အတော်လေးကို အရှက်နည်းတဲ့ ပါးစပ်ပေါက်က ” မြန်မာနိုင်ငံသား တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များ အပါအဝင် လူမျိုးပေါင်းစုံ၊ ဘာသာဝင်ပေါင်းစုံက ရရာလက်နက်နဲ့ အမိမြေကို ကာကွယ်ဖို့ အချိန်ကျရောက်လာပြီ …. ” လို့မိန့်ခြွေလာ

“အတော်လေးကို အရှက်နည်းတဲ့ ပါးစပ်ပေါက်တွေ”

Kyaw Win with Zaw Min Oo and 10 others
ရှက်တတ်ကြစမ်းပါဗျာ……
<><><><><><><><><><>

ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လောက်ကိုင်ဒေသ တိုက်ပွဲများဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ အချုပ်အခြာအာဏာထိပါးခြင်း၊ ကျူးကျော်ခံရခြင်း တနည်းအားဖြင့် ပြည်ပနိုင်ငံတစ်ခု(တရုတ်လို့မပြော)က မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်တယ်…. လို့ တရားဝင်ပြောကြားလာတဲ့ အပေါ်မှာ Facebook စစ်မြေပြင်ရဲ့ တပ်မှူးနှင့်တကွ အရာရှိအရာခံ၊ အကြပ်တပ်သားတွေလည်း မျက်ကလဲ ဆန်ပြာဖြစ်ကုန်ကြတယ်။ လေသံတွေလည်း ချက်ချင်းပြောင်းသွားတယ်။ Facebook ပေါ်မှာ လေနဲ့ အသတ်ခံလိုက်ရတဲ့ ပြည်တွင်းနေတရုတ်တွေလည်း အတော်အထိနာသွားကြတယ်။

Facebook တပ်မှူးကြီးတစ်ယောက်ကတော့…..
” မြန်မာနိုင်ငံသား တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များ အပါအဝင် လူမျိုးပေါင်းစုံ၊ ဘာသာဝင်ပေါင်းစုံက ရရာလက်နက်နဲ့ အမိမြေကို ကာကွယ်ဖို့ အချိန်ကျရောက်လာပြီ …. ” လို့ မိန့်ခြွေလာတာကို သေချာအောင်လို့ နှစ်ခေါက်လောက် ပြန်ဖတ်ယူရတယ်။

အော် ….. အတော်လေးကို အရှက်နည်းတဲ့ ပါးစပ်ပေါက်တွေပါလား။ မင်းတို့ကိုယ်တိုင် ငါတို့ကို ပြောခဲ့တဲ့

ဧည့်သည်က ဧည့်သည်လိုနေ ….. ကောင်းကောင်းမနေချင်ရင် ထွက်သွား …. နောက်ဖေးပေါက်က ဝင်လာတဲ့ မွတ်ကုလား …. မြန်မာနိုင်ငံရေးက မွတ်ကုလားတွေနဲ့ ဘာမှမဆိုင် …………………………………………………………………………………………………………….. စတဲ့ အပမနာ စကားတွေကို မေ့သွားပြီလား။ သာစရာရှိတော့ ဧည့်သည် မွတ်ကုလားတွေ၊ နာစရာရှိတော့ တိုင်ရင်းသား အစ္စလာမ်ဘာသာဝင်တွေ …. တဲ့လား။

အေး ….. ငါတို့ကလည်း ပြန်ပြောလိုက်မယ်။ ငါတို့ဟာ ဘိုးစဉ်ဘောင်ဆက် ကိုယ်နေတဲ့ မြန်မာနိုင်ငံအပေါ် သစ္စာရှိခဲ့တာ သမိုင်းအစွန်းအထင်းမရှိခဲ့တာ မင်းတို့လည်းသိတယ်၊ မင်းတို့အဘတွေလည်းသိတယ်၊ ကုန်ကုန်ပြောမယ်…. မွတ်စ်လင်မ်တွေကို ဒုက္ခပေးနေတဲ့ ဟို ဖျာသည်မခေါင်းဆောင်တဲ့ အဖွဲ့လည်းသိတယ်။

အခုလည်း လိုအပ်လာရင် မင်းတို့ပြောပြောနေတဲ့ နွားသတ်တဲ့ မွတ်ကုလားတွေက နွားသတ်တဲ့ ဓါးကိုင်ပြီး ကိုယ့်စားရိတ် ကိုယ်စားပြီး နိုင်ငံကို ကာကွယ်ဖို့ အဆင်သင့်ပဲ။ ဒါပေမဲ့ လောလောဆယ်ဆယ်တော့ မင်းတို့လက်နဲ့ပေးထာတဲ့ ငါ့တို့ကိုယ်ပေါ်က ရခိုင်၊ မိတ္ထီလာ၊ လားရှိုး၊ ဥက္ကံ၊ ထန်းကုန်း၊ မန္တလေး…. စတဲ့ ဒဏ်ရာတွေက အကင်းမသေသေး၊ မပျောက်သေးလို့ မင်းတို့အရင်ထွက်တိုက်နှင့်ဦး။ မကြာခင် ငါတို့ ထွက်တိုက်ပေးမယ်။

အော်…. ဒါနဲ့ …. စကားမစပ်…. မင်းတို့ ပြောတဲ့ တိုင်းရင်းသားတွေထဲမှာ ရခိုင်တွေကိုရော ဝင်တိုက်ပေးဖို့ ဖိတ်ခေါ်ထားသေးလား ? ဘာရယ်မဟုတ်ပါဘူး ….. ကျူးကျော်လာသူတွေဘက်က ရက္ခိုင်တပ်မတော်(AA) ဆိုတာကို တွေ့မိလို့ပါ။ ကို ဝါဇီ လှမြင့် ဝါဇီ လှမြင့် စကား ခဏငှါးသုံးရရင်….. စ သာပါ။ စ သာပါ။

Ref : The Voice Daily ( February 15 )

Kyaw Win
15 February, 2015

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: