“ဖုန်ကြားရှင်” Pheung Kya-shin

“ဖုန်ကြားရှင်”

ဇို့ချွမ် (Szechuan) တရုတ်မျိုးနွယ်က ဆင်းသက်လာတဲ့ ဖုန်ကြားရှင် (Pheung
Kya-shin) ကို ၁၉၃၁ ခုနှစ်မှာ ကိုးကန့် ဒေသမှာ မွေးဖွားပါတယ်။

၁၉၆၉ ခုနှစ်ကတည်းက ကိုးကန့်ဒေသ ကို တည်ထောင်ပြီး ခေါင်းဆောင်နေသူဖြစ်
တယ်။ နှစ် ၂၀ ကျော် အုပ်ချုပ်ပြီးနောက် ၁၉၈၉ ခုနှစ်မှာ ဗမာပြည် ကွန်မြူနစ် ပါတီ
(ဗကပ) ပြိုကွဲတော့ ကိုယ်ပိုင်တပ် (NDAA) ကို တည်ထောင်ပြီး မုန်းကိုးမြို့မှာ အခြေချ
နေသူဖြစ်တယ်။

စီးပွါးရေး အနေနဲ့ထုံးစံအတိုင်း ခွန်ဆာ၊လော်စစ်ဟန်၊ ပေါက်ယူချန်း တို့လို ဘိန်းစိုက်၊
ဘိန်းချက်၊ ဘိန်းရောင်းတဲ့ တရုတ်တွေသာ ဖြစ်တယ်။

သန်းရွှေ-ခင်ညွန့် လက်ထက်မှာ တရုတ်ကို အားကိုးရတော့ ဒီဘိန်းသမားတွေ
အနေချောင်ပြီး ဘိန်းချလုပ်ငန်းကို ဗမာ စစ်အစိုးရနဲ့ပေါင်းအကြီးအကျယ် လုပ်ခဲ့
သူတွေဖြစ်တယ်။

ဗမာပြည်ကို မူးယစ်ဆေးဝါး ထုတ်သည့် နိုင်ငံ၊ တရုတ်ကျွန် နိုင်ငံ ဖြစ်အောင် လုပ်ကြ
တဲ့ လော်စစ်ဟန်သား စတီဗင်လောတို့လိုဘိန်းသမားတွေထဲမှာ သူလည်း တယောက်
အပါအဝင်ဖြစ်တယ်။

ဗမာစစ်အစိုးရကိုလည်း ဘိန်းသမား တရုတ်ကလွဲ ဘယ်သူမှ မပေါင်းကြပါ။

ယခုနောက်ပိုင်း မဖြစ်မနေ အခြေအနေမှာအမေရိကန်နဲ့ပေါင်းဖက်ကြတဲ့အခါမှာတော့
Bertil Lintner ရဲ့ “မြန်မာအစိုးရ၏ လျှို့ဝှက် စီမံကိန်း” ဆောင်းပါးမှာ သုံးသပ်ထားသလို
ဗမာပြည်ဟာ အမေရိကန်နဲ့ တရုတ်တို့ ယှဉ်ပြိုင်ကြရာ နယ်မြေတခုဖြစ်လာနေတာကြောင့်
တရုတ်က သူ့တရုတ် ဘိန်းစားတွေကို ထုတ်သုံးပြီး ဗမာပြည်က အချောင်ရနေတဲ့ အကျိုး
စီးပွါးကို ကာကွယ်မှာ သေချာတယ်။

အဲတော့ ဗမာကြေးစားတပ်နဲ့ တရုတ်ဘိန်းစားတပ် အခု ဝ နဲ့ မိုင်းလားမှာချနေကြတဲ့ ရလဒ်
ထွက်လာတယ်။

နောက်ဆက်တွဲအနေနဲ့သိရတာတော့လောက်ကိုင်မှာလည်း ခမရ ၅၂၂ တပ်
ရင်းမှူး၊ စစ်သား ၃၁ဦး၊ စစ်သမီး ၈ ဦး ကျဆုံးနှင့် ၃၉ဦး ဒဏ်ရာရ၊ ၄ဦးပျောက်
ဆုံးတယ်လို့သိရတယ်။ ထုံးစံအတိုင်း အတည်ပြုထွက်လာတဲ့ သတင်းတော့
မဟုတ်ဘူး။

ပေါင်းတုန်းကလည်း သူတို့ပါချကြတော့လည်း သူတို့ပါအားလုံး သူတို့ အသီးသီးရဲ့အကျိုးစီးပွါးတွေ ကာကွယ်
နေကြတယ်ဆိုလျှင် မှားမည်မဟုတ်ပါ။

စစ်ထဲဝင်ရင် ကြီးပွါးမယ်ထင်တဲ့ ချာတိတ်တွေတော့ သေမယ့်နှစ်ထဲ
စစ်ထဲဝင်မိတာ နောင်တရဖို့ထက်ကို မြေစာပင် ဖြစ်မှာသေချာတယ်။

သိပ်တော်ပါတယ်လို့ အမြဲမြှောက်ပင့်သံကြားနေရတဲ့ စစ်အစိုးရတပ်က အသက်
(၈၄) နှစ် ရှိပြီဖြစ်တဲ့ သက်ကြားအို ဘိန်းသမား တရုတ်ကို နိုင်အောင် မတိုက်နိုင်
ရင်တော့ တခွန်းပဲ ပြောချင်တယ်”မင်းတို့ ဒိုးလိုက်ကြတော့” ။

Andrew Soe
၁၂ ဖေဖော်ဝါရီ ၂၀၁၅။

*******************************

Pheung Kya-Shin ဖုန်ကျားရှင် ဆိုတာ တစိမ်းတွေ မဟုတ်ပါဘူးဗျာ

Asia Wold ကို ပိုင်ဆိုင်ထားပြီး ဦးပိုင်ကော်ပိုရေးရှင်း အပါအဝင် လက်ရှိ ဗိုလ်ချုပ်ကြီးတွေ နဲ့ စီးပွားဖက် Lo Hsing Han လော်စစ်ဟန် (ဘိန်းဘုရင်) သူ့ရဲ့သား Steven Law စတီဗင်လော (သူ့ရဲ့ချွေးမကတော့ စင်္ကာပူ နိုင်ငံသူ Cecilia NG ပါ) တို့ လို မြန်မာပြည်မှာ ဗိုလ်ချုပ်ကြီးတွေနဲ့ ပေါင်းစားခဲ့တဲ့ ယူနယ်ပြည်ပေါက် တရုတ်လူမျိုးပါဘဲ

ကိုးကန့် တင်မဟုတ်ဘဲ ဝ လက်နက်ကိုင် တွေ ရဲ့ ခေါင်းဆောင် အစစ်အမှန်ကလဲ ယူနန် တရုတ်တွေပါဘဲ

မြန်မာပြည်တွင်းမှာ မြေကွက်တွေကို ဈေးကစားပြီး လိမ်စားသွားတာလဲ ယူနန် ဘိန်းတရုတ်တွေပါဘဲ

အကြောင်းသင့်တုန်းကတော့ ပေါင်းစား ကြပြီး အဝေမတည့်တော့ မှ ရန်ဖြစ်နေကြတဲ့ လောဘ သားတွေ ကြောင့် အောက်ခြေက မြန်မာလူမျိုးတွေ အသက်စွန့် နေရတာ စိတ်မကောင်းဖြစ်မိပါတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: