အနှစ် ၆၀ ဂုတ်ခွစီးခဲ့တဲ့ စစ်ဗျုရိုကရက် က ရိုက်သွင်းခဲ့တဲ့ သမိုင်းအမြင် လူမျိုးရေးဘာသာရေးအမြင်တွေ သယ်ဆောင်ထားရတဲ့ စစ်ဖုတ်သဘက် အစီးခံထားရတဲ့ ပရောက်ဇီတွေ

ဘယ်သူက ပရောက်ဇီလဲ- လင်းထင်

ဗမာပြည်မှာ မွေးပြီး ကျောင်းသားကို နိုင်ငံရေး မလုပ်ရဘူး ဆိုပြီး ဒါမှမဟုတ် ကျောင်းသားအရေး နာမည်ခံ နိုင်ငံရေးရဲ့ ပရောက်ဇီ မဖြစ်သင့်ဘူး ဆိုတဲ့ သဘော ပြောနေသူ တွေကို ဖြစ်နိုင်လို့ သူတို့ ခေါင်းခွံ၊ သူတို့ရင်ဘတ် တွေများ အံဖုံးလို ဆွဲလှပ်လို့ရရင် လှပ်ကြည့်ချင်တယ်။

မြော်မြင်မှုတရား ယုံကြည်မှုတရား လူဆန်မှု ချစ်ခြင်း အမှန်အပေါ်လိုလားစိတ် မတရားမှုကိုမနှစ်လိုစိတ် လူ့အဖြစ် ရှင်သန် တင်ကျန်အောင် ရုန်းကန်လိုမှု စတဲ့ လူ့အရည်အသွေးကို ပြတဲ့… တနည်းဆိုရရင် လူဆိုတာ ဘာလဲလို့ ပိုင်းဖြတ်တဲ့ လူ့သမိုင်းစဉ်ဆက် ကနေ နီတိထုတ်နှုတ် ရယူခဲ့တဲ့ တန်ဖိုးတွေ ဘာတခုမှ တွေ့ရမယ် မထင်ဘူး။

စကားရိုးရိုးနဲ့ ပြောရရင် ဒင်းတို့ လူဖြစ်သလား ဆိုတာ မသေချာဘူး။

ဒင်းတို့ဟာ ဇွန်ဘီတွေ ဖြစ်ရမယ်၊ ဗမာဆန်ဆန် ပြောရင် ဖုတ်သဘက်တွေ ဖြစ်နိုင်တယ်၊ ဘယ်လို ဖုတ်မျိုးဝင်သလဲဆို ဗမာပြည်ကို အနှစ် ၆၀ ဂုတ်ခွစီးခဲ့တဲ့ စစ်ဗျုရိုကရက် အရင်းရှင်စံနစ်က ရိုက်သွင်းခဲ့တဲ့ သမိုင်းအမြင် လူမျိုးရေးဘာသာရေးအမြင်တွေ သယ်ဆောင်ထားရတဲ့ လူ့အဖြစ် မပြည့်မှီရတဲ့ စစ်ဖုတ်သဘက် အစီးခံထားရတဲ့ စစ်အုပ်စုရဲ့ ပရောက်ဇီတွေပဲ။

ကျူပ်နားထောင်တယ်… စစ်အုပ်စုရဲ့ ၀န်ကြီး လွှတ်တော်အမတ် ကောလိပ်ကျောင်းအုပ် ကြံ့ဖွတ် စွမ်းအားရှင်.. အကုန်လုံး ဒီလေသံပဲ။ ဟိတ် ကုန်ကုန်ပြောမယ် နိုင်ငံရေးနဲ့ ထောင်ကျဖူးတဲ့ ထောင်ထွက်တွေ၊ ဖုရားစူး အတိုက်အခံ နိုင်ငံရေးသမားတွေ ဒီလေသံပဲ။

ဒီမယ်…. ကျောင်းသားက ဗကပ ပရောက်ဇီ ဖြစ်နေတာ မဟုတ်ဘူး၊ မင်းတို့ လူ့အဖွဲ့အစည်းတစ်ခုလုံး နိုင်ငံရေး အတိုက်အခံတွေပါ မကျန်၊ စစ်အုပ်စုက ကန့်သတ်ပေးတဲ့ သမိုင်းအမြင်ပဲ ရှိရတယ်၊ နှုတ်ထွက်စကား ဆိုရတယ်၊ ဘယ်သူက ပရောက်ဇီလဲ။

အောင်ဆန်းတို့ ထကြွသလို ကျွန်ဘ၀က လွတ်အောင် ရုန်းရမယ့် အချိန် မဟုတ်ဘူးပြောတယ်၊ ငါဟာ စစ်ကျွန်ပါ့လား မျက်မှောက်မပြု နိုင်တော့ဘူး… ဘယ်သူက ပရောက်ဇီလဲ။ ဒီဘ၀ ဒီအခြေအနေက လွတ်အောင် ရုန်းဖို့ မလိုတော့ဘူးလို့ လူ့အဖြစ် လူ့အနှစ်သာရဖြစ်တဲ့ လွတ်လပ်လိုစိတ်က သွေဖီရတယ်… ဘယ်သူက ပရောက်ဇီလဲ။

ပါတီ၊ လွှတ်တော်၊ ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲ… စတဲ့ mechanism တွေ ရှိနေပြီပဲ၊ ဒီစံနစ်ထဲ ၀င်ပြီး ပြောင်းလို့ ရတာပဲလို့ ပြောနေ ယုံနေကြပြီ၊ ဘယ်သူက ပရောက်ဇီလဲ။

မင်းတို့သာ စစ်အုပ်စုရဲ့ ပရောက်ဇီတွေ ဖြစ်တယ်၊ မင်းတို့သာ စစ်အုပ်စုရဲ့ နိုင်ငံရေး သင်းကွပ်ခံတွေ ဖြစ်တယ်။

လူတွေဟာ ထမင်းတစ်လုပ် အတွက် ကိုယ့်မြေကိုယ့်ရေ မှာ မနေနိုင်၊ ကိုယ့်ဝန်းကျင် စိမ်းအောင် မပြု ပြင် နိုင်ပဲ၊ နွားတွေလို စားကျက်ပြောင်း လူ့အဖြစ်က ဆုံးရှုံးနေရတယ်။

ဒီလို လူစင်စစ်က နွားဖြစ်နေရတာတွေ၊ လူစင်စစ်က လူလို မကျင့်ကြံ မတွေးခေါ် မလွတ်လပ်လိုပဲ စစ်ကျွန်ဘ၀ သာယာ အကြိုက်တွေ့သွား ရတာတွေဟာ ကိုလိုနီ ကျွန်ပညာရေးထက် အဆများစွာ ဆိုးတဲ့ နွားဇာတ်သွင်းတဲ့ ပညာရေးလို့ ပြောရတာပဲ။

ဒီနွားဇာတ်က ကျွတ်ဖို့ဟာ အကြီးကျယ်ဆုံး ကျောင်းသားအရေး ပညာရေး အားလုံးနဲ့ဆိုင်တဲ့ နိုင်ငံရေးပဲ၊ ဘယ် စစ်ကျွန်သဘောက် ဦးနှောက်နဲ့ ပါးစပ်ပေါက်နဲ့ လာငြင်းမလဲ။ လင်းထင်

One Response to “အနှစ် ၆၀ ဂုတ်ခွစီးခဲ့တဲ့ စစ်ဗျုရိုကရက် က ရိုက်သွင်းခဲ့တဲ့ သမိုင်းအမြင် လူမျိုးရေးဘာသာရေးအမြင်တွေ သယ်ဆောင်ထားရတဲ့ စစ်ဖုတ်သဘက် အစီးခံထားရတဲ့ ပရောက်ဇီတွေ”

  1. drkokogyi Says:

    Aung Moe Win

    ကျောင်းသားလှုပ်ရှားမှုဟာ ကျနော်၊ ကျမတို့ရဲ့ ပါတီ နဲ့ မပတ်သက်ပါဘူး လို့ ထုတ်ပြောနေသူတွေကို တခုလောက်ပြောပါရစေ။

    သမိုင်းစဉ်တလျှောက်လုံး ခင်ဗျားတို့ ဦးဆောင်ပြီး လုပ်ခဲ့တာ ဘာတခုမှ မရှိဘူး ဆိုတာ တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတိုင်းသိပါတယ်။
    ရှိခဲ့တယ် ဆိုရင် ပွဲတပွဲလောက် ထုတ်ပြစမ်းပါ။
    ကိုယ့်တပ်ကို ပြန်နင်းတဲ့ အင်တာဗျူးတွေက တော်တော်များနေပါပြီ။
    ထိုင်နေရင်အကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ ဆိုတဲ့ စကားပုံလို ဖြစ်နေတာပေါ့။

    အဓိက ကတော့ ကိုယ့်ဘဝကိုယ် နားလည်ပါ။
    ကိုယ့်အဆင့်က ကိုယ်မကြိုက်နှစ်သစ်တဲ့ အခြေခံဥပဒေကို သစ္စာ ဆိုခဲ့တဲ့အဆင့်။
    လိုအပ်ရင် ပြည်သူကို ခုတုံးလုပ်ပြီး စကားအမျိုးမျိုးပြောနေတဲ့ နိုင်ငံရေးသမားတယောက်ရဲ့ အဆင့်။
    ဒီလောက်ပါပဲ။
    ပုဝါစုံချ ရုပ်သေးဇာတ် ကပြရုံလောက်နဲ့ သိပ်ပြီး ထောင်ထောင်ထောင်ထောင် မလုပ်စေချင်ဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: