လူသား အမှားနဲ့ မကင်းဘူး ငါလုပ်တာအားလုံး မှန်တယ် အထင်ရောက်နေရင်တော့-သွားပြီပေါ့

လူသားတယောက် အမှားနဲ့ မကင်းဘူး ဆိုတာ လက်ခံတယ်

ဒါပေမဲ့အမှားကိုလုပ်မိပြီးလို့ ထောက်ပြတဲ့သူရှိလာရင်

ပြန်စဉ်းစားဆင်ခြင်ရမယ်

ဝန်ချတောင်းပန်တာတွေ မလုပ်ရင်နေ

အမှန်ကိုရောက်အောင် ပြင်နိုင်ရမယ်

ငါလုပ်တာအားလုံး မှန်တယ်

ငါ့အဖွဲ့ လုပ်သမျှအမှန်ချည်းဘဲ

ငါ့ပါတီ ဘယ်တော့မှ မမှားဘူးလို့ အထင်ရောက်နေရင်တော့-သွားပြီပေါ့

လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးအိပ်မက်နဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့တယ်

ပြန်စဉ်းစား မှားလား မှန်လား

သမ္မတကြီးကိုယုံတယ်လို့ပြောခဲ့တယ်

ပြန်စဉ်းစား မှားလား မှန်လား

နိုင်ငံခြားပိတ်ဆို့မှုတွေဖွင့်ပေးဘို့ မီးစိမ်းပြခဲ့တယ်

ပြန်စဉ်းစား မှားလား မှန်လား

တရားဥပဒေစိုးမိုးမှုကော်မတီဥက္ကဌ တာဝန်ယူပြီး
လွှတ်တော်လုပ်ငန်းစဉ်မှာ အားဖြည့်ပေးခဲ့တယ်

ပြန်စဉ်းစား မှားလား မှန်လား

လက်ပတောင်းတောင် စုံစမ်းရေးကော်မရှင်မှာဥက္ကဌ တာဝန်ကိုယူပြီး ခေါင်းရင်းပေးခဲ့တယ်

ပြန်စဉ်းစား မှားလား မှန်လား

ရခိုင်ကိစ္စ သိသိကြီးနဲ့ နှုတ်ပိတ်နေပေးခဲ့တယ်

ပြန်စဉ်းစား မှားလား မှန်လား

ကချင်စစ်ပွဲတွေ မသိချင်ယောင်ဆောင်ပေးခဲ့တယ်

ပြန်စဉ်းစား မှားလား မှန်လား

သမ္မတကြီးနဲ့ ဟိုမှာတွေ့ ဒီမှာတွေ့
နှစ်ယောက်ထဲစကားပြောပြီး ပျားရည်နဲ့ ချွေးသိပ်ခံခဲ့တယ် ပြည်သူကို ပါတီကို ဘာမှအသိမပေး ခဲ့ဘူး

ပြန်စဉ်းစား မှားလား မှန်လား

နိုင်ငံခြားခရီးစဉ်မှာ ဘာသာရေးပဋိပက္ခမရှိပါဘူး အပြန် အလှန်ကြောက်နေကြတာပါလို့ ဗျောင်လိမ်ပေးခဲ့တယ်

ပြန်စဉ်းစား မှားလား မှန်လား

မြန်မာပြည်မှာ ဂျီနိုဆိုက်မရှိပါဘူးလို့ နာမည်အပျက်ခံပြီး ပြောပေးခဲ့တယ်

ပြန်စဉ်းစား မှားလား မှန်လား

ဦးကိုနီနဲ့ ကိုမြအေး စာပေဟောပြောပွဲတွေ အတားဆီးခံ ခဲ့ရတဲ့အချိန် ကိုယ်နဲ့ မဆိုင်တာလို ငြိမ်နေပေးခဲ့တယ်

ပြန်စဉ်းစား မှားလား မှန်လား

ကိုယ့်ကို ရင်မြေကတုတ်လုပ် အသက်နဲ့ထပ် အကာအကွယ်ပေးခဲ့တဲ့ ကိုပါကြီး ရက်ရက်စက်စက် မရှု မလှအသတ်ခံခဲ့ရတယ်-စာကလေးတစောင် ပန်းလေး တချင်းနဲ့ မေ့ပစ်ခဲ့တယ်

ပြန်စဉ်းစား မှားလား မှန်လား

ဆရာထင်လင်းဦးကို ဥပက္ခာပြု စွန့်ပစ်ခဲ့တယ်

ပြန်စဉ်းစား မှားလား မှန်လား

ကချင်ဆရာမလေးနှစ်ယောက်ကိစ္စ
ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ သဘောထား အတူတူကြေငြာချက်လေး ဝတ်ကြေဝတ်ကုန်ထုတ်ခဲ့တယ်

ပြန်စဉ်းစား မှားလား မှန်လား

အခု ဒေါက်တာသိန်းလွင် ကိစ္စ အမှားကြီးမှားပြန်ပြီ

အပွဲပွဲ နွဲ ခဲ့သမျှ အမျိုးသားပညာရေးမှာ ဝက်ဝက်ကွဲ တော့မယ်

ပြည်သူ့ရင်ခွင်ထဲက လူထုခေါင်းဆောင်တယောက်

ပြည်သူ့ရင်ခွင်မှာ မပျော်ပိုက်တော့ဘဲ

ဖေဖေတည်ထောင်တဲ့ တပ်မတော်ရင်ခွင်မှာ ခိုလှုံတော့ မှာလားလို့ အတွေးတွေပွားနေမိပါတော့တယ်။

မောင်မောင်
ရွှေကရဝိက်

One Response to “လူသား အမှားနဲ့ မကင်းဘူး ငါလုပ်တာအားလုံး မှန်တယ် အထင်ရောက်နေရင်တော့-သွားပြီပေါ့”

  1. drkokogyi Says:

    U Aung Tin

    ဒေါ်စုတစ်ယောက်တည်း နိုင်ငံရေး လုပ်တာ မဟုတ်ဘူး။

    ဒေါ်စုတစ်ယောက်တည်း အနစ်နာခံတာ မဟုတ်ဘူး။

    ဒေါ်စုတစ်ယောက်တည်း တိုက်ပွဲဝင်နေတာ မဟုတ်ဘူး။

    ပြည်သူလူထုတစ်ရပ်လုံး ညီညီညွတ်ညွတ်နဲ့ အနစ်နာခံ တိုက်ပွဲဝင်ခဲ့ကြတာပါ။

    NLD ပါတီဝင်တွေအားလုံး ညီညီညွတ်ညွတ်နဲ့ အနစ်နာခံ၊ တိုက်ပွဲဝင်ခဲ့ကြတာပါ။

    သို့သော် ခေါင်းဆောင်တဲ့ ဒေါ်စုကို တစ်နိုင်ငံလုံး လေးစားတယ်။

    တစ်ကမ္ဘာလုံး လေးစားတယ်။ ဂုဏ်ပြုတယ်။

    ဒါသဘာဝပါ။

    ပြည်သူလူထုက ကြေနပ်တယ်။ ဝမ်းသာတယ်။ ဂုဏ်ယူတယ်။

    အခုတော့ လူထုလည်း အကွဲကွဲ အပြဲပြဲ

    ပါတီလည်း ဖရိုဖရဲဖြစ်လာတော့

    ဒေါ်စုက တာဝန်မခံလို့ မရဘူး။

    ဒါလည်း သဘာဝဖြစ်ပါတယ်။

    ကောင်းရင် ဒေါ်စုကောင်းလို့ ခေါင်းဆောင်ကောင်းလို့ ဖြစ်ပါတယ်။

    ညံ့ရင် ဒေါ်စုညံ့လို့၊ ခေါင်းဆောင်ညံ့လို့ဖြစ်ပါတယ်။

    ကိုယ့်ဘေးမှာ ခပ်ညံ့ညံ့တွေကို နေရာပေးထားရင် ကိုယ်လည်း ခပ်ညံ့ညံ့ ခေါင်းဆောင်ဖြစ်မယ်။

    ကိုယ့်ဘေးမှာ လက်ညှိုးထောင် ခေါင်းငြိမ့် အေးယဉ်ကျူးသမားတွေကို နေရာပေးထားရင်

    ကိုယ်လည်း လက်ညှိုးညွှန်ရာ ရေဖြစ်တယ်ထင်တဲ့ ဘွရှင်မင်းတြားကြီးဖြစ်သွားမယ်။

    ဒီမိုကရေစီရေး တိုက်ပွဲဝင် လူထုခေါင်းဆောင် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။

    ဒေါ်စုဘေးမှာ ဝန်းရံရမှာက တိုက်ပွဲဝင် နိုင်ငံရေးသမား၊ သမိုင်းရေးသူ၊ သမိုင်းဖန်တည်းသူ၊ ထိုးဖောက်ရဲသူ၊ သတ္တိ ဗျတ္တိ ညာဏ်အမျှော်အမြင်ရှိတဲ့ လူထုခေါင်းဆောင်တွေဖြစ်တယ်။

    အဲဒီလို အရည်အချင်းရှိတဲ့ လူမျိုးတွေက လက်ညှိုးထောင် ခေါင်းမငြိမ့်ကြဘူး။ အေးယဉ် မကျူးကြဘူး။

    ဒေါ်စု မျက်နှာတော်ညိုမှာကို လူထုမျက်နှာညိုမှာလောက် သူတို့က ဂရုမစိုက်ဘူး။

    မိမိအမြင်ကို ရဲရဲပြောတယ်။ အပြန်အလှန် အတိုက်အခံ ဆွေးနွေးတယ်။ လူထုအတွက် ပိုပြီး ပြီးပြည့်စုံတဲ့ အဖြေတွေ၊ နည်းလမ်းတွေကို ရှာတတ်တယ်။

    ရုံးအုပ်ကြီးလောက်၊ ဥပဒေအကြံပေးလောက် အဆင့်သာရှိပြီး ဘယ်တုန်းကမှ နိုင်ငံရေးသမား မဟုတ်တဲ့၊ နိုင်ငံရေး နားမလည်တဲ့၊ ဘယ်တော့မှလည်း နိုင်ငံရေးသမား မဖြစ်လာမဲ့ ဦးညာဏ်ဝင်းလိုလူမျိုးတွေကို နေရာပေးထားရင် ဦးညာဏ်ဝင်းအဆင့်ရှိတဲ့ အကြံညာဏ်၊ လုပ်ငန်းစဉ်၊ စီမံခန့်ခွဲမှုကိုဘဲ ရမှာပေါ့ဗျာ။

    လူထုပါတီအဆင့်မီတဲ့ အကြံညာဏ်၊ လုပ်ငန်းစဉ်၊ စီမံခန့်ခွဲမှုကို လိုချင်ရင် လက်ညှိုးထောင် ခေါင်းငြိမ့် ဖော်လန်ဖားတွေကို ဖယ်ထုတ်ပါ။

    အပြန်အလှန် တန်းတူရည်တူ ဆွေးနွေးရဲ၊ လုပ်ကိုင်နိုင်ရဲ၊ တိုက်ပွဲဝင်ရဲတဲ့ အရည်အချင်းရှိ ခေါင်းဆောင်တွေနဲ့ အစားထိုးပါ။

    အမှန်ဆုံး အကောင်းဆုံးနည်းလမ်းက ပါတီဝင်ဟောင်းတွေကို ပါဝင်စေပြီး အရေးပေါ် ပါတီညီလာခံကို အမြန်ခေါ်ပါ။

    လူညံ့တွေကို ရဲရဲ ဖယ်ထုတ်ပါ။

    လူမှန်တွေကို ရဲရဲ လုပ်ပိုင်ခွင့်ပေးပါ။

    သို့သော် (သိပ်ကြီးမားတဲ့ သို့သော်ပါ။)

    ပါတီ Reform Process ကို လုပ်တဲ့အခါမှာ (လုပ်ခဲ့ရင်ဖြစ်ပါတယ်။) ဦးညာဏ်ဝင်းလို၊ ဒေါက်တာတင်မာအောင်လို၊ ဒေါ်စုစုလွင်လို လူမျိုးတွေကဘဲ ဦးဆောင်လုပ်ကိုင်ကြမယ်ဆိုရင် ဦးသိန်းစိန်၊ ဦးအောင်မင်း၊ ဦးရဲထွဋ်တို့ ဦးဆောင်ပြီး ဒီမိုကရေစီကို ဖော်ဆောင်ပေးသလို ဖြစ်သွားမှာကိုတော့ သတိထားပါ ဒေါ်စု။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: