“ဦးနုနှင့် ဗိုလ်ချုပ်ကြီးနေ၀င်း”

“ဦးနုနှင့် ဗိုလ်ချုပ်ကြီးနေ၀င်း” By (ကြေးမုံဦးသောင်း)

ဗိုလ်ချုပ်ကြီးနေ၀င်းသည် ဗေဒင်ယတြာကို အယူသည်းစွာ ယုံကြည်သူဖြစ်ပါသည်။ ၁၉၅၈ ခု အစိုး
ရတက်စကာလ က ရွှေတိဂုံစေတီတော် ရှေ့မုခ်တန်ဆောင်းတခုတွင် တန်ဆောင်းပြည့် သင်ဖြူး
များခင်းကာ ယတြာလှူဒါန်းပါသည်။ သတင်းတိကျစွာရသဖြင့် ကြေးမုံတွင် ဓာတ်ပုံနှင့် ဖော်ပြရာ
၌ အလှူရှင် ဗိုလ်ချုပ်ကြီးဖြစ်သည်ဟု တိကျစွာ မရေးရဲစေကာမူ သူ အလှူရှင်ဖြစ်သည်ကို စာ
ဖတ်သူတို့ သိသာအောင် ဖော်ပြနိုင်ခဲ့ပါသည်။

တော်လှန်ရေးအစိုးရခေတ်တွင် ယတြာဆင်ခြင်း၊ ယတြာပြုခြင်း၊ ယတြာချေခြင်းတို့ကို များစွာပြု
လေ့ရှိပါသည်။

ငပလီဆိပ်ကမ်းသို့သွားကာ အောင်အမည်ပါသော အမျိုးသမီးနှင့် ယတြာလက်ထပ်ပွဲကျင်း
ပကာ မိမိ၏ အလောင်းအတုကို ပင်လယ်တွင်းသို့ မျောခဲ့သည်ဟု သတင်းကြားရပါ၏။

ငွေစက္ကူများ ထုတ်ဝေရာတွင် (၉၀) တန်၊ (၄၅) ကျပ်တန် စသည့် ငွေစက္ကူများ ထုတ်
ဝေကာ ယတြာဆင်သည်မှာ ယုံချင်ယုံ မယုံချင်နေ ကမ္ဘာ့အဆန်းများ သမိုင်းဝင်ပြက်လုံး
ကြီး ဖြစ်ပါသည်။

ဦးနုသည်လည်း ဗေဒင်ယတြာ အယူသည်းသူဖြစ်ပါသည်။ ဦးနေ၀င်းက ကိုးကွယ်သော ဗေ
ဒင်ဆရာ မည်သူဖြစ်သည်ကို လျှို့ဝှက်ပါသည်။ လူသိမခံလိုပါ။

“ရန်ကုန်မှာ နာမည်ကြီးတဲ့ ဗေဒင်ဆရာမှန်သမျှ
ဦးနု မမေးဖူးသူ မရှိ” ဟု ဦးကျော်ငြိမ်းက ပြောဖူးပါ
သည်။ ဦးနုက ဗေဒင်ယတြာကို ယုံကြည်ကြောင်း
ပွင့်လင်းစွာ ပြောရဲပါသည်။

ပထမ လွတ်လပ်ရေးနေ့မှ စတင်ကာ လွတ်လပ်
ရေးနေ့တိုင်း အလံတင်ပွဲကို ဓာတ်ပုံရိုက်ရတိုင်း
အေးစက်သော ရာသီဥတုကြောင့် ၀န်ကြီးချုပ်
ဦးနု၏ ဗေဒင်ဆရာများကို မျက်စောင်းထိုးမိပါ
သည်။

ကြံကြံဖန်ဖန် နံနက် (၄) နာရီ မိနစ် (၂၀) တွင်
သူတို့က အခါတော်ပေးသဖြင့် သတင်းထောက်
ငနဲများ ပင်ပန်းရသည်ဟု တင်မောင်တို့ ပြောလေ့
ရှိပါသည်။

ဦးနုသည် ၁၉၄၇ ခု၊ ဇူလိုင်လ (၁၉) ရက်နေ့က
ဦးအောင်ဆန်းကျဆုံးရှာပြီးနောက် နာရီအနည်း
ငယ်အတွင်း ၀န်ကြီးချုပ်တာဝန်ကို လက်ခံယူ
စေကာမူ ဘုရင်ခံထံ အစိုးရအဖွဲ့သစ် ကျမ်းသစ္စာ
ဆိုရမည့် အချိန်ကို သြဂုတ်လ (၂) ရက်နေ့၊ ညနေ
(၆) နာရီတွင်မှ အခါရပါသည်ဟု မေတ္တာရပ်သဖြင့်
ဘုရင်ခံခမျာ မူလက ချိန်းဆိုထားသော ဂေါက်သီး
ပွဲကို ဖျက်ကာ အခမ်းအနားကျင်းပရသည်ဟု သိ
ရပါသည်။ အလျင်လို အရေးကြီးသောကာလတွင်
ဗေဒင်ဆရာတို့ကို အားကိုးသူဖြစ်ပါသည်။

ထိုခေတ်က ဒေါ်လာ (၆) သန်းကုန်သော လှိုဏ်ဂူ
တော်တွင် ကမ္ဘာ့ သမိုင်းဝင် သင်္ဂါယနာတင်ပွဲကို
နေ့ (၁၂) နာရီ (၁၂) မိနစ်တိတိတွင် စတင်ခဲ့ပါ
သည်။

၁၉၅၆ ခုနှစ်တွင် ၀န်ကြီးချုပ်ရာထူးကို ဦးဗဆွေ
သို့ လွှဲပေးစဉ်က နံနက် (၉) နာရီတိတိတွင်မှ ရုံး
မှ ထွက်ပေးပါသည်။

ဤသို့သောအဖြစ်ကလေးများနှင့် အစိုးရအဖွဲ့က
ဗလိနတ်စာကျွေးခြင်းစသည့်အမှုများကို ပြုသဖြင့်
ဦးနုအား အယူသည်း ဗုဒ္ဓ၀ါဒီကြီးဖြစ်သည်ဟု ဝေ
ဖန်ကြပါသည်။

နိုင်ငံရေးနယ်သို့ ၀င်လာခါစ တကသဥက္ကဌခေတ်
ကပင် ပုတီးစိပ်ခြင်းအလုပ်ကို အရေးတကြီးလုပ်ခဲ့
သူဖြစ်သဖြင့် သူ၏ရဲဘော်များက သူ့ကို နားလည်
ကြပါသည်။

ဗုဒ္ဓဘာသာဝင်တဦးအဖြစ် ဦးနုက ၀န်ကြီးချုပ်ဖြစ်
ခိုက်တွင် နွားမသတ်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်
ကို ဗိုလ်နေ၀င်းက မျက်စိဆံပင်မွှေး စူးနေဟန်တူ
ပါသည်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ ၀န်ကြီး
ချုပ်အဖြစ် ဗိုလ်နေ၀င်း အာဏာရယူသည့်နေ့တွင်
ပထမဆုံးထုတ်ပြန်သော အမိန့်မှာ နွားများသတ်
နိုင်သည်ဟူသော အမိန့်ဖြစ်ပါသည်။

ထိုအမိန့်အတွက် ဦးနုက ဗိုလ်နေ၀င်း အပါယ်လား
တော့မှာပဲဟု ကြီးစွာ ကရုဏာသက်ရှာသည်ဟု သိ
ရပါသည်။ ရွေးကောက်ပွဲအနိုင်ရသဖြင့် ဗိုလ်ချုပ်ကြီး
နေဝင်းက ဦးနုကို ရာထူးပြန်လွှဲပေးရမည့်ရက်မတိုင်
မီ (၇) ရက်အလိုတွင် ၀န်ကြီးချုပ်ဟောင်း ဦးနုက
လက်ရှိ ၀န်ကြီးချုပ် ဗိုလ်နေ၀င်းအား အကြံပေးပါ
သည်။ နွားများသတ်စေအမိန့်သည် ဗိုလ်နေ၀င်း
အဖို့ ငရဲပွားမည်ဖြစ်သောကြောင့် အာဏာမလွှဲမီ
ကာလ ကလေးတွင် အမိန့်ကို ပြန်ပြင်ပါလား။
နောင်ဘ၀သို့ ဘ၀ကူးကောင်းနိုင်ပါသည်ဟု
ဦးနုက မေတ္တာရပ် ပြောရှာသည်။ ဗိုလ်နေ၀င်း
က (စိတ်ထဲမှ ကြိတ်ရယ်နေမည် ထင်ပါသည်)
ခေါင်းရမ်းပါသည်။

၁၉၆၀ ခု၊ ဧပြီလ (၄) ရက်နေ့တွင် ဦးနုက
အာဏာကို ပြန်လည်လွှဲယူပြီး (၂) နာရီကြာ
သောအခါ ၀န်ကြီးချုပ်သစ် ဦးနုက ပထမဆုံး
ထုတ်ပြန်သော အမိန့်မှာ နွားများမသတ်ရ
အမိန့်ဖြစ်ပါသည်။

နိုင်ငံရေးလမ်းစဉ်တွင်မူ ဗိုလ်နေ၀င်းက တင်းမာ
ပြတ်သားသည်နှင့်အမျှ ဦးနုကလည်း တင်းမာ
သည်။ သို့သော် နူးညံ့ပျော့ပြောင်းစွာ ကိုင်တွယ်
ပါသည်။

၁၉၄၉ ခု၊ ဇူလိုင်လ (၁၉) ရက်နေ့က ဦးအောင်ဆန်း
တို့ ကျဆုံးပြီး နာရီအနည်းငယ်အတွင်း ဘုရင်ခံက
ဖိတ်ခေါ်ကာ ၀န်ကြီးချုပ်ရာထူးကို ယူပါဟု တာဝန်
ပေးသည်ကို လက်ခံခဲ့ပါသည်။ ထိုညတွင် ဖဆပလ
မှ ထုတ်ထားသော သခင်သန်းထွန်းနှင့် ကွန်မြူနစ်
ခေါင်းဆောင်များကို သူ၏အိမ်သို့ ဖိတ်ခေါ်ကာ
ဦးအောင်ဆန်းကျဆုံးသဖြင့် အရေးကြီးသော
ကြောင့် သွေးစည်းကာ ဖဆပလနှင့် ကွန်မြူနစ်
ပါတီ ပူးပေါင်းကာ အစိုးရဖွဲ့ရန် ဆွေးနွေးအားထုတ်
ပါသည်။ သခင်သန်းထွန်းက အာဏာပိုတောင်း
သဖြင့် ပျက်ခဲ့ရသည်။

အခြေခံဥပဒေကြီးရေးစဉ်က ဦးနုက လူမျိုးစုများ
၏ ဆန္ဒများကို ကြည်ဖြူကာ လိုက်လျောခဲ့ပါသည်။

ကချင်ခေါင်းဆောင်များက မြစ်ကြီးနားမြို့ကို
ကချင်ပြည်နယ်သို့ ပေးပါဟု တင်ပြရာ ဦးနုက
ဗန်းမော်မြို့ပါ ယူသင့်သည်ဟု လိုက်လျော
သဖြင့် စေတနာကို နားလည်သောကြောင့်
ကယားခေါင်းဆောင်များက ပြည်နယ်ခွဲခွင့်
မတောင်းတော့ဟု သိရပါသည်။

အခြေခံဥပဒေရေးဆွဲရေး မူလမ်းစဉ်ကို
ဦးအောင်ဆန်းက ၁၉၄၇ ခု၊ ဇွန်လ (၁၆) ရက်
နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော်တွင် တင်
ခဲ့ပါသည်။ ထိုည၌ မိုင်းပွန်စော်ဘွားက ဦးနုအိမ်
သို့သွားကာ (၁၀) နှစ်ကြာကာလတွင် မကျေနပ်
ပါက ရှမ်းပြည်နယ်သည် ခွဲထွက်ပိုင်ခွင့်ရှိသည်
ဟု အာမခံချက်ပုဒ်မ မပါလျှင် ဦးအောင်ဆန်း၏
အဆိုကို ထောက်ခံမှုမပြုနိုင်ဟု အကြပ်ကိုင်ပါ
သည်။

“ဗျာ.. နိုင်ငံမှ မတည်ထောင်ရသေးဘူး ခွဲဖို့စကား
ပြောတာ မတော်ပါဘူး” ဦးအောင်ဆန်းက မှတ်ချက်
ချပါသည်။ ဦးနုကမူ လိုက်လျောပါသည်။

“တို့တတွေက သူတို့လူမျိုးစုတွေ ကောင်းစားဖို့လည်း
လုပ်ကြမှာပဲဟာ။ သူတို့အကျိုးစီးပွားကို တို့က (၁၀)
နှစ် လက်တွေ့လုပ်ပြလိုက်လျှင် သူတို့တတွေ ခွဲစကား
ပြောမှာ မဟုတ်တော့ပါဘူး” ဟု ဦးနုက ဦးအောင်ဆန်း
ကို နှစ်သိမ့်ခဲ့သည် ဆိုပါသည်။

ဦးနုပြောသည့်အတိုင်း (၁၀) နှစ်လွန်သောအခါတွင်
ရှမ်းခေါင်းဆောင်မျာက ပြည်နယ်ခွဲကြရေးကို တောင်း
ဆိုမှု မပြုခဲ့ပါ။

ပြည်နယ်၊ ပြည်မ ပိုမိုညီညွတ်ရေးအတွက် အခြေခံ
ဥပဒေကြီး ပြင်ဆင်ရေးကိုသာ တောင်းဆိုခဲ့ပါသည်။

ပြည်နယ်ပြည်မ ပိုမိုညီညွတ်ပါက စစ်တပ်သြဇာ
မတက်နိုင်သောကြောင့် ပြင်ဆင်ရေးတောင်းဆို
ချက်ကို ပြည်နယ်ခွဲရေးအဆိုသဖွယ် ၀ါဒဖြန့်ကာ
အာဏာသိမ်းခဲ့ပါသည်။

ဦးအောင်ဆန်းမရှိသည့်နောက်တွင် ဦးနုက
ဗိုလ်နေ၀င်းကို ယုံကြည်သူ၊ စေတနာ ကောင်းခဲ့
သူ ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပွဲတွင်
ဗိုလ်နေ၀င်း ပါဝင်မည်မဟုတ်ဟု ဦးနုက ယုံကြည်
ပါသည်။ ဗိုလ်နေ၀င်း စေလွှတ်သဖြင့် လာရောက်
ဖမ်းဆီးသော စစ်ဗိုလ်အား “ဗိုလ်နေ၀င်းကိုလည်း
ဖမ်းကြသလား” ဟုပင် မေးသည်ဟု သိရပါသည်။

ပြဿနာမှာ ဗုဒ္ဓဘာသာကို အလေးအနက်ယုံကြည်
သော ဦးနုတွင် လူသားတို့၏ စာရိတ္တနှင့် ပတ်သက်
၍ ပြတ်သားသော ယုံကြည်ချက်ကို ခံယူထားပါ
သည်။ ဤလောကတွင် အရောင်များနှင့် စပ်လျဉ်း
၍ အရောင်အဖျော့၊ အရောင်အရင့်၊ အရောင်မရင့်
တရင့် စသည်ဖြင့် အဆင့်ဆင့်ခွဲနိုင်သည်။

အရာဝတ္ထုပစ္စည်းများတွင်လည်း ကောင်းသည်၊
နည်းနည်းကောင်းသည် စသည်ဖြင့် အဆင့်များ
ခွဲ၍ရနိုင်သည်။ လူသားတဦးအဖို့မူ လူဆိုးနှင့်
လူကောင်းဟု နှစ်မျိုးသာရှိသည်။ နည်းနည်း
ကောင်းသော လူကောင်း၊ များများကောင်းသော
လူကောင်း၊ ပိုမိုကောင်းသော လူကောင်း၊ နည်း
နည်းဆိုးသော လူဆိုး၊ များများဆိုးသော လူဆိုး
ဟု အဆင့်ခွဲရန် မလိုဟု သူက ယူဆပါသည်။

ဒီနေ့ဒီနေရာမှာ ကောင်းပြီး မနက်ဖြန် ဟိုနေရာ
တွင် ဆိုးသွမ်းသူဖြစ်ပါက ထိုသူသည် လူကောင်း
မဟုတ်၊ လူဆိုးသာ ဖြစ်သည်။ လူကောင်းသည်
အမြဲကောင်းသူဖြစ်ရမည်ဟု ဦးနုက ပြတ်သားစွာ
ယုံကြည်ပါသည်။

စာရေးဆရာဘ၀က ဦးနုရေးသားသော နောင်တော်
ချွတ်ခမ်း ၀တ္ထုတွင် ထိုခေတ်က အင်္ဂလိပ်အလိုတော်
ရိ ခေါင်းဆောင်များ သူတပါးသားမယားတို့အပေါ်
ဖောက်ပြန်ကြသည်ကို ပြင်းထန်စွာ ရှုတ်ချရေးသား
ခဲ့ပါသည်။

“သူတပါးရဲ့ သားမယားကိုမှ စိတ်မချရသူများကို
အဘယ်မှာ နိုင်ငံ၏ အမှုကိစ္စများကို အပ်နှင်းရန်
စိတ်ချနိုင်ပါမည်နည်း” ဟု ရေးသားခဲ့ပါသည်။

ထို့ကြောင့်လင်ကြီးငုတ်တုတ်ရှိသူ ဒေါ်ခင်မေသန်း
အား ဗိုလ်ချုပ်ကြီးနေ၀င်းက လက်ထပ်သည်ကို
ဝန်ကြီးချုပ်ဦးနုက နိုင်ငံအတွက် ကြီးစွာအရှက်ရ
သဖြင့် တပ်မတော်သေနာပတိရာထူးမှ ဖြုတ်ချရန်
ဝန်ကြီးအဖွဲ့ အထူးအစည်းအဝေးသို့ တင်သွင်းဆုံး
ဖြတ်ခဲ့ပါသည်။

သာသနာရေးဝန်ကြီး ဦးဘစောက ဗိုလ်နေ၀င်းထံ
သို့ သွားရောက်သတင်းပေးသဖြင့် ဗိုလ်နေ၀င်းက
ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ကို ဒူးထောက်တောင်း
ပန်ခဲ့ပါသည်။

ဦးနုသည် သူ၏ ဆုံးဖြတ်ချက်ကြီးများကို ပြင်ဆင်
လေ့ရှိသူမဟုတ်ပါ။ ယခုအမှုတွင်မူ ၀န်ကြီးအဖွဲ့အ
စည်းအဝေး ထပ်မံကျင်းပရာတွင် ၀န်ကြီးအများစု
က တောင်းပန်ကြသောအခါတွင် ဒီမိုကရေစီအများ
ဆန္ဒကို ယုံကြည်သူဖြစ်သဖြင့် သူ၏အဆိုကို ပြန်
လည်ရုပ်သိမ်းခဲ့ရပေသည်။

အကယ်၍ ဦးကျော်ငြိမ်းတို့အစုက တောင်းပန်သမှု
မပြုပါလျှင် ၀န်ကြီးချုပ်ဦးနု၏ အဆိုသာ ဆက်လက်
အတည် ဖြစ်ပါလျှင် မိမိထင်ရာလုပ်နိုင်သော စစ်ဝါဒ
မျိုးစေ့ မျိုးညှောက်သည် စောစောကပင် ကျေပျက်
နေမည်သာ ဖြစ်သဖြင့် သမိုင်းဇာတ်ကြောင်း ပြောင်း
လဲသွားကာ မြန်မာအမျိုးသားတို့ ယနေ့ခံစားနေရ
သော ဒုက္ခမီးမှ ကင်းလွတ်ပေမည်ဟု ယူဆနိုင်ပါ
သည်။ ။

Andrew Soe
၁၁ ဖေဖော်ဝါရီ ၂၀၁၅။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: