မြန်မာမွတ်စ်လင်မ်အစ

မြန်မာမွတ်စ်လင်မ်အစ (1)

September 22, 2012       

           ဤစာတမ်းငယ်မှာ ကမ္ဘာကျော် တက္ကသိုလ်ကြီးတစ်ခုတွင်

 Ph.D Candidate တစ်ဦးက  သူ၏ ပါရဂူဘွဲ့ Ph. D အတွက်

တင်သွင်းသော Thesis ကျမ်း မှ Chapter ကဏ္ဍ တစ်ခုကို ထုတ်နှုတ်၍ ကျနော်အပိုကအလိုမရှိ

စာချောရုံမျှသာ Translate ဘာသာပြန် ထားသော စာတမ်းတစ်ခုဖြစ်ပါသည်။

ဘွဲ့ယူစာတမ်း Term Paper တို့မဟာကျမ်း Master Thesis ပါရဂူကျမ်း DoctorateThesis တို့ ဆိုသည်မှာ အထောက်အထားမဲ့ ထင်ရာမြင်ရာ

ကြားဖူးနားဝ တစ်ဆင့်စကားတို့ကို ဖတ်ကောင်းရုံ ရေးသားတင်သွင်းမရနိုင်ကြောင်းကို

ပညာတတ် မိတ်ဆွေများသိရှိ နနားလည်သဘောပေါက် တွေ့ကြုံကြပြီးဖြစ်သည့်အလျောက်

ဤစာတမ်း သည်လည်း သမိုင်းကို အရှိအတိုင်း ဗဟုသုတအလို့ငှါ ရေးသားတင်ပြခြင်းမျှသာဖြစ်ပါကြောင်း။

ထိုပုဂ္ဂိုလ်၏ မေတ္တာရပ်ခံချက်အရ သူ၏ အမည်နှင့်

ကျမ်းကိုးစာရင်းများ ချန်လှပ်ထား ခဲ့ရခြင်းကို နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။

မြန်မာမွတ်စ်လင်မ်အစ

မြန်မာနိုင်ငံသည်ကား ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ အစရှိသောဘာသာဝင်များ များစွာရှိသည်မှန်သော်လည်း၊

ဗုဒ္ဓဘာသာဝင်အများစုတို့ နှစ်ပေါင်းရာချီ၍ နေထိုင်လာကြလာသော နိုင်ငံတစ်ခုဆိုသည်ကား အငြင်းပွါးသံသယဖြစ်ရန်အကြောင်းမရှိပါပေ။

သမိုင်းမတင်မီကာလ

သမိုင်းမတင်မီကာလက မြန်မာနိုင်ငံ ဟုဖြစ်တည်လာမည့် အရပ်ဒေသအတွင်း မှီတင်းနေထိုင်ကြသူတို့မှာ

 ဘာသာတရားဟူ၍မရှိကြပဲ နတ်ကိုးကွယ်သူများအဆင့်မှာသာရှိကြပေသည်။

သူတို့၏နေ့စဉ်ဘဝများကို နတ်တို့က လွှမ်းမိုးထိမ်းချုပ်ကြသည်ဟုသာ ယုံကြည် ထားကြလေသည်။

ထိုမှတဖြည်းဖြည်း အိန္ဒိယ မြောက်ပိုင်း မှ ဝင်ရောက်လာကြသော အာရိယာန် အနွယ်ဝင် ခတ္တြိယ လူမျိုးများ၏ လွှမ်းမိုးမှုကြောင့် စိုက်ပျိုးရေး၊ လက်မှုအတတ်ပညာတို့ ရရှိလာသလို

ဗုဒ္ဓဘာသာယဉ်ကျေးမှုတို့ကိုလည်းလိုက်နာကျင့်သုံးတတ်လာကြပေသည်။

မဟာရာဇဝင် ” အဆိုအရ အိန္ဒိယ မြောက်ပိုင်းသား တစ်ဦးဖြစ်သူ ” အဘိရာဇာ ” သည်

သူ၏ နောက်ပါ စစ်သည်တော် တပ်မကြီးနှင့်အတူ

နောင်အခါ ”ဧရာဝတီမြစ်” ဟုအမည်တွင်လာမည့် မြစ်ကြီး၏ အလယ်အရပ် မြေပြန့်လွင်ပြင်သို့စုန်ဆင်းလာပြီး

‘ တကောင်း ” ဟူသော မြို့ပြနိုင်ငံ တစ်ခုကိုတည်ထောင်အုပ်ချုပ် ” မင်း ” လုပ်လေသည်။

ယင်း ” တကောင်း ” နိုင်ငံသည်ကား ယနေ့မြန်မာ နိုင်ငံ၏အစ၊

 အဘိရာဇာ သည်ကား မြန်မာမင်းတို့၏အစပထမ ဖြစ်ကာ ယခုတိုင် ရှေးဟောင်းသမိုင်းအမွေအနှစ်အကြွင်း များရှိနေပါသေးသည်။

အဘိရာဇာ ကံကုန်ချိန်တွင်ကား သားတော်နှစ်ပါး နန်းလုကြရာ

သားတော်ငယ်ကံရာဇာငယ် တကောင်းထီးနန်းကိုရ၍ သားတော်ကြီးကံရာဇာကြီး ” မှာ

သူ၏ သစ္စာခံနောက်လိုက်များကိုဦးဆောင်လျှက် ဧရာဝတီ ၏ တောင်ဖက် သို့စုန်ကာ

နောင် ” ချင်းတွင်း ” ဟုအမည်တွင်လတံ့သော မြစ်ကြီးတစ်ခု၏အဝ

ကလေး ” ဟုအမည်တွင်သောကုန်းမြင့်အနီး ” ကဘော် ” လွင်ပြင်၌ မြို့ပြတည်ကာ

သူ၏ သားတော် ” မုဒိသစ္စာ ” ကိုနန်းတင် အုပ်ချုပ်စေ ခဲ့သည်။

သူကိုယ်တိုင်မူကား အနောက်တောင်ဖက်သို့ ဆက်လက်စုန်ဆင်းကာ

အာရကန် ” အမည်တွင်သော ယခု ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ရောက်ရှိကာ

 ဘီစီ ၈၂၅ ၌ ” ကျောက်ပန်းတောင်း ” အရပ်တွင် နန်းတည် စိုးစံခဲ့လေသည်။

ရခိုင်ရာဇဝင် ” တွင်လာရှိသည်မှာကား ” ရခိုင်လူမျိုး ” တို့သည် ” အဘိရာဇာ ” ၏သားအကြီးဖြစ်သူ ” ကံရာဇာကြီး ” မှဆင်းသက်လာကြသူ

သားတော်ကြီး၏ အနွယ်ဝင်များ ” ဖြစ်ကြသောကြောင့်သူတို့ကိုသူတို့ ” မြန်မာကြီး ” များဟု ခေါ်ဝေါ်သမုတ်ကြလေသည်။

( ရခိုင်သံအရဆိုလျှင် မရမ္မာကြီး )

ကံရာဇာငယ် နှင့် သူ၏အဆက်အနွယ် ၃၁ ဆက် မင်းလုပ် အုပ်ချုပ်ခဲ့သော ပထမဆုံး မြန်မာနိုင်ငံတော်ဟု သတ်မှတ်ခံရသည့် ”တကောင်းနိုင်ငံတော်” ကြီးကားအရှေ့အရပ်မှတရောက် သို့မဟုတ် တရက် ” ခေါ်တရုပ်  မန်ချူး ကျူးကျော်သူများ၏ ချေမှုန်းဖျက်စီးခြင်းကိုခံလိုက်ရပေတော့သည်။

 တကောင်း နောက်ဆုံးမင်း သည် တရောက်၊ တရက်တို့ကျူးကျော်ဝင်ရောက်လာသောအခါ တကောင်း

အောက်အရပ် ဧရာဝတီ အနောက်ဖက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်ရင်း ထိုအရပ်၌ပင် ကံကုန်ခဲ့ရှာ၏။

ထိုမျိုးဆက်တို့သည်ကား အုပ်စု ၃ စုကွဲခဲ့၏။

 ပထမအစုမှာ

ယင်းကံတော်ကုန်ဘုရင်၏ မိဖုရားဦးဆောင်သောအစုဖြစ်ပြီး၊ယင်းဒေသ၌ပင်အခြေချလေ၏။

ဒုတိယအစုမှာ

အဘိရာဇာ၏ သားတော်ကြီး ကံရာဇာကြီး၏ သားဖြစ်သူ မုဒိသစ္စာ၏ မျိုးဆက်များ

တည်ထောင်အုပ်ချုပ်မင်းလုပ်နေသော ” ကလေး ” ဒေသ၌ ဝင်ရောက်ပေါင်းစည်း ခိုလှုံခဲ့ကြလေသည်။

တတိယ တစ်စုမှာ

ယ္ခု ရှမ်းပြည်နယ်ဟုခေါ်တွင်သောအရပ်သို့ပြောင်းရွှေ့ကာ အခြေချကြလေသည်။

များမကြာမီကာလ၌ အိန္ဒိယနွယ်ဖွား ” သကြ ရာဇာ ” ဦးဆောင်သော မျိုးနွယ်စုတစ်စုဝင်ရောက်လာပြီး

ကံတော်ကုန်သူ တကောင်းမင်း၏ မိဖုရားကို လက်ဆက်ကာ ထိုအရပ်ဒေသ ( တကောင်းနှင့်မနီးမဝေး ) မှာပင်

နန်းတည်ကာမြို့ပြနိုင်ငံတည်ထောင်လေသည်။

ယ္ခုအခါ ” ပုဂံပြည်ဟောင်း ” ဟုအမည်တွင်လေသည်။

ဤမြို့ပြနိုင်ငံတော်အား ” သကြ ရာဇာ ” ၏ မျိုးဆက်များက မင်းဆက် ၁၆ ပါးအဆက်ဆက် မင်းလုပ် အုပ်ချုပ်ကြလေ၏။

နောက်ဆုံးမင်းဆက် ”သတိုးမဟာ ရာဇာ” အား မဟာရာဇဝင်တွင် အမျိုးအမည် ဖော်ပြမထားသောကျူးကျော်သူတစ်စုက ထီးနန်းမှဖယ်ရှားသုတ်သင်ကြလေသည်။

ယင်း၏ မိဖုရား၏မောင်ဖြစ်သူ အိမ်ရှေ့စံ သည်မြစ်ဧရာကိုစုန်ဆင်းကာ လွတ်မြောက်သွားပြီး ” ပြည်” မြို့အနီး တောင်ကုန်းတစ်ခုအပေါ်ဝယ် ရသေ့တစ်ပါး အဖြစ်

သီတင်းသုံးကာ တိမ်းရှောင်နေလေ၏။

နန်းချသုတ်သင်ခံရသော သတိုးမဟာ ရာဇာဘုရင် ၏ မိဖုရားသည် မကြာမီမှာပင် မျက်မမြင် အမွှာသားတော် ၂ ပါး

မဟာ သမ္မဝ နှင့် စူဠာ သမ္မဝ ” တို့ကိုဖွားမြင်လေသည်။

ထိုခေတ် နန်းတွင်းစည်းမျဉ်းစည်းကမ်းအရ နန်းမစံထိုက်သော မျက်မမြင်ဒုက္ခိတ သားတော် ၂ ပါး

အကွက်မျက်ခံရမည်ကိုစိုးရိမ်သူ မိဖုရား သည် သားတော် ၂ ပါးကို ဖောင်တစ်ခုပေါ်တင်လျှက်

မြစ်ဧရာတွင်မျှောကာလွတ်မြောက်အောင်ကြံဆောင်နိုင်ခဲ့လေသည်။

သူတို့သည် ဖောင်နှင့်မျောလာစဉ်အတွင်း မျက်စေ့ ၂ ကွင်းအလင်းရခဲ့ ( အောင် ကုသခံခဲ့ရ ) ပြီး ပြည်မြို့သို့ဆိုက်ရောက်ကာ

နှမဝမ်းကွဲတော်သူ ရသေ့ကြီး၏ သမီး နှင့်ဆုံတွေ့ခဲ့ကြ၏။

ထို့နောက် သားတော်ကြီး မဟာ သမ္မဝ သည် နှမဝမ်းကွဲအား  မိဖုရားအရာမြှောက်ကာပည်မြို့ပြနိုင်ငံ ” ကို

ဘီစီ ၄၈၃ ခုနှစ်တွင်တည်ထောင်လေ၏။

သို့သော် မဟာ သမ္မဝ သည် ၆ နှစ်ကြာအုပ်စိုးပြီး ကံကုန်လေရာ ပြည်ထီးနန်းကို ညီတော် စူဠာသမ္မဝ က ၃၅ နှစ်ကြာဆက်လက်အုပ်စိုးလေသည်။

စူဠာသမ္မဝ လွန်လေသော် မဟာသမ္မဝ ၏သားဖြစ်သူ နန်းတက်လာပြီး ပြည်မြို့တော်ကို အရှေ့ဖက်သို့ ၅ မိုင်ချဲ့ထွင်ကာ

သရေခေတ္တရာပြည် ”ဟုအမည်မှဲ့ခေါ်စေကာ စိုးစံခဲ့လေသည်။ 

နှစ်ပေါင်း ၅၇၈ နှစ်တည်တံ့ ခံ့ငြားခဲ့သောသရေခေတ္တရာပြည် ” ကြီးသည် မြန်မာရာဇဝင်တွင်ခဲ့သော ခေတ်ကြီးများအဆက်ဆက်အလွန်မတန်မှကျော်စောလှပေသည်။

ယင်း သရေခေတ္တရာပြည်ကြီးကား ဗုဒ္ဓအဆုံးအမကို လက္ခံယုံကြည်ထားနှင့်သူ မွန်တလိုင်း ဟုမျိုးနွယ်အမည်တွင်သော

အိန္ဒိယနွယ်ဝင်တလိင်္ဂ ” လူမျိုး ” သထုံ ဘုရင် ” က သူ၏ အာဏာစက်အောက်တိုက်ခိုက်သိမ်းသွင်းလိုက်ချိန်မှစကာသရေခေတ္တရာ သမိုင်းနိဂုံးချုပ်ခဲ့ရလေတော့သည်။

သထုံဘုရင်သည် မြန်မာနိုင်ငံ တောင်ပိုင်းတစ်ခုလုံး ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ပဲခူးဒေသ၊ ပြည်ဒေသ နှင့် ထိုင်းနိုင်ငံနယ်စပ်များအထိအပါအဝင်

မွန်ဒေသများကိုစုစည်းလျှက် မင်းလုပ်အုပ်ချုပ် စိုးစံလေသည်။

ယင်း၏ ” သုဝဏ္ဏဘုမ္မိ ” နိုင်ငံသည် နောက်ပိုင်း မြို့တော်ကို ” ပဲခူး ” သို့ပြောင်းရွှေ့စိုးစံခဲ့သဖြင့် ” ပဲခူးနိုင်ငံတော် ” အဖြစ်လည်း ထင်ရှားခဲ့ပေသည်။

ယင်းအချိန်မှာပင် ပြည် သရေခေတ္တရာသားများမှာ နှစ်ပိုင်း ကွဲခဲ့လေသည်။

တစ်စုကား ထုံမင်း၏ လက်အောက်၌ ဗုဒ္ဒဘာသာဝင်ဘဝဖြင့် မွေ့ပျော်ကျန်ခဲ့ကြပြီး၊

ကျန်တစ်စုကား သရေခေတ္တရာကိုစွန့်ပြီး မြောက်ဖက်သို့ဆန်တက်ခဲ့ကြကာ

ပုဂံပြည်ဟောင်း အနီး ” ပုဂံထီးနန်း  အသစ် ” ကိုပြန်လည်တည်ထောင်ကြပေတော့သည်။

သူတို့သည် ” နဂါး ” များကိုကိုးကွယ်ကြသည် ၊ အရည်းကြီးရဟန်း များက ဦးစီးဦးဆောင်ပြုလျှက် နဂါးရုပ်များဖြင့် ပုထိုး၊ ကျောင်းသင်္ခန်းများကို တည်ကာ ဘုရင် မင်းအဆက်ဆက် တို့အပေါ် လွှမ်းမိုးချယ်လှယ်ကြကာ သာသနာပိုင်များဖြစ်လာကြလေသည်။

မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများဖြစ်သည့် ရခိုင် နှင့် တနင်္သာရီ ၊အောက်မြန်မာနိုင်ငံ ဒေသများတို့သို့

ပင်လယ်ရေကြောင်းသွား အာရဗ်ကုန်သည်များ မြန်မာနိုင်ငံအရှေ့မြောက်အရပ် ယူနန်ဒေသ နယ်စပ်တို့သို့

ကုန်းလမ်းသွား ပါးရှန်းကုန်သည်များ အေဒီ ၈၆၀ ခုနှစ်ထက်စော၍ စတင်ဝင်ရောက် ကူးသန်းရောင်းဝယ်

အခြေချ ခဲ့ဖွယ်ရှိပါသော်လည်း သမိုင်းမှတ်တမ်းစာပေ အဖြစ်မတွေရှိရပါပေ။

အထောက်အထား အခိုင်အလုံရှိပါသော်လည်း စာပေသမိုင်းအထောက်အထားတစ်စုံတစ်ရာမကျန်ရစ်သော

မြန်မာနိုင်ငံသို့ ပထမဦးစွာရောက်ရှိအချေချနေထိုင်သူ အထင်ကရ အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ်လူမျိုးကား

အေဒီ ၈၆၀ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ဖက်အရပ် မောင်တောမြို့သို့ သူ၏နောက်လိုက်နောက်ပါများနှင့်အတူ

ရောက်ရှိလာသော ဆယဒ် မိုဟာမဒ် အလ် ဟနဖီ အမည်ရှိ စတုတ္ထခလွီဖွာ အလီ ၏

သားတော်များအနက်မှ တစ်ဦး ပင်ဖြစ်လေသည်။

ထိုပုဂ္ဂိုလ်ကြီးသည် ရခိုင်ဒေသခံ ဘုရင်မ ”ကယာ သီရိ/ပါရီ” (ကလျာသီရိ ဖြစ်မည်ဟုထင်ပါသည်။ ။ဘာသာပြန်သူ) နှင့်

စစ်မက်ဖြစ်ပွါးခဲ့ကာ အနိုင်ရရှိခဲ့ပြီးဘုရင်မ ကယာ သီရိ ကိုလက်ထပ်ထိမ်းမြားခဲ့ပါသည်။

သူမနှင့်အတူ သူမ၏ နောက်လိုက်နောက်ပါအပေါင်းတို့သည်လည်း

အစ္စလာမ်ဘာသာသို့ကူးပြောင်းလာကြလေသည်။

ထိုပုဂ္ဂိုလ်ကြီး နှင့် သူ၏ကျင်ယာတော်၏ ဂူဗိမ္မာန်များ မောင်တောဒေသရှိ မေယုတောင်ထိပ် တွင် ယနေ့တိုင်

အထင်အရှားရှိနေသေးသော်လည်း သူ၏ရောက်ရှိလာပုံ၊ ဘဝမှတ်တမ်း နှင့် ထိုဒေသ အစ္စလာမ်ဘာသာ နှင့်

မွတ်စ်လင်မ်များ၏အခြေအနေများကို သမိုင်းစာပေမှတ်တမ်းမှတ်ရာများကား မရှိခဲ့ပါပေ။

ပထမမြန်မာနိုင်ငံတော်ခေတ်

အေဒီ ၁၀ ရာစုခန့်တွင် မြန်မာရာဇဝင်၌ မဟာသူရဲကောင်းအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ခြင်းခံထားရသူ

အနော်ရထာ သည် ပုဂံပြည့်ရှင် မင်းဖြစ်လာခဲ့သည်။ သူသည် မွန်တလိုင်း နှင့် ရှမ်းတို့၏သိမ်းပိုက်ထားခံရသော

” တကောင်းနိုင်ငံ၊ သရေခေတ္တရာနိုင်ငံ ” တို့ကိုပြန်လည် သိမ်းပိုက်နိုင်ခဲ့သလို ရာစုနှစ် ၂ စုစာမျှ သီးခြား

လွတ်လပ်စွာတည်ရှိနေကြသောအကွဲကွဲအပြားပြားတည်ရှိနေသော မြို့ပြနိုင်ငံငယ်အချို့ကိုပါ သူ၏ လက်အောက်သို့

စုစည်း သိမ်းသွင်းနိုင်ခဲ့လေသည်။ သို့ဖြစ်ရာ အထက်မြန်မာနိုင်ငံ နှင့် အောက်မြစ်ဝကျွန်းပေါ်ဒေသများအပါအဝင်

အရှေ့ဆက်စပ်နယ်မြေများကိုပါ သူ၏ပိုင်နက်အဖြစ် သိမ်းပိုက်အုပ်စိုးနိုင်ခဲ့သူဖြစ်၍ မြန်မာသမိုင်း တွင်

ပထမ မြန်မာနိုင်ငံတော် ကိုတည်ထောင်ခဲ့သူအဖြစ် ရာဇဝင် မော်ကွန်းတွင်ခဲ့လေသည်။

ထိုမျှမကသေး ယနေ့ ပြကတေ့ ကျင့်သုံးနေသောစစ်မှန်သည့် ဗုဒ္ဒသာသနာတော် ပေါ် ထွန်းလာရန်

သာသနာ သန့်စင်ထွန်းကားပျံ့ပွါးစေသူ မင်းအဖြစ်လည်း ရာဇဝင်တွင်ခဲ့လေသည်။

တရုပ်၊ အိန္ဒိယ တို့နှင့်လည်းငြိမ်းချမ်းစွာဆက်ဆံနိုင်ခဲ့လေသည်။

မဟာရာဇဝင်ကျမ်း တွင် ပထမဆုံး ဖော်ပြထားခြင်းခံရသော မွတ်စလင်မ်များကား

အေဒီ ၁၀၅၀ တွင် အောက်မြန်မာနိုင်ငံကို အုပ်ချုပ်စိုးစံနေသူ သထုံမင်း အပိုင်

မုတ္တမကမ်းခြေသို့ သင်္ဘောပျက်ကာ ဗျတ် ဖြင့်မျော၍ရောက်ရှိလာသူ အာရဗ်ကုန်သည်၏

သားနှစ်ဦး ” ဗျတ်ဝိ နှင့် ဗျတ္တ ” တို့ပင်ဖြစ်ပေသည်

သထုံဘုရင်သည် ယင်းတို့ နှစ်ဦးအား ဒုက္ခသည်များအဖြစ်  ဘုန်းတော်ကြီးကျောင်းတစ်ခုတွင်

ထိမ်းသိမ်း လက်ခံထားသော်လည်း ယင်းတို့၏ ရဲရင့်ဖြတ်လတ်မှု၊ အစွမ်းထက်မှု၊ စွမ်းအားကြီးမှုတို့ကို

စိုးထိတ်လာ၍ သုတ်သင်ပြစ်ရန် အမိန့်ပေးလေသည်။

အကိုကြီးဖြစ်သူ ဗျတ်ဝိ မှာ သုတ်သင်ကွက်မျက်ခံလိုက်ရပြီးညီငယ် ဗျတ္တ မှာမူ ပုဂံပြည် သို့

ထွက်ပြေးလွတ်မြောက်ခဲ့လေသည်။

ပုဂံပြည့်ရှင် အနော်ရထာ သည် ဗျတ္တ ၏ လက်ရုံးရည် နှလုံးရည် ထူးချွန်မှူတို့ကို

နှစ်သက်သဘောကျကာ အပါးတွင်ခစားခွင့်ပေးလေ၏ဗျတ္တ သည် ပုဂံသူ မြန်မာအမျိုးသမီးတစ်ဦးနှင့်

လက်ဆက်ခဲ့ပြီး ရွှေဖျဉ်းကြီး နှင့် ရွှေဖျဉ်းလေး ဟူသောသားတော်နှစ်ပါးထွန်းကားခဲ့သည်။

ယင်းတို့ နှစ်ဦးကို ပုဂံရာဇဝင်များတွင် အနော်ရထာမင်း၏ မြေးတော်များ ဟုဖော်ပြလာရှိပေသည်။

ယင်းတို့ နှစ်ဦးမှာ ဘုရင့် တော်ဝင်မြင်းသည်တော်တပ်မှူးများဖြစ်လာခဲ့ကာ တိုက်ပွဲတိုင်းလည်းအနိုင်ရခဲ့ကြသည်။

မဟာရာဇဝင် လာ ဒုတိယမ္မိ မှတ်တမ်းမှာကား  ဖခင် အနော်ရထာ ကို ဆက်ခံသော

စောလူးမင်း ( အေဒီ ၁၀၇၇ မှ ၁၀၈၈ ) လက်ထက် ” ရမန်ကန်း ” ( ရဟ်မာန်ခန်း ) အကြောင်းပင်။

အနော်ရထာမင်းသည် အာရဗ်မွတ်စ်လင်မ် တစ်ဦးကို သားတော် စောလူးမင်းသားအတွက်

နန်းတွင်းဆရာတော် အဖြစ်ခန့်အပ်ခဲ့၏ စောလူးမင်းသား နန်းတက်လာသောအခါ မိမိဆရာတော်၏

သားလည်းဖြစ် မိမိ၏ငယ်စဉ်က ကစားဖော်လည်းဖြစ်သူ ရမန်ကန်း အား ပဲခူးစား အဖြစ်ခန့်အပ်ကာ အပိုင်စားစေသည်

မကြာမီ ရမန်ကန်း သည် စောလူးမင်း အားပုန်ကန်ကာ ဖမ်းဆီးအကျဉ်းချကာ ကွပ်မျက်လိုက်ပြီး

ပုဂံ ကိုချီတက်တိုက်ခိုက်သိမ်းပိုက်ရန် ကြံစည်ကြိုးစားလေသည်။သို့သော် ရမန်ကန်း အား စောလူးမင်း၏

နောင်တော်ဖြစ်သူ ကျန်စစ်သား က နှိမ်နင်းသုတ်သင်ခဲ့လေသည်။

 

မွတ်စ်လင်မ်များ မြန်မာနိုင်ငံအတွင်း အခြေချ နေထိုင်မှုမှတ်တမ်းများကို ကျန်စစ်မင်းလက်ထက်

မှတ်တမ်းများအရသိရှိရပေသည်။

ကျန်စစ်မင်းလက်ထက် အိန္ဒိယပြည်နှင့်အကြိမ်ကြိမ်စစ်မက်ရင်ဆိုင်ရာမှ

ဖမ်းဆီးရမိလာသော စစ်သုံ့ပန်းများအနက် မွတ်စ်လင်မ် သုံ့ပန်းများလည်းပါရှိလာခဲ့ပေသည်။

ယင်းသုံ့ပန်းတို့အား မြန်မာနိုင်ငံ အနှံ့အပြား လူစုခွဲ ပို့ဆောင်နေရာချ နေထိုင်ခွင့်ပေးခဲ့လေသည်။

အေဒီ ၁၂၇၇ တွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများကို တရုပ်ပြည်မှ ကူဗလိုင်ခန် ၏တပ်များကဝင်ရောက်တိုက်ခိုက်

သိမ်းပိုက်လိုက်ကြလေသည်။ ယင်းတို့သည် နှစ်အနည်းငယ်ကြာသောအခါ( အေဒီ ၁၂၈၅/၁၂၈၇) တောင်ဖက်အရပ်ရှိ

ပုဂံပြည်ကြီးကိုလည်း ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လေရာ ပထမမြန်မာနိုင်ငံတော်ကြီးရာဇဝင်လည်းချုပ်ငြိမ်းခဲ့လေတော့သည်။

ယင်း ကူဗလိုင်ခန် ၏တပ်မဟာကြီးကိုဦးဆောင်လာသူမှာ ယူနန်ဘုရင်ခံ၏သား တူရကီလူမျိုးစစ်ဗိုလ်ချုပ်ကြီး ဖြစ်ပါသည်။

အောက်မြန်မာနိုင်ငံနှင့် မွတ်စ်လင်မ်များ

ပုဂံပြည့်ရှင်ဧကရာဇ်အနော်ရထာသည် ပထမမြန်မာနိုင်ငံကြီးကိုစုစည်းတည်ထောင်ခဲ့စဉ်ကပင်

အောက်မြန်မာနိုင်ငံ ဒေသများ၏ သစ္စာတော်ခံဘုရင်များအား ကိုယ့်မင်းကိုယ့်ချင်းဖြင့် ကိုယ့်ဒေသကို

ကိုယ်တိုင်စိုးစံအုပ်ချုပ်ခွင့်ပြုခဲ့လေရာ ပုဂံထီးနန်းပျက်သုဉ်းချိန်၌ထို မြို့ပြနိုင်ငံလေးများစုစည်းအားကောင်းလာကာ

နိုင်ငံသစ်များအဖြစ် ပေါ်ထွန်းလာခဲ့လေသည်။ ( မွန်ထီးနန်းများဖြစ်ဟန်ရှိပါသည်။ ။ဘာသာပြန်သူ )

ထိုခေတ်ထိုအခါက ကုန်သွယ်ခရီးသွားမှတ်တမ်းများအရ ဆက်စပ်ရပါလျှင် မြန်မာနိုင်ငံတောင်ပိုင်း မြိတ်၊ တနင်္သာရီ၊

မြစ်ဝကျွန်းပေါ်ဒေသ ပုသိမ်၊ အောက်မြန်မာပြည် ပဲခူး၊ ရန်ကုန်၊ သံလျှင်၊ ဒလ၊အစရှိသော ဒေသများသို့

မွတ်စ်လင်မ် ပင်လယ်ရေကြောင်းသွားကုန်သည်များ၊ သင်္ဘောသားများ၊စွန့်ဦးသွားလာနယ်မြေသစ်ရှာသူများ

ရောက်ရှိအခြေချကြကြောင်း မှတ်တမ်းမှတ်ရာများကိုတွေ့ရှိရပေသည်။

ထိုသူများသည် သူတို့၏ ကြွယ်ဝသော ဓနဥစ္စာ၊ ဗဟုသုတ၊ အတွေ့အကြုံ တို့ဖြင့် ထိုဒေသများ၏အဓိက

ကုန်သွယ်စီးပွါးများကို ထိမ်းချုပ်ထားနိုင်ရုံသာမက မြို့ပြအုပ်ချုပ်ရေးနယ်ပယ်များတွင်ပါ အရေးပါအရာရောက်လာကြလေသည်။

မြန်မာနိုင်ငံသည်ကား မုတ်သုန်ရာသီရရှိသောတိုင်းပြည်ဖြစ်သည့်အလျှောက်၊ မိုးတွင်းကာလတစ်ခုလုံး မွတ်စ်လင်မ်ကုန်သည်ကြီးများ၏

သင်္ဘောများ ကျောက်ချရပ်နား မိုးခိုကြလေ၏ထို မွတ်စ်လင်မ်များအား မြန်မာအမျိုးသမီးတို့အား လက်ထပ်ထိမ်းမြားရန်

မြို့စား၊ နယ်စား၊ ပယ်စားများကိုယ်တိုင် အားပေးတိုက်တွန်းကြလေသည်။သို့သော် သူတို့ပြန်လည်ထွက်ခွါသောအခါ

သူတို့၏ ဇနီးမယား၊ သားသမီးများ နှင့် မရွှေ့ပြောင်းနိုင်သော ဥစ္စာပစ္စည်းများ၊ မိသားစုအတွက်ပေးကမ်းထားသော ( လက်ထက်ပွါး )

ပစ္စည်းများကိုမူ ရောင်းချ၊ ယူဆောင်သွားခွင့်မရှိစေရန်မူ ဥပဒေဖြင့်တားမြစ်လေသည်။

ဤသို့ဖြင့် နှစ်ကာလကြာလတ်သော် ဒေသခံများနှင့် ထိမ်းမြားမှူများကြောင့်မျိုးဆက်သစ်များပွါးများလာသလို အသစ်အသစ်ထပ်မံ

ရောက်ရှိလာကြသူများကြောင့် မွတ်စ်လင်မ်ဦးရေပွါးများလာကြလေသည်။

အများစုမှာ ဆက်လက်အခြေချနေထိုင်ကြရင်းဒေသခံ မင်းများ၏နယ်ပယ်ချဲ့ထွင်ရေးစစ်ပွဲများတွင် ကျွမ်းကျင်ရာအတတ်ပညာများဖြင့်ပါဝင်အမှုတော်ထမ်းကြလေသည်။

 ထိုသူတို့သည်ကား ” ပသီ ” သို့မဟုတ် ” ကုလား ” ဟူသောအမည်နာမဖြင့် မြန်မာမွတ်စ်လင်မ်မျိုးဆက်တစ်ခုကို စတင်တင်ထောင်ကာ

 ဘုရင်များကိုယ်တိုင် ချီးမြှင့်ပေးသနားထားသော ” ကုလားတန်း ” ဟုခေါ်တွင်သော အရပ်များ၌ သစ္စာတော်ခံကာ သက်ဆုံးတိုင် အတည်တကျနေထိုင်သွားကြလေသည်။

 ဒုတိယမြန်မာနိုင်ငံတော်နှင့် မွတ်စ်လင်မ်များ

ဒုတိယမြန်မာနိုင်ငံတော်၏ ဧကရာဇ်ဟု သမိုင်းတွင်သူ ဘုရင့်နောင်မင်းတြား ( အေဒီ ၁၅၅၀ မှ ၁၅၈၁ ထိ ) လက်ထက် ယိုးဒယားနိုင်ငံနှင့်အေဒီ ၁၅၆၈/၆၉ တွင် ဒုတိယအကြိမ်စစ်မက်ဖြစ်ပွါးသောအခါ ဘုရင့်နောင် သည် အိန္ဒိယနိုင်ငံ မှ ခေါ်ဆောင်လာသော မွတ်စ်လင်မ် လက်နက်အတတ်ပညာရှင်စစ်သည်တော်များကိုအသုံးပြုခဲ့ပြီး နောင်တွင် ယင်းတို့ကို မိမိ၏ ဒေသတွင်း အချေတကျနေထိုင်ခွင့် ၊ ထိမ်းမြားလက်ထပ်ခွင့်တို့ချီးမြှင့် ခဲ့သည်။

၁၆ ရာစုအတွင်း မြန်မာမင်းအဆက်ဆက် အိမ်နီးချင်း တိုင်းပြည်များနှင့်စစ်မက်ဖက်ပြိုင်တိုက်ခိုက်ရာမှ ရရှိလာသော စစ်သုံ့ပမ်း များတွင် မွတ်စ်လင်မ် အမြောက်အများပါရှိလေသည်။

ယင်းတို့ကို မြန်မာဧကရာဇ် အပိုင် ရွှေဘိုနယ် မြေဒူးဒေသ ၌နေရာချထားပေး၏။ တဖြေးဖြေးနှင့် ထိုသူတို့အား အနီးဝန်းကျင်ဒေသများဖြစ်သည့်စစ်ကိုင်း၊ ကျောက်ဆည်၊ ရမည်းသင်း အစရှိသောမြို့များသို့လည်းပြောင်းရွှေ့အခြေချခွင့်ပြုခဲ့ပြီး ဘုရင့်အမှုတော်ထမ်းရွက်သူတို့အား မြေယာများပေးကမ်းချီးမြှင့်ခဲ့လေသည်။

ထိုသူတို့၏ ကောင်းသတင်းကြီးသော သစ္စာသမာဓိကို ယုံကြည်ကြသည့်အလျှောက် အချို့လက်ရွေးစင်များကို နန်းတွင်းလက်နက်ကိုင်အစောင့်အရှောက်၊ သက်တော်စောင့်များအဖြစ်ခန့်အပ်ခဲ့သည့်အပြင်

ထိုရာထူးများကိုလည်း သားစဉ်မြေးဆက် ဆက်ခံခွင့် ပေးအပ်ချီးမြှောက်ခံခဲ့ရသူများပင်ရှိလာပေသည်။

သို့သော် ထို ၁၆ရာစုမှာပင် ပင်လယ်ရေကြောင်းသွားလာမှုတွင် တစ်စတစ်စ ဥရောပသားများကြီးစိုးလာမှုက အာရဗ်မွတ်စ်လင်မ်များ၏ရေကြောင်းကြီးစိုးမှုတစ်ခေတ်ချုပ်ငြိမ်းခဲ့ရခြင်းနှင့်အတူ

မြန်မာနိုင်ငံတွင်းသို့ ရေကြောင်းမှ မွတ်စ်လင်မ်များဝင်ရောက်လာမှုလည်း ချုပ်ငြိမ်းသွားခဲ့ပေတော့သည်။

တတိယမြန်မာနိုင်ငံတော်ခေတ်

အလောင်းမင်းတြားကြီးသည် သူ၏ တတိယမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်ရန်အတွက် အောက်မြန်မာနိုင်ငံ

မွန်မြို့ပြနိုင်ငံငယ်များ၊ ရခိုင်ပြည် နှင့် အိန္ဒိယဒေသအချို့တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရ၏။

ပထမဦးစွာ မွန်ဒေသများကို တိုက်ခိုက်သိမ်းပိုက်စဉ် မွန်ဘုရင်၏သစ္စာခံ အာရဗ်နွယ်ဝင် မွတ်စ်လင်မ်များ၏ခေတ်မီလက်နက်များဖြင့်

ကြံ့ကြံ့ခံမှူကိုကြုံရလေသည်မွန်ဒေသကိုအောင်နိုင်သွားသောအခါ အလောင်းမင်းတြားသည် မွတ်စ်လင်စစ်သည်တော်များ နှင့်

လက်နက်အတတ်ပညာရှင်များကို ပြည်ရွှေဘို သို့ စစ်သုံ့ပမ်းအဖြစ်ခေါ်ဆောင်လာခဲ့ပြီး သစ္စာခံစေကာ သူ၏တပ်မတော်တွင် အမှုတော်ထမ်းစေသည်။

ထိုအမှုတော်ထမ်းတို့အား ရွှေဘို နှင့် ရမည်းသင်း ဒေသများ၌နေရာချထားလျှက် ” ကုလားပျို ” သို့မဟုတ် ” ပသီ ” များအဖြစ်ခေါ်တွင်စေကာ မျိုးဆက်များပြန့်ပွါးခဲ့လေသည်။

၁၈ ရာစုမှ ၁၉ ရာစုအစောပိုင်းကာလများအထိ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်ရှိမြို့ကြီးပြကြီးများ အားလုံးလိုလို

မြန်မာမွတ်စ်လင်မ်များပျံ့နှံ့အခြေချနေထိုင်နှစ်ပြီးဖြစ်ကာ မိမိတို့၏မူရင်း ခံယူယုံကြည်ချက်ဖြစ်သည့် အစ္စလာမ်

ဟူသောကိုးကွယ်ရာဘာသာမှအပ ပါတ်ဝန်းကျင်အသိုင်းအဝိုင်းရှိ တိုင်းရင်းသားမြန်မာလူမျိုးများနှင့်

ဘာသာစကား၊ ဝတ်စားဆင်ယင်ပုံ၊ ယဉ်ကျေးမမှုဓလေ့စရိုက်မှ အစပြုကာ အစစအရာရာ ရင်းနှီးကျွမ်းဝင် ချစ်ခင်စွာဖြင့်

သဟဇာတမျှတကာ လက်ရေတစ်ပြင်တည်းဖြစ်ခဲ့ကြပေသည်။မြန်မာမွတ်စ်လင်မ်များသည် မြန်မာမင်းအဆက်ဆက်

စစ်မှုထမ်း နယ်ပယ်သာမက အုပ်ချုပ်ရေးနယ်ပယ်များမှာပါ အရေးပေးခန့်အပ်ခြင်း ခံခဲ့ကြရသည်အထိ ဝင်ဆန့်ခဲ့ကြလေသည်။

အလောင်းမင်းတြားကြီး ၏အရိုက်အရာကိုဆက်ခံခဲ့သောသားတော်များဖြစ်သည့် ဘိုးတော်ဘုရားဟု ကျော်ကြားသူ

ပဒုံမင်းလက်ထက် ( ၁၇၈၁-၁၈၁၉ ) တွင် မွတ်စ်လင်မ်ပညာရှင်တစ်ပါး အား တရားလွှတ်တော်ဝန် ( တရားသူကြီးချုပ် ) အဖြစ်လည်းကောင်း၊

ပုဂံမင်း လက်ထက် ( ၁၈၄၆-၁၈၅၃ ) တွင် မွတ်စ်လင်မ်တစ်ဦးကို အမရပူရ နေပြည်တော် ၏ မြို့တော်ဝန်အဖြစ်လည်းကောင်း ခန့်အပ်ခဲ့ပေသည်။

ထို့အတူ မင်းတုန်းမင်းလက်ထက် ( ၁၈၅၃-၁၈၇၈ ) လက်ထက်တွင် များစွာသော မွတ်စ်လင်မ် စစ်ဗိုလ်များသာမက၊ အုပ်ချုပ်ရေးအရာရှိများလည်းများစွာရှိခဲ့လေသည်။

မြန်မာနှင့် အင်္ဂလိပ်တို့ဖြစ်ပွါးခဲ့သမျှ အင်္ဂလိပ်ကျူးကျော်စစ်ပွဲတိုင်းတွင်လည်း မျိုးချစ် မြန်မာမွတ်စ်လင်မ်များသည်

မြန်မာဘုရင်များနှင့် အမိ မြန်မာ့မြေအတွက် အသက်ပေးခုခံ တိုက်ပွဲဝင်ခဲ့ကြလေသည်။

အခြားတစ်ဖက်မှာလည်း မြန်မာနိုင်ငံအရှေ့မြောက်ဖက် ယူနန် ပန်းသေးမွတ်စ်လင်မ် ဘုရင် က တရုပ်ဧကရာဇ်ကိုတော်လှန်ပုန်ကန်စဉ်

( ၁၈၅၆-၁၈၇၃ )အတွင်းပန်းသေးမွတ်စလင်မ် ကုန်သည်များ၊ လက်နက်အတတ်ပညာရှင်စစ်သည်တော်များ၊ ဒုက္ခသည်များအများအပြားနီးစပ်ရာ မြန်မာနိုင်ငံရှမ်းပြည်အတွင်းသို့ တဖွဲဖွဲဝင်ရောက်ရွှေ့ပြောင်း အခြေချခိုလှုံလာကြလေသည်။

ယင်း ပန်းသေးမွတ်စ်လင်မ်များ နှင့် ရှမ်းလူမျိုးတို့ ကူးလူးဆက်ဆံမှူကား ၁၉၅၀ ခုနှစ်တွင် တရုပ် ကွန်မြူနစ်အစိုးရက ယူနန်ပြည်နယ်ကို တရုပ်ပြည်သူ့သမ္မတနိုင်ငံအဖြစ်သတ်မှတ်လိုက်ချိန်မှစ၍ တစ်ခန်းရပ်ခဲ့ရပေတော့သည်။

ရခိုင်ပြည်နှင့် မွတ်စ်လင်မ်

မြန်မာပြည့်ရှင်များ တန်ခိုးဩဇာကြီးထွားလာသောအခါ အိမ်နီးချင်း တိုင်းပြည်ငယ်များကိုတိုက်ခိုက်သိမ်းပိုက်ခြင်းဖြင့်လည်းကောင်း ဩဇာခံစေခြင်းအားဖြင့်လည်းကောင်း မိမိတို့၏အာဏာဆက် နယ်ပယ်ချဲ့ထွင်ကြလေသည်။

၁၄၀၄ ခုနှစ်တွင် ရခိုင်ဘုရင် နရမိတ်လှ သည်မြန်မာဘုရင်ကိုစစ်ရှုံးသဖြင့် ဘင်္ဂလားစူလတန် ( စော်ဘွား ) ပိုင်

မြို့တော် ဂိုအား သို့ထွက်ပြေးခိုလှုံလေသည်။ ဘင်္ဂလားစော်ဘွား အာမက်ရှား ကလည်း သူ့အား ကောင်းမွန်စွာလက္ခံ စောင့်ရှောက်ထားရုံမက သူ၏တပ်တော်တွင် အရာရှိ တပ်မှူးတစ်ဦးအဖြစ်ပါ ခန့်အပ်ထားလေသည်။

အာမက်ရှား ကိုဆက်ခံသူ နဒီရှား အား နရမိတ်လှ က မေတ္တာရပ်လာသဖြင့် ဗိုလ်ချုပ် ဝလီခန်း ဦးဆောင်သောတပ်မကြီးတစ်ခုဖြင့်

၁၄၃၀ ခုနှစ်တွင် ရခိုင်ကိုဝင်ရောက်တိုက်ခိုက်စေကာ နရမိတ်လှ အား ရခိုင်ထီးနန်းကိုပြန်လည် အုပ်စိုးစေလေသည်။

နရမိတ်လှ လည်း မြောက်ဦး ( မြို့ဟောင်း ) ၌ နန်းသစ်တည်ကာ ရခိုင်ထီးနန်းကို စိုးစံလေသည်။

အပြန်အလှန်အားဖြင့် နရမိတ်လှ သည် ရခိုင်ထီးနဲန်းကိုပြန်လည်သိမ်းပိုက်တိုက်ခိုက်ပေးခဲ့သူ ဘင်္ဂလားမွတ်စ်လင်မ်စစ်သည်တော်များအားရခိုင်ပြည်တွင် အခြေတကျနေထိုင်နိုင်ရန်

အာမခံခဲ့ရသဖြင့် ယင်းတို့အား မြောက်ဦးဒေသအနီးပါတ်ဝန်းကျင်တွင် နေရာချထားပေးခဲ့ကာ

ယင်းတို့ဝတ်ပြုရန်အလို့ငှါ ” စန္ဒီခန်ပလီဝတ်ကျောင်းတော်ကြီး ” ကို တည်ဆောက်ချီးမြှင့် ခဲ့ရာ ယနေ့တိုင်တည်ရှိလေသည်။

၁၄၃၀ မှအစပြူ၍ ရခိုင်ပြည်နှင့် ရခိုင်သမိုင်း တွင် မွတ်စ်လင်မ်တို့သည်ကားအရေးပါအရာရောက်သောအခန်းကဏ္ဍများမှနေရာယူခဲ့ကြလေသည်။

ရခိုင်ပြည်၏ အုပ်ချုပ်မှုစံနစ်များနှင့် ရိုးရာဓလေ့ မင်းခန်းမင်းနားများ တွင်လည်း ဘင်္ဂလား ဂိုအား နှင့် အိန္ဒယ ဒေလီ

စူလတန်စော်ဘွားများ၏ရိုးရာ စံနစ်များကိုလိုက်နာကျင့်သုံးခဲ့ကြလေသည်။

ရခိုင်ပြည်သည် ဗုဒ္ဓဘာသာတိုင်းပြည်ဖြစ်သော်လည်း မွတ်စ်လင်မ်များသည် အရေးပါသော ရာထူးဌာနဏ္တရများတွင် တာဝန်ထမ်းဆောင်ခဲ့ကြလေသည်။

ရခိုင်ပြည်သည် အနောက်ဖက်၌ မွတ်စ်လင်မ်တိုင်းပြည်များနှင့် ထိစပ်နေသည့်အလျောက် နရမိတ်လှ လွန်လေသော် ရခိုင်မင်းအဆက်ဆက်သည်အနောက်ဖက် ဘင်္ဂလားနယ်အထိ သိမ်းပိုက်ရန်ကြိုးစားလာခဲ့ကြသည်။

၁၆ ရာစုတွင် ရခိုင်ဘုရင်သည် ပေါ်တူဂီတို့၏ ကူညီမှူဖြင့် ဂိုအား ကိုသိမ်းပိုက်နိုင်ခဲ့ကြပြီး

မွတ်စ်လင်မ် သုံ့ပမ်းများကိုဖမ်းဆီးခေါ်ဆောင်ကာ ရခိုင်စစ်တပ်များတွင်လည်းကောင်း ၊ ဘုရင့်ကိုယ်ရံတော်တပ်များတွင်လည်းကောင်း  တာဝန်ပေးစေခိုင်းခဲ့ကြသည်။

၁၆၅၈ တွင် မဂိုပြည့်ရှင် ရှားဂျဟန် အား အိမ်ရှေ့စံသားတော်ကြီးက ပုန်ကန်ကာ ထီးနန်းကိုသိမ်းပိုက်၍ မဂိုဧကရာဇ် အဖြစ်ခံယူလိုက်လေရာ ဖခင်အတွက်ခုခံခဲ့သူ စစ်ရှုံးမင်းသား ဒုတိယသားတော်  ရှားရှူဂျာ မှာသူ၏မိသားစုများ၊ နောက်လိုက်နောက်ပါတစ်စုအတူ ရခိုင်ပြည်သို့ ထွက်ပြေးခိုလှုံလာလေသည်။

အစပထမတွင် ခိုလှုံလာသူ မင်းသားနှင့်သူ၏နောက်တော်ပါဗိုလ်တစ်စုကို ရခိုင်ဘုရင်ကလက်နက်ချစေကာ

မြောက်ဦးအနီး နေရာထိုင်ခင်းပေးလျှက် ဝမ်းပန်းတသာကြိုဆိုလက်ခံခဲ့သော်လည်း နောက်များမကြာမီ မင်းသားနှင့်မိသားစုဝင်များကို ကွပ်မျက်သုတ်သင်လိုက်လေသည် ။

မည်သည့်အကြောင်းအရင်းကြောင့် ကွပ်မျက်သုတ်သင်သည်ကိုမူ မှတ်တမ်းမှတ်ရာမတွေ့ရပါပေ။

အသက်ဘေးမှလွှတ်ပေးခံရသူ စစ်သည်များကိုမူ ရခိုင်ဘုရင်က သူ၏ကိုယ်ရံတော်တပ်တွင် ” ကမန် ” ဟုခေါ်သော အထူး လေးသည်တော်များအဖြစ်ခန့်အပ်လေသည်။

မိမိညီတော်နှင့်တကွတော်ဝင်မျိုးနွယ်များကွပ်မျက်ခံရကြောင်းကြားသိရသူ မဂိုဧကရာဇ်မှာ ရာဇမာန်ထွက်တော်မူပြီး သူ၏ပိုင်နက် အရှေ့ဘင်္ဂလားကမ်းရိုးတမ်းတလျှောက်မီတင်းနေထိုင်ကြသော ရခိုင်လူမျိုးများနှင့်ပေါ်တူဂီပင်လယ်ဓားပြများကို သုတ်သင်ချေမှုန်းပြစ်လိုက်လေသည်။

ရခိုင်ပြည်တွင်လည်း ယခင်ရှိနှင့်သော မွတ်စ်လင်မ် စစ်သုံ့ပမ်းများက မဂိုစစ်တပ်များ၏ကူညီမှုဖြင့် ရခိုင်တပ်တော်ကိုချေမှုန်းတိုက်ခိုက်အောင်နိုင်ကာ

၁၆၈၄ တွင် ရခိုင်ဘုရင်လွန်လေသောကြောင့် ရခိုင်ပြည် ပျက်သုဉ်းလေသည်။

၁၆၆၆ မှ ၁၇၁၀ ခုနှစ်များအတွင်း ရခိုင်ပြည်သည်ကား မဂို စစ်တပ်နှင့်အတူပါရှိလာခဲ့သော အိန္ဒိယအင်ပါယာအနောက်မြောက်ပိုင်းသားများဖြစ်သည့်  အာဖဂန် ကြေးစားစစ်သားများ၏ထိမ်းချုပ်မှုအောက်သို့ လုံးလုံးလျားလျားကျရောက်သွားခဲ့ရလေသည်။

၁၇၁၀ တွင် ရခိုင်ထီးနန်းကိုပြန်လည် တိုက်ခိုက်သိမ်းပိုက် စိုးစံခဲ့သူ ရခိုင်ပြည့်ရှင်လက်ထက်တွင် ထိုသူများအား ရမ်းဗြဲကျွန်းသို့နယ်နှင်ခဲ့ပြီး

ကမန် စစ်သည်များကိုမူ အကျပ် ( စစ်တွေ ) နယ်တစ်ဝိုက်သို့ နယ်နှင်လိုက်လေရာ

ယခုအချိန်အထိ စစ်တွေဒေသတွင် ကမန်မျိုးဆက်များကမန်လူမျိုးများအဖြစ် များစွာရှိနေပါသေးသည်။

၁၇၈၅ တွင် မြန်မာဘုရင်ကရခိုင်ပြည်ကိုတိုက်ခိုက်သိမ်းပိုက်အောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံတော်၏အစိတ်အပိုင်းအဖြစ်သွတ်သွင်းအုပ်ချုပ်ခဲ့လေသည်။

မြန်မာပြည့်ရှင်သည် ရခိုင်ပြည်ကို မိမိ၏အမိန့်တော်အတိုင်းတသွေမတိမ်းနာခံစောင့်ရှောက်ကာကွယ်ရန်အတွက်

မြေဒူး မွတ်စ်လင်မ်များကို မြန်မာဘုရင့်တပ်တော်အဖြစ်ဖွဲ့စည်းကရခိုင်ပြည် သံတွဲ ၌ ယုံကြည်စိတ်ချစွာ တာဝန်ချထားခဲ့လေသည်။

ကာလကြာလတ်သော် ယင်းမြေဒူးမွတ်စ်လင်မ်များသည် ဒေသခံ ရခိုင်လူမျိုးများ၊ ကမန်လူမျိုးများ နှင့်ပေါင်းဖက်မိကာ

မိမိတို့မိရိုးဖလာကိုးကွယ်ယုံကြည်ရာ  အစ္စလာမ်ဘာသာမှအပ ယဉ်ကျေးမှု၊ ဓလေ့ရိုးရာ၊ ဘာသာစကား၊ ဝတ်စားဆင်ယင်မှုတို့

လက်ရေတပြင်တည်းဖြစ်သွားကြပြီး ” ရိုဟင်ဂျာ ” မျိုးနွယ်စုအဖြစ် ယနေ့တိုင် အခြေတကျ နေထိုင်လျက်ရှိကြပေသည်။ 

ရှိလား မရှိဘူးလား

ဒီစာတမ်းကို တင်ပြထားသူရဲ့ အောက်ဆုံးက မှတ်ချက်ကိုဖတ်ကြည့်ဗျာ။

(((မှတ်ချက်။         ။Facebook တွင်မျှဝေခြင်း ခွင့်မပြု။))) တဲ့။

ဒါပေမဲ့ကောင်းလွန်းလို့ မနေနိုင်မထိုင်နိုင် ခိုးကူးပြီးတင်လိုက်တယ်။

နောက်မှ တောင်းပန်လိုက်တော့မယ်ဗျာ။

((( တဘက်က ရိုဟင်ဂျာဆိုသည်မှာ မြန်မာနိုင်ငံတွင် မည်သည့်အခါကမျှ မရှိကြောင်း၊ တဘက်မှ ခိုးဝင်လာသော ဘင်္ဂါလီများ ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင်းမှ မောင်းထုတ်ရမည်ဖြစ်ကြောင်း၊ တဘက်ကလည်း ရိုဟင်ဂျာဆိုသည်မှာ နိုင်ငံသားများ ဖြစ်ကြောင်း၊ ဘင်္ဂလီများ မဟုတ်ကြောင်း နှင့် ၂ဘက်မကြေလည်မှုမှအစ တဘက်နှင့်တဘက် အခင်းဖြစ်ပွားကာ လူမှုပြသနာများနေ့စဉ်နှင့်အမျှ နားမဆန့်အောင် ကြားနေရပါသည်။ သို့သော်လည်းမကြားချင် မြင်လျှက်သားဆိုသလို မိုးလင်းရ်ျ သတင်းဖတ်လိုက်သည် နှင့်တပြိုင်နက် မြင်တွေ့နေရပါသည်။ အပေါင်းအသင်းများနှင့် စကားပြောမိလျှင်လည်း ရိုဟင်ဂျာဆိုသည်မှာ နိုင်ငံခြားမှ ခိုးဝင်လာသူများ ဖြစ်ကြောင်း ကြားသိရပြန်ရ်ျ ရိုဟင်ဂျာအကြောင်းကို အမှန်တကယ် သိချင်မိခဲ့ပါသည်။ သို့သော်လည်း ကိုယ့်အရေးနှင့်ကိုယ်မို့ ထိုကိစ္စ မလေ့လာနိင်ခဲ့ပါ။

မနေ့တနေ့က မိမိပြုစုနေသော စာတမ်းအတွက် အွန်လိုင်းစာကြည့်တိုက်များသို့ ၀င်ရောက် ဖတ်ရှုရာမှ “Dr. Francis Buchnan, M.D” ရေးသားသော “မြန်မာအင်ပါယာအတွင်း ပြောဆိုသုံးနှုန်းသောဘာသာစကားအချို့၏ ဝေါဟာရကို နှိုင်းယှဉ်လေ့လာခြင်း (A Comperative Vocabulary of Some of the Languages Spoken in the Burma Empire)”ဆိုသည့် စာတမ်းပါ ၁၇၉၉  ခုနှစ်က ပုံနှိပ်ထုပ်ဝေခဲ့သော သုတေသနစာအုပ်ကို အမေရိကန် နိုင်ငံ ဟားဗတ် ကောလိပ် စာကြည့်တိုက်တွင် အမှတ်မထင် တွေ့ခဲ့ပါသည်။ စာပေကိုစိတ်ဝင်စားသူပီပီ မြန်မာနိုင်ငံ၏ဘာသာစကားများ မည်သို့ရှိသည်ကို သိလိုစိတ်ဖြင့် ဖတ်ရှုမိရာမှ ရိုဟင်ဂျာနှင့် သက်ဆိုင်သော အချက်အလက်အချို့ကို တွေ့ရှိခဲ့ပါသည်။

ထိုစာအုပ်တွင်စာရေးဆရာမှ မြန်မာနိုင်ငံ၌ လူမျိုးစုများစွာ မှီတင်းနေထိုင်ကြောင်း၊ မြန်မာလူမျိုးတို့၏ အမူအယာ၊ အပြောအဆို၊ အနေအထိုင်များကို ကွက်ကွက်ကွင်းကွင်း ပေါ်လာစေရန် သရုပ်ဖေါ်ရေးသားထားပါသည်။ ထို့နောက် အနောက်တိုင်းသားများက ဘားမား၊ ဘားမန်း စသဖြင့်ခေါ်သော သူများက သူတို့ကိုသူတို့ (Myanmaw) မြန်မော ဟုခေါ်ကြောင်း၊ ပဲခူးသားတို့က မြန်မာကို ပုမ္မေ(Pummay) ဟု ၄င်း၊ ကရယား(Karaya) (ကယားဟုထင်ပါသည်) တို့က မြန်မာတို့အား ယိုး(ယော) (Yoo) ဟု၎င်း၊ ကူစေး(Cussay) (ကသဲဟုထင်ပါသည်) တို့က မြန်မာတို့အား အဝေါ(Awaw)၊ စော( Shau)၊ ကမော (Kammau)  (ကမန်ဟုထင်ပါသည်) ဟု၎င်း၊ ယူနန်တရုတ်တို့က မြန်မာတို့အား လောင်မီးန်(Laumeen)ဟု၎င်း၊ အိုင်ကိုဘတ် (Aykobat) တို့က အန်းဝ(Anwa) ဟု၎င်း ခေါ်ဆိုကြကြောင်း၊ အာရကန် များကို မြန်မောကြီး (Myammaw gyee) ဟု၎င်း၊ တနင်္သာရီသားတို့ကို မူ မြန်မာတို့က ထားဝယ်သား (Dawayza) နှင့် ဘိတ်သား(Byeitza) ဟု၎င်း ခေါ်ဆိုကြကြောင်း ရေးသားထားပါသည်။

တဖန် မြန်မာအင်ပါယာကြီး၏ ဝေါဟာရတွေလေ့လာရသည်မှာ သူ့အတွက်မလွယ်ကူလှကြောင်း၊ လူမျိုးတမျိုးနဲ့တမျိုး ဝေါဟာရ တခုနဲ့တခု နားလည်ရန် မလွယ်ကူကြောင်း၊ ဘာသာစကားများ တခုနှင့်တခု မတူကွဲပြားပုံကို သေချာစွာ သုတေသနလုပ် ပြုစုထားခဲ့ ပါသည်။ ဘာသာစကားများအနေဖြင့် မြန်မာနိုင်ငံတွင်း အဓိက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသော ဒေသသုံးစကား ၄ခုရှိကြောင်း၊ ၄င်းတို့မှာ မြန်မာ၊ အာရကန်၊ ယိုး နှင့် တနင်္သာရီ တို့ဖြစ်ကြောင်းဖေါ်ပြပြီး ထို မြန်မာ၊ ရခိုင်၊ တနင်္သာရီ နဲ့ယော စကားအသုံးအနှုန်းများကို အောက်ပါအတိုင်း နှိုင်းယှဉ်ဖေါ်ပြထားပါသည်။ထိုအထဲမှ အချို့မှာ

English                   Myanmaw                Yakain          Tanayntharee          Yo

Star                               Kyee                              Kyay                                                  Kay

Water                            Yae                                Ree                                                   Rae

Child                              Loogalay                        Looshee

Stand                            Ta                                  Mateinay                                           Mateenahay

Kill                                That                               Sot                                                    Asatu   တို့ဖြစ်ပါသည်။

ထို့နောက်တွင် (အောက်ပါတို့မှာ စာရေးဆရာ၏ မူလစာသားများအား မိမိအနေဖြင့် တတ်စွမ်းသမျှ ဘာသာပြန် တင်ပြပေးခြင်း ဖြစ်ပါသည်။)

“The proper natives of Arakan, call themselves Yakain which name is also commonly given to them by the Burmas. By the people of Pegu they are named Takain. By the Bangal Hindus, at least by such of them have been settled in Arakan, the country is called Rossawn. The Mohammedans settled at Arakan call the country Rovingaw, the Persians call it Rekan.”

အာရကန်ဒေသမှ အတည်တကျနေထိုင်သူများသည် မြန်မာများက ခြုံငုံ ခေါ်ဆိုသကဲ့သို့ပင် သူတို့ကိုယ်သူတို့ ရခိုင်ဟုဆိုကြသည်။ ထိုသူများ ကိုပဲခူးသားများက တခိုင်ဟု၎င်း၊ အာရကန်ဒေသတွင်း အခြေတကျနေထိုင်လျှက်ရှိသော ဘန်ဂေါလ် ဟိန္ဒူတို့က ရိုစောင် နိုင်ငံဟု၎င်း၊ အာရကန်ဒေသတွင်း အခြေတကျနေထိုင်ကြသော မွတ်စလင်တို့က ရိုဝင်ဂေါ နိုင်ငံဟု၎င်း၊ ပါရှန်တို့က ရကန် ဟု၎င်း ခေါ်ဆိုကြသည်။

I shall now add three dialects, spoken in the Burma Empire, but evidently derived from the language of the Hindu nation.”

စာရေးသူအနေဖြင့် မြန်မာနိုင်ငံတော်ကြီးအတွင်းသုံးနှုန်းသော ဟိန္ဒူလူမျိုးများမှသက်ဆင်းလာသည်ဟုထင်ရှားမြင်သာသော ဒေသသုံးစကား ၃မျိုး ကိုတင်ပြပါမည်။

The first is that spoken by the Mohammedans, who have been long settled in Arakan, and who called themselves Rooinga, or natives of Arakan.”

ပထမဆုံး အာရကန်ဒေသတွင် ကြာမြင့်စွာအခြေတကျနေထိုင်လျှက်ရှိသော၊ သူတို့ကိုယ်သူတို့ ရိုအင်ဂါ (သို့) ဌာနေအာရကန် ဟုခေါ်ဆိုသော မိုဟာမေဒင်များရဲ့ စကားကို တင်ပြပါမည်။

“The second dialect is that spoken by the Hindus of Arakan. They called themselves Rossawn.”

ဒုတိယအနေနဲ့ အာရကန်ဒေသနေ သူတို့ကိုယ်သူတို့ ရိုစောင်ဟုခေါ်သော ဟိန္ဒူနွယ်ဝင်များရဲ့ စကားကိုတင်ပြပါမည်။

The last dialect of Hindustanee which I shall mention is that of a people called by the Burmas Aykobat, they called themselves Banga, many of whom are slaves at Amarapura. Formerly they had kings of their own, but their kingdom had been overturned by the king of Munnypura. Then was taken last by the Burmas and were brought to Ava. Banga was seven days journey south west from Munnypura; it must, therefore, be on the frontiers of Bengal, and may, perhaps, be the country called in our maps Cashar.”

နောက်ဆုံးအနေဖြင့် ဟိန္ဒူ မှဆင်းသက်လာတဲ့စကားကတော့ မြန်မာများက အေကိုဘတ် ဟုခေါ်ပြီး သူတို့ကိုယ်သူတို့ ဘင်္ဂ ဟုခေါ်သည့် သူတို့၏စကားဖြစ်ပါသည်။ ထိုသူများမှာ တချိန်က ကိုယ့်မင်းကိုယ့်ချင်းနှင့်နေထိုင်ခဲ့ရာမှ ၄င်းတို့ကို မဏိပူရမှ သိမ်းပိုက်ခဲ့ပြီးထိုမှတဆင့် မြန်မာတို့က သိမ်းပိုက်ကာ အင်းဝထိ ကျွန်အဖြစ်ခေါ်ဆောင်ခံလာရသူများဖြစ်ပါသည်။ ဘင်္ဂဒေသသည် မဏိပူရ၏အနောက်တောင်ဘက် တွင်ရှိပြီး (၇) ရက်ခရီးစာသာရှိသော၊ စာရေးသူ၏မြေပုံအရ ကချာဟုခေါ်သော ဘင်္ဂလားပြည်၏ အရှေ့ဘက်စွန်းဒေသဖြစ်ပါသည်။ ဟုရေးသားထားပါသည်။

ထို့ပြင် ရိုဟင်ဂါ၊ ရိုစောင် နဲ့ ဘင်္ဂ စကားအသုံးအနှုန်းများကို နှိုင်းယှဉ်ဖေါ်ပြထားပါသည်။ ထိုအထဲမှ အချို့မှာ

English             Rooinga                        Rossawn                       Banga  

Sleep                       Layrow                               Needsara                            Hooleek

Sun                          Bel                                     Sooja                                 Bayllee

Moon                      Sawn                                  Sundsa                                Satkan     တို့ဖြစ်ပါသည်။

မြန်မာနိုင်ငံတော်သည် တခေတ်တခါက ဒေသတွင်း၌ Mighty Empire အဖြစ် အလွန်ကျော်ကြားခဲ့ပါသည်။ ထိုသို့ကျော်ကြားခဲ့သော ကြောင့် အနောက်တိုင်း ပညာရှင်များပင် မြန်မာ့အင်ပါယာအကြောင်း တစေ့တစောင်း လာရောက်လေ့လာ ရေးသားပြုစုထားခဲ့ကြပါသည်။ အဆိုပါစာတမ်းကို ရေးသားပြုစုခဲ့သူသည်လည်း ထိုခေတ်ထိုအခါက မြန်မာနိုင်ငံသို့ကိုယ်တိုင် လာရောက်လေ့လာမှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပါသည်။ သူ၏မှတ်တမ်းကို ၁၇၉၉ တွင်မှ စတင်ရ်ျသုတေသနပြု ပုံနှိပ်ထုတ်ဝေခဲ့ပြီး  ဟားဗတ်ကောလိပ်အပါအ၀င် ကမ္ဘာ့ နာမည်ကြီး တက္ကသိုလ်၊ ကောလိပ်များ၏ Library များတွင် တွေ့ရှိနိုင်ပါသည်။

၁၇၉၉ ခုနှစ်ကာလတွင် မြန်မာနိုင်ငံ၌ ကုန်းဘောင်မင်းဆက်ဖြစ်သော ဘိုးတော်ဘုရား (၁ရ၈၂-၁၈၁၉) မှ အမရပူရ နေပြည်တော်ကို ဗဟိုပြု မင်းလုပ် အုပ်ချုပ်နေသော တတိယမြန်မာအင်ပါယာ အချိန်ဖြစ်ပါသည်။ စာရေးဆရာ၏ ရေးသားချက် “the Mohammedans, who have been long settled in Arakan, and who called themselves Rooinga, or natives of Arakan.”  အရပင် ရိုဟင်ဂျာသည် ၁ရ၉၉ (စာအုပ်ထုတ်ဝေသည့်နှစ်)  မတိုင်မီကပင် အာရကန်ဒေသအတွင်း ကာလကြာမြင့်စွာ အခြေတကျ နေထိုင်လာသူများ ဖြစ်ကြောင်း၊ ထိုသူတို့မှာ ကိုယ်ပိုင်စကားပင်ရှိကြောင်း တွေ့ရှိရပါသည်။

ထို့ပြင် ထိုစဉ်အခါက မြန်မာအင်ပါယာသို့ လာရောက်ခဲ့ကြပြီး ဒတ်ခ်ျနှင့် ပြင်သစ်တို့ကလည်း ၄င်းတို့ဘာသာစကားဖြင့် ရခိုင်ဒေသတွင်နေထိုင်သူတို့အကြောင်း မှတ်တမ်းများ ပြုစုထားခဲ့သည်များကို ရှာဖွေတွေ့ရှိရပါသည်။

မှတ်ချက်။         ။Facebook တွင်မျှဝေခြင်း ခွင့်မပြု။)))

TQ Ko Patrick Tan for the above

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: