူတွေအများကြီးက ရာထူးကြီးတွေယူ၊ တိုင်းရင်းသား ဗမာတွေဖြစ်၊ အခွင့်အရေးတွေမှန်သမျှ အကုန်ရနေတော့ သူတို့က ဘာအော်နေ၊ ဘာကန့်ကွက်နေ၊ ဘာဖင်ကြိမ်းစရာ ရှိမှာလဲ ကိုသက်နိုင်။

ဦးရာရှစ်လိုလူမျိးကိုတောင် ဘင်္ဂါလီလုပ်နေတဲ့ ခေတ်ကြီးမှာ

လွပ်လပ်ရေးဖခင် အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ်ကိုတောင် မွတ်စလင်ဖြစ်လို့ အာဇာနည်ဗိမာန်က ရွှေ့ခိုင်းနေတဲ့ ခေတ်ကြီးမှာ

အစ္စလာမ်ဘာသာကို ကိုးကွယ်တာနဲ့ ဧည့်သည်၊ သံသယ၊ နိုင်ငံခြားသားလုပ်နေတဲ့ ခေတ်ကြီးမှာ

တိုင်းရင်းသားတစ်ယောက် အစ္စလာမ်သာသနာကို ပြောင်းလဲကိုးကွယ်လိုက်တာနဲ့ မှတ်ပုံတင်မှာ တိုင်းရင်းသားစာရင်းက အပယ်ခံရတဲ့ခေတ်ကြီးမှာ

ဗုဒ္ဓဘာသာကို ပြောင်းလဲကိုးကွယ်လိုက်တာနဲ့ ချက်ချင်းဗမာဖြစ်ပြီး အခွင့်အလမ်းတွေ ဖွင့်ပေးတဲ့ ခေတ်ကြီးမှာ

ကိုယ့်မွေးရပ်မြေ၊ ကိုယ့်နိုင်ငံမှာ ကျောင်းကောင်းကောင်းလည်း မတက်ရ

ရာထူးရာခံလည်း မပေး

စီးပွါးရေးမှာလည်း လက်ဝေခံအဆင့်က မတက်

တိုင်းရေးပြည်ရေးတွေလည်း လုပ်ခွင့်မရှိ

ရှိရှိသမျှ အစိုးရဌာနပေါင်းစုံမှာ အနှိမ်ခံရ

ခရီးသွားရင်လည်း အစော်ကားခံနေရ

ကိုယ့်သာသနာ ကိုယ်လွတ်လွတ်လပ်လပ် မကိုးကွယ်ရ

မချီးမြှောက်ရတဲ့ ခေတ်ကြီးမှာ –

တရုတ်တွေလည်း ရှေးပဝေသဏီကတည်းက ပြည်ပက ဝင်လာတယ်။

တိုင်းကျိုးပြည်ကျိုး ဆောင်ကြတယ်။

မြန်မာတိုင်းရင်းသား အမျိုးသမီးတွေနဲ့ လက်ထပ်ကြတယ်။ ဗုဒ္ဓဘာသာကို ကူးပြောင်းကိုးကွယ်တယ်။ တိုင်းရင်းသားဖြစ်သွားတယ်။ ဗိုလ်ချုပ်ကြီးတွေ၊ ဝန်ကြီးတွေဖြစ်သွားတယ်။

မွတ်စလင်တွေလည်း ရှေးပဝေသဏီကတည်းက ပြည်ပက ဝင်လာတယ်။

တိုင်းကျိုး ပြည်ကျိုးဆောင်ကြတယ်။

မြန်မာတိုင်းရင်းသား အမျိုးသမီးတွေနဲ့ လက်ထပ်တယ်။ ဗုဒ္ဓဘာသာကို ကူးပြောင်းမကိုးကွယ်ဘူး။ နိုင်ငံခြားသားသဖွယ် ဖြစ်ကုန်တယ်။ ဝန်ကြီး၊ ဗိုလ်ချုပ်ကြီးဖြစ်ဖို့ အသာထား စာရေးတောင် မခန့်တော့တဲ့အပြင် ခွေးနေရာ မရ ကန်ထုတ်ခံနေရတယ်။

နာလည်းနာ နံလည်းနံလို့ အော်နေရတာပါ ချစ်မိတ်ဆွေကြီး ကိုသက်နိုင်

ဖားအော်တာကိုဘဲ အပြစ်မမြင်ကြပါနဲ့။

မခံမရပ်နိုင်လောက်အောင် သားစဉ်မြေးဆက် တရစပ် ကိုက်နေတဲ့ မြွေဆိုးကိုလည်း မြင်အောင်ကြည့်ပါဗျာ။

(တိုင်းချစ် ပြည်ချစ် မြန်မာတရုတ်များကို မဆိုလိုပါ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: