သမိုင်းတရားခံ သီတဂူဆရာတော်ကြီး

သီတဂူဆရာတော်ကြီးအား ဦးတင်ကန်တော့ ရေးသားပါတယ်။

လက်ရှိကာလတွင် သပိတ်ကိုရပ်၊ အိမ်ပြန်ကြ၊ ဒါမှ peace maker ဖြစ်မယ်ဆိုတဲ့ စာဟာ
အစိုးရနဲ့ ကျောင်းသားကြား ၊ ဘုန်းကြီးက ဆုံးဖြတ်ပေးသလို ဖြစ်နေပါတယ်။

ညှိနှိုင်းမှု ဆွေးနွေးမှုနဲ့ တထစ်ချင်း လျော့ချ သွားရမယ့်အစား
ဒီလိုမလုပ်ရင် ကျောင်းသားဆိုးအဖြစ် သတ်မှတ်လိုက်သလို ဖြစ်နေပါတယ်။

သပိတ်ကို ခဏရပ်ပြီး လွှတ်တော်ဆုံးဖြတ်ချက်ကို စောင့်ပါလို့ တိုက်တွန်းရင်တောင်
မဆိုးလှသေးပါဘူး။

လွှတ်တော်က ပယ်ချရင် ဆရာတော်ကြီး တာဝန်ယူနိုင်ပါမည်လား

အစိုးရရဲ့ ” ကျောင်းသားဆိုး” ပုံဖော်မှု လုပ်ငန်းစဉ်မှာ
ဆရာတော်ကြီးစာဟာ ( မရည်ရွယ်ပဲ ) အသုံးချစရာဖြစ်သွားရင်
မေတ္တာစေတနာဟာ ခုတ်ရာတခြား ရှရာတခြား ဖြစ်ပါလိမ့်မယ်

သဘောတရားအားဖြင့်
ရန်ကုန်ပဲဝင်ဝင် နေပြည်တော်ပဲ တက်တက်
ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဟာ မှားယွင်းမှု မဟုတ်ပါဘူး

ဆူပူသောင်းကျန်းလိမ့်မယ်လို့ တင်ကြိုယိုးစွပ်ခြင်းဟာ
ရိုးသားသော ကျောင်းသားထုကို စော်ကားရာရောက်ပါတယ်။

ဆူပူသောင်းကျန်း ဘေးပယောဂကို ထိန်းသိမ်းပေးရမှာက အစိုးရတာဝန်ပါ။

လုံခြွံရေးကို တာဝန်ခံခြင်းမရှိတဲ့ အစိုးရတာဝန်ကို
ကျောင်းသား အပြစ်လို့ ပုံချရန် မသင့်ပါ။

မျိုးစောင့်ဥပဒေကို ရဟန်းရှင်လူ သိန်းချီပြီး ဆန္ဒပြတောင်းဆိုသလို
ကျောင်းသားသပိတ်ကို ဆူပူမှုလို့ မမြင်ဖို့လိုပါတယ်။

ဘေးပယောဂ အဖျက်အမှောက်လုပ်ငန်းဟာ
အစိုးရလက်ထဲမှာသာရှိပါတယ်

ဒီလို မလုပ်ဖို့၊ အကြမ်းမဖက်ဖို့

ကျောင်းသားနဲ့ လွှတ်တော်၊ အစိုးရကြားကို ဘက်မျှတဲ့ ကြေညာချက်ကို
ထုတ်ပြန်မှသာ သမိုင်းတရားခံမဖြစ်ပဲ
ဆရာတော်ကြီးရဲ့ ငြိမ်းချမ်းရေး ရည်ရွယ်ချက်အောင်မြင်ပါလိမ့်မယ်

Stop calling Sitagu Nyar Neik Tha Ya and Wirathu as ‘monks’. For they are NOT.

I as a practising Buddhist, have long concluded that ‪#‎Myanmar‬‘s Wirathu and Sitagu Nyarneikthara are fork-tongued, racist megalomaniacs in Buddhist monk’s robes.

Stop referring to them as monks.

6 Responses to “သမိုင်းတရားခံ သီတဂူဆရာတော်ကြီး”

  1. drkokogyi Says:

    Maung Maung Skw
    1 hr ·

    အပြောမခံချင်ရင်…ကိုယ့်နေရာ…ကိုယ်နေ….

    သူလဲ…အသက် ၈၀တန်းထဲမှာ….

    ကျုပ်လဲ….၆၀ ပြည့်တော့မှာ….

    ဟို ငယ်ငယ်လေးကထဲက…သတိထားမိနေတယ်….ဘာတွေဟောခဲ့လဲ…ဘာတွေပြောခဲ့လဲ….

    အတွင်းသိ…အစင်းသိ…..

    ဟာမိုနီတွေ…ပိစ်တွေ….မဟောခင်…မပြောခင်က…ဘာတရားတွေဟောခဲ့လဲ…သိလား…

    မသိရင်…လေ့လာ….ပြီးမှ…လာပြန်ပြော…..

    ဧည့်သည်…အိမ်ရှင် ……ပြောလို့ပြော…..

    ၂၀၀ လောက်သေတာပါ…မျိုးမတုန်းပါဘူး…ပြောလို့ပြော…..

    အက်ဆီးဒင့်ပြောလို့ပြော…..

    အိုးနင်းခွက်နင်း…ပြောနေတာ…များနေပြီ….

    လျှာနှစ်ခွလို့…ကျုပ်ပြောတာ…နဲတောင်…နဲသေးတယ်…..

    ဒါ….ထိန်းထိန်း..သိမ်းသိမ်း…ပြောထားတာ….

    သွားပြောထားလိုက်…..

    အပြောမခံချင်ရင်…..ကိုယ်နေရာ…ကိုယ်နေ….ကိုယ့်…ကိုယ်ကိုယ်သိ..လို့….

  2. drkokogyi Says:

    Thet Wai feeling annoyed
    ·

    ရေမြုပ်မိုင်းတုန်းကတခါ အခုလဲလာပြန်ပြီ အိမ်ကိုပြန်ကြပါတော့တဲ့…မြန်မာနိုင်ငံသမိုင်းကို အရိပ်မည်းထိုးနေတာ အဲ့လို ပုဂ္ဂိုလ်တွေပဲ…

  3. drkokogyi Says:

    Swe Mon added 3 new photos.

    မှူးဇော်က သီတဂူဆရာတော် ၀ိတ်နဲ့ ဖိချပြီ။

    သီတဂူဆရာတော်အနေနဲ့လည်း အစိုးရမြှောက်ပေးတိုင်း ၀င်မ က သင့်ဘူး။ မနေ့က နတ်မောက်မှာ NLD ကကျင်းပတဲ့ ဗိုလ်ချုပ်ရာပြည့်ပွဲမှာ ၀င်ပါခဲ့သလို ဒီနေ့ ကျောင်းသားသပိတ်ကို မလုပ်သင့်ဘူးဆိုတော့..

    နှစ်ရက်အတွင်း နှစ်ခါကြီးတောင် သဘောထားပြောင်းနေသလားလို့။

    ဒေါင်းဆိုလည်း ပီပီပြင်ပြင် ဒေါင်း လိုက်ပါ။

    ဖွတ်ဆိုလည်း ဖွတ် ပီပြင်အောင် တစ်ဖက် ရပ်သင့်တယ်။

    မနေ့က ဒေါင်း၊ ဒီနေ့ ဖွတ်ဆိုတော့… အစကတည်းက ဘာလဲဆိုတာကို သေချာအောင် ဖွင့်ပြသင့်လှပါတယ်။ ကြာရင် ဘုန်းကြီးဖြစ်ပြီး မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့လို့ အများမြင်ကြရင် မကောင်းပါဘူး။

    ကျောင်းသားတွေ ရန်ကုန်ဝင်မှာ သေလောက်အောင် ကြောက်ကြတယ်။ အံ့သြစရာ..

  4. drkokogyi Says:

    Zaw Win

    တဖက်သတ်သီတဂူ
    ============

    သီတဂူဆရာတော်ဟာ စစ်သားနဲ့ တိုင်းရင်းသားတော်လှန်ရေးသမားတွေ သူနိုင်ငါနိုင်သတ်ကြတာကို စစ်သားတွေဟာ ဘုရားအလောင်းလို စွန့်လွှတ်ခြင်းနဲ့ စွန့်တယ်လို့ တဖက်ကို ဘက်လိုက်ပြောခဲ့ဖူးတယ်။ လူသတ်တဲ့အလုပ်ကို ဘုရားလောင်းအလုပ်လို့ ချီးမွမ်းခဲ့ဖူးတယ်။

    ရွေးကောက်ပွဲမှာ ဦးသိန်းစိန် အနိုင်ရစေချင်တယ်လို့ ပြောခဲ့ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပြေးကပ်လိုက်ပြန်တယ်။

    မဘသဖွဲ့စည်းတော့ ထိပ်ဆုံးကလက်မှတ်ဝင်ထိုးတယ်။ နိုင်ငံတကာက မဘသကို ဝေဖန်တော့ မဘသမှာ သူမပါဘူး ကြေညာချက်ထုတ်ပြန်တယ်။

    ကုလားတွေသေတာ ၂၀၀ လောက်ပဲရှိပါသေးတယ်လို့လည်း ပြောခဲ့ဖူးတယ်။

    ဆန္ဒပြတောင်းဆိုတဲ့လယ်သမားတွေကိုလည်း အလိုဆန္ဒတွေ ရပ်တန့်ကြပါလို့ ပြောခဲ့ဖူးတယ်။

    သီတဂူဆရာတော်ရဲ့ လုပ်ရပ်ဟာ ဈေးကစားနေတဲ့ ပွဲစားရဲ့ လုပ်ရပ်မျိုးဖြစ်နေတယ်။ မလိုတမျိုး လိုတမျိုးဖြစ်နေတယ်။ ဟိုဘက်ပြေးကပ်သည်ဘက်ပြေးကပ် ဖြစ်နေတယ်။

    သာသနာ့ဝန်ထမ်းရဟန်းတပါးအနေနဲ့ နိုင်ငံရေးပွဲစားလုပ်တဲ့ လုပ်ရပ်ဟာ အလွန်ကို မသင့်တော်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

    အခုထုတ်လိုက်တဲ့စာဟာ အစိုးရရဲ့ သပိတ်ဖြိုခွဲရေးအစီအစဉ်မှာ သီတဂူဆရာတော်အနေနဲ့ အုတ်တချပ်သဲတပွင့်၊ ဝက်အူတလုံးပမာ ဝင်ရောက် အသုံးတော်ခံလိုက်တာပဲ ဆိုတာ သိပ်သိသာ မြင်သာလွန်းလှတယ်။
    ဒီလုပ်ရပ်အတွက် အစိုးရအပေါ်မှာ ကျောင်းသားတွေရဲ့ မယုံသင်္ကာဖြစ်မှုတွေဟာ ပိုပြီး ကြီးထွားလာမှာလည်း အသေအချာပဲ။ အစိုးရဟာ ဘာသာရေးကို ဆွဲသွင်းလာတာဟာ သိပ်စိတ်ပျက်စရာကောင်းတယ်။ အစိုးရဟာ သူ့အကျိုးကလွဲပြီး ဘာမှမငဲ့တဲ့အစိုးရအဖြစ်ကနေ တစက်ကလေးမှ ပြောင်းလဲမလာသေးဘူးဆိုတာကို ဒီလုပ်ရပ်က ထပ်ပြီးဖော်ပြတယ်။ အခုလုပ်ရပ်ဟာ ကျောင်းသားတွေကို သံဃာနဲ့တိုက်ပေးတဲ့လုပ်ရပ်ပဲ။ ကျောင်းသားနဲ့ သံဃာတိုက်ပေးတာဟာ အန္တရာယ်သိပ်ကြီးတယ်။ ဒီလိုအန္တရာယ်ကြီးတဲ့အလုပ်မျိုးကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချတာဟာ သိပ်ကောက်ကျစ်ယုတ်မာတယ်။ ကျောင်းသားတွေက လူငယ်တွေဆိုတော့ စိတ်လိုက်မာန်ပါနဲ့ စကားတွေလွန်ကုန်အောင် အစိုးရက ထောင်ချောက်ဆင်လိုက်တာဟာ သူတို့မှာ ရိုးသားမှုမရှိဘူးဆိုတာကို ထပ်မံဖော်ပြလိုက်တာပဲ။ ကျောင်းသားတွေထဲမှာ အစိုးရက သူလျှိုသူလန်တွေထည့်ထားတာကို မကြာခင်ကပဲ မိထားတာနဲ့ အခုလုပ်ရပ်တွေ ဆက်စပ်စဉ်းစားကြည့်ကြပါ။ သူတို့ ဘယ်လောက်တောင်မရိုးသားသလဲ၊ နောက်ကွယ်မှာ ဘယ်လောက်ဆိုးယုတ်တဲ့ အကြံအစည်တွေ ရှိနေနိုင်မလဲဆိုတာ တွေးတောစရာတွေ အများကြီးပါ။

    သီတဂူဆရာတော်ရဲ့ ဒီသပိတ်ရပ်နားဖို့ မေတ္တာရပ်ခံစာအမည်ခံတဲ့ ဖိအားပေးရေးသားမှုကို တွေ့ရတဲ့သူတိုင်းဟာ ဆရာစံတော်လှန်ရေးမှာ သံဃာတွေရဲ့မေတ္တာရပ်ခံချက်ကြောင့် လက်နက်ချလိုက်ရတဲ့ တောင်သူလယ်သမား တော်လှန်ရေးသမားတွေကို ပြေးသတိရမိကြမှာပါပဲ။

    အဲဒီတုန်းကလည်း အစိုးရက သံဃာတွေကို အသုံးချပြီး မေတ္တာရပ်ခံခဲ့တာပဲ။ တောင်သူလယ်သမားတော်လှန် ရေးသမားတွေ ခေါင်းဖြတ်သတ်၊ ကြိုးစင်တင်တော့ အဲဒီသံဃာတော်တွေလည်း ဘာမှ မတတ်နိုင်ခဲ့ကြဘူး။

    အခုလည်း သီတဂူဆရာတော်ရဲ့ ရေးသားချက်ဟာ တဖက်သတ်သိပ်ဆန်လွန်းတယ်။ ကျောင်းသားတွေကို အိမ်ပြန်ခိုင်းသပိတ်လှန်ခိုင်းပေမယ့် အစိုးရကို အကြမ်းမဖက်ဖို့ တားမြစ်တဲ့ စကားလုံး တလုံးတပါဒမှမပါဘူး။ ကျောင်းသားတွေရဲ့ လိုလားချက်ကို ဥပဒေထွက်ပေါ်လာဖို့ တိုက်တွန်းတာ တခွန်းမှမပါဘူး။

    သပိတ်ဆိုတာ မှောက်ချည်လှန်ချည်လုပ်လို့ရတာမျိုးမဟုတ်ဘူး။ ထောက်ခံအားပေးတဲ့ ပြည်သူတွေကို ခုမှောက်ဟ၊ ခုလှန်ဟ တနေ့တမျိုး လုပ်လို့ရတာမျိုးမဟုတ်ဘူး။ တောင်းဆိုတာတွေ မရတော့မှ ပြန်မှောက်ပေါ့လို့ တချို့လူတွေပြောနေကြသလို ခုလုပ်ခုဖြစ်တာမျိုးမဟုတ်ဘူး။ ပြည်သူနဲ့ ခံစားချက်ချင်းနားလည်ရင်းနှီးအောင် အချိန်ယူရတယ်။ ပြည်သူကို လေးစားရတယ်။

    အခုချိန်မှာ ကျောင်းသားတွေကို သပိတ်ရပ်ဖို့လည်း ကျနော်မတိုက်တွန်းပါ။ သပိတ်ရှေ့ဆက်ဖို့လည်း ကျနော် မတိုက်တွန်းပါ။ ကိုယ့်ဖာသာဆုံးဖြတ်ကြဖို့သာ တိုက်တွန်းပါတယ်။ ကျောင်းသားတွေကိုယ်တိုင် အသက်နဲ့ရင်းပြီး ဒီအခြေအနေအထိရောက်အောင် တိုက်ယူလာရတာပါ။ ကျောင်းသားတွေကို သတ်မယ်ဆိုပြီး စည်းဖြူစည်းဝါစည်းနီတွေတားတော့ ဘယ်နိုင်ငံကျော်ပုဂ္ဂိုလ်မှ ရှေ့ကလာရပ်တာ မဟုတ်ပါဘူး။ ခုအချိန်ကျမှဘယ်သူမှ သြဇာလာလွှမ်းမိုးတာကို မခံပါနဲ့။ ကိုယ့်ဖာသာဆုံးဖြတ်ကြပါ။ ကိုယ့်အခြေအနေ ကိုယ်အသိဆုံးပါ။

    ဇော်ဝင်း
    ၈၈ ကျောင်းသားဟောင်း

  5. drkokogyi Says:

    Maung Zarni shared ဦး ကင်း’s post.

    Were the martyred U Aung San alive today he would invite neither the fork-tongued fake-monk Sitagu nor his own daughter to his 100th birthday.

    Anyone who knows Aung San the radical intellectual, the revolutionary, the anti-racist secularist would agree with this statement.
    ဦး ကင်း

    ဆန္ဒပြကျောင်းသားတွေကို ဒေါ်စုနဲ့  လှည့်ခြောက်တယ်

    ဒေါ်စုကို ထုတ်သုံးတာ အလုပ်မဖြစ်တော့ ဦးသိန်းစိန်အစိုးရက သူတို့ ရဲ့ ရှေ့ တန်းတိုက်စစ်မှုးကြီး သီတဂူဆရာတော်ကို ထုတ်ကစားလာတယ်

    အခု သီတဂူဆရာတော်က ကျောင်းသားတွေကို အိမ်ပြန်ခိုင်းတယ် ဒါကို မှုးဇော်က ဖေစ့်ဘွခ်ပေါ်ယူလာပြီး ခြိမ်းခြောက်နေပြီ

    အခုကြည့်ပါမယ် ညကအထိ သပိတ်ကိုထောက်ခံနေတဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်သူတွေ အခုကော ထပ်ထောက်ခံရဲသေးလား ကျနော်စောင့်ကြည့်နေပါတယ်

    မြန်မာအစိုးရ ရဲ့ ရှေ့ တန်းတိုက်စစ်မှုးကတော့ လူမျိုးရေး ဘာသာရေး ပွဲတွေမှာမဟုတ်ဘဲ ကျောင်းသားသပိတ်လို ပွဲကြပ်တွေမှာတောင် ဝင်ကန်နေပါပြီ ။

  6. drkokogyi Says:

    Aung Naing Moe

    သီတဂူတို့များ စစ်သားတွေကိုကျတော့ “သားတို့ သမီးတို့ ဒကာတို့…. စစ်တန်းလျားကို ပြန်ကြပါတော့” လို့ တိုက်တွန်းတာမျိုး တခါမှ မကြားရဖူးဘူး။ စစ်သားတွေလုပ်ရပ်ကို ဘုရားလောင်းထက် မွန်မြတ်လှပါတယ်လို့တောင် ဖားလိုက်သေးတယ်။ သူပြောဖူးတဲ့ အမှားကြီးလုပ်ရတာကို ဂုဏ်ယူနေတဲ့ လူမိုက်ဟာ တကယ်တော့ သူကိုယ်တိုင်ပါပဲ။ ဦးပုညစာထဲကလို …. ဘုရားလှိုဏ်ခေါင်း၊ အောင်း၍မာန်သွေး၊ ဟောင်သည့်ခွေးလို…. ဆိုတဲ့ စာချိုးဟာ သင်္ကန်းခြုံထားတဲ့ ခေတ်သစ် သောနုတ္ထိုရ် သီတဂူနဲ့တော့ ကွက်တိပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: