” ၀ှိုက်ကဒ်သိမ်းရင် တစ်ခုခုပြန်ပေးရမယ်။ မပေးဘဲသိမ်းရင် ဥပဒေနဲ့မညီ “

” ၀ှိုက်ကဒ်သိမ်းရင် တစ်ခုခုပြန်ပေးရမယ်။ မပေးဘဲသိမ်းရင် ဥပဒေနဲ့မညီ “
===================================
မတ်လ ၁၃ ရက်၊ ၂၀၁၅။ နေ့ နံနက်ပိုင်း ဘီဘီစီ အင်တာဗျူး)

ဝှိုက်ကဒ်လို့ခေါ်တဲ့ နိုင်ငံသားအဖြစ်စိစစ်ဆဲ ယာယီသက်သေခံလက်မှတ်ရဲ့ သတ်တမ်းဟာ လာမယ့် မတ်လကုန်မှာ ကုန်ဆုံးပြီလို့ အမိန့်ကြေညာချက်ထွက်ခဲ့ပါတယ်။ ဒါဟာ ဥပဒေအရ မျှတပါရဲ့လား။ ၀ှိုက်ကဒ် ကိုင်ဆောင်သူတွေအတွက် အခွင့်အရေးတွေ ဘယ်လောက် ထိခိုက် နိုင်ပါသလဲ ဆိုတာနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ဘီဘီစီသတင်းထောက် ကိုဝေဖြိုးက မေးမြန်းထားပါတယ်။

ဦးကိုနီ – ဒီယာယီလက်မှတ် (၀ှိုက်ကဒ်) ကိုင်ဆောင်သူဟာ၊ ၁၉၅၁ ခုနှစ်ကတည်းက ယနေ့အထိရှိတယ်။ဟုတ်ပြီ။ ဒီဝှိုက်ကဒ်အားလုံးကို ဖျက်တာ၊ ဒါ ဥပဒေအရဖျက်လို့ရတယ်။ ၀ှိုက်ကဒ် ဆိုကတည်း က ဒါကာလ တစ်ခုအတွက်ပေးတာ။ ဒါသိပ်ကြာနေပြီဆိုရင် သမ္မတရဲ့ အမိန့်နဲ့ အခုလို ဖျက် လိုက်တာဟာ မှန်တယ်။ သူဖျက်နိုင်တယ်။

ဝှိုက်ကဒ်ကို မတ်လ ၃၁ ရက်နေ့မှာကုန်ပြီ။ မတ်လ ၃၁ ရက်ကနေ မေလ ၃၀ ကြားမှာ အပ်ရ မယ်ဆိုရင်။ သူတို့က အဲ့ဒီလိုအပ်ပြီဆိုတာနဲ့ ပြန်ပေးရမယ်။ တစ်ခုခုတော့ ပြန်ပေးရမယ်။ ဘာ
ကဒ်မှ ပြန်မပေးဘူးဆိုရင် .. အဲ .. ဒီလူတွေက Stateless ဖြစ်သွားတော့မယ်။ နိုင်ငံမဲ့ ဖြစ်သွား တော့မယ်။

ဘီဘီစီ – ဒီယာယီသက်သေခံလက်မှတ် အပ်လိုက်ပြီးတဲ့ သကာလမှာ၊ နိုင်ငံသားအနေနဲ့ဖြစ်ဖြစ်၊ ဧည့် နိုင်ငံသားအနေနဲ့ဖြစ်ဖြစ်၊ ယာယီနိုင်ငံသားပြုခွင့်ရသူအနေနဲ့ပဲဖြစ်ဖြစ်၊ တစ်ကဒ်မဟုတ် တစ်ကဒ် ထုတ်ပေးပါ့မယ်ဆိုတဲ့ သူတို့ထုတ်ပြန်တဲ့ ကြေညာချက်က အာမခံမှု ရှိပါသလား ခင်ဗျ။

ဦးကိုနီ – မရှိဘူးခင်ဗျ။ လုံးဝမရှိဘူး။ အခုကျွန်တော်ဆွေးနွေးချင်တဲ့ အချက်က အဲ့ဒါပဲ။ ကြေညာ ချက်ကထွက်ပြီ။ ပျက်ပြယ်တဲ့နေ့ကို သူက သတ်မှတ်ပေးလိုက်တယ်။ မတ်လ ၃၁ ရက်နေ့က စလို့ သူက တရားမ၀င်တော့ဘူး။ ဒါ့ကြောင့် ၀ှိုက်ကဒ်ကိုင်တဲ့သူတွေဟာ မတ်လ ၃၁ ရက်နေ့ ဒီဘက်မှာ ရွေးကောက်ပွဲလုပ်ရင် မဲပေးလို့ရဦးမယ်။ ခရီးသွားလို့ ရဦးမယ်။ ကျောင်းတက်လို့ ရဦးမယ်။ စာမေးပွဲဖြေလို့ရဦးမယ်။ မတ်လ ၃၁ရက်နေ့ ဟိုဖက်ဆို ဒီကဒ်ရဲ့သတ်တမ်းက ကုန်ပြီ။ အဲ့တော့ ဒီနိုင်ငံအတွင်းမှာ နေတဲ့သူ ဘာမှမရှိရင်တော့ ဒါ ပြဿနာတစ်ခုကိုတော့ သူတို့ ရင်ဆိုင် ရလိမ့်မယ်။ အဲ့တော့ အဲ့ဒီအတွက် သူတို့ဘာတွေ စီစဉ်ထားသလဲ။ အဲ့ဒီပြဿနာကို ဘယ်လို စီ စဉ်ထားသလဲ ဆိုတာ ကျွန်တော်ထင်တယ်။ နောက်ထပ် နှစ်ရက်သုံးရက်၊ ငါးရက်၊ တစ်ပတ်၊ ဆယ်ရက်အတွင်း ဆက်တိုက်ညွှန်ကြားချက်တွေတော့ ထွက်လာလိမ့်မယ်နဲ့တူတယ်။

ဘီဘီစီ – ၀ှိုက်ကဒ်ကိုင်ဆောင်တဲ့ သူအားလုံးကို အာမခံမျိုးမရှိဘူးဆိုခဲ့ရင် တကယ်လို့များ မပေး ဘဲနဲ့ထားထားသော သူတွေအတွက် သူတို့ရဲ့ လူဝင်မှုကြီးကြပ်ရေး အဆင့်အတန်းဟာ မြန်မာ နိုင်ငံအတွင်းမှာ ဘယ်လိုမျိုး ပုံစံမျိုးနဲ့ ရပ်တည်ရပါ့မလဲခင်ဗျ။

ဦးကိုနီ – ဒါ နိုင်ငံရေးဆိုင်ရာ ပြဿနာလို့ခေါ်တယ်။ ကျွန်တော်တို့ အမြင်က ရှင်းတယ်ဗျာ။ ဥပဒေမှာ ဘာမှ ပြဿနာမရှိဘူး။ ဥပဒေက မကြိုက်ရင် ပြင်လိုက်လေ။ ဒါကြောင့်မို့လို့၊ ဒီနေ့ တည်နေတဲ့ ဥပဒေကိုတော့ နာခံရမယ်။ အဲ့တော့ သမ္မတကလည်း ဒီနေ့ တည်နေတဲ့ ဥပဒေကို နာခံတဲ့အနေနဲ့၊ ၀ှိုက်ကဒ်သမား မဲပေးရမယ်လို့ပြောတယ်။ ဒါ ဥပဒေကိုပြောတာ။ ဒါပေမဲ့ အဲ့ဒီ
ဝိုက်ကဒ်သမား၊ ၀ှိုက်ကဒ်တွေ အားလုံးကို ဖျက်လိုက်ပြီလို့ ပြောတဲ့အခါကျတော့ သူ့မှာ အာဏာ ရှိတယ်။ ဖျက်လို့ရတယ်။ ၀ှိုက်ကဒ်က ယာယီကဒ်မို့လို့။ ဒါ့ကြောင့် ကျွန်တော်က အပြစ်ကို မတင်သေးဘူး။ ခင်ဗျား အဲ့ဒီဝှိုက်ကဒ်ကို ဖျက်ပြီးရင် တစ်ခုခုပေး။ ပေးနိုင်ရင် အပြစ်မရှိဘူး။ သမ္မတ ဖက်ကအမှားမရှိဘူး။ ၀ှိုက်ကဒ်ကို ဖျက်ပြီး ၀ှိုက်ကဒ်အပ်တဲ့အချိန်မှာ တစ်ခုခုမပေးဘူး ဆိုရင်တော့ အဲ့ဒါ … ဒါအပြစ်ရှိတယ်။ မှားနေတယ်။ ဒါ အခွင့်အရေးကို ရုပ်သိမ်းတယ်လို့ ခေါ် တယ်။ စစ်ဖြစ်မနေဘဲနဲ့၊ အရေးပေါ်အခြေအနေမဟုတ်ဘဲနဲ့ ဒီလို အခွင့်အရေးကို ရုပ်သိမ်းလို့ မရဘူး။ ဘာမှပြန်မပေးဘဲနဲ့ ၀ှိုက်ကဒ်ကို သိမ်းလိုက်တယ် ဆိုရင်တော့၊ ခင်ဗျား … ဒါ .. နိုင်ငံ သားအခွင့်အရေးကို ရုပ်သိမ်းလိုက်တာနဲ့အတူတူပဲ။
(၂၀၁၅ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်း ၆ နာရီမှ ၆ နာရီခွဲအတွင်း တင်ဆက်သွားသော ဘီဘီစီမြန်မာပိုင်း အမေးအဖြေကဏ္ဍ ကို အများသိစေခြင်းငှာ ပြန်လည်တင်ပြပါသည်။)
(ရောဘတ်အယ်လ်ဟို့စ်)
၂၀၁၅ ခုနှစ်၊ မတ်လ ၁၃ ရက်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: