ကျောက်ဖြူက အစ္စလာမ်ဘာသာဝင် ကမန်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတိုင်းရင်းသားတွေ အ စဉ် အဆက်နေလာခဲ့တဲ့ ရပ်ကွက်ကြီးတစ်ခုလုံးကို မီး နဲ့ဝိုင်းတိုက် အထူးစီးပွားရေးဇုံဆိုပြီး ဗိုလ်ချူပ်မှုးကြီးဟောင်းကြီးရဲ့ သားတွေသမီးတွေ အပြင် ဗီအိုင် ပီခရိုနီတွေက ၀င်ပြီး သူများတွေရဲ့ မျက်ရည်တွေပေါ်မှာ ကော်ဇောဝင်ခင်းသွားတာ

Genocide pays! Look at Myanmar generals and their slow genocide of Rohingya and Muslims in Rakhine or Arakan.

‪#‎Myanmar‬ regime, families and cronies reaping economic benefits of Death, Displacement and Destruction:
4000-acres of special economic zone in Kyauk Hpyu, Rakhine/Arakan, Western Burma or Myanmar

ကျောက်ဖြူက အစ္စလာမ်ဘာသာဝင် ကမန်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတိုင်းရင်းသားတွေ အ စဉ် အဆက်နေလာခဲ့တဲ့ ရပ်ကွက်ကြီးတစ်ခုလုံးကို မီး နဲ့ဝိုင်းတိုက်၊ ရပ်ကွက်ကြီးထဲက မွတ်စ လင်မ် တွေကို ပင်လယ်ထဲမောင်းချ။ အဲ့ဒီမီးလောင်ပြင်ကြီးကို မြေတွေညှိလိုက်ပြီး အခုတော့ အဲ့ဒီ နေရာကို အထူးစီးပွားရေးဇုံဆိုပြီး ဗိုလ်ချူပ်မှုးကြီးဟောင်းကြီးရဲ့ သားတွေသမီးတွေ အပြင် ဗီအိုင် ပီခရိုနီတွေက ၀င်ပြီး သူများတွေရဲ့ မျက်ရည်တွေပေါ်မှာ ကော်ဇောဝင်ခင်းသွားတာပဲ။

အဲ့ဒီနေရာ တွေက လူတွေကတော့ ခုထိ ဒုက္ခသည်စခန်းဆိုတဲ့ ညှဉ်းပမ်းနှိပ်စက်ရေး ငရဲခန်းတွေထဲမှာ နေ နေကြရတုန်း။ စစ်တွေမြို့ထဲနဲ့၊ မြို့ဟောင်းမောလိပ်က ရိုဟင်ဂျာတွေ၊ ကမန်တွေရဲ့ မီးတိုက်ခံ နေရာတွေမှာလည်း ဒါမျိုးလုပ်ဖို့ အခုကြံစည်နေကြတယ်။

********************

ဧက ၄ ၀၀၀ ကျောက်ဖြူအထူးစီးပွားရေးဇုံ
သူများအသိုက်အမြုံတွေကို ဖျက်စီးပြီး မျက်ရည်အိုင်တွေပေါ်မြေဖို့ ဖျာခင်းတဲ့သူတွေ
===========================================
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှာ အထူးစီးပွားရေးဇုံကြီးကို မြေဧက လေးထောင် (၄၀၀၀) နဲ့စတင်တော့မယ်ဆို တော့ကာ ဒီအထူးစီးပွားရေးဇုံကြီးဟာ လူတွေရဲ့ အသက်တွေ၊ သွေးတွေ၊ မျက်ရည်တွေပေါ်မှာတည် ဆောက်ထားတာပါပဲ။

ကျောက်ဖြူက အစ္စလာမ်ဘာသာဝင် ကမန်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတိုင်းရင်းသားတွေ အ စဉ် အဆက်နေလာခဲ့တဲ့ ရပ်ကွက်ကြီးတစ်ခုလုံးကို မီး နဲ့ဝိုင်းတိုက်၊ ရပ်ကွက်ကြီးထဲက မွတ်စ လင်မ် တွေကို ပင်လယ်ထဲမောင်းချ။ အဲ့ဒီမီးလောင်ပြင်ကြီးကို မြေတွေညှိလိုက်ပြီး အခုတော့ အဲ့ဒီ နေရာကို အထူးစီးပွားရေးဇုံဆိုပြီး ဗိုလ်ချူပ်မှုးကြီးဟောင်းကြီးရဲ့ သားတွေသမီးတွေ အပြင် ဗီအိုင် ပီခရိုနီတွေက ၀င်ပြီး သူများတွေရဲ့ မျက်ရည်တွေပေါ်မှာ ကော်ဇောဝင်ခင်းသွားတာပဲ။ အဲ့ဒီနေရာ တွေက လူတွေကတော့ ခုထိ ဒုက္ခသည်စခန်းဆိုတဲ့ ညှဉ်းပမ်းနှိပ်စက်ရေး ငရဲခန်းတွေထဲမှာ နေ နေကြရတုန်း။ စစ်တွေမြို့ထဲနဲ့၊ မြို့ဟောင်းမောလိပ်က ရိုဟင်ဂျာတွေ၊ ကမန်တွေရဲ့ မီးတိုက်ခံ နေရာတွေမှာလည်း ဒါမျိုးလုပ်ဖို့ အခုကြံစည်နေကြတယ်။

မိတ္ထီလာမှာလည်း ဒီလိုပဲ အများပြည်သူအိုးအိမ်တွေကို တမင်တကာ ပဋိပက္ခတွေ ဖန်တီးလှုံ့ဆော်ပြီး မီးတိုက်တယ်။ ပြီးတော့ အဲ့ဒီလူတွေရဲ့ အိုးအိမ်မြေနေရာတွေပေါ်မှာ ဗီအိုင်ပီတွေက ဖျာဝင်ခင်းပြီး အမြတ်ထုတ်တယ်။ သူများတကာရဲ့ အသိုက်အမြုံတွေကို ဖျက်စီးပြီး လူပေါင်းများစွာ ရဲ့ မျက်ရည်တွေ ပေါ်မှာ ဖျာဝင်ခင်းကြတဲ့ သူတွေလောက် ယုတ်ညံ့တဲ့သူတွေ ဒီလောကမယ် ရှိ မယ်မထင်ဘူး။

သက်ဆိုင်ရာ လူမှုအသိုက်အ၀န်းတွေ၊ အရပ်ဖက်ဆိုင်ရာလူ့အဖွဲ့အစည်း ( Civil Society ) တွေအနေ နဲ့လည်း ဒီနေ့ဘာမှမတတ်နိုင်သော်လည်း နောင်တစ်ချိန်မှာ တရားမျှတမှုအတွက် အစားကို ပြန်ပြီး တရားဥပဒေဘောင်အတွင်းက ပြန်ရယူနိုင်ရေး အတွက် ဒါမျိုးလေးတွေ လုပ်ထားသင့်တယ်။ အဓိကရုန်းတွေအတွင်းမှာ ဖျက်စီးမီးတိုက်ခံရတဲ့ မြေနေရာတွေပေါ်မှာ ဘယ်သူတွေက အရင်က နေခဲ့ကြတယ်ဆိုတဲ့ စာရင်းဇယားတစ်ခု ပြုစုထားသင့်တယ်။

နောက်ပြီး အဲ့ဒီလို မတရားအလုပ်ခံရတဲ့ မြေနေရာတွေပေါ်မယ် ယနေ့ဘယ်သူတွေက ပျော်ပျော် ကြီး ဖျာဝင်ခင်းထားတယ်၊ ဘယ်ကုမ္ပဏီတွေ၊ ဘယ်အဖွဲ့အစည်းတွေက ၀င်ပြီး ရင်းနှီးမြုပ်နှံထား ကြတယ် စသည်ဖြင့် အထောက်အထားတတ်နိုင်သမျှ တိတိကျကျလေးနဲ့ မှတ်တမ်းတွေ တင် ထားကြစေချင်တယ်။

ဒီနေ့လုပ်သွားတဲ့ မတရားမှုတွေကို ရှိပါစေတော့လေ ဆိုပြီး မေ့မေ့လျော့လျော့ လွှတ်ပေးထား လိုက်တာဟာ မနက်ဖန်မှာ ဒါမျိုးထပ်လုပ်မယ့် သူယုတ်တွေကို လုပ်လို့ရတယ် ထပ်လုပ်ကြလို့ မြှောက်ပေးရာ၊ လမ်းဖွင့်ပေးထားရာရောက်တယ်။ ဒါ့ကြောင့် မတရားလုပ်ခဲ့တဲ့ မည်သည့် အဓမ္မ မှုမျိုးကိုမှ မေ့မေ့ပျောက်ပျောက်မထားသင့်ကြောင်း မျှဝေချင်ပါတယ်ခင်ဗျာ။

(ဓာတ်ပုံ – နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch (HRW ) က ဂြိုဟ်တုမှတ်တမ်းဓာတ်ပုံများဖြင့် မှတ်တမ်းတင်ထားသော ဓာတ်ပုံဖြစ်သည်။ ၂၀၁၂ ခုနှစ် အကြမ်းဖက်မှုများအတွင်းကျောက်ဖြူ မွတ်စလင်မ် ရပ်ကွက် များအား ၂၀၁၂ခုနှစ်၊ အောက်တို ဘာလ ၂၃ ရက်နေ့ တွင် စတင်မီးမတိုက်ခဲ့မီ နှင့် ထိုနေ့စွဲ နောက်ပိုင်း မီးတိုက်ခဲ့အပြီး တွေ့ရပုံ ကွာခြားချက်ဖြစ်သည်။

ယခု ထိုမြေနေရာများမှ အိမ်ရှင်များမှာ ဒုက္ခသည်စခန်းများတွင်း ရောက်နေကြရပြီး ၎င်းတို့ပိုင် ဆိုင်သော မြေနေရာများပေါ်တွင် ခရိုနီများက ဥပဒေမဲ့ ၀င်ရောက်ရင်းနှီးမြှပ်နှံကြပြီး အထူးစီးပွား ရေးဇုံ၊ ဘာဇုံ၊ ညာဇုံ စသည်ဖြင့် ထင်သလိုအနိုင်ကျင့်နေကြသည်ကိုလည်း

မည်သို့မျှမတတ်နိုင် ဘဲ ဒီတိုင်းသာ ထိုင်ကြည့်နေကြရသည့် အနေအထားဖြစ်သည်။ )

(ရောဘတ်အယ်လ်ဟို့စ်)
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: