တက္ကသိုလ်သမဂ္ဂ ၏ ခွပ်ဒေါင်းအလံတော်သမိုင်း အကျဉ်း

တက္ကသိုလ်သမဂ္ဂ ၏ ခွပ်ဒေါင်းအလံတော်သမိုင်း အကျဉ်း
====================================
တက္ကသိုလ်သမဂ္ဂအလံတော်အဖြစ်ခွပ်ဒေါင်း အလံတော်အသုံးပြုမှုနှင့်
ပတ်သတ်၍ကျောင်းသားကျောင်းသူများကြားတွင် ခွပ်ဒေါင်းအလံတော် အားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ခွပ်ဒေါင်းအလံ နှင့်ဆင်တူရိုးမှားအသုံးပြုထား သည်ဟုမကြာခဏ နားလည်မှုလွဲနေကြပါတယ်။ ဒေါင်းအလံ နှင့် တ.က.သ၏အစဉ်အလာအား မသိရှိသောကြောင့် ထိုမေးခွန်းမျိုးမကြာခဏကြုံရသည် ဝေဖန်ခံရသည်ဟုလဲ ထင်မြင်မိပါသည်။ ကျွန်တော်တို့အနေဖြင့် ထိုကဲ့သို့သမိုင်းရေးဆိုင်ရာသိမှု အားနည်းခြင်းကိုအပြစ်မပြောလိုပါ။ သိမှီ လိုက်သူများဗဟုသုတရှိသူများ မှတဆင့်မှတ်သားခဲ့ရသော တက္ကသိုလ်သမဂ္ဂအလံတော်အ ကြောင်းကိုရှင်းပြရန် တာဝန်ရှိနေသည်ဟုထင်ပါသည်။


ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂကို ၁၉၃၀တွင်စတင်ဖွဲ့စည်းခဲ့စဉ် အချိန်တုန်းက တက္ကသိုလ်သမဂ္ဂ အဆောက်အအုံရှေ့တွင်လွှင့်ထူထားသောအလံမှာ ယူနီယံဂျက်အလံဖြစ်ပြီး တ.က.သ ၏ပထမဆုံး ဥက္ကဌကိုထွန်းစိန် ဥက္ကဌရာထူးအတွက်ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး မိန့်ခွန်းပြောကြားရာတွင် တို့ကျောင်းသားသမဂ္ဂရဲ့အဆောက်အအုံရှေ့မှာ ဒေါင်းအလံကိုပဲလွင့် ထူမယ် တို့အမျိုးသားအလံဟာဒေါင်းအလံဖြစ်တယ် ဒေါင်းအလံကိုသာအလေးပြုကြမယ် ယူနီယံ ဂျက်အလံကိုအလေးမပြုကြနဲ့လို့ ရဲရဲတောက်မိန့်ခွန်းပြောသွားခဲ့ပါတယ်။ အဲဒီလိုပြောကြားပြီးချိန် ကစလို့တက္ကသိုလ်သမဂ္ဂရဲ့ခန်းမမှာ အဆောက်အအုံရှေ့မှာ ဒေါင်းအလံ(ကဒေါင်း)အလံတော်ကို သာစတင်လွင့်ထူခဲ့ကြပါတယ်။ကျောင်းသားသမဂ္ဂရဲ့အလံတော်မှာ နှစ်မျိုးနှစ်စားရှိပါတယ်။အဲဒါက တော့ခွပ်ဒေါင်းအလံတော် နဲ့ ကဒေါင်းအလံတော်ဖြစ်ပါတယ်။ ခွပ်ဒေါင်းအလံတော်ကိုစတင်သုံးစွဲ တာကတော့ ၁၉၃၆ ဒုတိယကျောင်းသားသပိတ်ကာလဖြစ်ပါတယ် (တနည်းအားဖြင့်) တိုက်ပွဲကာ လပဲဖြစ်ပါတယ်။ ထိုနှစ်တွင်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ အာဘော်မဂ္ဂဇင်းဖြစ်သော အိုးဝေ မဂ္ဂဇင်းကိုထုတ်ဝေခဲ့ရာတွင် ငရဲခွေးကြီးလွတ်နေပြီ (The hell hound at large) အမည်ရှိဆောင်း ပါးကိုဖော်ပြမှုအား အကြောင်းပြူ၍ တ.က.သ အမှုဆောင်အဖွဲ့ဝင် အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကို အောင်ဆန်း(ဗိုလ်ချုပ်အောင်ဆန်း) နှင့် တ.က.သ ကျောင်းသားခေါင်းဆောင်ကိုနု (နောင်ဝန်ကြီးချုပ်ဦးနု)အားကျောင်းအုပ်ကြီးဒီဂျေစလော့မှ ကျောင်းထုတ်ခြင်းနှင့်ပတ်သတ်၍ သမိုင်းဝင်ဒုတိယ ကျောင်းသားသပိတ်ဟူ၍ ပေါ်ပေါက်လာခဲ့ပါသည်။ ထိုအချိန်မှစ၍ တ.က.သ သည်ခွပ်ဒေါင်းအလံ တော်အားစတင်သုံးစွဲလာခဲ့ကြောင်း တ.က.သ ကိုသိမှီပြီးကိုယ်တိုင်ဖြတ်သန်းခဲ့သူ တစ်ဦးဖြစ်သည့် ဆရာကြီးဒဂုန်တာရာမှ ပြောကြားခဲ့ဖူးပါတယ်။ ၎င်းခွပ်ဒေါင်းပုံအား ကာတွန်းဆရာကြီးဦးဘဂျမ်းမှ ရေးဆွဲပေးခဲ့ကြောင်းကိုလဲ ပြောပြခဲ့ပါတယ်။ ဒါ့အတွက်ကြောင့်ခွပ်ဒေါင်းဟာ တက္ကသိုလ်သမဂ္ဂရဲ့ မူရင်း (မူပိုင်) အမှတ်သက္ခေတတစ်ခုဖြစ်ကြောင်း အငြင်းပွားစရာမရှိဟုထင်ပါသည်။
ခွပ်ဒေါင်းရဲ့ဟန်မှာ ဦးလည်မော့ကာ ဘယ်ခြေရှေ့မြောက် ညာခြေထောက်၍ အရှိန်အဟုန်နှင့် ရန်သူကိုခွပ်မယ့်ဟန်ကို တွေ့ရမှာဖြစ်တယ်။ ခွပ်ဒေါင်းရဲ့ဦးခေါင်းနောက်ခံနဲ့ ကိုယ်ထည်မှာစည်း လုံးခြင်းအသွင်ဆောင်တဲ့ အ၀ိုင်း(စက်ဝိုင်း) ပုံကိုတွေ့ရမှာဖြစ်ပါတယ်။
ဒေါင်းပျိုထိုးစွတ် ဘယ်ညာခွပ်၍
လွတ်လပ်ရလေ တို့တတွေသည်
အိုးဝေကျေးဇူး ပါတကား ။
ဟု..ဆရာကြီးမင်းသုဝဏ် မှကဗျာတစ်ပုဒ်ရေးသားခဲ့ဖူးပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဝင် ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအလံတော်သည် ၁၉၆၂ခုနှစ် စစ်အာဏာရှင်ဆန့်ကျင်ရေးမှသည် ဒိမိုကရေစီရရှိရေးအထိ တိုက်ပွဲဝင်အလံအဖြစ် ခေတ်အဆက်ဆက် သမဂ္ဂမျိုးဆက်များ လက်ဆင့် ကမ်းသယ်ဆောင်လာခဲ့ရာမှ၁၉၈၈ခုနှစ်၈၈၈၈ဒီမိုကရေစီအရေးတော်ပုံကြီးတွင်လည်း ကျောင်း သားများသည်ခွပ်ဒေါင်းအလံတော်ကို လွင့်ထူ၍တိုက်ပွဲဝင်ခဲ့ကြပါသည်။ ထိုအရေးတော်ပုံကြီးအပြီးလူထု၏နိုင်ငံရေးနှိုးကြားမှုဖြင့် ပေါ်ပေါက်လာသောနိုင်ငံရေးပါတီ များဖွဲ့စည်းထူထောင်ကြရာတွင် ယခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တည်ထောင်ခဲ့ရာတွင် ပါတီအလံအဖြစ်ခွပ်ဒေါင်းအလံ အားသုံးစွဲခဲ့ကြပါတယ်။ ထိုကဲ့သို့ခွပ်ဒေါင်းအလံအား ပါတီအလံအဖြစ် သုံးစွဲခဲ့ခြင်းနှင့်ပတ်သတ်၍ ပါတီ၏ ဖွဲစည်းပုံစည်းမျဉ်းဥပဒေတွင် ဖော်ပြထားသည်မှာ(ခွပ်ဒေါင်းသည်ကျောင်းသားများကို ကိုယ်စားပြုကြောင်း ကျောင်းသားများမှစတင်ခဲ့သည့်၁၉၈၈ဒီမိုကရေစီရေးတောင်းဆိုလှုပ်ရှားမှု အားဂုဏ်ပြုသောအားဖြင့် ကျောင်းသားသမဂ္ဂအလံတော်မှခွပ်ဒေါင်းကို အဖြူရောင်ကြယ်တစ်ပွင့် ဖြင့်အသုံးပြုထားပါကြောင်း) ဖော်ပြထားပါသည်။၁၉၃၆ခုနှစ်မှစတင်၍သုံးစွဲလာခဲ့သောတက္ကသိုလ်သမဂ္ဂအလံတော်သည် ခေတ်ကာလရွေ့လျားလာသည်နှင့်အမျှခွပ်ဒေါင်း၏ဟန်အမျိုးမျိုးကွဲပြား ကောင်းကွဲပြားနေမည် ဖြစ်သော်လည်းမူရင်းဟန်ဖြစ်သည့် ခွပ်နေသည့်ဟန်နှင့်စက်ဝိုင်းမှာမည် သည့်ခေတ် မည်သည့်အချိန်ကမျှ မပြောင်းလဲခဲ့ပေ။ နိုင်ငံတော်အလံများသည်သာ အစိုးရအဆက် ဆက်ပြောင်းလဲသွားခဲ့၍သာအဆင်အမျိုးမျိးအရောင်အမျိုးမျိုးကွဲပြားနေမည်ဖြစ်သော်လည်း ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအလံတော်အားမည်သည့်အာဏာရှင်ကမှ ပြောင်းလဲ၍မရခဲ့ချေ နောက်တန်းတွင်လည်း ကျန်နေခဲ့လေ့မရှိပေ။ ကျွန်တော်တို့မျိုးဆက်များထိတိုင် ရင်ထဲတွင်လွင့်ပျံ နေဆဲ..။ လွင့်ထူထားမြဲဖြစ်ကြောင်း ကိုခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှု များ ကျောင်း သားသမဂ္ဂများက သမိုင်းသက်သေပြခဲ့ပြီးဖြစ်လေသည်။ ၁၉၈၈ခုနှစ် ရန်ကုန်တက္ကသိုလ်မြေပေါ်တွင် ကျောင်းသားလှုပ်ရှားမှုများ၌ ကျောင်းသားခေါင်းဆောင်အဖြစ် ထင်ရှားလာခဲ့သူ ကိုမင်းကိုနိုင် မှ၂၀၀၇ (၈၈၈၈နှစ်ပတ်လည်နေ့) တွင်ပြောကြားခဲ့ဖူးသည့်စကားကို အမှတ်ရနေမိပါ သည်။ တိုင်းတပါးကျွန် စစ်တပ်ကျွန် ဘယ်သူ့ကျွန်မှမခံ ဒေါင်းအလံဟေ့…။ ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံပြန်စိုက်မယ်…။ ဆိုတဲ့စကားသံများဟာ ကျနော်တို့သမဂ္ဂမျိုးဆက် များ၏ရင်ခုန်သံဖြစ်ခဲ့ ရပါသည်။ သမဂ္ဂခွပ်ဒေါင်းအလံသည် အင်္ဂလိပ်လက်ထက် တိုင်းတပါးကျွန်ဘ၀မှလွတ်မြောက်ရေး အတွက်တိုက်ပွဲဝင်ရာတွင် အသုံးပြုခဲ့သလို လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၂ စစ်အာဏာသိမ်း သောစစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးကျောင်းသားလှုပ်ရှားမှုများအထိအာဏာရှင်စနစ်ကိုအာခံ တော်လှန်ခဲ့သည်မှာ တ.က.သ ၏ခွပ်ဒေါင်းအလံတော်ဖြစ်ပါသည်။ ၁၉၆၁-၆၂ တ.က.သ ဥက္ကဌ ကိုဗဆွေလေးနှင့် မန်းလေး တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကိုသာနိုး(မောင်သာနိုး) တို့နှစ် ဦး ခွပ်ဒေါင်းပုံအား စုတ်ချက်နှင့်တစ်ကြောင်းဆွဲ ရေးဆွဲလေ့ရှိကြောင်း နှင့် ကိုစိန်မြင့်(မောင်မိုးသူ)ကိုစိန်မောင်(ပန်းချီ)ဆိုသူများမှာလဲခွပ်ဒေါင်းပိုစတာ ရေးဆွဲရာတွင်ထူးချွန်သူများ ဖြစ်ကြောင်း ၁၉၆၀ တ.က.သ အမှုဆောင်တစ်ဥိးဖြစ်သူ ဆရာမောင်စွမ်းရည်ရေးသော ဒေါင်းအလံဆောင်ပါးတွင်ဖတ်မှတ်ခဲ့ရဖူးပါသည်။ကျွန်တော်တို့တ.က.သမျိုးဆက်များသည်လည်းလက်ရှိဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင်နောက်ကြောင်း ပြန်လှည့်လိုသူယခင်စနစ်ဟောင်း(စစ်အာဏာရှင်စနစ်)ကိုသာ ရပေါက်ရလမ်းချောင်သောကြောင့်တမ်းတနေသူ ခေါက်ရိုးကျိုး နေသောအမူအကျင့်ဟောင်းများ ရှိနေသေးသရွေ့ဒေါင်းတို့မျိုးဆက် များအိုးဝေသံတွန်ကြူး၍ တွန်နိုင်ကနိုင်လိမ့်ဦးမည်မဟုတ်ပါ။ ၀င့်ဝင့်ထည်ထည်နှင့် တွန်ချင်ပါသည် ကချင်ပါသည် သို့သော် ကိုမင်းကိုနိုင်ပြောသလို ကျွန်တော်တို့၏လက်ထဲတွင် ခွပ်ဒေါင်းအလံတော် ၊ ကဒေါင်းအလံတော် နှစ်လက်စလုံး ကိုင်ထားဖို့လိုပါဦးမည်။ မတရားမှုမှန်သမျှဆန့်ကျင်၍အမှန်တရားဖက်မှရပ်တည်ကာကွယ်တတ် သောခွပ်ဒေါင်းစိတ်ဓာတ်ကို မွေးမြူရမည့်အပြင် တရားမျှတမှုနှင့် လွတ်လပ်မှုကိုကြိုဆိုရန် အတွက်ကဒေါင်းအလံတော်အားလည်းလွင့်ထူထားမည် ဖြစ်ပါကြောင်း….။

Credit to စည်သူမောင် (တ.က.သ) Eco

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: