ဒီကနေ့ မျိုးချစ်ရခိုင်တွေနဲ့…မျိုးချစ် ဗမာတွေ နိုင်ငံခြားက ကျူးကျော်အခြေချလာသူဆိုရင် အစ္စလာမ်ဘာသာဝင်ဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် ခရစ်စယန်ဘာသာဝင်ဖြစ်ဖြစ် တရုတ်ဖြစ်ဖြစ် ကုလားဖြစ်ဖြစ် လုံးဝ လက်မခံပါဘူးလို့ ကြေငြာရဲသလား?

Maung Maung Skw

စစ်အစိုးရလုပ်သမျှ မထောက်ခံပါဘူး….

ဟိုတခုတော့…ကိုယ်မကြိုက်လို့ မထောက်ခံဘူး…ဟေ့

ဒီတခုကတော့ ငါတို့ ကွန်မြူနတီ အကျိုးရှိလို့ ထောက်ခံတယ်…ဟေ့…ဆိုတာတွေက

မြန်မာနိုင်ငံက အစ္စလာမ်မုန်းတီးရေးသမားတွေမှာ သာ ထင်ထင်ရှားရှားရှိတာပါ…

ဦးနေဝင်းလုပ်ခဲ့တဲ့ ဥပဒေတွေထဲမှာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို အသက်ထက်ပိုပြီး ချစ်ပြနေတဲ့သူတွေကို ကြည့်လိုက်လေ….

အခု ဝှိုက်ကဒ် မဲပေးခွင့်ပြုမယ်ဆိုတဲ့ကိစ္စ… စိတ်လှုတ်ရှားစရာ မရှိပါဘူး….

ဒါ စစ်အစိုးရက သူတို့ လုပ်ထားတဲ့ ပြသနာ လက်ပူထိုးပြီး ဖြေရှင်းနေတာဘဲ….

ကိုယ့်တိုင်းပြည်မှာ…သမိုင်းကြောင်းအရ ဘာတွေဖြစ်ခဲ့တယ်….စစ်အစိုးရက ဘာတွေ မတရားလုပ်ခဲ့တယ်…လုပ်ထားတယ်ဆိုတာကို…သေသေချာချာ သိအောင်…ကြိုးပမ်းအားထုတ်မှုမလုပ်ဘဲ….စစ်အစိုးရ တတ်ပေးထားတဲ့ အမျိုးဘာသာ သာသနာ ဆိုတဲ့ မျက်မှန်စိမ်းတတ်ပြီး…ကျား…ကျား…မီးယပ်လုပ်နေလို့…ဘာပြသနာမှ အေးအေးချမ်းချမ်းဖြစ်အောင်ဖြေရှင်းလို့ မရပါဘူး..တိုင်းပြည်…ဝရုံးသုံးကား ဖြစ်တာသာ အဖတ်တင်ပါလိမ့်မယ်…

လူ့အဖွဲ့အစည်းတွေ…အတူယှဉ်တွဲနေထိုင်ကြတဲ့အခါ…ပြသနာဆိုတာ..ရှိနေမှာပါ…

အရင်ကလည်း ရှိခဲ့ပါတယ်….အခုလည်းရှိနေပါတယ်…နောင်လည်း ရှိနေဦးမှာပါ…

အဲ့ဒီလို လူ့ အဖွဲ့ အစည်းအချင်းချင်း ပြသနာဖြစ်လာရင်…လူလိုရှင်းရပါတယ်…

ဒေါသထွက်နေတဲ့ လူအုပ်ကြီးနဲ့ ရှင်းလို့ မရပါဘူး….

လက်မရွံ့အကြမ်းဖက်အဖွဲ့တွေနဲ့ ဖြေရှင်းလို့ မရပါဘူး…

အမုန်းတရားတွေ ဟော ပြော ပြီး ရှင်းလို့ မရပါဘူး…

တရားဥပဒေကို ထင်သလို အသုံးချပြီး ဖြေရှင်းလို့ မရပါဘူး….

ဘယ်လူ့ အဖွဲ့ အစည်းမှာမဆို…လူကောင်းတွေရှိသလို…လူဆိုးတွေရှိပါတယ်…

လူဆိုးတွေကို…ဥပဒေနဲ့ အညီ တိတိကျကျ အရေးယူဘို့ အရေးတကြီးလိုအပ်သလို…

အပြစ်မဲ့သူတွေကိုလည်း ဥပဒေနဲ့ အညီ..အကာအကွယ်ပေးဘို့ လိုအပ်ပါတယ်…

အဲ့ဒီတော့ တင်ပြချင်တာက…

တဖက်က လူ့အဖွဲ့ အစည်းက သူတို့ကို သူတို့ ရိုဟင်ဂျာလို့ ပြောနေတယ်…

ဒါကို လက်ခံသဘောတူတဲ့ လူ့အဖွဲ့အစည်းလည်းရှိနေတယ်….

တဖက်ကလည်း…ရိုဟင်ဂျာ ဆိုတာ မရှိပါဘူး..လို့ပြောနေတယ်…

ဒါကို လက်ခံတဲ့ လူ့ အဖွဲ့ အစည်းတွေလည်း ရှိနေတယ်…

အစိုးရကိုတော့ စာရင်းထဲ မထည့်နဲ့…သူတို့က အကျိုးအမြတ်အတွက်ဘဲ အလုပ်လုပ်နေတာ…

ကနေ့ မနက်ဖန်…ကမ္ဘာက ဝိုင်းဖိအားပေးလို့ပါဗျာ…ဆိုပြီး…စကားတမျိုးပြောင်းချင် ပြောင်းပြောဦးမဲ့လူတွေ….

ကျွန်တော်ပြောချင်တာက တိုင်းသူပြည်သားတွေ…ရဟန်းရှင်လူတွေ…ကိုဘဲပြောနေတာ…

မြန်မာနိုင်ငံမှာ…တိုင်းရင်းသားလူမျိုး ၁၄၄ မျိုးရှိတယ်ဆိုတာကို ကြားဘူးကြပါသလား…

No….No…ကျွန်တော်က ရိုဟင်ဂျာရှိကြောင်း ပြောမလို့ မဟုတ်ဘူး…ခဏလေး သည်းခံဖတ်ပါ.

အဲ့ဒီ မူလ ရှိရင်းစွဲ…၁၄၄ ကို ဘယ်သူက ဘာကြောင့် ၁၃၅ မျိုးလုပ်လိုက်တာလဲ …သိကြပါသလား

ကျွန်တော်အဓိက ပြောချင်တာက…မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း တခုလုံးကို ဦးနေဝင်းက သူလုပ်ချင်သလို မွှေနှောက် ကမောက်ကမလုပ်ထားခဲ့တာ အသေအချာပါဘဲ…

ဒီ…ဝှိုက်ကဒ်ကိစ္စ သူဖန်တီးခဲ့တာပါ…

မူလ…နိုင်ငံသား စီစစ်ရေးကဒ်ပြား သုံးခေါက်ချိုးတွေကိုသိမ်းယူပြီး…ယာယီအနေနဲ့ ဆိုပြီး ဝှိုက်ကဒ်ကိုင်ထားခိုင်းခဲ့တာပါ….

ကျွန်တော်ပြောနေတာ …ခိုးဝင်လာတဲ့သူ…မရှိဘူးလို့ မပါဘူးနော်…

ဦးသိန်းစိန်တို့…ဦးခင်ရီတို့ကသာ…ခိုးဝင်လာတဲ့သူ…မရှိပါဘူးလို့ ပြောခဲ့ဘူးတာ…

နိုင်ငံ နှစ်နိုင်ငံရဲ့ နယ်စပ်ဘဲ ဗျာ…အကြောင်းအမျိုးမျိုးနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်တာ…ခိုးဝင်တာ…သေချာပေါက်ရှိမှာပေါ့….

အဲ့ဒီတော့…ဆိုလိုတာက…ယာယီထုတ်ပေးထားတဲ့ ဝှိုက်ကဒ်တွေကို…ဘာဖြစ်လို့ နှစ်ပေါင်း ၂၀ကျော်ကြာအောင်…စီစစ်ခြင်း…ကဒ်အသစ်လဲပေးခြင်း…အရည်အချင်းမပြည့်မှီသူကို…ငြင်းပယ် ခြင်းဆိုတာတွေကို တရားဝင် မလုပ်ခဲ့တာလဲဆိုတာ…မေးကို မေးသင့်တဲ့ မေးခွန်း….

နိုင်ငံခြားက ကျူးကျော်အခြေချလာသူဆိုရင်…အစ္စလာမ်ဘာသာဝင်ဖြစ်ဖြစ်…ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ်… ခရစ်စယန်ဘာသာဝင်ဖြစ်ဖြစ်…တရုတ်ဖြစ်ဖြစ်…ကုလားဖြစ်ဖြစ်…လုံးဝ လက်မခံပါဘူး… သက်ဆိုင်ရာ အစိုးရတွေနဲ့ ရအောင်ညှိနှိုင်းပြီး သူ့ မူရင်းနိုင်ငံကို ပြန်ပို့ပေးပါ…လို့ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေက တရားဝင်ကြေငြာရဲတယ်…

ဒီကနေ့ မျိုးချစ်ရခိုင်တွေနဲ့…မျိုးချစ် ဗမာတွေ အဲ့ဒီလို ကြေငြာရဲသလား….

စောစောက ကိစ္စလေးပြန်ဆက်ရအောင်…

တဖက်က ရိုဟင်ဂျာရှိတယ်ပြောတယ်….

နောက်တဖက်က ရိုဟင်ဂျာ မရှိဘူးပြောတယ်…

အမှန်တရားကိုတော့ ၂ဖက်စလုံးက ရှာဖွေမှုပြု ပြီး ပေါ်ပေါက်လာတဲ့ အမှန်တရားကိုတော့ အားလုံးက လက်ခံရမှာဘဲပေါ့….

အမှန်တရားဘာဖြစ်ဖြစ်…ငါတို့ကတော့ လက်မခံဘူးဟေ့ ဆိုတဲ့ လူတွေအတွက်တော့ ပြောစရာ ဘာစကားမှ မရှိပါဘူးဗျာ…

ဖြစ်စေချင်တာက တာဝန်ရှိတဲ့…လူကြီးမင်းများ….တာဝန်သိတဲ့လူကြီးမင်းများ…

နားလည်တတ်ကျွမ်းတဲ့ ပညာရှင်များကို စုစည်းပြီး…သမိုင်းကြောင်းဆိုင်ရာ ရှင်းလင်းပွဲကြီး တခု လုပ်လိုက်ကြစေချင်တယ်….

ရလာတဲ့ အဖြေကို…နှစ်ဖက်စလုံးက လက်ခံရမှာဖြစ်လို့… နှစ်ဘက်စလုံးက လေးစားလက်ခံ ကြည်ညိုတဲ့ ပညာရှင်တွေ…ခုံသမာဓိလူကြီးမင်းတွေ…ရွေးချယ်ကြစေချင်ပါတယ်…

ရွေးပါ …ကမ္ဘာ့ခေါင်းဆောင်တွေထဲက…ကိုယ်ရွေးချယ်ချင်တဲ့သူကိုရွေးပြီး…ကိုယ့်ဘက်က ခုံ သမာဓိအဖြစ် တင်မြှောက်ကြပါ….

မြောက်ကိုရီးယားခေါင်းဆောင်ကိုရွေးရွေး…တရုတ်ကြီးကိုဘဲ ရွေးရွေး…သီရိလင်္ကာသမ္မတဟောင်း ကိုဘဲ ရွေးရွေး ကြိုက်တဲ့သူကိုသာ ရွေးကြပါ…

အဓိက က တိုင်းပြည်မှာ လိပ်ခဲတင်းလင်းဖြစ်နေတဲ့ ပြသနာကို စားပွဲဝိုင်းမှာ…လူကြီးလူကောင်း တွေရှင်းပုံ ရှင်းနည်းနဲ့..ရှင်းလိုက်ကြရအောင်ပါ…

ပွင့်လင်းမြင်သာတဲ့ ကမ္ဘာ့မီဒီယာရှေ့မှာ ထင်ထင်ရှားရှားပြုလုပ်မဲ့ သမိုင်းကြောင်းရှင်းလင်းပွဲ ကြီးအတွက်..အလှူရှင်ကို ကျွန်တော်တို့ဘက်က တာဝန်ယူ ရှာပေးပါ့မယ်…

နိုင်ငံသား စီစစ်ရေးလုပ်ငန်းကို…မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်သာဖြေရှင်းပေးလိုက်… ဝှိုက်ကဒ်…မဲပေးခွင့်ပေးတယ်ဆိုပြီး…နားလှည့် ပါးရိုက်တဲ့အလုပ်တွေ မလုပ်ပါနဲ့…

မြန်မာနိုင်ငံသားမဟုတ်ဘဲ…တိုင်းတပါးက ကျူးးကျော် ဝင်ရောက်လာသူ..မည်သူ့ကိုမဆို… (ဘရားသားဟုဒ် တာရော…ဘရားသား မဟုဒ်တာပါ )ကျွန်တော်တို့က လုံးဝ လက်မခံပါကြောင်း
တင်ပြလိုက်ရပါတယ်…..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: