ပြည်တွင်းရှိ တရုတ်ပြည်နယ် ချမ်းသာမှုကို လုယက် ဖို့၊ ဒီမို ကျောင်းသားပညာရေး သပိတ် အာရုံလွှဲဖို့၊ လာမယ့် ရွေးကောက်ပွဲကာလ မတည်မငြိမ် ဖြစ်စေ ဖို့၊ တချက်ခုတ် သုံးချက်ပြတ် အနေနဲ့ ယခု စစ်ပွဲ က ပြုမူ လုပ်ဆောင် ချကျွေးနေသလား

“မြန်မာနိုင်ငံထဲက တရုတ်ပြည်နယ်”
—————————————-

လတ်တလော ဖတ်မိတဲ့ သတင်းတွေထဲက
လောက်ကိုင် အခြေအနေ အချို့ကနေကြည့်
ကြရအောင်ပါ။

ဖေဖော်ဝါရီ ၁၃ ရက်ကနေ ၁၅ ရက်အတွင်း
လားရှိုးကတဆင့် မန္တလေးမြို့ကိုရောက်လာတဲ့
လောက်ကိုင် စစ်ပြေးဒုက္ခသည်ပေါင်း ထောင်နဲ
့ချီ ရှိနေပြီး မန္တလေးအာဏာပိုင်တွေနဲ့ အသင်း
အဖွဲ့တွေ အကူအညီနဲ့ ဒေသရင်းကို ဆက်လက်
ထွက်ခွာနေကြပါတယ်။

လောက်ကိုင်မြို့ထဲမှာ လူသူကင်းမဲ့ ခြောက်
ကပ်နေပြီး အိမ်တံခါးတွေပိတ် ပုန်းအောင်း
နေသူတချို့ ရှိနေပေမယ့် အများစုကတော့
တရုတ်နဲ့ မြန်မာပြည်ထဲ ထွက်ပြေးနေကြ
တယ်လို့လည်း ပြောပါတယ်။

မဆိုင်သူ အရပ်သား အများအပြားလည်း
အဖမ်းခံရပြီး အချို့ဆို လမ်းမပေါ်မှာတင်
ပစ်သတ်ခံရတာတွေလည်း ရှိနေပါတယ်။

လားရှိုးမြို့ကို ရောက်လာတဲ့ ကြံစိုက်တောင်သူ
တဦးက “ဟိုမှာ ညလည်း တိုက်ပွဲဖြစ်တာပဲ၊
တောက်လျှောက်ပစ်နေတာပဲ၊ မနေ့ကလည်း
နေ့ခင်းဘက်ပစ်နေတယ်၊ မြို့တွင်းမြို့ပြင်
တချိန်လုံး ပစ်နေတယ်၊အဆောက်အဦတွေ
တော့ အကုန်လုံးဖောက်ထားပြီ၊ ပြေးတဲ့သူ
တွေ ပြေးကုန်ုပြီဆိုတော့ လူမရှိတော့ဘူး။
ရှိတဲ့ဥစ္စာလည်း သူတို့ဖောက်ပြီး ယူသွားကြ
တယ်” လို့ ပြောပါတယ်။

လောက်ကိုင်ကထွက်ပြေးလာသူ အများစု
ဟာ ကြံစိုက်တောင်သူတွေနဲ့ ပန်းရံလုပ်တဲ့
အလုပ်သမားတွေဖြစ်ပြီး သူတို့ဟာ လားရှိုး
မှာ တထောက်နားပြီး မန္တလေးမြို့ကို ကားနဲ့
ဆင်းကြတယ်လို့ ဆိုပါတယ်။

အများစုဟာ မြေလတ်ဒေသ တောင်တွင်းကြီး
ဘက်က ဖြစ်ပြီး ပုသိမ်၊ မြန်အောင် စတဲ့ ဧရာ
ဝတီတိုင်းဘက်ကသူတွေလည်း ပါဝင်ပါတယ်။

မင်းအောင်လှိုင်လည်း လားရှိုးကို ရောက်နေပြီး
“ဒါဆိုရင်တော့အားလုံး ရင်ဆိုင်ကျော်လွှားဖို့သာ
ပြင်ဆင်ထားပါ။ ငါတို့ကတော့ ဘာမှ မလျော့ပါ
ဘူး” လို့ ပြောကြောင်း ဧရာဝတီမှာ ဖတ်ရပါ
တယ်။

အခြေအနေက နှစ်ဖက်စလုံး တင်းမာနေဆဲ
လို့ ယေဘူယျ သုံးသပ်လို့ ရပေမယ့် တဖက်
တည်းက တင်းမာလွန်းနေတယ်တောင် သုံး
သပ်လို့ ရနိုင်မယ် ထင်တယ်။

ဒီနေရာမှာ အလျင်းသင့်လို့ ၂၀၀၉ ခုနှစ်
က ကိုးကန့်ဒေသမှာ ဖြစ်ခဲ့တာတွေလည်း
ဆက်စပ် တင်ပြချင်ပါတယ်။

ကိုးကန့်ဒေသကို ဗမာစစ်တပ်က ၀င်စီးပြီး
လုယက်တဲ့အတွက် တရုတ်လုပ်ငန်းရှင်
တွေ နစ်နာဆုံးရှုံးရတဲ့ကိစ္စမှာ လျော်ကြေး
ဒေါ်လာ သန်း (၄၀) ကျော်ပေးဖို့ ယူနန်
ဘက်က တောင်းထားကြောင်း အဲဒီအချိန်
က သိရပါတယ်။

တကယ်တော့ ကိုးကန့်နဲ့ ‘ဝ’ ဒေသကို မြန်မာ
နိုင်ငံထဲက တရုတ်ပြည်နယ်လို့ခေါ်နိုင်တယ်။

ကိုးကန့်အဖွဲ့နဲ့ ဗမာစစ်အစိုးရ ပထမဆုံးအပစ်
အခတ် ရပ်စဲနိုင်အောင် ကြားဝင်ဆောင်ရွက်
ပေးသူ ဘိန်းမှောင်ခိုဟောင်း လော်စစ်ဟန်
ဟာ ကိုးကန့်တရုတ်ပါ။

ကိုးကန့်နယ်မှာ လွတ်လွတ်လပ်လပ် စီးပွား
ရေး လုပ်ခွင့်ရတာဟာ အပစ်အခတ်ရပ်စဲရတဲ့
အကြောင်းတခုဖြစ်တယ်။ ဒါပေမယ့် စာချုပ်
စာတမ်းရေးထားတာမဟုတ်ဘဲ နှုတ်ကတိ
လောက်နဲ့ နားလည်မှု ယူထားတာဖြစ်လို့
တရုတ်ပိုင်ပစ္စည်းသိမ်းတာ အငြင်းပွားစရာ
ဖြစ်နေပါတယ်။

မြန်မာပြည်ထဲ ယူနန်တရုတ်ဝင်နေတာ နှစ်ပေါင်း
ထောင်ချီနေပါပြီ။ ယူနန်နဲ့ အထက် မြန်မာပြည်
ဆက်နေတာမို့ ယူနန်မှာ အပြောင်းအလဲဖြစ်တိုင်း
မြန်မာပြည်အထိ ဂယက်ရိုက်လာတတ်တယ်။

လွန်ခဲ့တဲ့ အနှစ် (၂,၀၀၀) ကျော် ယူနန်မှာကြီးစိုး
တဲ့ နန်ကျောင်က ဝင်င်တိုက်တဲ့အတွက် ပျူနိုင်ငံ
ပျက်စီးရတယ်လို့ ရှေးဟောင်းသမိုင်းဆရာတွေ
က ဆိုပါတယ်။

တရုတ်ပြည်မှာ မွန်ဂိုအာဏာရပြီး ယူနန်အထိ
အာဏာစက် ချဲ့လာတဲ့အခါ မြန်မာနဲ့ထိတွေ့ပြီး
(၁၃) ရာစုနှောင်းပိုင်းမှာမွန်ဂို ဝင်တိုက်တဲ့အတွက်
နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ ပုဂံပြည်ပျက်စီးခဲ့
ရပါတယ်။

အဲဒီနောက် ရှမ်းမျိုးနွယ်တည်ထောင်တဲ့ အင်းဝ
နန်းဆက် အနှစ် တရာကျော်မှာ ယူနန်-မြန်မာ
ကုန်သွယ်ရေး စတင်တယ်လို့ သမိုင်းဆရာတွေ
က ဆိုပါတယ်။

(၁၇) ရာစုမှာ တရုတ် ‘မင်’ မင်းဆက်ကို မန်းချူးချင်
က ဖြုတ်ချတဲ့အခါ နောက်ဆုံး ‘မင်’ မင်းဆက်ဖြစ်သူ
‘ယုံလီ’ မင်း မြန်မာပြည်ထဲ ၀င်ရောက်ခိုလှုံတယ်။

အဲဒီအခါမှာ ‘မင်’ မင်းဆက်ကို လိုလားတဲ့ မြန်မာပြည်
ရောက် တရုတ်တွေ စခန်းထကြတဲ့အတွက် တိုင်းရေး
ပြည်ရာ အလွန်ရှုပ်ထွေးလာပါတယ်။

နောက်ဆုံး တရုတ်စစ်တပ်ကြီး အင်းဝမြို့အထိ ချီတက်
လာလို့ ‘ယုံလီ’ မင်းကို အပ်နှင်းလိုက်ရတယ်။ ဒါပေမယ့်
တရုတ်တပ်ကြီးအပြန်မှာ လွတ်ငြိမ်းချမ်းသာခွင့်ရသွားတဲ့
ယုံလီမင်းရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဟာ ကိုးကန့်ဒေသမှာ
အခြေစိုက်နေထိုင်တဲ့အတွက် ကိုးကန့်တရုတ်ပေါ်ပေါက်
လာတာလို့ အဆိုရှိပါတယ်။

(၁၇) ရာစုနှောင်းပိုင်းကစပြီး ကိုးကန့်တရုတ်ရယ်လို့
ပေါ်ထွက်လာတာဖြစ်လို့ ပြည်နယ်လေးလိုဖြစ်နေတာ
ကြာလှပါပြီ။ ကိုးကန့်တရုတ်ကို တောင်ပေါ်တရုတ်လို့
ယူနန်မှာ လူသိများပါတယ်။

(၁၄) ရာစုလောက်ကတည်းက မြန်မာ့ကျောက်စိမ်းကို
ယူနန်တရုတ်က မျက်စိကျခဲ့တာပါ။ (၁၈) ရာစုနှောင်း
ပိုင်း ဆင်ဖြူရှင်မင်းလက်ထက် (၁၇၆၃-၁၇၇၆) တရုတ်
-မြန်မာ နယ်ခြားစစ်ပွဲ ပြီးဆုံးသွားတာဟာ ယူနန်-မြန်မာ
ကုန်သွယ်ရေး တိုးပွားစေတဲ့ အကြောင်းရင်းဖြစ်တယ်။

(၁၉) ရာစုမှာ အမရပူရအခြေစိုက် ယူနန်တရုတ်က
ဝါဂွမ်းနဲ့ကျောက်မျက်ကို ယူနန်ကို တင်ပို့ပြီး ပိုးချည်
ရွှေငွေနဲ့ သတ္တုအိုးခွက်ကို ယူနန်က တင်သွင်းပါ
တယ်။

သေဆုံးသူ တရုတ်ကုန်သည် (၆,၀၀၀) ကျော်ရဲ့
အမည်စာရင်းကို အမရပူရတရုတ်ဘုံကျောင်းမှာ
တွေ့ရတယ်လို့ ကိုလိုနီခေတ်အစီရင်ခံစာတခုမှာ
ရေးထားပါတယ်။

မိုးကောင်းကို ဗဟိုပြုပြီး ကုန်သွယ်ရာမှာ ကချင်
လူမျိုးကို ကျောက်တွင်းပိုင်အဖြစ် သတ်မှတ်တာ
ကို ဗမာမင်းက မကန့်ကွက်ပါဘူး။

လားပေါ်မှာကုန်တင်ပြီး သယ်ယူပို့ဆောင်တဲ့လုပ်ငန်း
ကို ယူနန်သားတွေ ကျွမ်းကျင်ကြတယ်။ ကုန်းကြောင်း
ခရီးကြမ်းမှာ လားတန်းနဲ့လိုက်ပါတဲ့ ယူနန်သားကို
‘လားတရုတ်’ လို့ အညာမှာ ခေါ်တယ်။

ယူနန်-မြန်မာ-လာအိုနဲ့ ထိုင်းနိုင်ငံအကြား ရာစုနှစ်
အတော်ကြာ လားတန်းနဲ့ ကုန်သွယ်တုန်း ယူနန်ကို
မပြန်တဲ့ တရုတ်လည်းရှိတယ်။

ယူနန်က ဘိန်းစိုက်တဲ့ဓလေ့ကို ကိုးကန့်က အမွေ
ဆက်ခံတာပါ။ အရှေ့အိန္ဒိယ အင်္ဂလိပ်ကုမ္ပဏီဟာ
အိန္ဒိယနိုင်ငံ ဘင်္ဂလားပြည်နယ်မှာ စိုက်သမျှဘိန်း
ကို လက်ဝါးကြီးအုပ်ဝယ်ယူပြီး တရုတ်ပြည်ကို တင်
ပို့တယ်။

တပြည်လုံးဘိန်းစားဖြစ်ကုန်မှာ စိုးလို့ တရုတ်အစိုးရ
က ဘိန်းတင်သွင်းခွင့် ပိတ်လိုက်တော့ (၁၉) ရာစုမှာ
ပထမဘိန်းစစ် ဖြစ်ပွားတယ်။

တရုတ်ကစစ်ရှုံးတော့ ဘိန်းရောင်းဝယ်မှု တိုးပွား
လာတယ်။ တရုတ်ပြည်မှာပါ ဘိန်းစိုက်ပျိုးလာတာ
မို့ ဘုရင် စနစ်ကို ဖျက်သိမ်းပြီး သမ္မနိုင်ငံထူထောင်
တဲ့ ၁၉၁၁ ခုနှစ်မှာ တရုတ်ပြည်ဟာ ဘိန်းတန်ချိန်
(၂၂,၀၀၀) ကျော် ထုတ်လုပ်နေပါပြီ။

ယူနန်ပြည်နယ်က ဘိန်းစိုက်တဲ့ဓလေ့ဟာ အိမ်နီးချင်း
ဒေသတွေအထိ ပျံ့နှံ့လာတာမို့ မြန်မာနယ်စပ် ကိုးကန့်
နဲ့ ဝ ဒေသမှာ (၁၉) ရာစုနှောင်းပိုင်းကတည်းက အကြီး
အကျယ် ဘိန်းစိုက်ပျိုးခဲ့တယ်။

စာရေးဆရာရွှေရိုးအမည်ခံ James George Scott
အဲဒီဒေသကို ခရီးထွက်စဉ်က ဘိန်းခင်းတွေများလွန်း
လို့ ရက်အတော်ကြာခရီးသွားတာတောင် ဘိန်းခင်း
တွေက မဆုံးသေးဘူးလို့ ရေးထားတယ်။

၁၉၃၀ ခုနှစ်မှာ ကူမင်တန်တရုတ်အစိုးရက တရုတ်ပြည်
မှာ ဘိန်းစိုက်ပျိုးမှု ပိတ်ပင်လိုက်တဲအခါမှာ တရုတ်ကုန်
သည်တွေဟာ ကိုးကန့်နဲ့ ၀ဒေသက ထွက်တဲ့ဘိန်းကို
အားကိုးလာရပါတယ်။

အင်္ဂလိပ်ကိုလိုနီအစိုးရဟာ သံလွင်မြစ်အရှေ့ဘက်ဒေသ
မှာသာ ဘိန်းစိုက်ခွင့်ပြုပြီး ပုံမှန်ဝယ်ယူလေ့ရှိပေမယ့် သံ
လွင်မြစ်အနောက်ဘက်ဒေသမှာတော့ ဘိန်းစိုက်ခွင့်မပြု
ပါ။

ကချင်ပြည်နယ်မှာလည်း အနည်းအကျဉ်းစိုက်ပျိုးခွင့်ပြု
ပါတယ်။ အထက်မြန်မာပြည်က ဂျပန်ဆန့်ကျင်ရေးလှုပ်
ရှားမှုကို ငွေကြေးထောက်ပံ့တဲ့အနေနဲ့ဘိန်းကိုမဟာမိတ်
ဘက်ကသုံးတယ်။

၁၉၄၈ ခုနှစ်မှာ မြန်မာပြည်လွတ်လပ်ရေးရပြီး ပြည်တွင်း
စစ် စတင်ဖြစ်ပွားတော့ တရုတ်ပြည်မှာ ပြည်တွင်းစစ် ပြီး
ဆုံးသွားပါပြီ။

စစ်ရှုံးတဲ့ တရုတ်ကူမင်တန်တပ်အချို့ ရှမ်းပြည်အရှေ့
ပိုင်းဒေသမှာ ၀င်ရောက်ခြေကုပ်ယူပြီး တရုတ်ကွန်မြူ
နစ်ကို ပြန်တိုက်ဖို့ ကြိုးစားတဲ့လှုပ်ရှားမှုနဲ့ နောက်ပိုင်း
ပေါ်ပေါက်တဲ့ ရှမ်းလက်နက်ကိုင်လှုပ်ရှားမှုတွေမှာ
ဘိန်းလုပ်ငန်းဟာ အဓိက အရေးပါလာပါတယ်။

တရုတ်ကွန်မြူနစ်ကိုတိုက်မယ့် ကူမင်တန်တရုတ်
တပ်ကြီးကို ရှမ်းပြည်နယ်မှာ ပြန်လည်ဖွဲ့စည်းပါတယ်။
လက်နက်ခဲယမ်းကို ထိုင်ဝမ်က တိုက်ရိုက်ပို့ပေးပြီး
ကုန်ကျစရိတ်ကိုတော့ ဘိန်းလုပ်ငန်းက ရတဲ့ငွေနဲ့
ထောက်ပံ့ပါတယ်။

ကူမင်တန်တပ်တွေဟာ ၁၉၆၁ ခုနှစ်လောက်အထိ
ရှမ်းပြည်နယ်မှာ လှုပ်ရှားသွားတာမို့ ဘိန်းလုပ်ငန်း
ကို အုတ်မြစ်ချနိုင်ခဲ့တယ်။

ကွန်မြူနစ် တရုတ်ပြည်မှာ ဘိန်းစိုက်ပျိုးဖို့ ခက်ခဲလေ
လေ ရှမ်းပြည်က ဘိန်းလုပ်ငန်းလည်း ကြီးထွားလေ
လေဖြစ်လာတယ်။

တရုတ်ကွန်မြူနစ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း
ယူနန်နယ်သားအများအပြား မြန်မာပြည်ထဲ ၀င်
ရောက်ခိုလှုံပြန်ပါတယ်။ ဒီအထဲမှာ မွတ်စလင်
တရုတ်နဲ့ မွတ်စလင်မဟုတ်တဲ့ KMT တရုတ်ဆိုပြီး
နှစ်မျိုးရှိပါတယ်။

ကူမင်တန်တရုတ်တပ်က အကြွင်းအကျန်တွေကို
KMT တရုတ်လို့ ခေါ်တာပါပဲ။ KMT တပ် ထိုင်ဝမ်
နိုင်ငံကို ရွှေ့ပြောင်းတော့လည်း လိုက်သွားသူက
နည်းနည်း၊ ထိုင်း-မြန်မာနယ်စပ်မှာ အခြေချသူများ
က များပါတယ်။ ဘိန်းဖြူနဲ့ ကျောက်မျက်မှောင်ခို
လုပ်ငန်းမှာ စီးပွားရှာကြသူတွေပါပဲ။

ဒီနေရာမှာ ယူနန် တရုတ်လို့ပြောပေမယ့် ကိုးကန့်
တရုတ်၊ ‘ဝ’တရုတ်၊ KMT တရုတ်၊ ပန်းသေးတရုတ်
စတဲ့ တရုတ်အားလုံး အကျုံးဝင်တယ်။ လောစစ်ဟန်၊
လောစစ်မင်း၊ ဖုန်ကြားရှင်၊ ဖုန်ကြားဖူး၊ ပေါက်ယူချမ်း၊
လင်မင်းရှန်၊ ခွန်ဆာ (ခေါ်) ချန်ရှီဖူး၊ ဝေဆူကိုင်စတဲ့
ဘိန်းမှောင်ခိုတွေဟာ တရားဝင်စီးပွားရှာခွင့်ရလာပါ
တယ်။

ငွေရင်းရှိတဲ့တရုတ်ဟာ သူတို့နဲ့ဆက်ပြီး စီးပွားရေး
လုပ်ကြတယ်။ မဆလဆိုရှယ်လစ်ခေတ်မှာလည်း
တရုတ်စီးပွားရေးသမားတွေပဲ ချမ်းသာကြတယ်။

မြန်မာက ဆိုရှယ်လစ်သင်တန်းတက်နေချိန်မှာ
တရုတ်က မဆလ စစ်ဗိုလ်ကို လာဘ်ထိုးပြီး စီး
ပွားရေးလုပ်နေတော့ ချမ်းသာတာပေါ့။

ဗမာ စစ်ဗိုလ်ကို လာဘ်ထိုးပြီး စီးပွားရေးလုပ်တာ
တရုတ်ထုံးစံဖြစ်နေပြီ။ ဗမာစစ်တပ်ကို ဆက်ကြေး
မှန်မှန်ပေးနေရင် တရုတ်ပြည်နယ်ဟာ ကြီးပွားချမ်း
သာဖို့သာ ရှိပါတယ်။ ငြိမ်းချမ်းတဲ့အခြေအနေမှာ
တရုတ်ပြည်နယ်တွေဟာ အကြီးအကျယ်ချမ်းသာ
လာကြပါတယ်။

ပြည်တွင်းရှိ တရုတ်ပြည်နယ် ချမ်းသာမှုကို လုယက်
ဖို့၊ ဒီမို ကျောင်းသားပညာရေး သပိတ် အာရုံလွှဲဖို့၊
လာမယ့် ရွေးကောက်ပွဲကာလ မတည်မငြိမ် ဖြစ်စေ
ဖို့၊ တချက်ခုတ် သုံးချက်ပြတ် အနေနဲ့ ယခု စစ်ပွဲ
က ပြုမူ လုပ်ဆောင် ချကျွေးနေသလား ဆိုတာတော့
ကာယကံရှင် စစ်အစိုးရဖြစ်တဲ့ ဗမာ စစ်ဗိုလ်ချုပ်တွေ
သိမှာ အမှန်ပါ။

Andrew Soe
၁၅ ဖေဖော်ဝါရီ ၂၀၁၅။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: