ပုဂံခေတ်မှာရှိသော မွတ်စလင်မ်များ

ပုဂံခေတ်မှာရှိသော မွတ်စလင်မ်များသည် ဘုရားကျွန်များအဖြစ်သာလျှင်အမှု ထမ်းနေတယ်ဆိုတာ လုံးဝနဲ့အကြွင်းမဲ့ မဟုတ်ပါဘူးလို့ ကျွန်တော်ငြင်းဆိုလိုပါတယ်

( အစ္စလာမ်ဓမ္မကထိက ဆရာဦးအေးလွင်)

====================================================
ဖေဖော်ဝါရီ ၁၅၊ ၂၀၁၅
ကိုပေါက် (Myanmar Muslim Media CJ)

အစ္စလာမ်ဆန့်ကျင်ရေးစာရေးဆရာတစ်ဦးဖြစ်တဲ့ မောင်သွေးချွန်ရေးသားတဲ့ သာကီသွေးဂျာနယ်ပါ ဆောင်းပါးတစ်ပုဒ်မှာ ပုဂံခေတ်အစ္စလာမ်ဘာသာဝင်တွေဟာ ဘုရားကျွန်ဆိုတဲ့ လူတန်းစားတစ်ရပ်အဖြစ်သာ ရှိသယောင်ယောင် အများပြည်သူ ထင်မှတ်မှားအောင် ရေးသားထားပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ အစ္စလာမ်ဘာသာ ဓမ္မကထိက ဆရာ ဦးအေးလွင်ကို Myanmar Muslim Media CJ တစ်ဦးဖြစ်တဲ့ ကိုပေါက်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ဒေါက်တာတိုးလှရဲ့ ဆောင်းပါးတစ်ပုဒ်ကို ကိုးကားပြီးရေးထားတဲ့ မောင်သွေးချွန်ရဲ့ ဆောင်းပါးတစ်ပုဒ်မှာဆိုရင် ပုဂံခေတ်မှာရှိတဲ့ မွတ်စလင်မ်လူ့အဖွဲ့အစည်းဟာ ဘုရားကျွန် လူတန်းစားထဲမှာပဲ တွေ့ရတဲ့ ပုံစံမျိုးရှိတယ်။ ဒီအပေါ်မှာ ဆရာ့ရဲ့ သုံးသပ်ချက်လေးပြောပြပေးပါဦး။

ဖြေ။ တစ်ပိုင်းတစ်စ Half True တွေက သိပ်အန္တာရယ်ရှိတယ်ဗျာ အထူးသဖြင့် သမိုင်းမှတ်တမ်းတင်တဲ့ နေရာမှာနော် အဲ့တော့ ပုဂံခေတ်မှာ မြန်မာမွတ်စလင်များ အတည်တကျရှိနေပြီဆိုတာတော့ ဘယ်လိုမှငြင်းလို့မရတဲ့အချက် ပုဂံကျောက်စာအသီးသီးမှာ တစ်ခုတည်းမဟုတ်ဘူး။ ဒေါက်တာတိုးလှဟာ ပုဂံကျောက်စာတစ်ခုကို သူက ကိုးကားပြီးတော့ ပြောတယ် သူဟာအင်မတန်သမာသမတ်ကျတဲ့ သိပ္ပံနည်းကျ သမိုင်းသုတေသီတစ်ယောက် ဖြစ်တယ်။
သို့သော် သူရဲ့တင်ပြချက်တွေကို ကျွန်တော်တို့က အမြှီးဖြတ် ခေါင်းဖြတ် (Out of Contect) လုပ်လိုက်ရင် ကိုယ်လိုချင်တဲ့ ကောက်ချက်တွေကို ဆွဲယူလိုက်မယ်ဆိုရင်တော့ သမိုင်းဟာပြောင်းပြန်ဖြစ်သွားလိမ့်မယ်။နော်။

အဲ့တော့ ဒီဘုရားကျွန်ဆိုတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော်ဘယ်လိုတင်ပြချင်လဲဆိုလို့ရှိလျှင် ဘုရားကျွန်များသည် ဗုဒ္ဓသာသနာရဲ့ သာသနာ့အဆောက်အဦးများဖြစ်တဲ့ စေတီပုထိုးများမှာ ဝေရာဝိစ္စလုပ်ခြင်း ဆွမ်းကွမ်း၊ နော် ဒီပန်းတွေတင်တယ်ဆိုတဲ့ ကိစ္စရပ်များလုပ်ခြင်းဆိုတဲ့ကိစ္စ ဒါ ကျွန်တော်တို့ ဘာမှပြောစရာ အကြောင်းမရှိပါဘူး။

သို့သော် အစ္စလာမ်ဘာသာဝင်များသည် တိုင်းပြည်အပေါ်မှာ သစ္စာရှိတယ် မိမိနဲ့အယူချင်းမတူတဲ့ လူတွေအပေါ်မှာလည်းပဲ တတ်နိုင်သလောက် ကူညီပံပိုးမှုများပြုလုပ်တယ်။ သို့သော် ကိုးကွယ်မှုလို့ ယူဆရသော ကိစ္စရပ်များမှာ တိုက်ရိုက်ပါဝင်ပတ်သတ်မှုလုံးဝ မရှိပါဘူး။ ဒါဟာ ပုဂံခေတ်မှာပဲ ရှိခဲ့တဲ့ မင်းညီနောင်ရဲ့ သမိုင်းအရ ကျွန်တော်တို့သိရပါတယ်။ဘုရားတည်တဲ့အခါမှာ အုတ်နှစ်ချပ်လွတ်နေခြင်းသည် မင်းနှစ်ပါးက အဲ့ဒီကိစ္စရပ်သည် ဘာသာရေးမှာ တိုက်ရိုက် သူတို့စွတ်ဖက်ရာ ရောက်မှာစိုးတဲ့အတွက်ကြောင့် သူတို့သည် အစ္စလာမ့်သွန်သင်ချက်အရ ဒါကိုရှောင်ရှားခဲ့ခြင်း ဖြစ်တယ်နော်။ အဲ့တာကြောင့် ဘုရားဝေရာဝိစ္စမှာ လုပ်သောကျွန်အဖြစ်နှင့် အစ္စလာမ်ဘာသာဝင်များရှိတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

နှစ်အချက်က ဘာပြောချင်လဲဆိုရင် ကျွန်တော်တို့ ဒီနာမည်တွေပေါ့နော် ဒေါက်တာတိုးလှက သူက နာမည်ပေါ်မှာ မူတည်ပြီးတော့ သူကကျွန်စာရင်းမှာ အစ္စလာမ်နာမည် ရဟမန်ဆိုတဲ့ နာမည်မျိုးပါတယ်ဆိုတော့ ကျွန်တော်က ဘာနဲ့သက်သေပြချင်လဲဆိုရင် ကျွန်တော်တို့ မြောက်ဦးခေတ်မှာရှိတဲ့ နော် ဒါကျွန်တော်တို့ ၁၄ရာစု ၁၅ရာစုက ဗုဒ္ဓဘာသာ ရခိုင်မင်းများ နော် သာသနာကိုချီးမြှောက်ခဲ့တဲ့ အင်မတန်ကိုဘာသာတရားကိုင်းရှိုင်းတဲ့ ရခိုင်မင်းများသည် အစ္စလာမ်နာမည်တွေရှိကျတယ် သို့သော် သူတို့သည် ဗုဒ္ဓဘာသာများပါ။ အဲ့တော့ ဆရာကြီးဦးတိုးလှရဲ့ အဲ့ဒီမှတ်ချက်မှာ ဘာပါလဲဆိုလျှင် အဲ့လိုဟိန္နူတွေရဲ့ ပါဋိနာမည်တွေ အစ္စလာမ်နာမည်တွေဟာတဲ့ မြန်မာတွေကဒါကို ကြိုက်နှစ်သက်လို့ ယူပြီးသုံးထားတာ ဖြစ်နိုင်ပါတယ်လို့ သူ့ရဲ့ ဒီ အင်မတန်ပညာရှိပီသလှသော ကောက်ချက်ကလေးကို တွေ့လိုက်တဲ့အတွက်ကြောင့် ဒါဟာ ဘုရားကျွန်များအဖြစ်နှင့် မွတ်စလင်များ အမှုထမ်းခဲ့တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်တို့ အခိုင်အမာပြောလို့ရပါတယ်။

နောက် အဲ့ဒီကျမ်းထဲမှာပဲ ပုဂံခေတ်မှာရှိတဲ့ အခြားသော ပုဂံရဲ့လူ့အဖွဲ့အစည်းအတွင်းမှာ အမှုထမ်းဆောင်တဲ့ လုပ်ငန်းတွေအကြောင်းဖော်ပြထားတယ်။ ဟို ပန်းပဲတို့၊ ပန်းပုတို့ စသည့်ဖြင့်ပေါ့နော်။ အဲ့လိုလုပ်ငန်း တွေမှာ ပန်းရံတို့ အဲ့ဒီလိုလုပ်ငန်းတွေမှာက ဒီကျွမ်းကျင် Skill Worker တွေ အဖြစ်နဲ့ အစ္စလာမ်ဘာသာဝင်များဟာ အမှုထမ်းခဲ့တယ်ဆိုတာ ဖြစ်နိုင်သလို တပ်မတော်မှာ အမှု ထမ်းခဲ့တယ်။ အထောက်အထားအခိုင်အလုံက မိတ္ထီလာကန်ကြီးကို ဆယ်တဲ့အခါမှာ ဗမာမွတ်စလင်မ် ပသီတပ်သားများ တစ်ထောင်ကျော်ပါခဲ့တယ်ဆိုတာ ကျမ်းတွေမှာ အခိုင်အခန့် ကျွန်တော်တို့ Cross Rference ပေါ့လေ ခေတ်ပြိုင်သမိုင်းတွေနဲ့ ပြန်လည်နှိုင်းဆပ်ပြီးတော့ ကြည့်လို့ရတဲ့အတွက် နော် ပုဂံခေတ်မှာရှိသော မွတ်စလင်များသည် ဘုရားကျွန်များအဖြစ်သာလျှင်အမှု ထမ်းနေတယ်ဆိုတာ လုံးဝနဲ့အကြွင်းမဲ့ မဟုတ်ပါဘူးလို့ ကျွန်တော်ငြင်းဆိုလိုပါတယ်။

မေး။ ဒါဆိုရင် ပုဂံခေတ်မွတ်စလင်မ် လူ့အဖွဲ့အစည်းဟာ တိုင်းပြည်အတွက် ဘယ်လိုနေရာတွေမှာ တာဝန် ထမ်းဆောင်ခဲ့တာလဲ။

ဖြေ။ အစ္စလာမ်ပထမဦးဆုံးမြန်မာနိုင်ငံနဲ့ စထိတွေ့တာက အာရပ်နဲ့ ပါးရှားက စထိတွေ့တာ အိန္ဒိယက မဟုတ်ပါဘူး။ သို့သော် အိန္ဒိယက ပုဂ္ဂိုလ်တွေလဲ မလာဘူးလို့ ကျွန်တော်မပြောဘူး။ အိန္ဒိယက ပုဂ္ဂိုလ်တွေလာမယ် ဆရာတိုးလှကိုးကားသွားတာ ကုလားဆိုတဲ့ အသုံးအနှုန်းနဲ့ ပါတဲ့အတွက်ကြောင့် ဒါကို ခုန်ပျံကျော်လွှားပြီးကောက်ချက်တွေ ချလိုက်တယ်။နော်။ ကုလားဖြစ်တဲ့အတွက်ကြောင့် ကုလားထဲမှာ ဟိန္နူပါမယ်၊ မွတ်စလင်ပါမယ် ဆိုပြီးတော့ ပြောတာပေါ့လေ။ အဲ့တော့ ကျွန်တော်ပြောချင်တာက အစ္စလာမ်ဘာသာဝင်များက ဒီကျွန်တော်တို့ အာရပ်ကျွန်းဆွယ်က၊ ပါရှားကနေ ကုန်သွယ်စီးပွားအတွက် ရေလမ်းကြောင်းနဲ့လာတယ် အဲ့တော့ သူတို့ကဘာလဲဆိုလျှင် သင်္ဘောအမှု ထမ်းတွေရှိမယ် တစ်ခြားကျွမ်းကျင် ၀န်ထမ်းတွေအဖြစ်နဲ့ အမှုထမ်းခဲ့တာ ရှိမယ်။ နောက်ပြီးတော့ သူရသတ္တိနဲ့ တိုင်းပြည်အပေါ်မှာ သစ္စလာရှိတဲ့အတွက် ဥပမာဆိုလျှင် ဦးဗျတ္တဆိုလျှင် မြန်မာပြည်ရဲ့သမိုင်းမှာ မော်ကွန်းတင်လောက်တဲ့ ပုဂ္ဂိုလ်ပါ။

ဘာကြောင့်လဲဆိုတော့ ရှင်အရဟံက ပုဂံကိုရောက်ပြီးတဲ့အခါမှာ ထေရ၀ါဒရဲ့တရားကို ဟောတော့ မဟာယနနဲ့ ဟိန္နူလွှမ်းမိုးနေတဲ့ ပုဂံခေတ်က အနော်ရထာဟာ ပရိယတိကျမ်းစာတွေလိုတယ် ပိဋိကတ်သုံးပုံပင့်ဖို့အတွက် ကျွန်တော်တို့ သထုံ မွန်အင်ပါယာကြီးရှိတဲ့နေရာကိုသွားတယ်။ မနူဟာမင်းဆီကိုသွားတယ် အဲ့တော့ဟိုက ဘာပြန်ပြောလိုက်ဆိုတော့ ` အရိုင်းတို့၏အရာလော´တဲ့ အဲ့ဒီအခါမှာ အနုနည်းနဲ့မရတဲ့ အခါကျတော့ တပ်နဲ့ချီတက်ရတယ်။ တပ်နဲ့ချီတက်ရတော့ သထုံကိုလူတွေက၀ိုင်းထားတယ် သထုံကို ဒီစစ်တပ်က ၀ိုင်းထားတဲ့အချိန်မှာ ဘယ်လိုမှ အထဲကိုဝင်လို့ မရတဲ့အခါမှာ ဦးဗျတ္တက စွန့်စွန့်စားစားနဲ့ သူအထဲကိုဝင်ခဲ့တယ် ပဋိကတ်သုံးပုံကိုပင့်ပြီးတော့ ပေးခဲ့တယ်။ ဒါ ကိုးကွယ်မှု နဲ့တိုက်ရိုက်မပတ်သတ်တဲ့ အခါမှာ ဦးဗျတ္တက အဲ့လို့ဗုဒ္ဓဘာသာရဲ့အကျိုးကို အဲ့လိုစွမ်းဆောင်နိုင်သောနည်းနဲ့ သာသနာကခွင့်ပြုထားသော ဘောင်အတွင်းကနေပြီးတော့ သယ်ပိုးခဲ့တာရှိတယ်။ အထောက်အထားပြပါဆိုလျှင် ဒီနေ့သထုံရဲ့မြို့အ၀င် မုဒ်ဦးဝမှာ ဦးဗျတ္တရဲ့နတ်နန်းဆိုတာ ကျွန်တော်တို့တွေ့ရပါလိမ့်မယ်။ အဲ့ဒီအတိုင်းပဲ သူ့သားတွေကလည်းပဲ ဒီသူရဲကောင်း ပုဂံရဲ့သူရဲကောင်းများအဖြစ်နဲ့ ရွတ်ရွတ်ချွံချွံတိုင်းပြည်ကို အမှုထမ်းဆောင်ခဲ့တယ်။ ကာကွယ်ရေးတာဝန်တွေလုပ်ခဲ့တယ် ကျွမ်းကျင်တဲ့ အတတ်ပညာရှင် အသိပညာရှင်များအဖြစ်လဲ လုပ်ခဲ့တယ်။ အဲ့တော့ ဆရာကြီးတိုးလှရဲ့ကျမ်းထဲမှာပဲ ဒီ ရမံ ဆိုတဲ့စကားနဲ့ပတ်သတ်ပြီးတော့ ကျန်စစ်သားနဲ့ နို့စို့ဖက် ငရမံ(ကန်း)လို့ သမိုင်းမှာသိတယ် ရဟ်မန်ခန်း။ ရဟ်မန်ခန်းလို ပုဂ္ဂိုလ်က ဘာလုပ်တာလဲဆိုတော့ ဘုရင်နဲ့ မင်းညီမင်းသားတွေကို သင်ပေးရတဲ့ မင်းဆရာ စစ်ပညာ အတတ်ပညာများကို သင်ပေးရတယ် မင်းဆရာအဖြစ်နဲ့ အမှုထမ်းဆောင်ခဲ့တာဖြစ်တယ်။ အဲ့တော့ ပုဂံမှာရှိတဲ့ မြန်မာမွတ်စလင်ရဲ့သမိုင်းကို ပြောရမယ်ဆိုရင် အဲ့ဒီလိုကျွမ်းကျင် ဒီ ကျွန်တော်တို့ပညာရှင်များအဖြစ်နဲ့ တစ်ခါ မင်းကို ပညာသင်ကြားပေးရတဲ့ အဖြစ်နဲ့ နောက်တစ်ခါ မင်းညီနောင်ဆိုလျှင်လဲပဲ သူတို့ကွယ်လွန်သွားတဲ့အခါမှာ သူတို့ကိုနတ်စာရင်းထဲမှာ သွင်းပြီးတော့ ကိုးကွယ်ရာလူတန်းစားအဖြစ်နဲ့ ဒါထင်ရှားသောသမိုင်းပါ။ တစ်ချို့က ဒါကို ဒဏ္ဍာရီပုံ့ပြင်လို့ပြောမယ် သို့သော် သီတဂူဆရာတော်ဘုရားကြီးသည်ပင်လျှင် မဘသ ပထမဦးဆုံးညီလာခံမှာ အဲ့တာနဲ့သူက နီဂုံးချုပ်သွားတယ်။ မွတ်စလင်တွေကို ကိုးကွယ်ရာထဲမှာ ထည့်ထားပါတယ် မွတ်စလင်တွေက ဗမာတွေကို အပြန်အလှန်တန်ဖိုးထားပါဆိုတဲ့ သူရဲ့မေတ္တာရပ်ခံချက်သည် အဲ့ဒီသမိုင်းနဲ့သူက နိဂုံးချုပ်သွားတယ်။ ဒါ ဒဏ္ဍာရီလို့ပြောပေမဲ့လည်း ဒီဟာပေါ့လေ ခေတ်အဆက်ဆက်ကပြတ်တောက်မှု မရှိတဲ့ Living Tridition လို့ခေါ်တယ်။သမိုင်းကဘယ်လိုပဲ သိပ္ပံနည်းကျ မှတ်တမ်းတင်လို့မရဘူးဆိုပေမဲ့လည်း လူတွေရဲ့ လူမှု့ဆက်ဆံရေး သမိုင်းမှာ Social Science မှာ ကွင်းဆက်ပြတ်တောက်မှုမရှိပဲ အဲ့ဒီကိုးကွယ်မှုအစဉ်အလာက အခုထက်ထိတောင်ပြုံးမှာရှိနေတယ်။ အဲ့တာသည် သမိုင်းထဲမှာ အခိုင်အခန့်ဆုံးလို့ ကျွန်တော်ထင်ပါတယ်။

မေး။ ။ တစ်ခြားတစ်ဘက်မှာလည်းဝေဖန်ထောက်ပြမှုတစ်ချို့က ဘာရှိနေလဲဆိုတော့ ပုဂံခေတ်လူ့အဖွဲ့အစည်းအတွင်းမှာ ဒီလောက်ခိုင်ခိုင်မာမာရှိခဲ့တဲ့ မွတ်စလင်မ်ကွန်မြူနတီနဲ့ပတ်သက်တဲ့ အထောက်အထားပေါ့ ဥပမာ ဘုရားကျောင်း(ဗလီ)လိုဟာမျိုးရဲ့ အပျက်အစီးလိုဟာမျိုးတွေကို ယခုလက်ရှိအချိန်အထိတော့တူးဖေါ်တွေ့ရှိရတာမရှိသေးဘူးလို့ ပြောတဲ့ အယူအဆတွေလည်းရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ရောဆရာ့အနေနဲ့ ဘာများပြောဖို့ရှိပါသလဲ။

ဖြေ။။ ဟုတ်ကဲ့ ။ပုဂံခေတ်က မြန်မာ့သမိုင်းမှာ တည်တည်တံ့တံ့ရှိခဲ့ပါတယ် သို့သော် တရုတ်တွေဝင်တိုက်တဲ့အခါမှာ ပုဂံပျက်သွားတယ်။ ပုဂံပျက်သွားတော့ ပုဂံမှာရှိတဲ့လူတွေဟာ အဲ့ဒီမှာမနေကျဘူး။ သို့သော် ဘုရားပုထိုးတွေ ကျန်ခဲ့တယ်။ အဲ့ဒီဘုရားပုထိုးတွေမှာ မဟာယနဘုရားပုထိုးတွေရှိတယ်၊ ဟိန္နူဘုရားပုထိုးတွေရှိတယ် အဲ့တော့ ကျွန်တော်ဒီမှာ ဘာပြောချင်လဲဆိုတော့ အစ္စလာမ်ရဲ့ ၀တ်ကျောင်းတော် မစ်ဒ်ဂျိအပေါ်မှာထားတဲ့ ခံယူချက်နဲ့ ဗုဒ္ဓဘာသာက စေတီပုထိုးအပေါ်မှာထားတဲ့ ခံယူချက် မတူဘူး။ အစ္စလာမ်ရဲ့ မစ်ဒ်ဂျေ့ဆိုတာက အဲ့ဒီမှာသွားပြီးဝတ်ပြုတာ ဟိုမှာကျတော့ စေတီပုထိုးသည်ပင်လျှင် ကိုးကွယ်ရာအဖြစ်နဲ့ သတ်မှတ်တယ် အဲ့တော့ လူတွေမနေပေမဲ့လဲ ရပ်ဝေးမှာရောက်နေကျတဲ့ ဗုဒ္ဓဘာသာဝင်များဟာ ပုဂံဘုရားများသွားပြီးတော့ ပြုပြင်တယ် မွမ်းမံတယ် အကုန်လုံးတော့မဟုတ်ဘူး တန်ခိုးကြီးတယ်လို့ထင်ရတဲ့ ဘုရားများကို ပြုပြင်တယ် မွမ်းမံတယ်။ အဲ့ဒီအခါမှာ မဟာယနရဲ့လက်ရာများ ဟိန္နူရဲ့လက်ရာများမှာ ထေရ၀ါဒလွှမ်းမိုးလာပြီဖြစ်တဲ့အတွက် အဲ့ဒီသာသနာများရဲ့ သာသနိကအဆောက်အဦးများရဲ့အပေါ်မှာ ဘာတွေကလွှမ်းခြုံသွားသလဲဆိုတော့ ထေရ၀ါဒသာသနိကအဆောက်အအုံများ လွှမ်းခြုံသွားတာကို ကျွန်တော်တို့တွေ့ရတယ်။ဒါ ကမ္မောဒီးယားမှာလဲ ကျွန်တော်တို့တွေ့ရတယ် ကမ္မောဒီးယားက ကျွန်တော်တို့ ဆင်ပရူရပ်မြို့ မှာ ရှိတဲ့ အန်ကောဝပ် ကျောင်းတော်ကြီးမှာဆို အခုထက်ထိ ရှီဗားတို့ ဗစ်ရှ်စနူးတို့ရဲ့အရုပ်တွေဟာ ရှိသေးတယ်။ ခမာဘုရင်တွေက ဟိန္နူကနေပြီး ထေရ၀ါဒဗုဒ္ဓဘာသာ ဖြစ်သွားတော့ အဲ့ဒီကျောင်းဆောင်တွေဟာ ထေရ၀ါဒရဲ့ကျောင်းဆောင်တွေ ပုထိုးတွေဖြစ်သွားတယ်။ ဒီလိုပဲ ကျွန်တော်တို့ အင်ဒိုနီးရှားက ဘူရိုပတို ဟာလည်းပဲ မဟာယနနဲ့ ဟိန္နူကို အခြေခံပါတယ်။အဲ့ဒီလိုပေါ့လေ သို့သော် အစ္စလာမ်ကျတဲ့အခါကျတော့ စေတီပုထိုးနဲ့ ဗုဒ္ဓဘာသာခံယူသလို အစ္စလာမ်က ဗလီလို့ခေါ်တဲ့ မစ်ဒ်ဂျေ့ကျောင်းတော်များကို ခံယူချက်မရှိဘူး အဲ့ဒီမှာ စုရုံးပြီးဝတ်ပြုတဲ့နေရာ အဲ့တာသည်ကိုးကွယ်ရာမဟုတ်ဘူး အဲ့တော့ အဲ့နားမှာလူသူမရှိတော့တဲ့အခါကျတော့ ဒါကိုဆက်ပြီးတော့ မွမ်းမံဖို့ကအကြောင်းမရှိတော့ဘူး အချိန်ရဲ့ တိုက်စားမှုကြောင့် ဟိုခေတ်က မြေအုတ်တွေလေ အချိန်ရဲ့တိုက်စားမှုကြောင့်ဆိုတော့ နှစ်ပေါင်းလက်ချိုးရေလိုက်တဲ့ အရေအတွက်အတွင်းမှာပဲ သူကပျက်စီးသွားတာ အဲ့လိုဖြစ်တာပါ။

ဥပမာဆိုလို့ရှိရင် ကျွန်တော်တို့ ဒီ ရွှေဘို ကျွန်တော်တို့ဆရာကြီးလေးပါးနဲ့ပတ်သတ်လို့ ဦးအောင်ဇေယျနော် လက်ထက်မှာ ဒီလိုပဲ အဲ့ဒီသခင်ကြီးများ ပညာရှင်ကြီးများကို အထင်လွဲတယ် အထင်လွဲတဲ့အခါကျတော့ ဘုရင်ကပြောတာတစ်မျိုး သူတို့လုပ်လိုက်တာ တစ်မျိုး အဲ့တော့ ဒီသခင် ပညာရှင်ကြီးလေးပါးကို ဦးအောင်ဇေယျကပဲ အမိန့်ပေးသလိုလိုနဲ့သတ်ပစ်လိုက်တယ် သတ်ပစ်လိုက်ခါကျတဲ့အခါမှပဲ သခင်ကြီးများရဲ့အဖြစ်မှန်ကို သိတဲ့အခါကျတော့ ဦးအောင်ဇေယျ အလောင်းမင်းတရားကြီးဟာ မှန်စီရွှေချဗလီကြီးလေးလုံး ဆောက်လုပ်ပေးခဲ့တယ် ဒါကနော် သဟဇတဖြစ်နေတဲ့ပုံစံ သို့သော်ခုနစကားနဲ့ပြန်ဆက်ပြောရင် သာသနိကအဆောက်အအုံတွေကို ဟိုခေတ်ဗိသုကာ လက်ရာနဲ့ ဟိုခေတ်မှာရှိတဲ့ Materials(တည်ဆောက်ရာတွင် အသုံးပြုသော ပစ္စည်း) တွေဟာ တာရှည်မခံဘူး အဲ့တော့ အဲ့ဒီမှန်စီရွှေချဗလီကြီးလေးခုနော် မြေဒူးပတ်ဝန်းကျင်မှာရှိတယ် အုတ်မြစ်တွေပဲကျန်တော့တယ် ဘာတွေကျန်ခဲ့လဲဆိုလျှင် သခင်ကြီးလေးပါးရဲ့ ဗိမ္မာန်တော်တွေဟာ ကျန်ခဲ့တယ် ဒါကြောင့်မို့ ပုဂံခေတ်က အစ္စလာမ်ရဲ့သာသနိက အဆောက်အအုံများမတွေ့ရဘူးဆိုတာ အဲ့ဒီအချက်တွေပါ အထောက်အထားတွေအနေနဲ့က ဘာတွေ့ရလဲဆိုရင် ဒီသူတော်စင်များရဲ့ ဗိမ္မာန်တွေ သူတော်စင်များတရားထိုင်ခဲ့တဲ့ဟာက ပုဂံခေတ်နောက်ပိုင်းမှာ ကမ်းရိုးတန်းတလျောက်မှာ အတည်တကျ အခုထက်ထိတွေ့ရပါတယ်။

ကိုပေါက် (Myanmar Muslim Media CJ)

COMMENTS and MY REPLIES>>>

Khine Htun မြန်မာရာဇဝင်မှာအသောကမင်းကြီးလက်ထက်ကစပြီးအစ္စလာမ်ဘာသာကိုတွေ့ရတာထင်တယ် သေချာတော့မသိဘူး Peace Seeker

Dr KKG>>>အသောကမင်းကြီး or King Ashoka was from India and much earlier….about 1300 years before Bagan Period….Ashoka Maurya (/əˈʃoʊkə/; Sanskrit: अशोक मौर्य; 304–232 BCE), commonly known as Ashoka and also as Ashoka the Great, was an Indian emperor of the Maurya Dynasty who ruled almost all of the Indian subcontinent from circa 269 BCE to 232 BCE. @ Here in Wiki

Soe Moe Htwe >>>မင်းညီနောင်ကမွတ်ကုလားဆိုရင်ဘာဖြစ်လို့မွတ်ကုလားတွေမကိုးကွယ်ကြတာလဲ

Ko Ko Gyi Because Muslims prayed to ONE and ONLY God. There is NO God except Allah. And we don’t pray to ANY one or anything except our God. Even we never pray to our Prophet Muhammed (Peace be Upon him) …we even pray for him.

Kyaw Win မွတ်စ်လင်မ်တွေက ဖန်ဆင်းရှင်မှ အပ မည့်သည့် ဖန်ဆင်းခံ သက်ရှိ၊ သက်မဲ့ကို မျှမကိုးကွယ်ပါ။

မျိုးချစ် သီဟ>>> ..ပြီးတော့ အစ္စလာမ်ဘာမှာ နတ်ဆိုတာ မရှိဘူးဆိုရင် ဦးဗျတ်တ ဟာ အစ္စလာမ်ကုလားဖြစ်ပြီး ဘာလို့ နတ်ဖြစ်ရတာလည်း .

Tin Kyx ဗျဝိ ဗျသ က နတ် ဖြစ် သွားသာ မဟုတ်ဘူး။ ဗမာတွေက နတ် အဖြစ်နဲ့ ကိုးကွယ်သာ။

WHY the Muslims became Nats….READ my theory published in Wiki for 7 yrs…No one refuted….The royal raft could not move after that, may be the silent protest against the killing by the friends who were not happy with the execution. The royal sailors at that time were mostly known to be Muslims. The witty, white and black Indian Brahmans, royal consultants interpreted that, the two brothers were loyal faithful servants but unjustly punished, became Nat (spirit) and they pulled the rudder of the royal boat to show their displeasure. Then only, Anawratha ordered the building of the spirit-palace at Taung Byone and ordered the people to worship the two brothers.[28] This was the clever Royal trick used to be played by the Burmese kings to execute the powerful rivals and posthumously elevated them to the level of Nats or powerful Spirits or local gods, just to please their followers or the people who love the executed heroes. @ Here in Wiki

Ko Ko Gyi I MYSELF had searched and put in with numerous references that EVEN BEFORE the first Bagan Bama empire…Islam arrived there. It is CONFIRMED by numerous Wiki-editors in last EIGHT YEARS…..Please read the paragraph below which I published earlier.

In early Bagan era (AD 652-660) Arab Muslim merchants landed at the ports such as Thaton, Martaban etc. Arab Muslim ships sailed from Madagascan island to China and they used to go in and out of Burma. [3] [U Kyi (B.A.) History honours, “General Knowledge in Burmese History” Published by Tri-pedaka Propagating Press, Mandalay. (1950)]The Muslims arrived in Burma’s Ayeyarwady River delta, on the Tanintharyi coast and in Rakhine in the 9th century, prior to the establishment of the first Burmese empire in 1055 AD by King Anawrahta of Bagan.[4][5][6][7][8][9] [4=Yegar 1972, p. 2][5= Tun 2006, pp. 3–4. Ref 6= Luce & Tin 1960. Ref 7= Tun 2008, p. 42] Ref 8 =Dr. Tin Hlaing, leader of Myanmar delegates, at the Dialogue on Interfaith Cooperation at Yogyakarta on 6 & 7 December 2004, attended by 124 delegates from different religious traditions from 13 countries including 9 ASEAN members, organized by the Dept. of Foreign Affairs of the Republic of Indonesia and the Dept. of Foreign Affairs and Trade of Australia, in cooperation with the Islamic Central Committee of Muhammadiyah of Singapore.[1] [2]…Ref 9 = hikmah.info 2008….I MYSELF had searched and put in as references that EVEN BEFORE the first Bagan Bama empire…Islam arrived there. It is CONFIRMED by numerous Wiki-editors in last EIGHT YEARS…@ Wikipedia

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: