တစ်တိုင်းပြည်လုံး ကုလားမုန်းတီးရေး ၊ မွတ်စ်လင်မ်မုန်းတီးရေးတွေလုပ်နေတဲ့အချိန်ဖြစ်နေတော့ ခင်ဗျားရဲ့ ခေါ်ဝေါ်မှုဟာလည်း အထိုက်အလျောက် ခွဲခြားမှုပါလာနေပြီ ဒါကြောင့် မကြိုက်ဘူးပြောတာ ရှင်းပလား

ကမ္မဝါ is written in the ancient Indian language, Sanskrit …So no wonder Kalars could read.

Credit – Master Gyi

လ္ဘက်ရည်သောက်ရင်း မိတ်ဆွေတစ်ယောက်ကမေးတယ်။

“ခင်ဗျားက ကုလားလို့ခေါ်ရင် စိတ်ဆိုးလား” တဲ့.. ကျနော်ပြောလိုက်တယ်။

“အရင်တုန်းက စိတ်မဆိုးဘူး၊ အခုတော့ စိတ်ဆိုးတယ်ဗျာ” လို့..

သူကပြန်ပြောတယ်။ “ဟာ ဘာဖြစ်လို့လဲ” တဲ့

“အေးဗျာ။ အရင်တုန်းကတော့ ခင်ဗျားတို့တွေက ခင်မင်မှုနဲ့ခေါ်တာဆိုတော့ ကျနော်တို့က ချစ်စနိုးနဲ့ ခေါ်တယ်သဘောထားပေးလိုက်တယ်။ နောက်ပြီး ဒီတိုင်းပြည်မှာက ဘယ်နာမည်မှ အမှန်မဖြစ်ဘဲ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ အလွယ်နာမည်တွေလျှောက်ပေးနေတာဆိုတော့ နားလည်ပေးလို့ရတယ်။”

“ဘာလဲဗျ နာမည်အလွယ်ပေးတာ။ ကျနော်သိပ်နားမလည်ဘူး “

“အော်.. လူတွေမှမဟုတ်ဘူး။ သက်မဲ့ပစ္စည်းတွေတောင် ခင်ဗျားတို့လူမျိုးနဲ့တွေ့ရင် နာမည်ပျက်နေတဲ့ တိုင်းပြည်လေ။ ကြာတော့ ဘယ်လောက်ထိ ဆိုးဝါးလာသလဲဆိုရင် ပစ္စည်းတစ်ခုကို နာမည်အမှန်ပြောပြီး ရှာဝယ်ရင်တောင် မရနိုင်လောက်တဲ့ အခြေအနေထိဖြစ်ကုန်တာ။ ဟို ထိုင်းကသွင်းလာတဲ့ RED BULL အချိုရည်ကို ခင်ဗျား ကြိုက်တဲ့ဆိုင်မှာ နာမည်အမှန်ပြောပြီးသွားဝယ် ဝယ်လို့မရဘူး။ ကျွဲရိုင်း ဒါမှမဟုတ် ဘာမှမပြောဘဲ လက်ညှိုးထိုးပြလိုက်မှ ဝယ်လို့ရတာလေ။ ရှိသေးတယ်။ လေပစ်ရိုက်တာတို့ဘာတို့၊ ကားမှာဆိုရင်တော့ ရှိသမျှ ကားအားလုံး တိရစ္ဆာန်နာမည်တွေချည်းပဲ။ (ရွှေငါး၊ ခွေးခေါင်း၊ ယင်ကောင်၊ နွား၊ ဝက်ခေါင်း၊ ဖားပြုတ်၊ ကြံ့၊ ကြက်တူရွေး ၊ ကြောင်မျက်လုံး၊ နွားမှာမှ နွားကြီးနွားလေး၊ခွေးပု၊ အောင်မလေးဗျာ စုံနေတာပဲ။ အဲဒီလူတွေကိုသွားမေးကြည့်၊ Toyota Mark II 2000 Model လို့မေးဝယ်ရင် ရချင်မှရမယ်။ ကျနော်အပေါ်ကပြောခဲ့တဲ့ နာမည်တွေနဲ့သာမေး ပွဲစားတိုင်းသိတယ်။ အဲလိုတိုင်းပြည်ဆိုတော့ လူတွေကိုလည်း China ကို တရုတ်၊ Thai ကို ယိုးဒယား၊ India သားတွေကို ကုလား၊ British ကို ကုလားဖြူ စုံနေအောင် မှည့်ထားတော့ အရင်တုန်းက ခင်ဗျားကျနော့ကို ကုလားကြီးလို့ခေါ်တာ စိတ်မဆိုးဘူး။ အခုတော့ တစ်တိုင်းပြည်လုံး ကုလားမုန်းတီးရေး ၊ မွတ်စ်လင်မ်မုန်းတီးရေးတွေလုပ်နေတဲ့အချိန်ဖြစ်နေတော့ ခင်ဗျားရဲ့ ခေါ်ဝေါ်မှုဟာလည်း အထိုက်အလျောက် ခွဲခြားမှုပါလာနေပြီ ဒါကြောင့် မကြိုက်ဘူးပြောတာ ရှင်းပလား။.”

အဲဒီမိတ်ဆွေ တဟားဟားနဲ့အော်ရယ်ပြီး ကမ္မဝါဖတ်မယ့်ကုလားပဲလို့ ထပ်ပြောပါတယ်။ ခင်မင်ရင်းစွဲရှိသူမို့ စိတ်မဆိုးပေမယ့် လက်ခံသင့်တဲ့ အနေအထားတစ်ခုတော့ မဟုတ်ကြောင်းပြောပြခဲ့ပါတယ်။

Master Gyi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: