ဘာသာရေး အမြင်ကျယ်မှုနဲ့ ပတ်သတ်ပြီး litmus test လိုဖြစ်တဲ့ သီတဂူလို ဆရာတော်ကို ဝေဖန်ရင်ကျတော့ ရှူးရျူးရှားရှားတွေ ဖြစ်ကုန်ရော

Litmus Test
—————–

ဘာ….ဘာသာရေး ဥသျှောင်တွေကို မဝေဖန်သင့်ဘူး။ ဟုတ်လား?

ဥသျှောင်တွေက အရေးအကြီးဆုံးပဲ။ ဦးဝီရသူလို လူကို လူတွေဆဲနေကြတာက လွယ်ပါတယ်။ ဒါပေမဲ့ အရှိန်အဝါ သိပ်မရှိတော့ဘူး။ သူမှားတာကို လူတော်တော်များမျာ သိလာပြီ။ (အရင်တုန်းကတော့ သူ့ကိုလည်း ထောက်ခံတဲ့သူ များခဲ့ဖူးတယ်) ဒါပေမဲ့ မှန်သယောင်ယောင် ဖြစ်နေတဲ့ နာမည်ကြီး ခေါင်းဆောင်တွေကို ဆန်းစစ် ဝေဖန်ဖို့က ပိုအရေးကြီးတယ်။ ဒါ သူတို့ကို မုန်းလို့ မဟုတ်ဘူး။ သူတို့ပြောသမျှ လူတိုင်းမှန်တယ်ထင်နေရင်၊ ခေါင်းငြိမ့်နေရင်၊ မဆန်းစစ်ကြတော့၇င် အန္တရာယ်ကြီးတယ်။ လူတွေက များများဝေဖန်ပေးမှ သူတို့လည်း ကြောက်ပြီး ငြင်းချက်ထုတ်တာမျိုးတို့၊ နောက်နောင်မှာ ရှောင်တာမျိုးတို့ လုပ်ကောင်းလုပ်လာလိမ့်မယ်။ တဲ့(ဒဲ့) ပြောရရင်တော့… တချို့က သီတဂူကို မဝေဖန်သင့်ဘူး ပြောလို့ ရေးလိုက်တာ။

.ဦးဝီရသူလောက်ကို ဆဲနေတာထက် သီတဂူလိုကို ဝေဖန်ဖို့က ပိုအရေးကြီတယ်။ လူတော်တော်များများက ဦးဝီရသူကို ဆန့်ကျင်လိုက်ရုံနဲ့ ကိုယ့်ကိုယ်ကိုယ် ဘာသာရေးနဲ့ပတ်သတ်ပြီး သိပ်အမြင်ကျယ်သွားပြီ ထင်ကြတယ်။ ဘာသာရေး အမြင်ကျယ်မှုနဲ့ ပတ်သတ်ပြီး litmus test လိုဖြစ်တဲ့ သီတဂူလို ဆရာတော်ကို ဝေဖန်ရင်ကျတော့ ရှူးရျူးရှားရှားတွေ ဖြစ်ကုန်ရော။ ဖြစ်မှာပေါ့။ ကိုယ့်ဘာသာက ကိုယ်ကိုးကွယ်နေတဲ့ခေါင်းဆောင်ကို။ ဒီတော့ ကိုးကွယ်မှုရဲ့ ပြင်ပကို ခဏလောက် ထွက်ပြီး ကြည့်မှပဲ မှားနေရင် မှားတာကို မြင်ရမယ်။ ပုဂ္ဂိုလ်ရေး ကိုးကွယ်နေမယ့် အစား ကာလမသုတ်ကို နှလုံးသွင်းတာက ပိုအကျိုးရှိမယ်။ တကယ်လိုအပ်လာရင် ကိုရမ်ကျမ်းထဲကအစ….ဗုဒ္ဓဘာသာရဲ့ ကျမ်းတွေက အစ (ယဉ်ယဉ်ကျေးကျေးနဲ့ reason နဲ့ ) ဆန်းစစ်ဆင်ခြင်သင့်တယ်။ မှန်နေတယ်လို့ ယုံကြည်နေပြီဆို ဆန်းစစ်ဆင်ခြင်မှာကို ဘာစိုးရိမ်စရာ ရှိလို့လဲ။ဘာသာရေး ဥသျှောင်တွေ၊ ဘာသာရေး အစွဲအလမ်းတွေကို မဝေဖန်ရဘူးဆိုတော့ အဲဒါတွေက “အာဏာရှင်” ကြီးတွေလား။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: