ဦးရဲထွဋ်၊ စစ်အောင်၊ ဒေါက်တာ ဆိတ်ဖွား (Ludu Mg Karlu) အတူတူပါပဲ

Ko Ko Gyi And…some of my friends believed that Ludu Mg Karlu is ဒေါက်ဆိတ်ဖွား…I even wrote on ဦးရဲထွဋ် wall warning him with defamation IF he ever comes to Malaysia. The lies of Ludu Mg Karlu and Military Cyber troopers stopped but the sent the SBs to investigate me and a letter to the Myanmar Embassy in KL. I was cleared of the wrong allegation. But I refused to stop my FB writings.


Nay Htun Naing added 2 new photos.

ကျနော် တစ်ခါတုန်းက ဦးရဲထွဋ်၊ ဒေါက်ဆိတ်ဖွားနဲ့ စစ်အောင်တို့ရဲ့ ချိတ်ဆက်မှုကို ပြောခဲ့ဖူးပါတယ်။ လွှတ်တော်မှာ အစစ်ခံတုန်းကလည်း သူတို့ သုံးဦး ဆက်နွှယ်တယ် ပြောခဲ့ပါတယ်။ စစ်အောင်ဆိုတာ ၂၀၁၁ ခုနှစ်တုန်းက ပေါ်ခဲ့တဲ့ Facebook Account တစ်ခု။ ဦးရဲထွဋ် လက်ကား၊ ခြေကားထားတဲ့ ပုံကို အမှောင်ချပြီး
သုံးခဲ့တယ်။ အဲဒီပုံက ဦးရဲထွဋ်ပုံဆိုတာ Photoshop သုံးပြီး အလင်းတင်ကြည့်မှ သိခဲ့ရတာ။ စစ်အောင် လေသံက ဦးရဲထွဋ်နဲ့ ဆင်တယ်။ သူ့ကို ဦးရဲထွဋ်ပဲလို့ သံသယ ဖြစ်နေတဲ့အချိန် အမှောင်ဖုံးထားတဲ့ ပုံကပါ ဦးရဲထွဋ် ဖြစ်နေတော့ ကျနော့် သံသယ ခိုင်မာခဲ့တယ်။ စစ်အောင်ဟာ ဦးရဲထွဋ်ပဲပေါ့။

ဒါပေမဲ့ ဦးရဲထွဋ် ငြင်းခဲ့ပါတယ်။ စစ်အောင်ဆိုတာ သူ မဟုတ်ဘူးလို့ ဦးရဲထွဋ် ငြင်းခဲ့တယ်။ စစ်အောင်နဲ့ ဆက်နေတဲ့ ဒေါက်တာ ဆိတ်ဖွားလည်း သူ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ဦးရဲထွဋ်၊ စစ်အောင်၊ ဒေါက်တာ ဆိတ်ဖွား အတူတူပဲ ဆိုတဲ့ ကျနော့် ယုံကြည်ချက် အခုချိန်ထိ မပြောင်းဘူး။

လွန်ခဲ့တဲ့ နှစ်နာရီကျော်က ဦးရဲထွဋ် ပို့စ် တစ်ခု တင်လာတယ်။ သူ့ စာအဆုံးမှာ ကျနော့် စိတ်ကို နှိုးဆွလိုက်တဲ့ အသုံးအနှုန်း တစ်ခု ပါလာတယ်။ ယုန်နဲ့ အတူပြေး၊ ခွေးနဲ့ အတူလိုက်တဲ့။ ဆရာမောင်သာရရဲ့ နာမည်ကျော်။ ဒါပေမဲ့ မောင်သာရကို ကျနော် သတိမရဘူး။ စစ်အောင်ကို သတိရလိုက်တယ်။ ဆရာ မောင်သာရရဲ့ ယုန်နဲ့ အတူပြေး၊ ခွေးနဲ့ အတူလိုက်ဆိုတဲ့ အသုံးအနှုန်းကို စစ်အောင်က မက်မက်စက်စက် သုံးခဲ့ဖူးတယ်။ အထူးသဖြင့် ကိုယ့်လူ သူ့ ဘက်သား၊ သူ့လူ ကိုယ့်ဘက်သား၊ တစ်ဖက်သားကို ခြေထိုးမယ့် အချိန်တွေမှာ သုံးလေ့ရှိတာပေါ့။

ဒီ အသုံးအနှုန်းက ဦးရဲထွဋ် အတွက် အမှတ်မထင် ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သုံးစွဲပုံ သုံးစွဲနည်း၊ လေယူ လေးသိမ်းကို ကျနော် လုံးဝ မမေ့ဘူး။ စစ်အောင်လည်း ဒါမျိုးကို သုံးခဲ့တာပဲ။ သူတို့ နှစ်ယောက်လုံး အကြိုက်တူတယ် ပြောရင်တော့ ကျနော် ရယ်မိပါလိမ့်မယ်။ ငြင်းချင်လည်း ငြင်းလို့ရတယ်။ ဒါပေမဲ့ ကျနော် ယုံကြည်နေတာကတော့ ဦးရဲထွဋ်၊ စစ်အောင်၊ ဒေါက်တာ ဆိတ်ဖွား အတူတူပါပဲ။

One Response to “ဦးရဲထွဋ်၊ စစ်အောင်၊ ဒေါက်တာ ဆိတ်ဖွား (Ludu Mg Karlu) အတူတူပါပဲ”

  1. drkokogyi Says:

    run with the hare and hunt with the hounds
    (old-fashioned) to support two competing sides in an argument You’ve got to decide where you stand on this issue. You can’t run with the hare and hunt with the hounds @ http://idioms.thefreedictionary.com/run+with+the+hare+and+hunt+with+the+hounds

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: