မြန်မာအစိုးရသည် အမုန်းတရားများကိုဟောကြားနေသည့် ဗုဒ္ဓဘာသာ ဘုန်းကြီးအချို့ကို ထိန်းချုပ်သင့်ပြီး ရိုဟင်ဂျာ မွတ်စလင်များနှင့် တင်းမာမှု့များဖြစ်ပွားနေခြင်းကို ဘာသာရေးခေါင်းဆောင်းများက ကြိုးစားဖြေရှင်းရန်ဘုန်းတော်ကြီးချားလ်စ်ဘိုက တိုက်တွန်းကြောင်း

မြန်မာနိုင်ငံတွင် ဘာသာရေးအစွန်းရောက်များ၏ ခြိမ်းခြောက်မှု့များဖြစ်ပေါ်နေကြောင်း ပထမဆုံး မြန်မာကာဒီနယ်ရဟန်းအမတ်ပြောကြား
===========================
အေးသူစံ
ဖေဖော်ဝါရီ၊ ၁၄

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးပေါ်အနောက်နိုင်ငံများ၏ အကောင်းမြင်ပြောဆိုမှု့များမှာ လောကြီးနေပြီး ယင်းပြုပြင်ပြောင်းလဲရေးတွင် ဘာသာရေးအစွန်းရောက်များ၏ ခြိမ်းခြောက်မှု့များ ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံ၏ပထမဆုံးကာဒီနယ်ရဟန်းအမတ်အဖြစ် ရွေးချယ်ခံရသည့် ချားလ်စ်ဘိုက ပြောကြားသည်။

အီတလီနိုင်ငံ ဗင်းနစ်မြို့တွင် ပြုလုပ်မည့်ကာဒီနယ်ရဟန်းအမတ် တရားဝင်ခန့်အပ်လွှာပေးအပ်ပွဲသို့ သွားရောက်နေသည့် မြန်မာရဟန်းအမတ်ချားလ်စ်ဘိုက ဘီဘီစီသတင်းဌာနအားပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာအစိုးရသည် အမုန်းတရားများကိုဟောကြားနေသည့် ဗုဒ္ဓဘာသာ ဘုန်းကြီးအချို့ကို ထိန်းချုပ်သင့်ပြီး ရိုဟင်ဂျာ မွတ်စလင်များနှင့် တင်းမာမှု့များဖြစ်ပွားနေခြင်းကို ဘာသာရေးခေါင်းဆောင်းများက ကြိုးစားဖြေရှင်းရန်ဘုန်းတော်ကြီးချားလ်စ်ဘိုက တိုက်တွန်းကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြထားသည်။

ပုပ်ရဟန်းမင်းကြီး၏ ရာထူးနေရာနှင့်အဆိုပါရာထူးအတွက် အဆိုပြုတင်မြှောက်ခွင့်ရှိသည့် ပုပ်ရဟန်းမင်းကြီး၏ အတိုင်ပင်ခံအမတ်အဖြစ် နှစ်ပေါင်းငါးရာကျော်အတွင်း မြန်မာနိုင်ငံမှ ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ချားလ်စ်ဘိုကို ပထမဆုံးအကြိမ်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ချားလ်စ်ဘိုသည် ယနေ့ (ဖေဖော်ဝါရီ ၁၄ရက်တွင်)အီတလီနိုင်ငံ ရောမမြို့တွင် ကာဒီနယ်ရဟန်းအမတ်အဖြစ်တရားဝင်ခန့်အပ်လွှာရရှိပြီး ယင်းနေ့တွင် ပုပ်ရဟန်းမင်းကြီးရွေးချယ်ရေးအဖွဲ့ဝင်များအဖြစ် စတင်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
ချားလ်စ်ဘိုက ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံချိန်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော ဘာသာရေး၊ လူမျိုးရေဆန်သော ပဋိပက္ခများနှင့်ပတ်သတ်၍ အခွင့်အရေးရလျှင် ပြောကြားမည်ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးကလည်း မြန်မာနိုင်ငံ၏ အခြေအနေကိုမေးမည်ဖြစ်ကြောင်း 7 Day Daily သတင်းစာနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင်ဖြေကြားဖူးသည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဘာသာရေးဆန်သည့် ပဋိပက္ခများကို သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်များအချင်းချင်းမကြာခဏတွေ့ဆုံဆွေးနွေးတိုင်ပင်နေပြီး ဖြေရှင်းနိုင်မည့်နည်းလမ်းများကို လိုက်နာပါက ပဋိပက္ခများလျော့နည်းသွားနိုင်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ချားလ်စ်ဘိုအား ကာဒီနယ် ရဟန်းအမတ်ကြီးအဖြစ်ရောမမြို့တွင် တင်မြှောက်ပွဲသို့ မြန်မာနိုင်ငံမှ အဆိုတော် အနဂ္ဂ၊ သံသာဝင်း၊ ချစ်သုဝေနှင့် လင်းလင်းတို့ လိုက်ပါသွားကြောင်း သံသာဝင်းက အွန်လိုင်းမှတစ်ဆင့် ဖြေကြားသည်။

ယခင်က ပုပ်ရဟန်းမင်းကြီးအပါအ၀င် ဘာသာရေးကိစ္စများ ဆောင်ရွက်လိုပါက ထိုင်းနိုင်ငံရှိ ကာဒီနယ်ဘုန်းတော်ကြီးမှတစ်ဆင့် မြန်မာနိုင်ငံက ဆက်သွယ်ဆောင်ရွက်ခဲ့ရပြီး ယခုအခါမြန်မာနိုင်ငံတွင် ချားလ်စ်ဘိုက ကာဒီနယ်ရဟန်းအဖြစ် ရွေးချယ်ခံရ၍ ဗာတီကန်နန်းတော်နှင့်တိုက်ရိုက်ဆောင်ရွက်ခွင့် ရရှိသွားပြီဖြစ်သည်။

ယနေ့ထုတ် 7 Day Daily ဂျာနယ်ပါ သတင်းအား Myanmar Muslim Media မှ ကူးယူဖော်ပြသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: