ဟိုဘက်အုပ်စု (အာဏာရှင်တွေ) ကိုပဲ ကြည့်ကြည့် ဒီဘက်အုပ်စု (ဒီမိုဆိုသူတွေ) ကိုပဲ ကြည့်ကြည့် မတွေ့မှာကတော့ လူအချင်းချင်း စာနာစိတ်ပဲ

ဟိုဘက်အုပ်စု (အာဏာရှင်တွေ) ကိုပဲ ကြည့်ကြည့် ဒီဘက်အုပ်စု (ဒီမိုဆိုသူတွေ) ကိုပဲ ကြည့်ကြည့် မတွေ့မှာကတော့ လူအချင်းချင်း စာနာစိတ်ပဲ။ လူသားချင်း စာနာစိတ်ဆိုလို့ ဘုရားလောင်းတွေ နီးပါး စာနာစိတ်ရှိခိုင်းတာ မဟုတ်ပါဘူ။ သာမန် နည်းနည်းပါးပါးလေးလောက်တောင် မရှိကြတာကို ပြောတာပါ။ အထူးသဖြင့် နိုင်ငံရေးတက်ကြွတဲ့သူတွေမှာ မရှိကြတော့ ပိုပြီး ပြောစရာ ဖြစ်တယ်။

တစ်ဘက်က ကိုယ်ကျိုးစီးပွါးအတွက် လုပ်လေ့လုပ်ထ သိပ်မရှိတာကို လုပ်တယ် (White Card သမားတွေကို လူထုဆန္ဒခံယူပွဲအတွက် မဲပေးခွင့်ပေးလိုက်တာကိုပြောတာ) တကယ်လုပ်သင့်တာ ကိုကျတော့ မလုပ်ဘူး။ (တကယ်လုပ်သင့်တာဆိုတာက လူတွေ ဘယ်နိုင်ငံမှာ မွေးတာလည်း သေချာစစ်။ နိုင်ငံတကာစံနှုန်းနဲ့ စစ်ပြီး နိုင်ငံသားပေးသင့်တဲ့လူ (ဥပမာ…ဒီမှာ ဘိုးစဉ်ဘောင်ဆက်နေလာကြတဲ့သူ) ဆို နိုင်ငံသားပေးလိုက်။ အဲလိုမဟုတ်တဲ့သူ ဆိုရင် ဒုက္ခသည်အဖြစ် ထားလိုက်။ ဒုက္ခသည်ဆိုရင်တောင် မုန်းတီးနေဖို့မလို၊ သွေးထိုးနေဖို့မလို။ သူတို့အပေါ်လည်း စာနာရမယ်။ သွေးထိုးနေတာက နိုင်ငံအတွက် အန္တရာယ်ရှိတယ်။

Nyo Nwe>>> ဘင်္ဂါလီထဲက ဥပဒေနဲ့ အညီ နိုင်ငံသားဖြစ်ခွင့်ရသူတွေ မဲပေးတာ၊ သူတို့ထဲက တချို့ ( လူဦးရေနဲ့ ညီမျှတဲ့ အရေအတွက် ) လွှတ်တော်ထဲ ရောက်လာတာ ဘာမှ မပြောလိုပါ။ Nld ထဲမှာ ဖြစ်ဖြစ် ၊ ကြံ့ဖွံ့ထဲမှာဖြစ်ဖြစ် မူစလင်အမတ်တွေပါနေတာ ဘာမှမပြောလိုပါ။ နိုင်ငံသားဖြစ်လာရင် ဒါလည်း သူတို့ ရရမယ့် အခွင့်အရေးပါပဲ။ white card ကို မဲပေးခွင့်ပေးတာမျိုးကြတော့လည်း ဘယ်လိုမှ သဘောမတူနိုင်ပါ။ ဦးရွှေမောင် ကိုးကွယ်တဲ့ ဘာသာက အဓိကမဟုတ်။ ဦးရွှေမောင် နိုင်ငံသား ဖြစ်ဖို့တော့လိုပါသည်။

White card ကိုမဲပေးခွင့်ပေးပြီး မူစလင် မုန်းတီးရေး လုပ်နေတဲ့သူတွေကျ လွှတ်ပေးထားတာက သက်သက် မီးမွှေးတာပါ။

ခု မသဘ က ဆန္ဒပြဖို့ စီစဉ်နေပြီ။ ဦး ဝီရသူ တို့လို လူမျိုးတွေ ဦးဆောင်တာ ဆိုရင် မူစလင် မှန်သမျှ သိမ်းကြုံးဆွဲထည့်တာနဲ့ ပြသနာတွေက ကြီးလာရင် ဒုက္ခ။

Ko Ko Gyi At the time when even IF ONE FRC in 4 grand parents are barred from entering the university. For the statement ” ဦးရွှေမောင် နိုင်ငံသား ဖြစ်ဖို့တော့လိုပါသည်။” We should ask why and who took back the citizenship National Registration cards of U Shwe Mg (and all those Rohingyas), replaced with White Cards and FAILED to investigate them for few dozens of years?

Kaung Kin Ko>>> မြန်မာရဲ့ ဥပဒေက ဒီအချက်လည်း ဆိုးတယ်နော်။ ((Even IF ONE FRC in 4 grand parents are barred from entering the university. )) အရင်တုန်းက ဆေးကျောင်းတို့ စက်မှုတက္ကသိုလ်တို့ ဝင်ခွင့်မရတာကို ပြောတာမဟုတ်လား။ သာမန် တက္ကသိုလ်တော့ ဝင်လို့ရတယ်ထင်တယ်။ မြန်မာနိုင်ငံရဲ့ ၁၉၈၂ ခုနှစ် ဥပဒေအရဆိုရင် အဘိုးအဘွား စုစုပေါင်း လေးယောက်ထဲမှာ သုံးယောက်က ဗမာဖြစ်ပြီး…တစ်ယောက်ယောက်က ကုလား ဒါမှမဟုတ် တရုတ် ဖြစ်ရင်တောင် မြေးလုပ်တဲ့သူကို နိုင်ငံသားမပေးခွင့် ရှိနေတယ်ထင်တယ်။ ပိုက်ဆံပေးလိုက်ရင်တော့ အိုကေချင် အိုကေသွားမှာပေါ့။ တကယ်က ပိုက်ဆံပေးစရာ မလိုဘဲ လုပ်ပေးရမှာ။ ဘိုးဘွားလေးယောက်ထဲမှာ တစ်ယောက်တည်းကပဲ မြန်မာမှာ အစဉ်အဆက် နေလာတဲ့လူဆိုရင်တောင် နိုင်ငံသားပေးရမှာ။ လူတစ်ယောက် နိုင်ငံသားမဟုတ်သူကို ယူလိုက်ရုံနဲ့ (အဲလိုယူပြီးတော့ မြန်မာမှာလည်း ဆက်နေနေတယ်ဆိုရင်) သူ့ရဲ့ မျိုးဆက်ကိုကျ နိုင်ငံသား မပေးတော့ဘးဆိုတာ တော်တော်မတရားဘူး လို့ထင်တယ်။ အဲဒီကလေးက ဘယ်နိုင်ငံရဲ့ နိုင်ငံသား သွားလုပ်တော့မှာလဲ။

အဲလိုလုပ်သင့်တဲ့ဟာတွေကျတော့ မလုပ်။ အဓိပ္ပါယ်မရှိတာကို လာလုပ်တယ်။ သူတို့ မဲရရုံခဏ လူသား အုပ်စုတစ်စုကို အသုံးချတယ်။ ပြီးရင် တစ်ဘက်က ဆက်ပြီးနှိပ်ကွပ်နေမှာပါ။

ဒီမိုလို့ အများက သတ်မှတ်ကြတဲ့ အုပ်စုကိုကြည့်။ (အားလုံးကိုတော့ မဆိုလိုဘူးနော်) NLD ကို မွတ်ဒေါင်း ဘာညာပြောရင်တော့ တအားနာတယ်။ တကယ်က (တချို့က) တစ်ဘက်အုပ်စုကို စာနာလို့ ၊ အမြင်ကျယ်လို့ မဟုတ်။ NLD ကို ထိလို့ (ရှင်းရှင်းပြောရရင် NLD ကို ကိုယ်မနှစ်သက်တဲ့ ကြိတ်မုန်းနေတဲ့ အုပ်စုနဲ့ တွဲပေးလို့ ၊ NLD ကို ကိုယ်အထင်အမြင်သေးတဲ့ အုပ်စုနဲ့ တွဲပေးလို့ နာကြတာ။

ကြံ့ဖွံ့ကလို လူမျိုးရေးဘာသာရေးခွဲတဲ့ စကားမျိုး NLD ထဲက နည်းနည်း အစွန်းရောက်တဲ့တစ်ယောက်က ပြောလာပြီဆိုရင်တော့ လက်ခုပ်တီးကြလိမ့်မယ်။ ကုလားတွေ လွှတ်တော်ထဲ ရောက်နေပြီဆိုပြီး အဲဒီ ဒီမိုဆိုသူတွေပဲ ပြောကြတယ်။ တကယ်က အဲဒီ့ အမတ် သုံးယောက် ဘာလူမျိုး ဘာဘာသာ ဖြစ်တယ်ဆိုတာ ထည့်ပြောနေဖို့မလိုပါ။ တကယ် ဝေဖန်သင့်တာက သူတို့ဟာ မြန်မာနိုင်ငံကို နှိပ်စက်နေတဲ့ အာဏာရှင် ပါတီဖြစ်တဲ့ ကြံ့ဖွံ့ရဲ့ ပါတီဝင်တွေ ဖြစ်နေတာရယ်၊ သူတို့ရဲ့ လုပ်ရပ်တွေရယ်ကို ကြည့်ပြီး ဝေဖန်ရမှာ မဟုတ်ဘူးလား။ အခုတော့ လွှတ်တော်ထဲမှာပါတဲ့လူတွေကို ဘာသာရေးအပေါ် မူတည်ပြီး လျှောက်ပြောတယ်။ အဲဒီ့လူတွေက လွှတ်တော်ထဲမှာ ဘာသာရေးကိစ္စတွေ ပြောလာလို့၊ ဘာသာရေးအစွန်းရောက်ကိစ္စတွေ လုပ်လာရင်တော့ တမျိုးပေါ့လေ။ ပြောပေါ့။

အခုကျတော့ ဒီမိုလို့ အများက ယူဆကြတဲ့သူတွေထဲက တော်တော်များများကလည်း…..လူနည်းစုဆိုရင် တစ်ဘက်သတ် နှိပ်ကွပ်ထားချင်တဲ့ စိတ်ရှိတာ သိသာနေတယ်။ နေရာတို့ ထွက်ပေါက်တို့ဆိုတာကို လုံးဝ မပေးချင်ဘူး။ (အခု လွှတ်တော်ကြီး အသုံးမကျတာ၊ ဘာမှ အသုံးမဝင်တာကို ခဏထားလိုက်မယ်) လွှတ်တော်ဆိုတာ နိုင်ငံရဲ့ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း အနုနည်းနဲ့ ဖြေရှင်းဖို့ ထားတာ မဟုတ်လား။ အဲလိုနေရာမှာ လူနည်းစုတွေရဲ့ ပြဿနာတွေကို ဖြေရှင်းခွင့်မပေးဘူးဆိုရင်၊ လူနည်းစုတွေရဲ့ ကိုယ်စားလှယ်တွေ တစ်ယောက်မှ မရှိစေချင်ဘူးဆိုရင်၊ သူတို့ရဲ့ အသံတွေ ခံစားချက်တွေကို အနုနည်းနဲ့ ပြောပြဖို့အတွက် ဘယ်သူ့ကိုမှ ခွင့်မပြုဘူးဆိုရင်၊ အကြမ်းဖက်မယ့်သူတွေ ခေါင်းထောင်လာတာပဲ ရှိမှာပေါ့။ တခြားနည်းလမ်းတွေကို လုံးဝပိတ်ထားတာကိုး။ ချောင်ပိတ်ရိုက်နေတာကိုး။

မြန်မာမှာ ခက်နေတာက ကိုယ့်အုပ်စုကိုယ်အတွက်ပဲကြည့်။ ကျန်တဲ့ အုပ်စုကို ရန်လိုနေတာပဲ။ အစွန်းရောက်တွေကလည်း ပေါတယ်။ မလေးရှားမှာ မြန်မာတွေ အသတ်ခံရတာကို ဝမ်းသာပြီး အားပေးအားမြှောက်လုပ်ချင်တဲ့ မူစလင်တွေ ရှိတယ်။ မူစလင် တစ်ယောက်က ကိုရန်ကျမ်းကို ဘာသာပြန်တာကို တခြားလူတွေက အယူအဆ မတူလို့ သဘောမကျလို့ ဆိုပြီး အဲဒီသူကို သတ်ပစ်ချင်တယ်ဆိုတဲ့သူတွေ၊ အဲဒီကျမ်းတွေကို မီးရှို့ပစ်ချင်တယ်ဆိုတဲ့သူတွေ ရှိတယ်ဆိုတာလည်း တလောက ဖတ်လိုက်ရတယ်။ ခဲနဲ့ပေါက်သတ်တဲ့ လုပ်ရပ်မျိုးကို ထောက်ခံတဲ့လူတွေတောင် ရှိသေး။ ဗုဒ္ဓဘာသာဝင်တွေဆိုရင်လည်း မူစလင်နိုင်ငံတွေမှာ ငလျင်လှုပ်တာ ကိုဝမ်းသာကြရတာနဲ့။ တောင်ကုတ်မှာ မူစလင်တွေ ဘတ်စ်ကားပေါ်ကနေ ဆွဲချပြီး အသတ်ခံရတုန်းက ထောက်ခံခဲ့တဲ့ ပညာတတ် ဗုဒ္ဓဘာသာဝင်ဆိုသူတွေ အများကြီး (အဲလိုထောက်ခံတဲ့အထဲမှာ စင်ကာပူမှာ ကျောင်းတက်နေတဲ့သူတွေ ပညာတတ်လူငယ်လို့ ပြောရမယ့် သူတွေတောင် ပါလိုက်သေး။ စစ်အုပ်စု အနွယ်တွေလည်း မဟုတ်ဘူး။ သာမန်လူတွေပါ။)

တစ်ဘက်မှာ အဲလိုသတ်တာဖြတ်တာ တွေကိုကျ သဘောမတူပေမဲ့ (ဘယ်သဘော တူမလဲ။ လစ်ဘရယ်လို့လည်း နာမည်ခံချင်သေးသကိုး) အဲဒီလို သတ်တာဖြတ်တာတွေရဲ့ အခြေခံအယူအဆ တွေကိုကျ သဘောတူနေတဲ့သူတွေလည်း အများကြီး။ ဥပမာ နိုင်ငံသားချင်းအတူတူ ဖြစ်နေပြီးသားကို အိမ်ရှင်၊ဧည့်သည် တို့ အစ်ကိုကြီး၊ ညီလေးတို့ ထပ်ခွဲချင်နေကြတာတွေ…တစ်စုကို ဒုတိယတန်းစား နိုင်ငံသား သဘောထားချင်တာမျိုး၊ တခြားတိုင်းရင်းသားတွေကို မြန်မာရဲ့ အစောင့်ရှောက်ခံလို့ သဘောထားပြီး မြန်မာက စောင့်ရှောက်ပေးမှ ရမယ်ဆိုပြီး အကိုကြီးနေရာ ယူထားတာမျိုးပေါ့)

ရွေးကောက်ပွဲမှာ ဘယ်သူပဲနိုင်နိုင်၊ အခြေခံဥပဒေ ကိစ္စ ဘယ်လိုပဲဖြစ်ဖြစ်…. ဒီပုံနဲ့ကတော့…မီးခိုးတွေ ဝေနေမှာပဲ မြင်ယောင်တယ်။

Ko Ko Gyi>>> ဦးရွှေမောင် was allowed to attend RIT – Mechanical Engineering..

One Response to “ဟိုဘက်အုပ်စု (အာဏာရှင်တွေ) ကိုပဲ ကြည့်ကြည့် ဒီဘက်အုပ်စု (ဒီမိုဆိုသူတွေ) ကိုပဲ ကြည့်ကြည့် မတွေ့မှာကတော့ လူအချင်းချင်း စာနာစိတ်ပဲ”

  1. drkokogyi Says:

    Kaung Kin Ko ကျွန်တော့် (အပေါ် ၂ခုကျော်က ကွန်မန့်က) ဒီလို case ကို ပြောတာပါ။
    လူတစ်ယောက် ကိုကိုပဲ ထားပါတော့။ ကိုကိုမှာ အဘိုးအဘွား စုစုပေါင်း လေးယောက်ရှိမယ်။ နာမည်တွေကို ဥပမာထားလိုက်မယ်။
    တစ်ဘက်က…..ဦးကုလား + ဒေါ်မြန်မာ ……..နောက်တစ်ဘက်က ဦးမြန်မာ၂+ ဒေါ်မြန်မာ၂
    အဲဒီမှာ ကိုကိုရဲ့ အဘိုးအဘွားတစ်ယောက်ထဲမှာ မြန်မာမဟုတ်တာ တစ်ယောက် ပါလို့ဆိုပြီး ကိုကို့ကို နိုင်ငံသား ငြင်းလို့ရတာမျိုး။ တကယ်တော့ ကိုကိုက နောက်မှဝင်လာတဲ့ မျိုးဆက်လို့တောင် ပြောလို့မရဘူး။ ကိုလိုနီခေတ်မှ ဝင်လာတာ ဘာညာတောင် ပြောလို့မရဘူး။ သူ့ရဲ့ အဘိုးအဘွားတွေထဲမှာ ဦးကုလား ဆိုတဲ့ တစ်ယောက်ကလွဲရင် ကျန်တာက မြန်မာမျိုးရိုးစဉ်ဆက် ဆင်းသက်လာတာလေ။ ဒေါ်မြန်ူမာဆိုတဲ့သူက ဦးကုလားကို ယူလိုက်တာနဲ့ပဲ ….အဲဒီဒေါ်မြန်မာရဲ့ မျိုးဆက်၊ ဟိုဘက်က ဦးမြန်မာ၂ + ဒေါ်မြန်မာ ၂ တို့ရဲ့ မျိုးဆက်ဖြစ်တဲ့ ကိုကို ကို မြန်မာနိုင်ငံသားအဖြစ်က ငြင်းလိုက်လို့ ကိုကိုက မြန်မာနိုင်ငံသားမဟုတ်တော့ဘူးဆို သူ့ကိုဘယ်နိုင်ငံကလည်း နိုင်ငံသား ပေးဦးမှာလဲ။ လက်တွေ့မှာ အဲလိုလုပ်တာတွေ ရှိတယ်။ ငွေညှစ်တဲ့သဘောလည်း ပါမှာပေါ့။ ငွေပေးလိုက်လို့သာ အဆင်ပြေကြတာ။ လုံးဝမဖြစ်သင့်၊ ဘယ်နိုင်ငံမှာမှ မရှိသင့်တဲ့ ဥပဒေမျိုးလေ။ ဦးမြန်မာ ၂ တို့ ဒေါ်မြန်မာ ၂တို့ကလည်း သူတို့က ဆင်းသက်လာတဲ့ သူတို့မြေးလက်ထက်မှ နိုင်ငံခြားသားလို အပယ်ခံရလိမ့်မယ်လို့ ဘယ်ထင်မလဲ။ သူတို့ရဲ့ နောက်မျိုးဆက်သစ်တစ်ယောက် မြန်မာနိုင်ငံသားအဖြစ်က အပယ်ခံရမယ်ဆိုရင် စိတ်ကောင်းမယ်မထင်။ သွေးနှောလိုက်တာနဲ့ ပယ်တယ်ဆိုတဲ့ မျိုးစောင့်ဥပဒေလို ဟာမျိုး ဖြစ်နေရော။ မှတ်ပုံတင် ရတဲ့လူတွေတောင်မှ တချို့ဆို မြန်မာလို့ ထည့်လို့မရတာမျိုးပေါ့။

    တစ်ခုတော့ ပြောလို့ရတာပေါ့။ ဒီဇာတ်လမ်းအရဆို ဦးမြန်မာ၂ + ဒေါ်မြန်မာ ၂ တို့ရဲ့ သမီးက မျိုးမစောင့်ဘဲ …. ဦးကုလား+ဒေါ်မြန်မာတို့ရဲ့ သားကို (ကုလားသွေး မြန်မာသွေး တစ်ဝက်စီပါနေတဲ့သားကို) သွားယူတော့ သူတို့မျိုးဆက်ဖြစ်တဲ့ ကိုကို ခံပေါ့လို့။ မျိုးစောင့်ဥပဒေလို ပုံစံမျိုး ဖြစ်သွားရော။ သွေးနှောတဲ့သူတွေ (လဝက ကို ပိုက်ဆံမပေးနိုင်ရင်) ခံပေါ့ ။ နိုင်ငံသား ဖြစ်ခွင့်မရှိဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်သွားရော။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: